Tuesday, January 26, 2016

Life is a gift.

ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လား။ အခြေအနေတွေပြောင်းသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေဟာလည်း ပြောင်းလဲသွားတတ်ပါတယ်။ ဒီတော့...သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ။ အောက်ပါ!!!သတိရဖွယ် အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ။
(၁) ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းမဲ့တဲ့စကားမျိုးပြောတော့မယ်ကြံရင် လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ပဲ ဆွံ့အနေကြတယ်ဆိုတာ သတိရလိုက်စမ်းပါ။
(၂) ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင် စားစရာမရှိတဲ့ လူတစ်ချို့ကို သတိရလိုက်စမ်းပါ။
(၃) ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင် ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါ။
(၄) သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကို သတိရလိုက်စမ်းပါ။
(၅) အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့ သန့်ရှင်းရေးမလုပ်လို့ သင့်အိမ်ကိုကြည့်ပြီး စိတ်တွေရှုပ်လာတဲ့အခါ နေစရာမရှိလို့ လမ်းဘေအိပ်နေရသူတွေကို သတိရလိုက်စမ်းပါ။
(၆) စိတ်တိုင်းမကျလှတဲ့ ကိုယ့်ဘဝကြီးကို အပြစ်တင်တော့မယ်ဆိုရင်လည်း ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ။
(၇) သင်ကားဖြင့်မောင်းသွားရမယ့်ခရီးဟာဝေးလွန်းလို့စိတ်ပျက်ငြီးညူတော့မယ်ဆိုရင် ဒီခရီးကိုပဲ ခြေလျှင်သွားနေကြသူတွေကို သတိရလိုက်ပါ။
(၈) လက်ရှိသင့်ရဲ့ အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင် အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတတ်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ။
(၉) သင်ဟာသူတပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည်း တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ။
(၁ဝ) ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကို"ကျရှုံးအောင်လုပ်တော့မယ်ဆိုရင် သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ။ ခုချိန်အထိအသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ။
"ဒီလိုဆိုတော့လည်းကိုယ့်ဘဝက(ထင်သလောက်မဆိုးဘူးပဲ..နော့) Life is a gift. ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ'ဘဝမှာနေလိုက်စမ်းပါ'ပျော်လိုက်စမ်းပါ' အောင်မြင်မှုတွေ'ကျော်ကြားမှုတွေ'ပျော်ရွှင်မှုတွေနဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ။
"ကဲ...သင်စိတ်ချမ်းမြေ့ရပြီဆိုရင် သင့်ရဲ့ သူငယ်ချင်းတွေအတွက်လည်း မမေ့နဲ့ဦး "စိတ်ချမ်းသာစေချင်လွန်းလို့ပါ။
(Share)
_______________________________________
ဦးသုည...စကားလုံး ဖလှယ်သည်။
Ref: ဦးသုည။ admin: ဒိုက်ဒိုက်-မြင်းခြံ

No comments:

Post a Comment