လင်မယားအချင်းချင်းရဲ့ ပွေ့ဖက်မှုထဲမှာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်းတွေပါတယ်။
ချစ်သူအချင်းချင်းရဲ့ ပွေ့ဖက်မှုထဲမှာ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းတွေပါတယ်။
သူငယ်ချင်းအချင်းချင်းရဲ့ ပွေ့ဖက်မှုထဲမှာ ချစ်ခင်ရင်းနှီးခြင်း၊ ယုံကြည်ခြင်းတွေပါတယ်။
ရန်ဖြစ်ပြီးနောက် ပွေ့ဖက်တဲ့ပွေ့ဖက်မှုထဲမှာ ကြေအေးခြင်း၊ ခွင့်လွှတ်ခြင်းတွေပါတယ်။
ခွဲခွာပြီး ပြန်လည်တွေ့ဆုံတဲ့ပွေ့ဖက်မှုထဲမှာ လွမ်းဆွတ်ခြင်း၊ စိတ်လှုပ်ရှားခြင်းတွေပါတယ်။
ခွဲခွာခါနီးပွေ့ဖက်တဲ့ ပွေ့ဖက်မှုထဲမှာ မခွဲမခွာရက်တဲ့နှမြောခြင်း၊ မျှော်လင့်ခြင်းတွေပါတယ်။
အားငယ်သူကိုပွေ့ဖက်တဲ့ ပွေ့ဖက်မှုထဲမှာ အားပေးခြင်း၊ ဖေးမခြင်းတွေပါတယ်။
ပွေ့ဖက်တဲ့အချိန်က တစ်ဦးကိုတစ်ဦး လိုအပ်လို့ဖြစ်တယ်။
လူတစ်ယောက်အတွက် အလိုအပ်ခံရချိန်ဟာ သူ့ရဲ့အဖိုးတန်ဆုံးအချိန်ဖြစ်တယ်။
ပွေ့ဖက်ခြင်းဆိုတာ နွေးထွေးတဲ့ အသံတိတ်ဘာသာမဲ့စကားလုံးဖြစ်တယ်။
No comments:
Post a Comment