နာမည်ကျော်
အိမ်ဆောက်လုပ်ငန်းကြီးတစ်ခုမှာ
အလုပ်လုပ်နေတဲ့
လက်သမားဆရာကြီးတစ်ယောက်ဟာ
အသက်အရွယ်ကြီလာတဲ့အတွက်
အလုပ်က အနားယူတော့မလို့ ပြင်ဆင်နေလေသတဲ့။
ဒါနဲ့
ဆရာကြီးဟာ
သူ့အလုပ်ရှင်
ကန်ထရိုက်တာကြီးကို
အကျိုးအကြောင်းပြောပြပါတယ်။
အိမ်ဆောက်တဲ့
လုပ်ငန်းကို
စွန့်ခွာပြီး
မိသားစုနဲ့
သိုက်သိုက်ဝန်းဝန်း
နားနားနေနေ
နေဖို့ စိတ်ကူးထားတဲ့အကြောင်းပေါ့။
ပိုက်ဆံကတော့
အရင်ကလို
ဝင်တော့မှာ
မဟုတ်မှန်း
သိပေမယ့်
အသက်ကကြီးလာတော့
နားချင်ပြီလို့လဲ
သူကဆိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
စုဆောင်းထားတာလေးတွေနဲ့တော့
အဆင်ပြေမှာပါလို့လဲ
အလုပ်ရှင်ကန်ထရိုက်တာကြီးကို
လက်သမားဆရာကြီးက
ပြောပါတယ်။
သည်စကားကိုကြားတော့ ကန်ထရိုက်တာကြီးက အတော့်ကို
စိတ်မကောင်းဖြစ်သွားတယ်။
တကယ်တော့
သူ့လုပ်ငန်းမှာ
သည်လက်သမားဆရာကြီးက
အခရာပဲ။ အင်မတန် လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်သမားကြီးပါ။
လက်ရာကလည်း
အင်မတန်ကောင်းတဲ့သူဆိုတော့
နှမြောလှပေါ့။
အေးလေ…ဒါပေမယ့် သူလည်း အသက်ကြီး
ပြီဆိုတော့
နားချင်မှာပေါ့။
သူ့ဘက်ကကြည့်ရင်
တရားပါတယ်လို့
ကန်ထရိုက်တာကြီးကတွေးပါတယ်။
ဒါနဲ့
အနားမယူခင်မှာ
အိမ်တစ်လုံးတော့မဖြစ်ဖြစ်အောင်
ဆောက်ပေးပါဦး
ဆရာကြီးရယ်၊
ကျွန်တော့်ကို
ကူညီတဲ့အနေနဲ့ပါ
လို့ ကန်ထရိုက်တာကြီးက တောင်းတောင်းပန်ပန်နဲ့ပြောလာတော့တာနဲ့ လက်သမားဆရာကြီးကလည်း ခေါင်းညိတ်လိုက်ပါတယ်။
အဲ…အိမ်ကိုလည်းစဆောက်ရော လက်သမားကြီးရဲ့စိတ်နှလုံးဟာ အလုပ်ထဲမှာ မရှိလှဘူးဆိုတာ အတော့်ကိုသိသာနေပါတယ်။ အင်မတန်သပ်ရပ်တဲ့လက်သမားဆရာကြီးလို့ နာမည်ကြီးလှပေမယ့် သည်အိမ်ကိုကျတော့ ဖြစ်ကတတ်ဆန်း၊ပြီးစလွယ်ပဲ ဆော်ထည့်လိုက်တယ်။ သုံးထားတဲ့ သစ်ဝါးတွေ တစ်ခြားအိမ် အသုံးအဆောင်တွေကလည်း ခပ်ညံ့ညံ့။ အင်မတန် လက်ရာကောင်းလှပါတယ်၊ သပ်ရပ်လှပါတယ် ဆိုတဲ့ နာမည်တစ်လုံးကို အလုပ်က နားမယ်ကြံတော့မှ အဆုံးခံရတော့မယ့် လက်ရာဖြစ်နေပါရောလား။
အိမ်လည်း
အပြီးသတ်သွားတဲ့အခါ
ကန်ထရိုက်တာကြီးက
အိမ်ကိုလာပြီးကြည့်တယ်။
ပြီးတော့
အိမ်တံခါးသော့နဲ့တကွ
အိမ်ပိုင်ဆိုင်မှု
စာရွက်စာတန်းတွေကို
လက်သမားဆရာကြီးလက်ထဲ
အပ်လိုက်ပြီး
အခုလို ပြောလိုက်ပါတယ်။
“သည်အိမ်က ဆရာကြီးအတွက် အိမ်ပါဗျာ၊ ဆရာကြီးအနားယူတဲ့အခါ နားနားနေနေ နေနိုင်အောင် ကျွန်တော်ကျေးဇူးပြုတာပါ ” တဲ့။
လက်သမားဆရာကြီး ကြက်သေသေသွားတယ်။
သွားပြီ……..
ဟာ…တကယ်လို့ သည်အိမ်ဟာ သူ့အတွက်ဆိုတာမှန်း စောစောစီးစီးကတည်းက ကြိုသိခဲ့ရင် ဘယ်…သည်လို ဖြစ်ကတတ်ဆန်း ဆောက်ခဲ့မှာတုန်း။ သေသေချာချာ ကျကျနန အပျံစားဖြစ်အောင် ဆောက်လိုက်မိမှာပေါ့။
ခုတော့…
ခုတော့…
ပုံပြင်လေးကတော့ သည်လောက်ပါပဲ။
ကျွန်တော်တို့တွေကလည်း အဲသည့်လက်သမားဆရာကြီးလိုပဲ မဟုတ်ပါလား။ စဉ်းစားကြည့်စေချင်ပါတယ်။
ကျွန်တော်တို့ ဘ၀တွေကို
ကျွန်တော်တို့
ကိုယ်တိုင်
တည်ဆောက်နေကြပါတယ်။တစ်နေ့တစ်ခါဆောက်နေကြ တာပါ။အဲလို ဆောက်နေတုန်းမှာ ကိုယ်လုပ်နိုင်တာထက် အများကြီးလျှြော့ပီး ဖြစ်ကတတ်ဆန်း ပေါ့တီးပေါ့ဆ ဆောက်မိသွားတာကလည်း ခဏခဏပါ။
သည်လိုနဲ့
ကိုယ်ဆောက်ထားတဲ့အိမ်ထဲမှာ
ကိုယ်နေရတော့မယ်လို့
သိလိုက်ရတဲ့
အခါမှာတော့
ကျွန်တော်တို့တွေလည်း
လက်သမားဆရာကြီးလိုပဲ
ကြက်သေသေမိရတာလည်း
အကြိမ်ကြိမ်။
အဲသည်အခါကျမှ
င့ါနှယ်နော်…အစကသာ သည်လိုမှန်းသိရင် သည်လိုမလုပ်မိပါဘူးလို့ ကြိတ်ပြီး ရေရွတ်မိတာလည်းများလှပြီ။
တကယ်တော့
ကျွန်တော်တို့လူသားတွေ
အားလုံးဟာ
လက်သမားတွေပါပဲ။
နေ့စဉ် သံချောင်းလေးတွေရိုက်လိုက်၊ကော်ပတ်လေးစားလိုက်၊နံရံလေးထောင်လိုက်နဲ့ ဘ၀ကိုတည်ဆောက်နေကြတဲ့ လက်သမားတွေပါ။ ကနေ့မှာရှိနေတဲ့ ကိုယ့်သဘောထားနဲ့ ရွေးချယ်မှုဟာ မနက်ဖန် ကိုယ်နေရမယ့် အိမ်ကိုဆောက်လိုက်တာပဲ ဖြစ်တယ်။
ဒါကြောင့်
ဘာလေးပဲဖြစ်ဖြစ်၊
ဘယ်လောက်သေးမွှားတာလေးပဲဖြစ်ဖြစ်
မမေ့သင့်တဲ့အချက်က
ကိုယ်လုပ်သမျှဟာ
ကိုယ်နေမယ့်အိမ်အတွက်
သံလေးတစ်ချောင်း
နှက်သွင်းလိုက်တာ
၊ကော်ပတ်စားလိုက်တာ
တိုင်လေးတစ်ချောင်း ထူလိုက်တာ
တွေ ဖြစ်နေတယ်ဆိုတာပါပဲ။
No comments:
Post a Comment