Wednesday, June 17, 2015
ထိုင်းဘုရင်၏ သြဝါဒ အမှာစကား ၃၆ ချက်
၁။ ထမင်းလုံးတိုင်း ရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။
၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာ
တောင်းယူပါ။
၃။ သူငယ်ချင်း အသစ်သည်ကိုယ့်အတွက် လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။
၎။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ်ရအောင် ဖတ်ပါ။
၅။ မိမိကိုယ်ကို ကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျှင်ကူညီပေးပါ။
၆။ ကျေးဇူးတင်ပါတယ် ဆိုသောစကားကိုအမြဲ များများ ပြောပေးပါ။
၇။ သူတပါး၏ ရင်ဖွင့်စကား တိုင်ပင်လျို့ဝှက်စကားတို့အား မိမိအနေဖြင့်** ထိမ်းသိမ်းပါ။
၈။ ခွင့်လွှတ်စိတ်ရှိပါ။
၉။ နားထောင်သည့် အလုပ်ကို ဦးစားပေးပါ။
၁၀။ အမှားရှိလျှင် ဝင်ခံနိုင်ရမည်။
၁၁။ ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန် မကြောက်ပါနှင့်။
၁၂။ ခက်ခဲနေလေလေအောင်မြင်ဖို့ အတွက် လေးနက်မှုရှိလေလေ။
၁၃။ ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့်။
၁၄။ ဈေးဝယ်ကဒ်ကို အကြွေးတင်အောင်မဝယ်သုံးမိပါစေနှင့်။
၁၅။ တောင်းပန်ရန် ဝင်မလေးပါနှင့်။
၁၆။ မသိပါက မသိကြောင်း ဝန်ခံပါ။
၁၇။ ကီလို ၁၀၀၀( မိုင်ထောင်ချီခရီး ) အား ချောမွေ့သည်ဟူ၍ မရှိနိုင်ပါ။
၁၈။ မွေးကတည်းက မည်သူမျှ မပြေးတတ်သေးပါ ... ဒါကြောင့် ဖြေးဖြေးစလုပ်ပါ။
၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ .... ( ဘဝကို ချစ်တဲ့သူ )။
၂၀။ ငွေကို မချစ်တဲ့သူဟာဘဝကို မချစ်တဲ့သူ ကြီးပွားဖို့ မမျှော်လင့်သူ။
၂၁။ ရန်ဖြစ်သူနှစ်ယောက် အလျှင်ရက်သွားသူက ပညာရှိပါ။
၂၂။ တသက်လုံး အလုပ်လုပ်ရက် မရှိပါနားရက်တွေပါဘဲ။
၂၃။ ပြင်းထန်တဲ့ စိတ်ရှိသလို ပျော့တဲ့ စိတ်လဲ ဖြစ်မယ်။
၂၄။ နားမလည်သူအား နားလည်အောင်ရှင်းပြတတ်ပါစေ။
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာနှစ်ခု ရှိတယ် ... ဒီလိုဘဲ ဘဝဟာ အနိုင် /
အရှုံး - အောင်မြင်မှု / ကျရှုံးမှုတွေရှိမယ်။
၂၆။ မိမိစိတ်ကို အလိုမလိုက်ပါနှင့်။
၂၇။ သွားဟာ ဘာဖြစ်လို့ ကြိုးလဲ (မာလို့)လျှာက ကြိုးပါသလား ?
၂၈။ အပင်ငယ်တတ်ခါစကို မြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်း မပြုပါနှင့် အမြစ်ပါ ကြွေ
သွားမည်။
၂၉။ မိမိကိုယ် တစ်နေ့လျှင် သုံးကြိမ်သေရမည်ကို စဉ်းစားပါ အားလုံးပြင်ဆင်ပြီးသား ဖြစ်မယ်။
၃၀။ ကြယ်သီးဟာ ပထမတစ်လုံး မှားသည်နှင့် အားလုံးမှားတော့တာပါပဲ။
၃၁။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ ရက်ချိန်းတစ်ခု သတ်မှတ်ပါ။
၃၂။ ရေခွပ်ထဲမှ တစ်ဝက်သာရှိသော ရေဖြစ်ပါစေ။
၃၃။ ကြယ်နှင့်လ ဟာ အရမ်းကို မြင့်လွန်းတယ် ... မှီနိုင်သလောက်ကို လှမ်းပါ။
၃၄။ လူ့တသက်တာမှာ အလုပ်အများကြီးအရေးအကြီးဆုံးကို အရင်လုပ်ပါ။
၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးနှင့် ဗဟုသုတ အရဆုံး ပညာရှိ
တစ်ဆူဖြစ်တယ် .. တစ်လလျှင် တစ်အုပ်ဖက်နိုင်အောင် လုပ်ပါ။
၃၆။ အရာရာ သတ်မှတ်ချက်ရှိပါစေ .....ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီး ဤ
နေရာမှာ ထားပါ စည်းကမ်းသည် လူ၏တန်ဖိုး။
Friday, June 5, 2015
လင်းယုန် (Eagle)
လင်းယုန်ငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက်(70)နစ်အထိအသက်
ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်
မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချကြရပါတယ်။
သူ့အသက် (40) နှစ် ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။
သူ့မှာရွေးချယ် စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို မြတ်ပါလိမ့်မယ်။
ဒါကြောင့်အလွန်မြင့်တဲ့တောင် တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်
ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး ပါးကြာပါတယ်။
ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက် ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့် ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့
အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခု ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150) ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော်
တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက် တွေချကြရပါတယ်။
ဘဝကိုအောင်အောင်မြင်မြင် နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ် နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက် တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ အစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ် ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change)
မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲ စွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့ က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့် လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင် ပါတယ်။
ဒီပုံပြင်လေးကိုသဘောကျနှစ်ခြိုက်လွန်းလို့မကြာခဏဖတ်မိပါတယ်။မူရင်းလင့်ကိုတင်ပေးသူကို ရှာမတွေ့နိုင်တော့လို့ credit မပေးဖြစ်တာကို ခွင့်လွှတ်စေချင်ပါတယ်။သူရေးထားတာကို မူရင်းအတိုင်းပဲ တတ်နိုင်သမျှကိုးကားပေးထားပါတယ်။အနဲငယ်ပဲ ပြင်ပေးလိုက်ပါတယ်။အဲဒါက မူရင်းမှာ သိမ်းငှက်လို့ခေါင်းစဉ်တပ်ထားတာကြောင့်ပါ။
ဘဝမှာဆုံးဖြတ်ချက်တွေကြီးကြီးမားမားချလိုက်ရလေတိုင်း ကျွန်တော်မကြာခဏ ဖတ်ဖြစ်တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ နောက် စာအုပ်တစ်အုပ်ရှိပါသေးတယ်။အဲဒါက Johnathan Livingston Seagull ဆိုတဲ့စာအုပ်ပါ။လိုရာပန်းတိုင်ကို ထက်သန်သောယုံကြည်ချက်၊ပြင်းထန်သော လုံ့လဝီရိယနဲ့ သည်းခံတတ်သောစိတ်တို့ဖြင့် ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေ။
Subscribe to:
Posts (Atom)