အကယ်၍ ကလေးတစ်ယောက်သည် ဝေဖန်ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်ကြုံတွေ့ပြီး
ကြီးပြင်းခဲ့ရပါက သူတစ်ပါးအားအပြစ်တင် ဝေဖန်ပုံချ တတ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် ရန်လိုခြင်းများနှင့် ကြုံတွေ့ပြီးကြီးပြင်းခဲ့ရပါက
အခြားသူများနှင့် ခိုက်ရန်ဒေါသ ဖြစ်တတ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် ပြောင်လှောင်သရော်မှုခံခဲ့ရပြီး ကြီးပြင်းခဲ့ရပါက
ရှက်တတ်သူ ဖြစ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် အားပေးမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက
ယုံကြည်မှု အပြည့်အဝရှိသူ ဖြစ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် အရှက်ရစရာကိစ္စများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက
မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ထင်မြင်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် သည်းခံမှုများနှင့်အတူ ကြီးပြင်းခဲ့ရပါက
သည်းခံစိတ်ရှည်သူတစ်ဦး ဖြစ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် ချီးမွမ်းခံရမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက
အခြားသူများအား တန်ဖိုးထားဆက်ဆံတတ်သူ ဖြစ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် တရားမျှတသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရပါက
တရားမျှတစွာ စဉ်းစားတွေးခေါ် ပြုလုပ်တတ်သူ ဖြစ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် လုံခြုံမှုရှိစွာနှင့် ကြီးပြင်းခဲ့ရပါက
ယုံကြည်မှုရှိသူတစ်ဦး ဖြစ်လာမည်။
အကယ်၍ကလေးတစ်ယောက်သည် မိမိကိုထောက်ခံအားပေးမှုများနှင့်သာ ကြုံတွေ့ခဲ့ရပါက
မိမိကိုယ်ကို နှစ်ခြိုက်သော အကောင်းမြင်သောသူ ဖြစ်လာမည်။
အကယ်၍ ကလေးတစ်ယောက်သည် ချစ်ခင်ရင်းနှီးစွာနှင့် လိုလားစွာဆက်ဆံမှုများရရှိပြီး
ကြီးပြင်းခဲ့ရပါက ဤကမ္ဘာလောကတွင် မေတ္တာကို ရှာဖွေတွေ့ရှိမည်။
No comments:
Post a Comment