(၁)
လူ့ဘဝအရာတော်တော်များများကို ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ နားမလည်ခဲ့ကြဘူး။
နားလည်လာချိန်မှာ ကျွန်တော်တို့ နုပျိုမနေတော့ဘဲ အိုမင်းခဲ့ကြပြီ။
(၂)
လောကကြီးမှာ တချို့အရာတွေက ပြုပြင်အစားထိုးလို့ ရနိုင်ပေမယ့် တချို့က
လုံးဝမရနိုင်ဘူး။ သင် ကြိုးစားပမ်းစား ရယူခဲ့တဲ့အရာက သင်တကယ်လိုချင်တဲ့အရာ
ဟုတ်ချင်မှဟုတ်မယ်။ သင်လိုချင်တောင့်တခဲ့တဲ့အရာက ရေထဲကလရိပ် ဖြစ်ရင်လည်းဖြစ်မယ်၊
မှန်ထဲကပန်းတစ်ပွင့် ဖြစ်ရင်လည်းဖြစ်မယ်။ ဒါပေမယ့် အဲဒီအရာတွေက ရှည်လျားတဲ့
သင့်ဘဝခရီးလမ်းကို ထွန်းညှိပေးတဲ့ မျှော်လင့်ချက်မီးအိမ်ဖြစ်တယ်။
(၃)
လူ့ဘဝမှာ ရယူပိုင်ဆိုင်မှုတွေရှိသလို ပေးဆပ်စွန့်လွတ်ရတာတွေလည်း ရှိတယ်။
ရယူခြင်းနဲ့ဆုံးရှုံးခြင်းကို နားလည်ခဲ့ရင် လူတွေဟာ ရယူပိုင်ဆိုင်ပြီးနောက်
ဆုံးရှုံးသွားမှာကိုလည်း ကြောက်မနေတော့ဘူး။ ဆုံးရှုံးတဲ့အချိန် ဆုံးရှုံးခြင်းထဲမှာ
ကိုယ့်ကိုယ်ကို ပျောက်မသွားအောင် ဘယ်လို နေထိုင်ပြုမှုရမယ်ဆိုတာကို
နားလည်ကြလို့ဖြစ်တယ်။
(၄)
အရောင်စုံတဲ့ လောကကြီးမှာ ဆွဲဆောင်ဖြားယောင်းမှုတွေလည်း များလွန်းတယ်။
များသောအားဖြင့် ဒီလိုအချိန်မှာ လူတွေဟာ အလွယ်တကူ လောဘရမ္မက် တက်တတ်ကြတယ်။ တချို့က
ဥစ္စာပစ္စည်းကို အသက်နဲ့ရင်းပြီး ရှာဖွေကြတယ်။ တချို့က ဥစ္စာမရခဲ့သလို အသက်လည်း
မပါပြန်ခဲ့တော့ဘူး။
(၅)
တချို့က သူတစ်ပါးကို နားလည်ဖို့ အချိန်အများကြီး ရင်းခဲ့ပြီး ကိုယ့်တန်ဖိုးကို
ကိုယ်လျော့ချကြတယ်။ တကယ်လို့ ဘဝအတွက်၊ သူတစ်ပါးရဲ့အပြုအမူ၊ လိုအပ်ချက်တွေအတွက်
တောင်းဆိုမှုနည်းလေ သင့်ဘဝက ပျော်ရွှင်ရလေဖြစ်တယ်။
(၆)
ဒီလောကကြီးလှပနေလို့ ကျွန်တော်တို့ အသက်ရှင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့
အသက်ရှင်နေလို့ ဒီလောကကြီး လှပနေတာပါ။
(၇)
ဘဝမောပန်းရတာဟာ အချိန်အနည်းငယ်ကို ရှင်သန်ဖို့အသုံးပြုပြီး
အချိန်တော်တော်များများကို ယှဉ်ပြိုင်ဖို့ အသုံးပြုနေလို့ဖြစ်တယ်။
(၈)
လူသားတွေရဲ့ဉာဏ်ပညာက ရှေးလူကြီးတွေရဲ့ အဆိုအမိန့်၊ အတွေ့အကြုံထဲ ထည့်ဝှက်ထားတာ
မဟုတ်ဘူး။ ကိုယ့်စိတ်ဝိညာဉ်ထဲ တိမ်ငုပ်နေတာဖြစ်တယ်။
(၉)
ကိုယ့်ကိုယ်ကို စည်းရုံးသိမ်းသွင်းနိုင်တာဟာ အသိပညာရဲ့အောင်နိုင်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို
လှုံ့ဆော်နိုင်တာဟာ စိတ်ဓာတ်ရဲ့ ကြီးမြတ်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို
အောင်နိုင်တာဟာ ဘဝရဲ့ရင့်ကျက်ခြင်းဖြစ်တယ်။
(၁ဝ)
ဝေးဝေးကြည့်ပါ သာယာလှပတဲ့ရူခင်းကို သင်တွေ့လိမ့်မယ်။ ရုူခင်းထဲ
ဝင်လျှောက်ကြည့်ပါ။ သင်ဟာလည်း တခြားသူရဲ့မြင်ကွင်းမှာ လှပတဲ့ရူခင်းဖြစ်တယ်။
No comments:
Post a Comment