Thursday, May 14, 2015

ဥာဏ်ရည် ထက်မြက်သော ကလေးငယ် ဖြစ်စေရန် ပညာရှင် တို့၏ အကြံပြုချက်များ

- သင့်ကလေးအတွက် သင့် မျက်ဝန်းတွေ အမြဲကြယ် တာရာလို ကြည်လင်ဝင်း လက်နေဖို့ ထိန်းသိမ်းပါ။
- ကလေးငယ်တစ်ယောက် ဆီ မှာတောင့်ခံနိုင်မှု၊ ယုတ္တိကျ မှု၊ တစ်ကိုယ်ကောင်း စိတ် ကင်းမှုနှင့် တခြား ပဉ္စလက် ဆန်ဆန် ရှိနေဖို့ မမျှော်လင့် ပါနဲ့။
- သင့်ကလေးပြောတာကို အာ ရုံစိုက်နားထောင်ပေးပါ။ သူ ပြောသမျှ စကားလုံးတိုင်းကို အလေးနက် ထားပြီး စကား လုံးနောက်ကွယ်က သူ့ရဲ့ ခံ စားချက်ကိုလည်း တန်ဖိုး ထားဂရု စိုက်ပေးပါ။
- သင့်ကလေးငယ်နှင့် အတူ ပြင်ပ ထွက်လည်တာကို အချိန် များများပေးပါ ။လေကောင်း လေသန့် ရှူပေးခြင်းဖြင့် ကလေးငယ် ၏ ကိုယ်၊ စိတ်၊ ဦး နှောက် ကြီးထွားလန်း ဆန်းနေပါစေ။
- သူတို့အတွက် မေတ္တာဟာ အချိန်တိုင်းမှာအရေးတကြီး လိုအပ်နေတာပါ။
- လူမမည်ကလေးပေါက်စလေးများပင်လျှင် တစ်ခါ တစ်ရံအသည်းကွဲ မတတ်ခံ စားရနိုင်သည်ကို နားလည် စာနာပါ။
- သင့်ကလေးကို အမြဲဒုတိယ အကြိမ်ထပ်ကြိုးစား ခွင့်ပေး လိုက်ပါ။
- သင့်ကလေး ဆော့ကစားနေ ခိုက်စောင့်ကြည့်အကဲခတ် နားစွင့်လေ့လာပြီး သူ့ကိုယ် သူနဲ့ သင့်အပေါ် သူဘယ်လို ရှုမြင်သည်ကို သဲလွန်စရှာ ဖွေဖော်ထုတ်ကြည့်ပါ။
- မည်မျှ သေးငယ် ပါစေ၊ ကလေး၏ အောင်မြင်မှုများ ကို တခမ်းတနား အောင်ပွဲခံ ပေးပါ။
- သင့်ကလေး ပြောသမျှ ရယ် စရာစကားများ၊ နှစ်သက် ဖွယ် အသုံးအနှုန်းများကို ချ ရေးမှတ်ထားပါ။ ထိုစကား များဟာ နောင်နှစ်ပေါင်း များစွာ သင့်မိသားစု အတွက် ပီတိဖြစ်စရာ ဖျော်ဖြေပေး ပါလိမ့်မည်။
- သင့်ကလေးကို တခြား ကလေး နှင့် နှိုင်းယဉ်သော အလေ့ အထကို မမွေးပါနှင့်။
- လုပ်မလား၊ မလုပ်ဘူးလား” ဟူသော ခြိမ်းခြောက်မိတော့ မည့် အနေအထား မျိုးကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- သင့်ကလေးကို ထပ်ခါထပ် ခါဖတ်ပြဖို့ စိတ်ကြိုက်စာ အုပ်များရွေးချယ်သတ်မှတ် ထားပါ။
- သင့်ကလေးနဲ့အတူတူ ရယ် တဲ့အခါ လိုက်ရယ်၊ ငိုတဲ့ အခါ လိုက်ငိုပါ။
- သင့်ရော၊ သင့်ကလေးပါ နှစ် ယောက် စလုံးတက်လို့ ရနိုင် မည့် သစ်ပင် တစ်ပင်ရှာ ထားပါ။
- တစ်စုံတစ်ရာ(သို့)သစ်ပင် တစ်ပင်ကို ကြီးထွား လာအောင် ကလေးနှင့် အတူတူ ပြုစုပျိုး ထောင်ပါ။
- အောင်မြင်မှု အတွက် သာမက အားထုတ်မှု အတွက်ပါ ကလေးကို ချီးကျူးပါ။
- ကလေးရဲ့ စိတ်အနေမြင့်ရန် “မင်းတတ်နိုင်မှန်း အဖေ၊ အမေသိပါတယ်”ဟူသော အပြောမျိုးဖြင့် အားပေးပါ။
- သင့်ကလေး ပထမဆုံးကျောင်း စတက်သည့်နေ့ကို ဗီဒီယို (သို့) ဓာတ်ပုံ ရိုက်ကူးထား ပါ။ ဒါဟာ ဘဝရဲ့ အဓိ က ကျောက်စာ တိုင် တစ်တိုင် ဖြစ်ပါတယ်။
- ကလေးက သင့်ကို တစ်ခုခု ပြန်၍ သင်ကြား ပေးခြင်းခွင့် ပြုပါ။
- ကံဆိုးတဲ့နေ့ ကြုံတွေ့လျှင် လည်း အိုကေပဲလို့ ကလေး သိအောင် သူ့ရှေ့မှာ ဟန် မပျက်နေပြပါ။ သင့်ကလေး ကို ရိုးရာ ဒဏ္ဍာရီများ၊ ပုံပြင် များ၊ နတ်သမီး ပုံပြင် များ ပြောပြရင်း ချစ် ခင်ယုယမှု ပေးပါ။ ဤသည်က ကလေး ကို ယဉ်ကျေး သိမ်မွေ့စေပြီး စာတတ်ပေတတ် ဖြစ်လာစေ ပါလိမ့်မည်။
- အနာဂတ်အတွက် သင့်ရဲ့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ မျှော် လင့်ချက်တွေ အကြောင်း ကလေးကို ပြောပြပါ။
- ဖြစ်နိုင်သမျှ အချိန်တိုင်းမှာ သင့်ကလေးကို ရွေးချယ်နိုင် ခွင့်များ ချပြထားပါ။
- စံချိန်စံညွှန်း(သို့) အခြား ဥာဏ် ရည်ဥာဏ်သွေးဆန်း စစ် ချက်ပေါ် အခြေခံထားပြီး သင့်ကလေး အဆင့်ကို မသတ်မှတ်ပါနှင့်။
- ကလေးကို သူပြုခဲ့သမျှထဲမှ ကောင်းသော လုပ်ရပ်များ ပြန်သတိ ရမိအောင် ကူညီ ဖော်ထုတ်ပေးပါ။ ဤသည် မှာ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှု တည်ဆောက်ခြင်း ၏ အခြေခံဖြစ်သည်။
- ရုပ်ရှင်ရုံများနှင့် ကစားကွင်း များသွားသည့် အခါတိုင်း ကလေးကို သူ့ရုံဝင်ခ လက် မှတ်သူ ကိုယ်တိုင်ဝယ်ပါစေ။
- ကလေးကမေးသော ဖြေရ ခက်သည့်မေးခွန်းကို ဥပေက္ခာ မပြုပါနှင့်ဖြေရမှာ ရှက်သလို ရွံ့သလိုလည်း မလုပ်ပါနှင့်။
- ပြည်တွင်းပြည်ပသတင်း များ ကို ကလေးနှင့်အတူ ကြည့် ရှုနားထောင်ပြီးကမ္ဘာမှာ ဘာ တွေဖြစ်နေသလဲ ရှင်းပြပါ။
- ပညာရေး၏ အရေးပါမှုကို ကလေးကိုသိနားလည် အောင် လုပ်ပါ။
- သင့်ကလေး၏ကိုယ်ရေး ကိုယ် တာမှန်သမျှကို လေးစားပါ။
- သင့်ကလေးမှတစ်ဆင့် သင့် ဘဝကိုပြန်ဖြတ်သန်း၊ ပြန်နေ ထိုင်ဖို့ မကြိုးစားပါနှင့်။
- ပန်းတိုင်ချမှတ်ခြင်းက ဘယ် လောက်တန်ဖိုးရှိကြောင်း ကလေးကို ပြသပါ။
“ဘဝမှာ ကျွန်တော့် သားကို အစကပြန်ပြီး ပြုစုပျိုးထောင် ခွင့်များရခဲ့မယ် ဆိုရင် ကိုယ် ကျင့်တရားနဲ့ သိက္ခာကို အရင် တည်ဆောက်မယ်။ နေဖို့ အိမ်ကို နောက် မှဆောက် မယ်။ လက်ချောင်းတွေနဲ့ ပန်းချီဆွဲတာ ပိုပြီးကျင့်မယ်။ လက်ညှိုး ထိုးပြီး အပြစ်တင် တာတွေ ကိုလျှော့မယ်။အပြင်း အထန် ဝေဖန်ဖို့ထက် ကျိုး ကြောင်း ဆက်စပ်ပြီး ကြည့် တတ်ဖို့ အားထုတ်မယ်။အလုပ် ချိန်နာရီကို ကြည့်မယ့် မျက်လုံးက သားကို ဂရုတစိုက် စောင့်ကြည့်ဖို့ သုံးလိုက်မယ်။ သားနဲ့ လမ်းများများ ပိုလျှောက် ပြီးစွန်တွေ အများကြီး လွှတ် မယ်။ အသည်း အသန် အလုပ် တွေကို ရပ်ပြီးသားနဲ့ပဲ အသည်းအသန် ကစားနေ မယ်။ ကွင်းပြင်တွေကို ဖြတ် ပြေးမယ်။ သား နဲ့အတူလေ။ ပြီးတော့ ကြယ်တွေ အများ ကြီးကို ငေးကြည့်မယ်။ စီးပွား ရေးအခွင့် အကောင်းတွေ အစားသားကိုပဲ ပိုပြီးတင်း တင်းကျပ်ကျပ် ပွေ့ဖက်တဲ့ အလေ့ကို လုပ်ဖြစ်အောင် လုပ်မယ်” လို့ ကမ္ဘာကျော် စာရေးဆရာ ဒိန်းလူမန်က သူ့ရဲ့If I had My Child to Raise Over Again စာ အုပ်ထဲမှာ ရေးခဲ့ပါတယ်။
အလင်းဆက်(IR)
~ Popular Myanmar မှကူးယူဖော်ပြပါသည်။

Tuesday, May 5, 2015

Sucessful People and Unsucessful Peopl














စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့်သေးသေးလေး (၁၀)ခု

ဟောဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့်သေးသေးလေး (၁၀)ခုပါပဲ။

၁။ အားလုံးကို ချရေးပါ

သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့အရာတွေအတွက် အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့ တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊ အတွေးတွေအားလုံးကို တစ်နေရာရာ ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင် လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။

၂။ တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့ ရလာဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း ပိုနည်းပါလိမ့်မယ်။ ဒီတော့ တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်မယ့်အစား သင့်ရဲ့တစ်နေ့တာကို အရေးအကြီးဆုံးအလုပ်တွေကို အရင်ဆုံးပြုလုပ်ခြင်းဖြင့် စတင်လိုက်ပါ။

၃။ မခန့်မှန်းပါနဲ့၊ မေးပါ

စိတ်တွေကို ဖတ်ခြင်းဟာ ခက်ခဲပါတယ်။ ဒီတော့ အဲဒီအစား မေးခွန်းတွေထုတ်ပါ၊ ဆက်သွယ်ပါ။ ဒီဟာက သင့်ကို မလိုအပ်တဲ့ ငြင်းခုန်ရမှုတွေ၊ နားလည်မှုလွဲတာတွေ၊ အဆိုးမြင်တာတွေ၊ အချိန်နဲ့ စွမ်းအင်ကုန်ဆုံးမှုတွေကို သက်သာစေပါတယ်။


၎။ အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ပါနဲ့

သင်ဟာ တစ်ခုခုကို အများကြီးတွေးတော့မယ်၊ ဒါမှမဟုတ် သင့်စိတ်ထဲမှာ ကြီးကြီးမားမားတစ်ခုခုကို စဉ်းစားတော့မယ်ဆိုရင် သင့်ကိုယ်သင် မေးပါ ” ငါဟာ အရေးမကြီးတာတွေကို အရေးတကြီးလုပ်နေသလား? ”

၅။ အိပ်ရာမ၀င်ခင် သင့်ရဲ့အိတ်ကို ပြင်ဆင်ထားပါ

ဒီတော့ မနက်ခင်းမှာ ပျာယာမခတ်ရတော့ဘူးပေါ့။ ပြီးတော့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။

၆။ သင့်ရဲ့ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေကို နယ်နိမိတ် ကန့်သတ်ထားပါ

အလုပ်အတွက် စလုပ်ရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သတ်မှတ်ပါ။ ကျနော်ဟာ ညနေခင်းမှာဆိုရင် ၇ နာရီနောက်ပိုင်းမှာ အလုပ်တွေကို ရပ်လိုက်တယ်။

နေ့စဉ်နေ့တိုင်း နားချိန်လေးတွေ ထားပါ။ ညနေခင်းတွေနဲ့ ရက်သတ္တပတ်နောက်ဆုံးရက်တွေမှာ လန်းဆန်းနေစေဖို့၊ စွမ်းအင်တွေ ရှိနေစေဖို့ တစ်နေ့တာမှာ နားချိန်လေးတွေ သတ်မှတ်ထားပါ။ ကျနော်ဟာ ပုံမှန်အားဖြင့် ၄၅ မိနစ်လောက် အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားပါတယ်။ အဲဒီ နားချိန်မှာဆိုရင် ကျနော်ဟာ ကွန်ပျူတာရှေ့ကနေ ထလိုက်တယ်။ ပြီးတော့ အပြင်မှာ လေကောင်းလေသန့်ရှူတယ်၊ တစ်ခုခုစားတယ်၊ ဒါမှမဟုတ်ရင်လည်း Simpsons ဇာတ်လမ်းတွဲ အခန်းတစ်ခန်းကို တစ်ဝက်ကြည့်တယ်။

အလုပ်နားရက်တွေမှာ အလုပ်မလုပ်ပါနဲ့။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျနော်ဟာ အလုပ်တွေကနေ ဝေးဝေးနေပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ကို မီဒီယာနဲ့ အင်တာနက်ကနေလည်း ဝေးဝေးနေပါတယ်။ ကျနော်ဟာ အဲဒီနေ့တွေမှာဆိုရင် မေးလ်တွေ မစစ်ဘူး။ အဲဒီအစား ကျနော့်ရဲ့ ချစ်သူနဲ့ အချိန်ကုန်လွန်စေတယ်၊ ဒါမှမဟုတ် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစု၊ စာအုပ်ကောင်းတစ်အုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ကျနော့်ကို ပျော်ရွှင်စေမယ့်အရာတစ်ခုခုကို လုပ်တယ်။

၇။ အရာရာတိုင်းကို နေရာတကျ ထားပါ

အရာအားလုံးဟာ သူ့နေရာနဲ့သူ ရှိနေမယ်ဆိုရင် သင့်ရဲ့အိမ်ကို နေ့စဉ်နေ့တိုင်း အစီအစဉ်တကျဖြစ်အောင်၊ မရှုပ်ပွနေအောင် ထိန်းသိမ်းရာမှာ အများကြီး လွယ်ကူစေပါတယ်။ ပြီးတော့ အပြင်ထွက်ခါနီး သော့တွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်း ရှာမတွေ့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။

၈။ ဆယ်မိနစ် စောပါစေ

ဒီရိုးရှင်းတဲ့နည်းလေးဟာလည်း စိတ်ဖိစီးမှုတွေကို အတော်လည်း လျော့နည်းစေပါတယ်။ ပြီးတော့ ဒီနည်းလမ်းလေးက ခရီးသွားရာမှာလည်း သင့်ကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၉။ အလုပ်စားပွဲကို ရိုးရှင်းအောင် ထားပါ

သင်အလုပ်လုပ်တဲ့ နေရာကို ရိုးရှင်းအောင် ထားခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ၊ ရှုပ်ပွနေတာမျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ဟာလည်း အရေးအကြီးဆုံးအလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒီတော့ သင်အလုပ်လုပ်မယ့်နေရာကို အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားကြည့်ပါ။

အကြံဥာဏ်တစ်ခုကတော့ အလုပ်စားပွဲမှာ အလုပ်အတွက် အလိုအပ်ဆုံးအရာများကိုသာ ထားဖို့ပါပဲ။ နံရံတွေပေါ်မှာတော့ သင့်ရဲ့အရေးအကြီးဆုံးလုပ်စရာတွေ၊ ဒါမှမဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို ရေးပြီး ကပ်ထားနိုင်ပါတယ်။ သင်အကြိုက်ဆုံး စကားတစ်ခွန်းခွန်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ဖြစ် ကပ်ထားနိုင်ပါတယ်။

၁၀။ အသက်ရှူရုံလေးပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ပြဿနာတစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ဒါမှမဟုတ် သင့်ရဲ့စိတ်ဟာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရောက်နေတဲ့အခါ၊ သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး အသက်ရှုပါ။ ပြီးတော့ သင့်နှာခေါင်းထဲကို လေ၀င်လာတာ၊ လေ ပြန်ထွက်သွားတာတွေကို အာရုံစူးစိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်လာစေပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ စိတ်ကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ခေါ်ပေးပါလိမ့်မယ်။