Monday, September 8, 2014

ကျမ်းမာဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ရာတွင်..

ခန္ဓာကိုယ် စမတ် ကျပြီး ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သင့်ကို
လှုံ့ဆော် ပေးနိုင်တဲ့ အရာ တွေဟာ သင်နဲ့ လက်တစ်ကမ်း အကွာမှာ ရှိနေ ပါတယ်။
အဲဒီ အရာ တွေကို အသုံး ချပြီး အစား အသောက်ကို မှန်မှန် ကန်ကန် စားတတ်အောင်၊
လေ့ကျင့်ခန်း ကောင်းကောင်း လုပ်ဖြစ်အောင်နဲ့ ခန္ဓာကိုယ် စမတ်ကျ လှပ နေအောင်
ကြိုးစား သင့်ပါတယ်။

1. တေးဂီတ ဆိုတာ လေ့ကျင့်ခန်း လုပ်ဖြစ် စေဖို့ အတွက် အဓိက သော့ချက်ပါ။
ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့ အခါမှာ တေးသီချင်း ဖွင့်ထား ပြီးမှ
လုပ်ဆောင်ပါ။

2. တစ်ပတ်တာလုံး သင်ဟာ လေ့ကျင့်ခန်း ပုံမှန် လုပ်ပြီး ကောင်းကောင်း
စားသောက် ခဲ့တယ် ဆိုရင် ကိုယ့် ကိုယ်ကိုယ် ဆုချတဲ့ အနေနဲ့ အစား အသောက် ၀ယ်
မစားပါနဲ့။ ခန္ဓာကိုယ်လိမ်း လိုးရှင်း ဒါမှမဟုတ် ပန်းဝယ်ပါ။

3. လေ့ကျင့်ခန်း လုပ်ရတာ စိတ်ပါတဲ့ သူငယ်ချင်းကို ကစားဖော် အဖြစ်
ထားရှိပါ။ သူနဲ့ အတူ တနင်္ဂနွေ နေ့တိုင်း လေ့ကျင့်ခန်း လုပ်ပေး ရင်ကို
သင့်အတွက် တော်တော် အကျိုး ရှိနေပါပြီ။

4. သင် မကြာခဏ မြင်တွေ့ နိုင်တဲ့ ပြက္ခဒိန် ပေါ်မှာ လေ့ကျင့်ခန်း
လုပ်ဖြစ်ပြီး အာဟာရ ရှိတာကို ရွေးစား ဖြစ်တဲ့ နေ့ကို မှတ်သား ထားပါ။ ဒါကို
တွေ့မြင် နေရရင် လေ့ကျင့်ခန်း လုပ်ပြီး အစာ ကောင်းကောင်း စားချင်တဲ့
စိတ်ကို ပိုမို လှုံ့ဆော် ပေးနိုင် ပါတယ်။

5. တစ်နေ့တာမှာ လေ့ကျင့်ခန်း လုပ်နိုင်မယ့် အချိန်ကို သတ်မှတ် ထားပြီး
အဲဒီ အချိန်ကို မပျက် ကွက်အောင် ထိန်းသိမ်း ပေးပါ။

6. လေ့ကျင့်ခန်း လုပ်တဲ့ အခါ ချွေးထွက်မှသာ ချွေးစို နေတဲ့ အားကစား
ဝတ်စုံကို ချွတ်ပါ။ ဆိုလိုတာက ချွေးထွက်တဲ့ အထိ လေ့ကျင့်ခန်း လုပ်ပေး
ဖို့ပါ။

7. သင်ဟာ တီဗီ ကြည့်ရတာ ကြိုက်သူ ဆိုရင် အားကစား အစီအစဉ် ပါတဲ့ တီဗီ
ပရိုဂရမ်ကို ကြည့်ပြီး လေ့ကျင့်ခန်း လုပ်ပေးပါ။

8. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ စားတာဟာ သင့်ကို အခုထက် ပိုပြီး လှပ လာစေ
နိုင်ပါတယ်။ဒိန်ချဉ် တစ်ခွက်ထဲ သစ်သီးတွေ ထည့်စား တာမျိုး၊ ဟင်းရွက်သုပ်
များများ စားတာမျိုး ပြုလုပ် ပေးပါ။

9. အားကစား မလုပ်ခင် အခြေအနေနဲ့ အားကစား လုပ်ပြီး အခြေ အနေကို ပြန်လည်
သုံးသပ်ပါ။ အားကစား လုပ်ပြီး သွားတဲ့ အချိန်မှာ သင်ဟာ ပိုပြီး ပေါ့ပါး
သွက်လက် လာတာကို သဘော ပေါက်သွားပြီး အားကစား လုပ်ချင်စိတ် စွဲမြဲ လာပါ
လိမ့်မယ်။

10. ရေသောက်ပါ။ ရေဟာ အာရုံ စူးစိုက်အားကို ကောင်းမွန် စေကာ ခန္ဓာကိုယ်မှ
အဆိပ် အတောက် တွေကို ကင်းစင် သွားစေ ပါတယ်။

Credit- Good Health

No comments:

Post a Comment