Tuesday, January 26, 2016

ဘာက ပိုပြီးအရေးကြီးပါသလဲ

မိမိကလေးတွေကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ပျိုးထောင်ဖို့ ဘာတွေက ပိုပြီး အရေးကြီးပါသလဲ။ စာတော်တယ်။ 
လိမ္မာတယ်။ မိဘစကား နားထောင်တယ်။ သိတတ်တယ်။ ဒါတွေ လုံလောက်ပြီလား။ 

ကိုယ်ပိုင်အမြင်ရှိခြင်းဟာ စကားနားထောင်တာထက် ပိုမိုအရေးကြီးပါတယ်။

ဝါသနာရှိခြင်းဟာ စာမေးပွဲ ရမှတ်ကောင်းခြင်းထက်ပိုမိုအရေးကြီးပါတယ်။

စိတ်ရင်းခံကောင်းခြင်းဟာ မှားခြင်းမှန်ခြင်းထက်ပိုမို အရေးကြီးပါတယ်။

ပျော်ရွှင်မူ ခံစားတတ်ခြင်းဟာ ပြည့်စုံခြင်းထက် ပိုမို အရေးကြီးတတ်ပါတယ်။

ယုံကြည်ခြင်းဟာ ရှိခိုးဦးချခြင်းထက် ပိုမိုအရေးကြီးပါတယ်။

ရင့်ကျက်လာခြင်းဟာ အနိုင်အရူံးထက် ပိုမို အရေးကြီးပါတယ်။

ကိုယ့်ကိုကို စမ်းစစ်တတ်ခြင်းဟာ သူများကို အကဲခတ် ဝေဖန်တတ်ခြင်း ထက် ပိုမို အရေးကြီးပါတယ်။

No comments:

Post a Comment