Tuesday, September 9, 2014

မှတ်သားစရာအဆိုအမိန့်များ

ရေကိုပိုင်းဖြတ်၍ မရဟု ပြောသောသူသည် ရေကို ခဲအောင်ပြုသော အတတ်ကို မသိသူဖြစ်သည်။

ဘီလီဂေးဒွန်

 

တွင်းချိုင့်များ မရှိသောလမ်းသည် ခရီးသွားရန် ထိုက်သော လမ်းအဟုတ်ချေ။

ဂျွန်ဟူးအား

 

ရင်ထဲတွင် သင်မည်သို့ ခံစားနေရသည်ဖြစ်စေ အပြုံးတစ်ပွင့် ဆင်ထားပါ။

စကားပုံ

 

အိုးလွတ်များ ပို၍ အသံမြည်သည်။

စကားပုံ

 

အတန်းထဲတွင် အတော်ဆုံးသည် လောကထဲတွင် အတော်ဆုံး ဖြစ်ခဲသည်။လောကတွင် အတော်ဆုံးသည် သူ့အတန်းအစား ထဲတွင် အကောင်းဆုံး ဖြစ်ခဲသည်။
အမည်မသိ

 

ချိုသာခြင်းကို ကောင်းသည်ဟုဆိုကြသည်။သို့သော် အချိုဓတ်က သွားကိုက်စေတတ်ကြောင်း အမှတ်ရပါ။

ဘော့ဒလန်

 

ခွင့်လွှတ်ခြင်းသည် မေ့ပျောက်ခြင်းထက် လွယ်ကူသည်။

အမည်မသိ

 

သေးငယ်သော ကျောက်စရစ်ခဲသည် ကြီးမားသော ရေဂယက်ကို ထစေနိုင်သည်။

အယ်ဗွန်ဆို

 

သဲပြင်ပေါ်တွင် တည်ဆောက်သူသည် သူ့ဆောက်အဦး ပြိုကျမှုကို လက်ခံ ရမည်။

ပေါလ်

 

အေးအေးဆေးဆေး နေပါ။သင်လောကကို မည်သို့ ရင်ဆိုင်သည် ဖြစ်စေ သင့်သက်တမ်း ကုန်သည့်အထိ သင်နေရမည်ပင်။

စတီဗင်အက်တာ

 

အမှောင်နှင့်အလင်းကို ဖန်တီးနိုင်သော်လည်း ညနှင့်နေ့ကို မဖန်တီး နိုင်သော သင်လူသား ဘ၀င်မမြင့်ပါနဲ့။

တမိုသီဘရောင်း

 

မိမိကိုယ်မိမိ ကွပ်ကဲရန် အစွမ်းရှိသူတို့သာလျှင် တစ်ပါးသူကို ကွပ်ကဲရန် အစွမ်းရှိသည်။

သြဂပ်စတင်း

 

ထာဝရတည်သော စကားလုံးများဖြင့် စကားပြောဆိုပါ။

အမည်မသိ

 

တစ်ခါတစ်ရံ မချောကိုရသူသည် ကိုကျည်းတန် ဖြစ်တတ်သည်။
ကလဲရင့်ဟောင်း

 

ဝတ်စားဆင်ယင်ပုံသည် သင့်ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြသည်။
ဆူဆန်ပတ်ခ်

 

သင် မပြုပြင်နိုင်သော အရာကို မချိုးဖျက်ပါနှင့်။
မလေးရှားစကားပုံ

 

သင်အမှတ်ရသည့် အရာများသည် လောကတွင် သူတစ်ပါး အမှတ်ရသည့် အရာများလောက် အရာမ၀င်ချေ။(အကြွေး..)
မိုက်ကလ်ရိုဆဲလ်

No comments:

Post a Comment