နိုဘယ်ဆုဆိုတာ အဲဖရက်နိုဘယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ချီးမြှင့်ပေးခဲ့တာ
အဲဖရက်နိုဘယ်ဆိုတာ ယနေ့ခေတ်လူ ကျွန်တော်တို့အတွက် သူတော်ကောင်းတစ်ယောက်ဖြစ်ပေမယ့်
အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဖရက်နိုဘယ်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ မိသားစုမှာ လေးယောက်မြောက်သားဖြစ်ပါတယ်။
အဲဖရက်နိုဘယ် အသက်ကိုးနှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ ဆွီဒင်ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဖရက်ရဲ့ ဖခင်ဖြစ်သူ အီမန်နြူရယ်နိုဘယ်ဟာ တီထွင်သူအင်ဂျင်နီယာတစ်ယောက်ဖြစ
အဲဖရက်တို့ညီအစ်ကိုတတွေဟာ ရုရှားနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားကလေးတွေဖြစ်နေတာမ
လာရောက်သင်ကြားပေးတဲ့ ရုရှားဆရာတွေထဲက တစ်ဦးကတော့ ရုရှားပညာရှင်ကြီးဖြစ်ပြီး အော်ဂင်းနစ်ဓာတုဗေဒပညာရပ်ရဲ့ ဖခင်ကြီးလည်းဖြစ်သူ နီကိုလိုင် နီကိုလာရဲဘိခ်ျ ဇီညင်ဖြစ်ပါတယ်။
ဆရာကြီးဟာ အဲဖရက်ရဲ့ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတွေကို စိတ်ဝင်စားလျက်ရှိခြင်းအား တိုးမြင့်လာစေခဲ့ပြီး အဲဖရက်ကို နိုက်ထရိုဂလစ်စရင်းနဲ့ ၄င်းရဲ့ ပေါက်ကွဲနိုင်စွမ်းဂုဏ်သတ္တိတွေအ
အသက်၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ဓာတုဗေဒကို စိတ်ဝင်စားသူလူငယ်ကလေး အဲဖရက်ဟာ ဥရောပမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေကို လှည့်လည်သွားလာခဲ့ပြီး များစွာသော ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆည်းပူးခွင့်တွေ ရရှိခဲ့ပါတယ်။
ပညာသင်ကြားခြင်းများ ပြီးဆုံးတဲ့အခါမှာတော့ အဲဖရက်ဟာ ရုရှား၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ သူ့ရဲ့ ဓာတုဗေဒသုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်ပါတယ်။ အဓိက ကတော့ နိုက်ထရိုဂလစ်စရင်းအကြောင်း လက်တွေ့စမ်းသပ်ခြင်းတွေပါပဲ။ လက်တွေ့စမ်းသပ်မှုတွေဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းဖြစ်ပေမယ့် အဲဖရက်က မလျှော့သောဇွဲ၊ မြဲမြံတဲ့ လုံ့လနဲ့ အစဉ်တစိုက် လုပ်ကိုင်နေခဲ့ပါတယ်။
များစွာသော စမ်းသပ်လုပ်ကိုင်မှုများအပြီးမှာ
အဲဖရက်ဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ပြီးတဲ့အခါမှာပဲ ထိုခေတ်က လူ့အဖွဲ့အစည်းဟာ သူ့တီထွင်မှုကို ရန်လိုစွာ၊ မလိုလားစွာ တုန့်ပြန်ခဲ့ကြပါတယ်။
တကယ်တော့ ရထားလမ်း၊ အဝေးပြေးလမ်း၊ လိုဏ်ခေါင်းများနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အဲဖရက်ရဲ့ တီထွင်မှုဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တီထွင်မှုဖြစ်တာမို့ အဲဖရက်ကိုယ်တိုင်ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းက မလိုလားသလဲဆိုတာကို အံ့သြနေခဲ့ရှာပါတယ်။
အဲဖရက်ရဲ့ ညီအစ်ကိုတွေဟာ ဒိုင်းနမိုက်ကြောင့် ရုရှားအင်ပါယာအတွင်း ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နို
အဲဖရက်ဟာ ဒိုင်းနမိုက်ထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းမှာ တည်ထောင်နိုင်ခဲ့ပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေဟာ အဲဖရက်ရည်မှန်းသလို ခေတ်မီလူ့အဖွဲ့အစည်းတည်ထောင်ရန်
ဒိုင်းနမိုက် မပေါ်ပေါက်ခင်က ယမ်းစိမ်းကဲ့သို့သော ရှေးရိုးပေါက်ကွဲပစ္စည်းများကိုသ
သည်လိုနဲ့ ကောင်းတဲ့အကွက်ကို နည်းနည်းပဲမြင်ပြီး မကောင်းတာကိုပဲ များများမြင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း လူထုဟာ အဲဖရက်ကို အမြင်စောင်း၊ မကျေမနပ်ဖြစ်နေကြပါတော့တယ်။
ဒါပေမယ့် အဲဖရက်ဟာ ဒါကို ဂရုမပြုနိုင်သေးဘဲ သူရဲ့လုပ်ငန်းတွေကြားမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာတော့ အဲဖရက်ရဲ့ ဘ၀ကို အလှည့်အပြောင်းဖြစ်စေမယ့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လို့လာခဲ့ပါတယ်။
အဖြစ်အပျက်က ပြင်သစ်သတင်းစာတစ်စောင်ရဲ့ နာရေးသတင်းတစ်ခုပါ။
နာရေးသတင်းခေါင်းစဉ်ကတော့ “ သေမင်းတမန်ကုန်သည်ကြီး ကွယ်လွန်ရှာပြီ” လို့ဖြစ်ပြီး သတင်းထဲမှာတော့ ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဘယ် ကွယ်လွန်ပြီဖြစ်ကြောင်း လွဲမှားစွာ ရေးသားဖော်ပြခဲ့ပါတယ်။
နာရေးသတင်းထဲမှာတော့ အဲဖရက်ကို ဒိုင်းနမိုက်ဘုရင်ကြီး၊ သေမင်းတမန်ကုန်သည်ကြီး၊ သေခြင်းတရားပေါက်ကွဲမှုဖြစ်စဉ်ကု
မှားယွင်းမှုစစ်စစ်သော်လည်းကောင်
လည
အဲဒီသတင်းကို ဖတ်မိလိုက်တဲ့အခါမှာတော့ အဲဖရက်ဟာ လူထုရဲ့အမြင်မှာ ကမ္ဘာလုံးဆိုင်ရာဗီလိန်ကြီးတစ်ဦး
အဲဖရက်ဟာ သူ့ရဲ့ တီထွင်မှုအတွက် ၀မ်းနည်းစွာ ခံစားရပြီး သည်အတွက် ကမ္ဘာ့လူထုကို တစ်ခုခု ပြန်ပေးဆပ်ဖို့လဲ စဉ်းစားလိုက်မိပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦးအဖြစ် မှတ်တမ်းမတင်စေလိုတာလည်း စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အဲဖရက်ဟာ သူ့ရဲ့ ပိုင်ဆိုင်သမျှငွေကြေးများကို ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးလုပ်ဆောင်သူ
သည်လိုနဲ့ပဲ ယနေ့အခါမှာ ကျွန်တော်တို့ သိနေတဲ့ နိုဘယ်ဆုနဲ့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာ
အဖ
အဲဖရက်နိုဘယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်အလက်များ
- - ဆေးလိပ်မသောက်၊ အရက်မကြိုက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ်။
- - ဆိတ်ငြိမ်အေးချမ်းသော ဘ၀ပုံစံကို ကြိုက်နှစ်သက်သော်လည်း ဘ၀တစ်လျှောက်လုံး ရှုပ်ထွေးစည်ကားသော မြို့ပြဘ၀တွင်သာ ကျင်လည်ခဲ့ရ။
- - မိခင်ဆွီဒင်ဘာသာစကားအပါအ၀င် အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ် စသော ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်။
- - တေးသီချင်း၊ ၀တ္ထုနှင့် ကဗျာလင်္ကာအချို့ ရေးသားသီကုံးခဲ့။
Credit -Original Writer
No comments:
Post a Comment