တစ်ခါက... ဂန္ဒီဟာ အခြားနိုင်ငံတစ်ခုကို ရောက်သွားတဲ့အခါ... လက်ဝတ်ရတနာဆိုင်ဘေးက ဖြတ်လျှောက်မိပါသတဲ့...
ပြထားတဲ့ လက်ဝတ်ရတနာတွေကို ကြည့်မိတော့ ဆိုင်ရှင်က နာမည်ကျော် ဂန္ဒီကြီးဆိုတာသိတဲ့အတွက် ဆိုင်ထဲဖိတ်ခေါ်လိုက်တယ်... ရတနာတွေကို လိုက်လံပြသပြီး ဈေးနှုန်းတွေလည်း ရှင်းပြတယ်... မဟတ္တမ ဂန္ဒီကြီးသာ ဆန္ဒရှိပါက ဆိုင်ထဲက နှစ်သက်ရာကို တောင်းဆိုနိုင်ကြောင်း လက်ဆောင်အဖြစ်ပေးပါမည့်အကြောင်း ပြောသတဲ့...
ဂန္ဒီက ...

" ကျေးဇူးတင်ပါတယ်... ဒီဟာတွေမလိုချင်ပါဘူး
ဒါပေမယ့် အလွန်ဝမ်းသာပျော်ရွှင်မိပါတယ်... ပျော်ရတာတခြားမဟုတ်ပါဘူး... ဒီလောက်တန်ဖိုးကြီးတဲ့ရတနာတွေ မရှိဘဲလည်း ကျူ ပ်အသက်ရှင်နေနိုင်တာ သိရတဲ့အတွက်ပါ.."
လို့ပြန်ပြောလိုက်ပါသတဲ့....

အသက်ရှင်နေထိုင်ဖို့ မရှိလည်းဖြစ်တဲ့အရာတွေကို ရှာဖွေရင်း တန်ဖိုးရှိတဲ့ဘဝကို မဖြုန်းတီးလိုက်ပါနဲ့...
ဘဝဆိုတာ ရှာဖွေရုန်းကန်ရုံနဲ့ ကုန်ဆုံးမသွားသင့်ပါဘူး
နေထိုင်ဖို့လည်း သတိရကြပါစေ....

ဦးသုည
No comments:
Post a Comment