L- Loyalty(သစ္စာရှိခြင်း)
E- Enthusiasm(စိတ်အားထက်သန် မှုရှိခြင်း)
A- Attitude (စိတ်သဘောထား)
D- Discipline (စည်းကမ်း)
E- Example (နမူနာကောင်း/စံပြ)
R- Respect (လေးစားရိုသေမှု)
S- Scholarliness (ပညာရှိခြင်း)
H- Honesty (ရိုးသားခြင်း)
I - integrity (စာရိတ္တကောင်းမွန်ခြင်း)
P- Pride (ကိုယ့်ကိုယ်ကိုတန်ဖိုးထား ဂုဏ်ယူခြင်း)
E- Enthusiasm(စိတ်အားထက်သန် မှုရှိခြင်း)
A- Attitude (စိတ်သဘောထား)
D- Discipline (စည်းကမ်း)
E- Example (နမူနာကောင်း/စံပြ)
R- Respect (လေးစားရိုသေမှု)
S- Scholarliness (ပညာရှိခြင်း)
H- Honesty (ရိုးသားခြင်း)
I - integrity (စာရိတ္တကောင်းမွန်ခြင်း)
P- Pride (ကိုယ့်ကိုယ်ကိုတန်ဖိုးထား ဂုဏ်ယူခြင်း)
L- Loyalty - သစ္စာရှိခြင်း
ခေါင်းဆောင်ကောင်းလက္ခဏာတွင် အရေးကြီးသော အချက်ဖြစ်တယ်။ အများနှင့် လုပ်ငန်းကိစ္စများတွင် ပြောလိုက်သည့်စကား၊ ယူထားသည့်ကတိကို တိတိကျကျလိုက်နာတယ်။ ဖြစ်မြောက်အောင် လုပ်တတ်တယ်။
လုပ်နိုင်သည့် ပမာဏနှင့် ကိုက်ညီသော စကားကိုသာပြောတယ်။
လုပ်နိုင်သည့် ပမာဏနှင့် ကိုက်ညီသော စကားကိုသာပြောတယ်။
မလုပ်နိုင်ပဲ လူပြိန်းကြိုက် အပေါစားဆန်ဆန် လှည့်စားသည့် စကားများကို ရှောင်ရှားတယ်။ ပြောသလိုလုပ်တတ်သလို လုပ်သည့်အတိုင်းပဲ ပြောတတ်တဲ့ လက္ခဏာဖြစ်တယ်။
E- Enthusiasm - စိတ်အားထက်သန် မှုရှိခြင်း
လုပ်ငန်းအပေါ် အာရုံစိုက်ထားတယ်။ စိတ်အားထက်သန်မှုရှိရှိဖြင့် ဇွဲနဘဲကြီးစွာ လုပ်တတ်တဲ့ လက္ခဏာ တစ်မျိုးဖြစ်တယ်။
ခေါင်းဆောင်တစ်ယောက်သည် မိမိတာဝန်ကို ဖြစ်သလို တာဝန်ကျေ ပေါ့တိပေါ့လျော့ လုပ်လေ့မရှိ။ စိတ်စွမ်းအင်ပါဝါကို မြှင့်တင်ကာ လုပ်ဆောင်ချက်တိုင်းသည် စွမ်းအားအပြည့် နောက်လိုက်များ စံနမူနာယူဖွယ် စွမ်းဆောင်ပြခြင်း ဖြစ်တယ်။
A- Attitude - စိတ်နေသဘောထား
လူတစ်ယောက်၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်ချက်များသည် ခေါင်းဆောင်ကောင်းတစ်ယောက် ဟုတ်၊မဟုတ် သုံးသပ်ဆုံးဖြတ်ရန် အကောင်းဆုံး ပေတံတလက်ဖြစ်တယ်။
ခေါင်းဆောင်တစ်ယောက်သည် Soft-power နှင့် Hard-power ကို လူ၊ နေရာနှင့် အချိန်အခါကို ကြည့်၍ ကျင့်သုံးတတ်ရမှာ ဖြစ်တယ်။
စိတ်ဓါတ်သည် လုပ်ရပ်တစ်ခု၏ နိဒါန်း။ ပန်းတိုင်၏ မရှိမဖြစ် အခြေခံဖေါင်ဒေးရှင်း။
ကြီးမြတ်မှု၏ ဗိသုကာ။
စိတ်ဓါတ်သည် လုပ်ရပ်တစ်ခု၏ နိဒါန်း။ ပန်းတိုင်၏ မရှိမဖြစ် အခြေခံဖေါင်ဒေးရှင်း။
ကြီးမြတ်မှု၏ ဗိသုကာ။
D- Discipline - စည်းကမ်း
စီးပွါးရေး၊ လူမှုရေးစသော ကိစ္စအ၀၀တွင် ဘောင်စည်းကမ်းသည် အရေးအကြီးဆုံး အချက်ဖြစ်တယ်။
ထိုစည်းကမ်းသည် မိမိကိုယ်တိုင်ချမှတ်၍ လိုက်နာရသော စည်းကမ်းနှင့် တခြားလူ၊ အဖွဲ့အစည်း၊ နိုင်ငံစသည်တို့က ချမှတ်၍ လိုက်နာရသော စည်းကမ်း...ဟူ၍ နှစ်မျိုးရှိတယ်။ သူ့စည်း၊ကိုယ့်စည်း။ သူ့ဘောင်၊ကိုယ့်ဘောင် ဟူသည် ကဏ္ဍတိုင်း နေရာတိုင်းတွင် ရှိနေတတ်တယ်။ အပြန်အလှန် နားလည်မှု၊ အလေးထားမှုနှင့် လိုက်လျောညီထွေ နေထိုင် လုပ်ကိုင်တတ်ရမယ်။
E- Example - နမူနာကောင်း/စံပြ
လုပ်ဆောင်ချက်တိုင်းရဲ့ အထူအပါးကို မိမိကိုယ်တိုင်ဦးစွာ နားလည်သဘောပေါက်ထားရမယ်။ လုပ်ငန်း၊ အသင်းအဖွဲ့၊ နိုင်ငံ တစ်ခုချင်းစီ၏ ဆိုးခြင်း၊ ကောင်းခြင်းသည် ခေါင်းဆောင်၏ ဆုံးဖြတ်ချက်၊ စွမ်းဆောင်ချက်အပေါ်တွင် တည်မှီနေတယ်။ ဆိုးခြင်း၊ ကောင်းခြင်းရလာဒ်တိုင်းကို တာဝန်ခံ၊ တာဝန်ယူရဲတယ်။
ပြောဆိုချက်၊ လုပ်ဆောင်ချက်တိုင်းဟာ နောက်လိုက်လူငယ်မျိုးဆက်များအဖို့
တွန်းအားနှင့် ခွန်အားများကို မွေးဖွါးစေတယ်။
တွန်းအားနှင့် ခွန်အားများကို မွေးဖွါးစေတယ်။
R- Respect - လေးစားရိုသေမှု
အပြန်အလှန်လေးစားမှုနှင့် နားလည်မှုသည် အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုရဲ့ အသက်ဖြစ်တယ်။ မိမိသည် တခြားလူများ၏ လေးစားမှုကို ရယူလိုပါက သူတို့အား လေးစားသည့် အမူယာကို ပြဖို့ ၀န်မလေးပါနဲ့။
S- Scholarliness - ပညာရှိခြင်း
၂၁-ရာစု ပညာခေတ်တွင် ခေါင်းဆောင်များသည် ပညာပြည့်ဝဖို့ လိုအပ်သလို နှလုံးလှဖို့လည်း အရေးပါတယ်။ စာဖတ်အားကောင်းရမယ်။ အမြင်ကျယ်ရမယ်။ အမြင်ရှည်ရမယ်။
နောက်လာမည့် နှစ်ပေါင်း ၃၀/ ၅၀/ ၁၀၀ ခန့်ကြာသောအခါ ဖြစ်လာနိုင်သည့် အခြေအနေများကို လှမ်းမြင်နိုင်စွမ်းရမည်။ Plan ကောင်းကောင်းချမှတ်၍ လူငယ်မျိုးဆက်များသို့ လက်ဆင့်ကမ်းပေးနိုင်သည့် ပညာအမြင်စွမ်းအား လိုအပ်သည်။
H- Honesty - ရိုးသားခြင်း
ပွင့်လင်းမြင်သာမှုရှိခြင်း၊ မှန်ကန်ရိုးသားခြင်းမှတဆင့် ယုံကြည်ခြင်းကို ခေါင်းဆောင်များ တည်ဆောက်ကြတယ်။ ဒီအချက်တွေမရှိပါက ရှေ့တန်းကို မရောက်လာနိုင်၊ ခေါင်းဆောင်လည်း မဖြစ်လာနိုင်ပါ။
ရာထူးအာဏာကို အောက်လမ်းနည်းဖြင့် ရယူ၍ နောက်လိုက်လူထုတို့၏ အားနည်းချက်များကို တက်နင်း၍ ဘ၀တည်ဆောက်သော ခေါင်းဆောင်များမှအပ
လူထုတင်မြှောက်ခံ ခေါင်းဆောင်များသည် ဒီအချက်များကို စောင့်သိဖို့ အရေးပါလှ၏။
လူထုတင်မြှောက်ခံ ခေါင်းဆောင်များသည် ဒီအချက်များကို စောင့်သိဖို့ အရေးပါလှ၏။
I - integrity - စာရိတ္တကောင်းမွန်ခြင်း
နိုင်ငံ၏အသက်သည် ဥပဒေဖြစ်၏။ ခေါင်းဆောင်ကောင်း၏ အသက်သည်လည်း စာရိတ္တမဏ္ဍိုင်ပင်ဖြစ်၏။
စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ပါက ခေါင်းဆောင်ခြင်းလည်း ပြိုလဲရမည်သာ ဖြစ်သည်။
စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ပါက ခေါင်းဆောင်ခြင်းလည်း ပြိုလဲရမည်သာ ဖြစ်သည်။
စက်ဘီးနှင့်တူသော စာရိတ္တမဏ္ဍိုင်ပေါ်တွင် မိမိကိုယ်ကို ထိန်းကျေင်းတည့်မတ်၍ မယိုင်လဲ၊ မပြိုကျဖို့ အသိ၊သတိနှင့် ထိန်းကျောင်းပေးရမှာ ဖြစ်တယ်။
P- Pride - ကိုယ့်ကိုယ်ကိုတန်ဖိုးထား ဂုဏ်ယူခြင်း
ခေါင်းဆောင်ဟာ မိမိကိုယ်ကို အထူးတန်ဖိုးထားတယ်။ ကိုယ့်ကို အမြဲဆန်းစစ်သုံးသပ်တယ်။ ထိန်းကျောင်းပေးတယ်။
ကိုယ့်အတွက် လုပ်၍ အောင်မြင်ခြင်းထက် အများအတွက် လုပ်၍ အောင်မြင်ခြင်းအပေါ်မှာ မိမိကိုယ်ကို ဂုဏ်ယူတယ်။ ကျေနပ်တယ်။
ကိုယ့်အတွက် လုပ်၍ အောင်မြင်ခြင်းထက် အများအတွက် လုပ်၍ အောင်မြင်ခြင်းအပေါ်မှာ မိမိကိုယ်ကို ဂုဏ်ယူတယ်။ ကျေနပ်တယ်။
သူတော်စင်များဟာ မိမိကိုယ်ကို တန်ဖိုးထား လေးစားနိုင်ဖို့ ကျင့်ဝတ်များကို အသက်သဖွယ် တန်ဖိုးထားကြတယ်။
ထို့အတူ
ခေါင်းဆောင်ကောင်းများဟာ မိမိကိုယ်ကို တန်ဖိုးထား ဂုဏ်ယူနိုင်ဖို့
အကျင့်ပျက် ခြစားမှုကို ရှောင်ရှားတယ်။
ကိုယ်ကျင့်သိက္ခာကို အသက်တမျှ အလေးထားတယ်။ ယင်းကို အလွယ်တကူရတဲ့ ငွေများနှင့် မလဲတတ်ကြဘူး။
သူတပါးရဲ့ အားနည်းချက်အပေါ်မှာ ကခုန် ပျော်မွေ့တတ်ကြသူတွေမဟုတ်ဘူး။
ဖြူစင်သန့်ရှင်းတဲ့ ဘ၀အပေါ်မှာ မွေ့ပျော်တတ်ကြသူတွေသာ ဖြစ်တယ်။
ခေါင်းဆောင်ကောင်းများဟာ မိမိကိုယ်ကို တန်ဖိုးထား ဂုဏ်ယူနိုင်ဖို့
အကျင့်ပျက် ခြစားမှုကို ရှောင်ရှားတယ်။
ကိုယ်ကျင့်သိက္ခာကို အသက်တမျှ အလေးထားတယ်။ ယင်းကို အလွယ်တကူရတဲ့ ငွေများနှင့် မလဲတတ်ကြဘူး။
သူတပါးရဲ့ အားနည်းချက်အပေါ်မှာ ကခုန် ပျော်မွေ့တတ်ကြသူတွေမဟုတ်ဘူး။
ဖြူစင်သန့်ရှင်းတဲ့ ဘ၀အပေါ်မှာ မွေ့ပျော်တတ်ကြသူတွေသာ ဖြစ်တယ်။
No comments:
Post a Comment