Tuesday, September 9, 2014

LEADER ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ

Photo: မင်္ဂလာရှိသော တနင်္လာနေ့ပါ ခင်ဗျာ၊ ဒီနေ့အတွက် သူငယ်ချင်းတွေ မှတ်သား ဖတ်ရှုသိမ်းဆည်းစရာလေးတစ်ခုကို တင်ပေးလိုက်ပါတယ်၊ ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၁) ပါ ခင်ဗျာ-

သင့်စိတ်က အဆင့်သင့် ဖြစ်နေလျှင် အရာခပ်သိမ်းသည်လည်း သင့်အတွက် အဆင်သင့် ဖြစ်နေလိမ့်မည်။
ဝီလျှံရှိတ်စပီးယား (၁၅၆၄-၁၆၁၆)

ခေါင်းဆောင်မှု၏ အဓိပ္ပါယ် (Meanings of Leader)

ခေါင်းဆောင်မှုဆိုသည်မှာ သြဇာသက်ရောက်စေမှုပင် ဖြစ်သည်။ ထို့ထက်လည်းမပို၊ ထို့ထက် လည်း မလျှော့ချေ။ တစ်နည်းဆိုသော် မိမိ၏ ရည်ရွယ်ချက်၊ လိုလားချက်ပန်းတိုင်ကို လူအများက လိုက်နာ ပါဝင် လုပ်ဆောင်နိုင်စေခြင်း၊ (ဝါ) လူအများကိုလွှမ်းမိုးနိုင်ခြင်း ဖြစ်ပါသည်။
မည်သည့်အဖွဲ့အစည်းတွင်မဆို သြဇာသက်ရောက်မှု ရရှိရေးအတွက် ပင်ပန်းစွာ လုပ်ဆောင်ရန်
လိုအပ်သကဲ့သို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ရေးကိုလည်း ကြိုးပမ်းယူရမည်ဖြစ်ပါသည်။ ဖြတ်လမ်းမရှိ၊ ထိုက်တန်စွာ အရင်းအနှီး ပေးဆပ်ရ၏။ ငယ်သားကောင်းဖြစ်ခဲ့ရ၏ ။ခေါင်းဆောင်မှုဆိုသည်မှာ လူအများအပြားအား လိုက်ပါလာအောင် သြဇာသက်ရောက် စေခြင်းဖြစ်ပြီး စီမံခန့်ခွဲမှုက နည်းစနစ်များနှင့် လုပ်ငန်းစဉ်များ တစ်သမတ်တည်း ရှိနေစေရေးကို ကွပ်ကဲ ကြီးကြပ်ဖို့ရာ အာရုံစိုက်ရလေသည်။ ရာထူး၊ တာဝန်အဆင့်ဆင့် အထက်သို့ ပို၍မြင့်မြင့်မားမား ရောက်လို လေလေ၊
ခေါင်းဆောင်မှုကို ပိုမိုလိုအပ်လေလေဖြစ်ပေသည်။ သြဇာ အရှိန်အဝါ ပို၍ ကြီးမားစေလိုပါက သြဇာ သက်ရောက်မှုလည်း ပိုမိုလိုအပ်လေလေဖြစ်သည်။ခေါင်းဆောင်မှု သည်ကြံ့ခိုင်သန်စွမ်းပါက“စွမ်းဆောင်ရည်”သည်မြင့်မားနေပါလိမ့်မည်။ ခေါင်းဆောင်မှုစွမ်းရည်သည် လူတစ်ယောက်၏ ထိရောက်မှုအဆင့်ကို အဆုံးအဖြတ်ပေးသော “စွမ်းဆောင်ရည်” ပင်ဖြစ်ပေသည်.။

ချစ်နိုင်(စိတ်ပညာ) ၏ ခေါင်းဆောင်လက်စွဲမှ- 
မင်္ဂလာရှိသော တနင်္လာနေ့ပါ ခင်ဗျာ၊ ဒီနေ့အတွက် သူငယ်ချင်းတွေ မှတ်သား ဖတ်ရှုသိမ်းဆည်းစရာလေးတစ်ခုကို တင်ပေးလိုက်ပါတယ်၊ 
 ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၁) ပါ ခင်ဗျာ-

သင့်စိတ်က အဆင့်သင့် ဖြစ်နေလျှင် အရာခပ်သိမ်းသည်လည်း သင့်အတွက် အဆင်သင့် ဖြစ်နေလိမ့်မည်။
ဝီလျှံရှိတ်စပီးယား (၁၅၆၄-၁၆၁၆)

ခေါင်းဆောင်မှု၏ အဓိပ္ပါယ် (Meanings of Leader)

ခေါင်းဆောင်မှုဆိုသည်မှာ သြဇာသက်ရောက်စေမှုပင် ဖြစ်သည်။ ထို့ထက်လည်းမပို၊ ထို့ထက် လည်း မလျှော့ချေ။ တစ်နည်းဆိုသော် မိမိ၏ ရည်ရွယ်ချက်၊ လိုလားချက်ပန်းတိုင်ကို လူအများက လိုက်နာ ပါဝင် လုပ်ဆောင်နိုင်စေခြင်း၊ (ဝါ) လူအများကိုလွှမ်းမိုးနိုင်ခြင်း ဖြစ်ပါသည်။
မည်သည့်အဖွဲ့အစည်းတွင်မဆို သြဇာသက်ရောက်မှု ရရှိရေးအတွက် ပင်ပန်းစွာ လုပ်ဆောင်ရန်
လိုအပ်သကဲ့သို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ရေးကိုလည်း ကြိုးပမ်းယူရမည်ဖြစ်ပါသည်။ ဖြတ်လမ်းမရှိ၊ ထိုက်တန်စွာ အရင်းအနှီး ပေးဆပ်ရ၏။ ငယ်သားကောင်းဖြစ်ခဲ့ရ၏ ။ခေါင်းဆောင်မှုဆိုသည်မှာ လူအများအပြားအား လိုက်ပါလာအောင် သြဇာသက်ရောက် စေခြင်းဖြစ်ပြီး စီမံခန့်ခွဲမှုက နည်းစနစ်များနှင့် လုပ်ငန်းစဉ်များ တစ်သမတ်တည်း ရှိနေစေရေးကို ကွပ်ကဲ ကြီးကြပ်ဖို့ရာ အာရုံစိုက်ရလေသည်။ ရာထူး၊ တာဝန်အဆင့်ဆင့် အထက်သို့ ပို၍မြင့်မြင့်မားမား ရောက်လို လေလေ၊
ခေါင်းဆောင်မှုကို ပိုမိုလိုအပ်လေလေဖြစ်ပေသည်။ သြဇာ အရှိန်အဝါ ပို၍ ကြီးမားစေလိုပါက သြဇာ သက်ရောက်မှုလည်း ပိုမိုလိုအပ်လေလေဖြစ်သည်။ခေါင်းဆောင်မှု သည်ကြံ့ခိုင်သန်စွမ်းပါက“စွမ်းဆောင်ရည်”သည်မြင့်မားနေပါလိမ့်မည်။ ခေါင်းဆောင်မှုစွမ်းရည်သည် လူတစ်ယောက်၏ ထိရောက်မှုအဆင့်ကို အဆုံးအဖြတ်ပေးသော “စွမ်းဆောင်ရည်” ပင်ဖြစ်ပေသည်.။

Photo: ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၂) ပါ ခင်ဗျာ-

ခွဲ၍မရသော အစိတ်အပိုင်းများ (Indivisible Parts)

ခေါင်းဆောင်မှုဟု ဆိုရာတွင် ယင်းနှင့်တစ်သီးတစ်ခြားခွဲ၍မရသော အစိတ်အပိုင်းများ ပါဝင်နေကြသည်-

(၁) ခေါင်းဆောင်

(၂) ငယ်သား၊ နောက်လိုက်၊ အဖွဲ့ဝင်များအုပ်စု

(၃) ပန်းတိုင်/ မျှော်လင့်ချက်

ခေါင်းဆောင်သည် အုပ်စုထဲမှာပင် ပါဝင်နေသည်။ သို့ရာတွင် အုပ်စုကို လွှမ်းမိုး ဦးဆောင်ရသည်။
ခေါင်းဆောင်ကို အုပ်စုနှင့်ခွဲလျှင် အဓိပ္ပါယ်မရှိတော့ပေ။ ယှဉ်တွဲနေသည်ကို သတိပြုရမည်။ အခြားယှဉ်တွဲ
နေသောအရာတစ်ခုမှာ ပန်းတိုင်ဖြစ်သည်။ ပန်းတိုင်သည် အုပ်စု၏မျှော်လင့်ချက်လည်း ဖြစ်သည်။ ဦးတည်
ချက်၊ မျှော်မှန်းချက်လည်း ဟုတ်သည်။

ချစ်နိုင်(စိတ်ပညာ) ၏ ခေါင်းဆောင်လက်စွဲမှ- 
ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၂) ပါ ခင်ဗျာ-

ခွဲ၍မရသော အစိတ်အပိုင်းများ (Indivisible Parts)

ခေါင်းဆောင်မှုဟု ဆိုရာတွင် ယင်းနှင့်တစ်သီးတစ်ခြားခွဲ၍မရသော အစိတ်အပိုင်းများ ပါဝင်နေကြသည်-

(၁) ခေါင်းဆောင်

(၂) ငယ်သား၊ နောက်လိုက်၊ အဖွဲ့ဝင်များအုပ်စု

(၃) ပန်းတိုင်/ မျှော်လင့်ချက်

ခေါင်းဆောင်သည် အုပ်စုထဲမှာပင် ပါဝင်နေသည်။ သို့ရာတွင် အုပ်စုကို လွှမ်းမိုး ဦးဆောင်ရသည်။
ခေါင်းဆောင်ကို အုပ်စုနှင့်ခွဲလျှင် အဓိပ္ပါယ်မရှိတော့ပေ။ ယှဉ်တွဲနေသည်ကို သတိပြုရမည်။ အခြားယှဉ်တွဲ
နေသောအရာတစ်ခုမှာ ပန်းတိုင်ဖြစ်သည်။ ပန်းတိုင်သည် အုပ်စု၏မျှော်လင့်ချက်လည်း ဖြစ်သည်။ ဦးတည်
ချက်၊ မျှော်မှန်းချက်လည်း ဟုတ်သည်။

Photo: ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၃) ပါ ခင်ဗျာ-

ရှုမြင်ပုံ (Out Look) 

ခေါင်းဆောင်မှုကိုလေ့လာလျှင် အုပ်စု၊ ပန်းတိုင်၊ ခေါင်းဆောင်ဟူသော အစုအတွဲကို ခြုံငုံပေါင်းစုပြီး
ရှုမြင်မှသာ မှန်ကန်စွာ ချဉ်းကပ်နိုင်ပါလိမ့်မည်။ ခေါင်းဆောင်ဖြစ်ချင်လျှင်-

(၁) ပန်းတိုင်ရှိရမည်၊ ပန်းတိုင်အကြောင်းကို သိရမည်။
 
(၂) အုပ်စုဝင် ငယ်သား၊ အသင်းအဖွဲ့ဝင်များ ရှိရမည်။
 
(၃) မိမိ၏ ငယ်သားများအကြောင်းကို သိရှိရမည်။
            
ထို့ပြင်လက်တွေ့ဦးဆောင် အကောင်အထည်ဖော်ရမည်။ ပန်းတိုင်အကြောင်းကို သိရမည်ဆိုရာ၌ မည်
သည့် အချက်များဖြင့် ကွဲကွဲပြားပြား စိစစ်ရမည်နည်း? 
ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၃) ပါ ခင်ဗျာ-

ရှုမြင်ပုံ (Out Look)

ခေါင်းဆောင်မှုကိုလေ့လာလျှင် အုပ်စု၊ ပန်းတိုင်၊ ခေါင်းဆောင်ဟူသော အစုအတွဲကို ခြုံငုံပေါင်းစုပြီး
ရှုမြင်မှသာ မှန်ကန်စွာ ချဉ်းကပ်နိုင်ပါလိမ့်မည်။ ခေါင်းဆောင်ဖြစ်ချင်လျှင်-

(၁) ပန်းတိုင်ရှိရမည်၊ ပန်းတိုင်အကြောင်းကို သိရမည်။

(၂) အုပ်စုဝင် ငယ်သား၊ အသင်းအဖွဲ့ဝင်များ ရှိရမည်။

(၃) မိမိ၏ ငယ်သားများအကြောင်းကို သိရှိရမည်။

ထို့ပြင်လက်တွေ့ဦးဆောင် အကောင်အထည်ဖော်ရမည်။ ပန်းတိုင်အကြောင်းကို သိရမည်ဆိုရာ၌ မည်
သည့် အချက်များဖြင့် ကွဲကွဲပြားပြား စိစစ်ရမည်နည်း?

ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၄) ပါ ခင်ဗျာ-

ပန်းတိုင် (SMART Goals)

ရည်မှန်းချက်ပန်းတိုင်ကို အောက်ပါ (၅) ချက်ဖြင့် ကြည်လင်ရှင်းလင်းပါစေ-

1- S = သင်အလိုရှိရာအပေါ်မှာ တစ်သီးတစ်သန့် (Specific) ဖြစ်ပါစေ။
2- M = ဖြစ်ထွန်းလာမည့်ရလဒ်များကို တိုင်းတာနိုင် (Measure) သည်ဆို တာ သေချာပါစေ။
3- A = သင်၏ပန်းတိုင်သည် ရနိုင်၊ ရောက်နိုင်၊ ဆွတ်ခူးနိုင်သည် (Achievable) ဟုစွဲမြဲထားရမည်။
4- R = သင်၏ပန်းတိုင်သည် ဆီလျော်ဆက်စပ် (Relevant) ရမည်။
5- T= (Time) အချိန်ကိုက် လုပ်ဆောင်ရမည်။ ဘယ်အချိန် ဘယ်အခါမှာ ဘယ်ပန်းတိုင်ဆွတ်ခူးပြီး ဖြစ်ရမည်။

ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၅) ပါ ခင်ဗျာ-

သိခြင်း ( Knowing )

သဘောတရားသိခြင်း၊ စာတွေ့၊ သိမြင်နားလည်ခြင်းကို လက်တွေ့ကျင့်ဆောင်ခြင်း၊ အမှန်တကယ်
အသုံးချခြင်း၊ ရှေ့ဆောင်ဦးစီးလျက် အကောင်အထည်ဖော်ခြင်းနှင့် ပေါင်းစပ်နိုင်ရသည်။ သဘောတရားနှင့်
လက်တွေ့၊ အသိနှင့် အကျင့် ဆက်စပ် လုပ်ဆောင်ရပါမည်။
ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ယင်းနှစ်ရပ်၏ အကျိုးဆက်ပေါ်ထွက်လာခြင်းဖြစ်သော
ပဋိဝေဓ သာသနာ ဟု သာသနာသုံးရပ် ရှိသကဲ့သို့ ဖြစ်ပါသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတွင်
ဝိဇ္ဇာနှင့်စရဏနှစ်ရပ်စလုံး ပြည့်စုံခြင်း၌ အနှိုင်းမရှိ၊ အတုမရှိ၊ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်ကြည်ညိုစရာ
အထွက်အမြတ်ဖြစ်သကဲ့သို့ အတုယူဖွယ် ဖြစ်ပါသည်။ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့်
အကြွင်းမဲ့အလုံးစုံ ပြည့်စုံတော်မူပါပေသည်။ ခေါင်းဆောင်ကောင်းအဖြစ် အောင်မြင်လိုပါက သိခြင်းသက်သက်မျှနှင့် မရ။ လက်တွေ့ကျင့်သုံးခြင်းမှာ မည်မျှလိုက်နာသနည်းဟူသော အချက်ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ အသိသည် အသိသာဖြစ်၍ အကျင့်မဟုတ်သေးပေ။ ယနေ့မှစ၍ ဤစာထဲက သိရသမျှ လက်တွေ့ ဘဝ၌ ကျကျနန ကျင့်သုံးသွားမည်ဟု ဆုံးဖြတ်ရပါမည်။ လက်စွဲကျင့်သုံးရမည့် ပထမဦးဆုံးအချက်ကား သင့်ကိုယ်သင် ပြုပြင်ရန်။
သင့်ကိုယ်သင် ခေါင်းဆောင်ကောင်းတစ်ဦးဟု မိမိကိုယ်ကိုရှုမြင်ပါ။
သင့်ကိုယ်သင် ခေါင်းဆောင်ကောင်းဟု မှတ်ယူရမည်။
လုပ်ရန်၊ လိုက်နာရန် ခေါင်းဆောင်ကောင်းတစ်ဦး အနေဖြင့် တွေးတောပါ၊ ပြောဆိုပါ၊ နေထိုင်ပါ၊
ပြုမူပါ၊ ကျင့်ကြံပါ။
ဤစာကို မဖတ်ရသေးမှီနှင့် ဤစာကိုဖတ်ရှုနားလည်ပြီး အခြေအနေတို့သည် ဆေးမစားမီ
ပုံနှင့် ဆေးစားပြီးပုံ ကွဲပြားသကဲ့သို့ ခြားနားသွားစေလိုပါသည်။ ပုံပမာ သာဓက တစ်ခု ပြောပြပါမည်။
နှစ်ပေါင်း ၂၅၀၀ ကျော်ကာလ၊ မြတ်စွာဘုရားသခင် လက်ထက်တော်၊ ကောသလမင်းကြီးက
နံနက်ခင်း တစ်ခုတွင် လေသာဆောင်မှ ရှုမျှော်နေစဉ် နန်းတော်ရင်ပြင်ရှိ မနေ့ညကရွာထားသော မိုးရေစွတ်စို
သဖြင့် ရေအိုင်လေးများ ဖြစ်နေသည်တွင် ထိုရေအိုင်လေးများအားခုန်၍ လွှား၍ ဝင်ရောက်လာသော
သူငယ်တစ်ဦးကို မြင်ရလေသည်။ နန်းတော်ညီလာခံရောက်သောအခါ လျှောက်တင်စရာများ ဝန်ကြီးများက လျှောက်တင် ကြရာ ဖခင်သူဌေးကြီး ကွယ်လွန်သဖြင့် အမွေခံတစ်ဦးတည်းသော သားအား ဘုရင်က သူဌေးဘွဲ့ချီးမြှင့်ရန်လည်းပါသည်။ သူဌေးဘွဲ့ အမွေဆက်ခံစေဟု ဘုရင်က ဆုံးဖြတ်ပေးသည်။ ညီလာခံစဲ၍ ဘုရင်လည်း အဆောင်တော်သို့ ကြွမြန်းသည်။ လေသာဆောင်မှ ထိုသူငယ်အပြန်ကို ဘုရင်က လှမ်းကြည့်လိုက်ရာ လာစဉ်ကနှင့်မတူ၊ ဆော့ဆော့နန့်နန့် မပြုမူတော့၊ ရေအိုင်ရေခွက်တို့ကိုမခုန်လွှားတော့ဘဲ ဣနြေ္ဒသမ္ပတ္တိဖြင့် တစ်လှမ်း ချင်းသွားသည်ကို မြင်ရသည်။ ရေအိုင်ထဲသို့ ခြေစွတ်စိုခံ၍ နင်းသွားသည်ကို တွေ့ရသည်။ ဘုရင်သိလို သဖြင့် မင်းချင်းတို့အား ထိုသူငယ်ကို ခေါ်စေပြီး မေးသည်။
ဖြေ။ “လာစဉ်က သူဌေးသား၊ ကလေးသာဖြစ်ပါသည်ဘုရား၊ ပြန်သောအခါ ဘုရင်က သူဌေးဘွဲ့
ပေးခဲ့ပြီမို့၊ တရားဝင်သူဌေးပါဘုရား၊ ဘွဲ့ပေးသူ၏ဂုဏ်၊ ရရှိသောအဘအမိ၏ ဂုဏ်ကို ထောက်ထားလျှက်
သူဌေး၏ဣနြေ္ဒဖြင့် ရေအိုင်ရေဗွက်တို့ကို မခုန်မလွှားဘဲ လမ်းလျှောက်ရမည် ဖြစ်ပါသည်ဘုရား”
ယနေ့မှစ၍ မောင်တို့မယ်တို့သည် ဤစာမျက်နှာကို ဖတ်ရှုပြီး ဖြစ်သည်အလျှောက် ရေအိုင်
ရေဗွက်လေးတို့ကို ခုန်ဆွခုန်ဆွဆော့ကစား၍ သွားဦးမှာလား။ မိမိကိုယ်ကို သေချာစွာမေးပါလေ။
ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟုခံယူပါ။ စဉ်းစားပါ၊ ပြောဆို၊ ပြုမူ၊ နေထိုင်၊ ကျင့်ကြံပါ။
အတွေး၊ အပြော၊ အလုပ်၊ ဟူသော ကံသုံးပါးစလုံး တွင် ခေါင်းဆောင်ကောင်း
အင်္ဂါလက္ခဏာတို့နှင့် ညီပါစေ………..၊ ပြည့်စုံပါစေ…….။
Photo: ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၅) ပါ ခင်ဗျာ-

ခေါင်းဆောင်ကောင်း ဖြစ်ချင်သူများအတွက် ခေါင်းဆောင်ကောင်းများလိုက်နာကျင့်သုံးရန်အချက်များ အပိုင်း (၆) ပါ ခင်ဗျာ-

ကျင့်သုံးပါမှ လက်တွေ့ရ (Do it Practical)
လူမှာအတွေးသည် ရှေ့ပြေးဖြစ်သည်။
ခံယူချက်၊ အတွေးအခေါ်သည် အရေးအကြီးဆုံးဖြစ်သည်။
အပြောရော အလုပ်ပါ ဘယ်လိုခံယူထားရမလဲ?
“ငါသည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တယ်”သခင်အတွေးရှိထားသူသာလျှင် အရှင်သခင်
ဖြစ်လာ၏။ သူခိုး အတွေးရှိထားသူသာလျှင် သူခိုးဖြစ်လာ၏။ ဂျပိုး အတွေး ရှိထားသူက ဂျပိုးဖြစ်သွား၏။
ခေါင်းဆောင်ကောင်းဟု မိမိကိုယ်ကို အတွေးရှိသူသာလျှင် တကယ် ခေါင်းဆောင်ကောင်း ဖြစ်လာ
ပါသည်။ သေချာတိကျသောနိယာမ သဘာဝဖြစ်သည်။ အိပ်ယာမှထသည်နှင့်ငါသည် ခေါင်းဆောင် ဟုမှတ်၊
အိပ်ယာဝင်သည်နှင့် ငါသည်ခေါင်းဆောင်ဟုမှတ်။ စိတ်အစွမ်းသတ္တိတန်ခိုးကို ကြီးမားစေသော မိမိကိုယ်ကို
အကြံပေးနည်း Autosuggestion ဖြစ်ပါသည်။ လက်တွေ့ကျင့်သုံးပါ။ ယုံကြည်သည်နှင့်အမျှ ထူးခြား
တိုးတက်မည်။ ကျင့်သုံးမှု စရဏတရားက ခေါင်းဆောင်မှုကို မှတ်ကျောက်တင်သည်။ အလုပ်နှင့်
သက်သေပြမှ ခေါင်းဆောင်မှုသြဇာ အရှိန်အဝါ ရရှိပါသည်။

အခြေခံလိုအပ်ချက် (၃) ရပ် { 3 basic requirements }

ခေါင်းဆောင်ကောင်းဖြစ်ရန် အခြေခံလိုအပ်ချက်များပြားစွာ မရှိပါ။ သုံးချက်မျှသာလိုအပ်ပါသည်။

(၁) ရှိရန် To Be
(၂) သိရန် To Know
(၃) လုပ်ရန် To Do

အခြားသူတစ်ပါး လူအများကို ဆွဲဆောင်စည်းရုံးသိမ်းသွင်းပြီး သြဇာအာဏာစက် ကြီးမားစွာ
လွှမ်းမိုးလျှက် အံ့သြဖွယ်ကောင်းသော စွမ်းဆောင်ချက်များကို ကမ္ဗည်းထိုးခဲ့သူ ခေါင်းဆောင်ကောင်း
ဟူသမျှတို့သည် တူညီသော အချက်တစ်ခုရှိသည်။ ဦးစွာပထမ မိမိကိုယ်ကို မိမိ စီမံခန့်ခွဲတတ်ရမည်။ သို့မှသာ
သင်သည် သြဇာတိက္ကမရှိသူအဖြစ် ထင်ရှားမြင်သာမည်။
ငယ်သားကောင်းဖြစ်မှ ခေါင်းဆောင်ဖြစ်နိုင်သည်။ ခေါင်းဆောင်ဖြစ်ရန် ငယ်သားကောင်း ပထမဦးစွာ
ဖြစ်ရပါမည်။ အဖွဲ့အစည်း (သို့မဟုတ်) တိုင်းပြည်တစ်ပြည်၏ အရည်အသွေးသည် ယင်းအဖွဲ့ အစည်း (ဝါ) တိုင်းပြည်ရှိ လူများ၏ ကိုယ်ကျင့်သိက္ခာပေါ်တွင် တည်မှီနေပေသည်။ အမှန်စစ် လူတစ်ဦးချင်းစီ၏ ဘဝကို ကိုယ်ကျင့်သိက္ခာနှင့် မူအပေါ်မှာ တည်ဆောက်ထားခြင်းသာ ဖြစ်လေသည်။

လူတစ်ယောက်အဖို့ ဘဝမှာ ရရှိလာသော အဖိုးတန်ရတနာဟူသမျှအတွက် တန်ရာတန်ဖိုးကိုမူ မလွဲမသွေ ပေးရလိမ့်မည်။ ယင်းတန်ဖိုးကား အခြားမဟုတ်၊ အလုပ်လုပ်ခြင်း၊ သည်းခံစောင့်စားခြင်း၊ ချစ်ခင်မြတ်နိုးခြင်းနှင့် စွန့်လွတ်နိုင်ခြင်းတို့ ဖြစ်ကြ၏။ ယင်းတန်ဖိုးကား ငွေကြေးမဟုတ်။ ပေးပါမည်ဟူသော ကတိစကားမဟုတ်။ လက်တွေ့ လုပ်ခြင်းတည်းဟူသော ရွှေပင်ဖြစ်၏။ (ဂျွန်ဘာရိုး (၁၈၃၇-၁၉၂၁) အမေရိကန် သဘာဝတ္တပညာရှင်)

ခေါင်းဆောင်ကောင်းတစ်ဦးအတွက်
၁။ ရှိရမည့်အချက်များ၊ To be-
၂။ သိထားရမည့်အချက်များ၊ To know-
၃။ လုပ်ဆောင်ရမည့်အချက်များ To do-
ဟု အပိုင်းအခြားသုံးပိုင်း ရှင်းလင်းလွယ်ကူစွာ ခွဲခြားလေ့လာနိုင်ပါသည်။ ရှိရန်အချက်များမှာ လက္ခဏာ၊ အင်္ဂါရပ်များ၊ စွမ်းရည်များ ပါဝင်ကြပေလိမ့်မည်။ စက်လေးပါး၊ ဗလငါးတန်၊ နာယကဂုဏ် ခြောက်ပါး၊ စရိုက်လက္ခဏာ ၇ ရပ်၊ (သစ္စာ၊ တာဝန်၊ လေးစား၊ ကိုယ်ကျိုးစွန့်၊ ဂုဏ်သိက္ခာ၊ ဖြောင့်မှန်၊ ရဲရင့်ဟူသောစရိုက်လက္ခဏာ) စသည်တို့ ပါဝင်ပါသည်။ အများကြီးသိအောင် ပြောမဆုံးပေါင် တောသုံးထောင် နှံ့စပ်အောင် ရှာဖွေနေရန်၊ အလုပ်ထက်၊ တစ်ချက်သိက ထိုအချက်ကို မိမိရရ လက်တွေ့ကျင့်မှ အကျိုးရမည်။ သိရန်အချက်များကား ပိုမိုကျယ်ဝန်း မျာပြားပါသည်။ ခေါင်းဆောင်များသိထားရမည့်အချက်များကို
ထပ်မံ အဆင့်ခွဲခြားလျှင် -
(၁) မသိမဖြစ်သိရမည့်အရာများ
(၂) သိသင့်သိထိုက်သောအရာများနှင့်
(၃) နောက်ဆုံး အစုသိလျှင်ကောင်း၏၊ အကျိုးရှိမည့်အရာများ
ဟု သုံးဆင့်ရှိပေလိမ့်မည်။ အခြေခံဥပဒေသ၊ မူဝါဒ၊
လုပ်ထုံးလုပ်နည်းများသည်ကား ခေါင်းဆောင်လုပ်သူအတွက် မလွဲမသွေ သိရှိရမည့် အချက်များ ဖြစ်လေ
သည်။
လုပ်ရန်အပိုင်းတွင် ခေါင်းဆောင်သူ၏တာဝန်များ လုပ်ငန်းစဉ်များဖြစ်ပါသည်။ ဆောင်ရန် အချက်များ
Dos နှင့် ရှောင်ရန်အချက်များ Don’ts တို့ကို မိမိပါဝင်ရသောပညာရပ်နယ်မြေ (သို့) လူထုတန်းစားအလွှာ၏
လိုအပ်ချက်အရ ရှာဖွေဆောင်ရွတ်ရမည် ဖြစ်ပါသည်.။
ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာရန်အတွက် ရှိရမည့်အချက်များသည် တစ်ကျောင်း
တစ်ဂါထာ ကွဲပြားနိုင်ပါ၏။ မည်သို့ပင်ရှိစေ အခြေခံအားဖြင့် မူများစွာ နီးကပ် ဆက်စပ်ကြပေလိမ့်မည်။
ခေါင်းဆောင်သည် နောက်လိုက်ငယ်သားများ၏ စံနမူနာပြ Model ဖြစ်ရမည်။ အနည်းဆုံး အောက်ပါ
အရည်အသွေး သုံးချက်ကို အကောင်းဆုံးစံပြ၊ နမူနာ လက်တွေ့ပြသနိုင်ရမည်။

ခေါင်းဆောင်ကောင်း ဖြစ်လိုသူများအတွက် အပိုင်း (၇)-

မဖြစ်မနေသိထားရမည့် အချက်များ ( Know to comprehend essentials )
ခေါင်းဆောင်ကောင်းတစ်ဦးအတွက်
၁။ ရှိရမည့်အချက်များ၊
၂။ သိထားရမည့်အချက်များ၊
၃။ လုပ်ဆောင်ရမည့်အချက်များ
ဟု အပိုင်းအခြားသုံးပိုင်း ရှင်းလင်းလွယ်ကူစွာ ခွဲခြားလေ့လာနိုင်ပါသည်။ ရှိရန်အချက်များမှာ လက္ခဏာ၊ အင်္ဂါရပ်များ၊ စွမ်းရည်များ ပါဝင်ကြပေလိမ့်မည်။ စက်လေးပါး၊ ဗလငါးတန်၊ နာယကဂုဏ် ခြောက်ပါး၊ စရိုက်လက္ခဏာ ၇ ရပ်၊
(သစ္စာ၊ တာဝန်၊ လေးစား၊ ကိုယ်ကျိုးစွန့်၊ ဂုဏ်သိက္ခာ၊ ဖြောင့်မှန်၊ ရဲရင့်ဟူသော စရိုက်လက္ခဏာ) စသည်တို့ ပါဝင်ပါသည်။ အများကြီးသိအောင် ပြောမဆုံးပေါင် တောသုံးထောင် နှံ့စပ်အောင်ရှာဖွေနေရန်၊ အလုပ်ထက်၊ တစ်ချက်သိက ထိုအချက်ကို မိမိရရ လက်တွေ့ကျင့်မှ အကျိုးရမည်။ သိရန်အချက်များကား ပိုမိုကျယ်ဝန်း မျာပြားပါသည်။ ခေါင်းဆောင်များသိထားရမည့်အချက်များကို ထပ်မံ အဆင့်ခွဲခြားလျှင်
(၁) မသိမဖြစ်သိရမည့်အရာများ
(၂) သိသင့်သိထိုက်သောအရာများနှင့်
(၃) နောက်ဆုံး အစုသိလျှင်ကောင်း၏၊ အကျိုးရှိမည့်အရာများဟု သုံးဆင့်ရှိပေလိမ့်မည်။
အခြေခံဥပဒေသ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများသည်ကား ခေါင်းဆောင်လုပ်သူအတွက် မလွဲမသွေ သိရှိရမည့် အချက်များ ဖြစ်လေသည်။
လုပ်ရန်အပိုင်းတွင် ခေါင်းဆောင်သူ၏တာဝန်များ လုပ်ငန်းစဉ်များဖြစ်ပါသည်။ ဆောင်ရန် အချက်များ
Dos နှင့် ရှောင်ရန်အချက်များ Don’ts တို့ကို မိမိပါဝင်ရသောပညာရပ်နယ်မြေ (သို့) လူထုတန်းစားအလွှာ၏
လိုအပ်ချက်အရ ရှာဖွေဆောင်ရွတ်ရမည် ဖြစ်ပါသည်.။
ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာရန်အတွက် ရှိရမည့်အချက်များသည် တစ်ကျောင်း
တစ်ဂါထာ ကွဲပြားနိုင်ပါ၏။ မည်သို့ပင်ရှိစေ အခြေခံအားဖြင့် မူများစွာ နီးကပ် ဆက်စပ်ကြပေလိမ့်မည်။
ခေါင်းဆောင်သည် နောက်လိုက်ငယ်သားများ၏ စံနမူနာပြ Model ဖြစ်ရမည်။ အနည်းဆုံး အောက်ပါ
အရည်အသွေး သုံးချက်ကို အကောင်းဆုံးစံပြ၊ နမူနာ လက်တွေ့ပြသနိုင်ရမည်။
 
ခေါင်းဆောင်ကောင်း ဖြစ်လိုသူများအတွက် ခေါင်းဆောင်ကောင်းများ လိုက်နာရန် အချက်များ အပိုင်း (၈)-

စိတ်ဓာတ် (Spiritual)

အခက်အခဲကို တည်တည်ငြိမ်ငြိမ်နှင့် ရဲရဲရင့်ရင့် ဖြတ်သန်းနိုင်သည့် စိတ်ဓာတ်ရှိရမည်။
ခေါင်းဆောင်က မျက်နှာပျက်ပြီး ပြာလောင်ခတ်ခြင်း၊ တုန်လှုပ်လျှက် ကြောက်ရံွ့ ထိတ်လန့်ခြင်း
တို့ကို ဖေါ်ပြနေမိလျှင် ထိုသူခေါင်းဆောင်မှုကျဆင်းပြိုပျက်သွား ပေလိမ့်မည်။ ကျားနှင့်ရင်ဆိုင်တွေ့မည်
ဆိုလျှင် ခေါင်းဆောင်သည်ကား မရဲသော်လည်း ပြေးခဲစေဆိုသည်စကားကဲ့သို့ စိတ်ကို တင်းထားနိုင်ရမည်။
မိမိ၏စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်စွမ်းရှိခြင်း၊ Emotional Stability ကို ညဏ်ရည်ပြကိန်း Intelligence
Quotient ထက်ပင်ပိုမိုပြီး အရေးပါသေးကြောင်း အချို့ ပညာရှင်များက ထောက်ခံပြီး တင်ပြခဲ့ကြသည်။
ကြောက်ရွံွ့ ခြင်း၊ ရရဲ င့်ခြင်းဆိုသည်မှာ မိမိ၏ ယာယီစိတ်နေ Mood ပေါ် တည်သဖြင့် သတရှိစွာ ထိန်းချုပ်၍
ရပါသည်။ စိတ်ဓာတ်ခိုင်မာခြင်းကို E.Q ဟုခေါ်နိုင်သည်။ လောကကို စိတ်ကဆောင်သည်။ စိတ်ကဆွဲငင်သည်။ စိတ်၏အလိုကို လောကကြီးသည် လိုက်ပါရသည်။
မကြောက်တရား (ဝါ) စိတ်ဓာတ်ခိုင်မာစေသော နည်းလမ်းကျင့်စဉ်များ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊
ပညာ၊ ဟီရိသြတ္တပ္ပတြို့ဖင့် ကြာရှည်ထုံသော စိတ်ဖြစ်အောင် လုပ်ရသည်။
(၁) သဒ္ဓါ - ယုံကြည်ခြင်း
(၂) သီလ - ကိုယ်ကျင့်တရားကောင်းခြင်း
(၃) သုတ - ဗဟုသုတအကြားအမြင်များခြင်း
(၄) စာဂ - လှူဒါန်းပေးကမ်းခြင်း
(၅) ပညာ - အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို သိမြင်တတ်ခြင်း
(၆) ဟီရိ - မကောင်းမှုပြုရန်ရှက်တတ်ခြင်း
(၇) သြတ္တပ္ပ - မကောင်းမှု ကျူးလွန်ရန် ကြောက်တတ်ခြင်း စသည့်အချက်တို့ကို ကျင့်သုံးလျှက်
စိတ်ဓာတ်ရဲရင့်ခိုင်မာတည်ကြည်ရမည်။

၂။ စည်းကမ်း (Discipline)

စည်းကမ်းရှိသောလူသည် လူတကာ၏ လေးစားရိုသေခြင်းကို ခံရသည်။ စည်းကမ်းရှိသူသည်
တိုးတက်သည်။ စည်းကမ်းကောင်းသူ ကို လူအများက နှစ်သက်သည်။ စည်းကမ်းသည် လူ၏တန်ဖိုးပင်
ဖြစ်သည်။ရဟန်းမှာ ၀ိနည်း၊ ရွာမှာ စည်းရိုး၊ လူမှာစည်းကမ်း။စည်းကမ်းရှိလျှင် အန္တရာယ်ကင်းသည်၊ ဘေးရှင်းသည်။
စည်းကမ်းကိုကျော်လျှင် ဒုက္ခရောက်ရတတ်သည်။
စည်း တွင်းမှာနေ၊ ကင်းကွေလိမ့်ရန်ဘေး၊ ကမ်း ကိုကျော်၊ ချော်ကာကျ၊ များလှရန်ဘေး။
စည်းကမ်းကိုခေါင်းဆောင်ဖြစ်သူက ကိုယ်တိုင်စံနမူနာပြ လိုက်နာပြခြင်းအားဖြင့် စည်းကမ်းကောင်း
သော အုပ်စုကို ထူထောင်တည်ဆောက်နိုင်ပေသည်။ စည်းကမ်း မလေးစားသော ခေါင်းဆောင်၏
အုပ်ချုပ်မှုအောက်တွင် ငယ်သားများ စည်းကမ်းမဲ့သဖြင့် မကြာခဏ လမ်းမှား သို့ ရောက်တတ်ကြသည်။ စည်းကမ်း ပျက်သူအချို့မှာမူ
အခြားအရည်အသွေးများ အားသာပါသော်လည်း လမ်းခုလတ်မှာပင် လဲကျကျန်ရစ်ခြဲ့ကရှာပါသည်။
လူ၏တန်ဖိုးအဆင့်ဆင့်ကို စည်းကမ်းက စစ်ဆေးပိုင်းဖြတ်၍ ခွဲခြားပေးလိုက်ပါသည်။ ထို့ကြောင့်
ခေါင်းဆောင်လုပ်မည့်သူသည် ကိုယ်တိုင်စည်းကမ်းကို အလေးထားစွာ ရိုသေလိုက်နာတတ်သူဖြစ်ရသည်။

၃။စေတနာ (Stimulus)

စေတနာဟူသော အရာကား စေ့ဆော်မှုပင်ဖြစ်ပါသည်။ စေတနာကိုပင်ကံ ဟု မြတ်စွာဘုရား သခင်ကဟောတော်မူသည်။ ထက်သန်သော၊ စေ့ဆော်မှုရှိသော အလုပ်၏ ရလဒ် သည် ကြီးမားပြင်းထန် သည်။
စေတနာမပါသော လှုပ်ရှားမှုကို အလုပ်ဟုပင် မသတ်မှတ်နိုင်ချေ။ ကံအရာမမြောက်ပေ။ စေတနာကောင်းလျှင် ကံကောင်းသည်။ စေတနာမြင့်မှ ကံမြင့်မည်။ စေတနာသည်ကောင်းကျိုး ၊ ဆိုးကျိုးကို အချိုးညီစွာ
ပေးတတ်သည်။ စေတနာကို အတုလုပ်၍မရ။
ခေါင်းဆောင်ဖြစ်ချင်ရခြင်း ရည်ရွယ်ချက်တွင် မှန်ကန်သော စေတနာပါရမည်။ ဘာကြောင့်ခေါင်းဆောင် လုပ်ချင်ရသနည်းဆိုသောမေးခွန်းကို ဖြေကြားရာတွင် စေတနာကောင်း အရင်းခံရှိရလိမ့်မည်။
ခေါင်းဆောင်လုပ်ချင်သည် ဆိုခြင်းသည် ပင်ရင်းစေတနာ ဖြူစင်မြင့်မြတ်ဖို့ရာ လိုပါသလား။ စေတနာရည်ရွယ်ချက်မွန်မြတ်သည်နှင့်အမျှ ဆတူအကျိုး၊ ကောင်းကျိုးကို မိမိတို့ရရှိခံစား ရပေလိမ့်မည်။

ခေါင်းဆောင်သူအဖြစ် မိမိပေါ်ထွက်လာရခြင်းသည် လောကကို ဖျက်ဆီးရန်မဟုတ်၊ ပျက်သုဉ်းအောင်လုပ်ဆောင်ဖို့မဟုတ်၊ မိမိ၏အသင်းဝင်များအပါအ၀င် ခပ်သိမ်းသော လူအများတို့၏
ကောင်းကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ရန်အလိုငှာ မဖြစ်သင့်ပါလား။
မိမိ၏ခေါင်းဆောင်ဖြစ်ရန် ရည်မှန်းချက် (စေတနာသည်) ခပ်သိမ်းသောလူအများတို့၏ အကျိုး
စီးပွားကို ဆောင်ရန်ဆိုလျှင် ပိုမိုအောင်မြင်မည်မလွဲ။ စေတနာကောင်းလျှင် ကံကောင်းမည်။ ခေါင်းဆောင်လုပ်သူမှာ စေတနာမှန်ကန်ရန် အရေးကြီးပေသည်။

ချစ်နိုင်(စိတ်ပညာ) ၏ ခေါင်းဆောင်လက်စွဲမှ ထုတ်နုတ်တင်ပြပါသည်။
Photo: ခေါင်းဆောင်ကောင်း ဖြစ်လိုသူများအတွက် ခေါင်းဆောင်ကောင်းများ လိုက်နာရန် အချက်များ အပိုင်း (၈)-

No comments:

Post a Comment