ဆင်းရဲနွမ်းပါးမှု
လျှော့ချရေး
No
society can surely be flourishing and happy, of which by far the greater part
of the numbers are poor and miserable.
-Adam
Smith
ပြည်သူ့
ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနှစ်ခု ဖြစ်ပါတယ်။
ကျန်းမာရေးချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်သလို၊ ဆင်းရဲနွမ်းပါးမှုကြောင့်
အာဟာရချို့တဲ့မှုဖြစ်ရာက လာဘ်ကြီးတပါးဖြစ်တဲ့ ကျန်းမာရေးပါ ချို့တဲ့မှု ဆက်ဖြစ်သွားတဲ့
သာဓကတွေ အများကြီးပါ။ ဒါကြောင့်လဲ ဆင်းရဲနွမ်းပါးမှုကို ရောဂါတမျိုးအနေနဲ့ အဆိုရှိကြတာ
ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်
ဆင်းရဲနွမ်းပါးမှု
အတိမ်အနက်ကို poverty line နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုင်းက လူသားတယောက် သက်ဆိုင်ရာ
လူ့အဖွဲ့အစည်းမှာ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုံလောက်မှုပမာဏကို ဖော်ပြပေးပါတယ်။
အိန္ဒိယနိုင်ငံကတော့ လူသားတယောက်တနေ့တာစားသုံးဖို့လိုအပ်တဲ့ ကယ်လိုရီပမာဏအတွက် လိုအပ်မယ့်အသုံးစရိတ်အပေါ်မှာ
ဒီလိုင်းကို ဆွဲပါတယ်။ ဒီအသုံးစရိတ်ထက် ၀င်ငွေက နည်းနေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတယ်လို့
ယေဘုယျသတ်မှတ်ပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကွဲပြားမှုရှိပါတယ်။
ဘယ်လိုပဲကွဲပြားပေမယ့်Below
the poverty line မှာ လူဦးရေများပြားနေခြင်းဟာ ဆင်းရဲနွမ်းပါးသူဦးရေများခြင်းကို
ညွှန်ပြချက်ပဲ ဖြစ်ပါတယ်။ တိုင်းတာရာမှာ head-count ratio, poverty -gap ratio စသည်ဖြင့်
အမျိုးမျိုး ရှိပါတယ်။ head-count ratio က poverty line အောက်က population
fraction ကို တိုင်းတာပြီး၊ poverty -gap ratio ကတော့ total shortfall of incomes ကို
တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုနှင့်ဝင်ငွေ
ဆင်းရဲနွမ်းပါးမှုကို
ဝင်ငွေနဲ့ တိုင်းတာမှုအပေါ်မှာ debate တွေ အမျိုးမျိုး ရှိပေမယ့် Development
Economics သဘောတရားအရ ဆင်းရဲနွမ်းပါးမှုနဲ့ nutrition တို့ရဲ့ functional impact ဟာ
work capacity အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပြီး၊ work capacity နဲ့ income
level ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့်၊ ၀င်ငွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။
ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးနည်းလမ်းလေးသွယ်
ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတွေမှာ government policy intervention ဟာ အရေးကြီးပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးသွယ်ကို အသေးစိတ်ဖော်ပြရရင်
(၁) Relative factor prices အားပြောင်းလဲသောပေါ်လစီများရေးဆွဲ၍ Functional Distribution of Income အား ပြောင်းလဲရန်
ဒီကဏ္ဍမှာ စဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအပိုင်းက
price of labor ပါ။ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ခ (wage rate) ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့
လုပ်အားခတွေဟာ ၀ယ်လိုအား၊ ရောင်းလိုအားတို့ interplay လုပ်တာနဲ့ determine မလုပ်ပဲ
သတ်မှတ်ချင်သလို သတ်မှတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်တခုထဲမှာတင် လုပ်အားခက အမျိုးမျိုးဖြစ်တတ်ပါတယ်။
များသောအားဖြင့် လုပ်အားခတွေဟာ demand, supply forces တွေ free interplay လုပ်ရက ထွက်လာတဲ့
လုပ်အားခတွေထက်များနေတတ်ပါတယ်။ ဒါကို လျှော့ချခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ
capital နေရာမှာ labor ကို ပိုမိုအစားထိုးလာပါလိမ့်မယ်။ ဒီနည်းဖြင့် employment
level တက်လာပြီး၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေတက်လာပါမယ်။
နောက်တချက်က Capital နဲ့ ဆိုင်ပါတယ်။ များသောအားဖြင့်
capital equipment တွေရဲ့ ဈေးနှုန်းတွေကို အစိုးရနဲ့နီးစပ်မှုရှိတဲ့ လုပ်ငန်းရှင်တွေအတွက်
လျှော့ချထားလေ့ရှိတယ်။ ငွေလဲလှယ်နှုန်းတွေ အမျိုးမျိုးသတ်မှတ်တာမျိုး၊ လုပ်ငန်းတချို့ကို
သီးခြား privileges ပေးတာမျိုးတွေပါ။ ဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် price of
capital ဟာ market-driven လုပ်တဲ့ level ကို ရောက်ရှိသွားပြီး၊ capital နေရာမှာ
factor substitution အနေနဲ့ labor က အစားဝင်လာပါတယ်။ ဒီနည်းနဲ့ employment level တက်လာနိုင်ပါတယ်။
ဒါတွင်မက လုပ်ငန်းရှင်တွေရဲ့ economic returns ကလဲ အရင်ကလို မမြင့်မားတော့ပဲ
income level ကျလာတဲ့အတွက် ချမ်းသာသူများနဲ့ ဆင်းရဲသူများအကြားက inequality လျော့နည်းလာနိုင်ပါတယ်။
ဒီနည်းဟာ လုပ်သားအရည်အတွက်များလာပြီး၊ ၀င်ငွေရသူများလာတဲ့အပြင်
inequality ကို လျော့ကျစေနိုင်တဲ့အတွက် အကျိုးရှိတာမှန်ပေမယ့် အစိုးရကိုယ်တိုင် လုပ်ငန်းရှင်များနဲ့
ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းပြည်တွေမှာတော့ ဒီနည်းလမ်းကိုသုံးဖို့ အစိုးရကိုယ်တိုင်က
နှောင့်နှေးလေ့ရှိကြပါတယ်။
(၂) Asset ownership ကို တိုးမြှင့် redistribute လုပ်ခြင်းအားဖြင့် size distribution ကို modify လုပ်ရန်
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက တိုင်းပြည်ဝင်ငွေရဲ့
တ၀က်ကျော်ကို ရရှိသူများဟာ လူဦးရေ စုစုပေါင်းရဲ့ နှစ်ဆယ်ရာနှုန်းခန့်ပဲဖြစ်ပြီး၊ ထုတ်လုပ်မှုအရင်းအမြစ်ရဲ့
ရှစ်ဆယ်ရာခိုင်နှန်းကျော်ကိုလဲ ဒီနှစ်ဆယ်ရာခိုင်နှုန်းလူတွေကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။
ဒါမျိုးကို size distribution မညီမျှမှုလို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ကျန်သူတွေဆီမှာ
redistribute လုပ်ခြင်းအားဖြင့် size distribution ညီမျှအောင် လုပ်ယူရပါမယ်။ ပေါ်လစီရေးရာမှာတော့
redistributive polices များလို့ သုံးနှုန်းပါတယ်။
အများအားဖြင့် လုပ်လေ့လုပ်ထရှိတာကတော့ rural poverty
group ကို လျှော့ချဖို့ land reform လုပ်ခြင်းပါပဲ။ အလားသဏ္ဍာန်တူပဲ မြို့ပြမှာဆိုရင်လဲ
လုပ်ငန်းသေးလုပ်ကိုင်သူများကို commercial credit (ဥပမာ- microloans) ပေးခြင်းအားဖြင့်
သူတို့လုပ်ငန်းတွေချဲ့ထွင်ဖို့ရယ်၊ local workers တွေကို ပိုမိုခန့်ထားနိုင်ဖို့ရယ်အတွက်
အကျိုးရှိစေပါတယ်။
နောက်တချက်လုပ်နိုင်တာကတော့ Annual savings and
investment ထဲက တချို့အစိတ်အပိုင်းများကို low-income groups များအတွက် လွှဲပြောင်းပေးခြင်းပါ။
ဒါ့အပြင် educational opportunities ကိုပဲ wider access ဖြစ်အောင် လုပ်ယူရပါမယ်။ နှစ်ဆယ့်တစ်ရာစုမှာ
Human Capital ဟာ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး သော့ချက်ဖြစ်လာပါပြီ။
(၃) Income and Wealth Taxes များဖြင့် ချမ်းသာသူများ၏ size distribution ကို လျှော့ချရန်
ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစား ၄၀% ရဲ့ financial
security ရှိဖို့ အတွက် သင့်လျော်တဲ့ အခွန်စနစ်ကို ချမှတ်ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
ဖြစ်လေ့ဖြစ်ထရှိတာက အခွန်စနစ်ဟာ ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုတင်းကြပ်ပြီး၊ ချမ်းသာသူများကတော့
လာဘ်ပေးလာဘ်ယူနည်းမျိုးစုံနဲ့ အခွန်ရှောင်တတ်ကြပါတယ်။ Progressive taxes တွေဖြစ်ရမယ့်အစား
regressive taxes တွေဖြစ်ကုန်ပါတော့တယ်။
(၄) Direct Transfer payments များ၊ Public-consumption goods and services များအား ထောက်ပံ့ခြင်းဖြင့် ဆင်းရဲသူများ၏ size distribution ကို တိုးမြှင့်ရန်
ဆင်းရဲနွမ်းပါးသူများကို public-consumption goods and
services များထောက်ပံ့ပေးခြင်းဟာလဲ အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာ- ကျေးလက်နဲ့ တိုးတက်မှုနှေးတဲ့
မြို့ပြဒေသများမှာ public health projects များချမှတ်ဆောင်ရွက်ခြင်း၊ ဝေးလံခေါင်ဖျားဒေသတွေမှာ
သောက်ရေသန့်နဲ့ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ခြင်း၊ preschool nutrition
supplement programs များ ဖန်တီးအကောင်အထည်ဖော်ခြင်း စတာမျိုးတွေဖြစ်ပါတယ်။
ငွေကြေးများတိုက်ရိုက်လွှဲပြောင်းပေးခြင်းနဲ့ ဆင်းရဲနွမ်းပါးသူများကို
အစားအစာများ ပေးဝေခြင်းဆိုင်ရာ ပေါ်လစီများကလဲ အသုံးဝင်ပါတယ်။ အကောင်းဆုံးကတော့
essential foodstuffs တွေရဲ့ဈေးနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့
ပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းပါပဲ။
အထက်ပါနည်းလမ်းလေးသွယ်ကို ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို
လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးသွယ်လုံးမှာ government role ဟာ အရေးကြီးဆုံးမို့
သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ attitudes နဲ့ effectiveness ရှိအောင် လုပ်ဆောင်နိုင်မှုတွေပေါ်မှာ
မူတည်နေပါတယ်။ Third sector ရဲ့ poverty reduction နဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နိုင်မှုများအကြောင်းကို
နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။
ခင်မမမျိုး (၂၁၊၁၊၂၀၀၈)
ရည်ညွန်းကိုးကား
Ray, Debraj (1998) Development Economics, Princeton
University Press, Princeton
Todaro, C.M & Stephen C. S (2006) Economic
Development, 6th edition, Pearson Education, Harlow
Bardham, P. & Udry, C. (1999) Development
Microeconomics, Oxford University Press, Oxford
No comments:
Post a Comment