၁။ ယုံကြည်သက်ဝင်စေခြင်း
၂။ ကိုယ်တိုင်တတ်ကျွမ်းနားလည်ခြင်း
၃။ တာဝန်ယူလိုစိတ်နှင့် တာဝန်ယူတတ်ခြင်း
၎။ စွမ်းဆောင်ရည် တိုးတက်စေခြင်း
၅။ စံနမူနာပြသနိုင်ခြင်း
၆။ တာဝန်ရှာဖွေယူခြင်း
၇။ တာဝန်ပေးအပ်တတ်ခြင်း
၈။ မေတ္တာထားခြင်း
၉။ အသိပညာပေးခြင်း
ခေါင်းဆောင်ဖြစ်လာသူ တစ်ဦးသည် ရည်မှန်းချက် ပန်းတိုင်ချမှတ်ရမည်။
လက်အောက် ကိုဆောင်ရွက်ရမည့်အလုပ်တာဝန်များ ညွှန်ကြားရမည်။
လုပ်ဆောင်ပါဝင်ချင်အောင် စည်းရှုံးလှုံ့ဆော်ရမည်။
လုပ်ငန်းကို
အကောင်အထည်ဖော်နေဆဲ ကာလမှာပင် မိမိတို့ အဖွဲ့အသင်းကို
ပိုမိုထိရောက်ပြီးစွမ်းအားကြီးမားအောင်မြင်အောင် ဖံြွ့ဖိုးတိုးတက်စေရမည်။
ဖြေရှင်းတတ်အောင်လေကျင့် သင်ပြနေရမည်။
ထိုအတွက်အောက်ပါ တာဝန် ၉ ချက်တို့ကို အဆက်မပြတ်ထမ်းရွက်နေရပါမည်။
၁။ ယုံကြည်သက်ဝင်စေခြင်း Believable
ခေါင်းဆောင်က မိမိတို့လုပ်ဆောင် နေကြသော လုပ်ငန်းစဉ်ထဲ မွန်မြတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊
တန်ဖိုးရှိမှု၊ အကျိုးကျေးဇူးတို့ကို အဖွဲ့ဝင်များလည်း ခံယူသဘောပေါက်
စေရပါမည်။ စိမ့်ဝင် စွဲမြဲစွာလက်ခံယုံကြည်အောင် မျှဝေနိုင်ရမည်။
ပြသနိုင်ရပါလိမ့်မည်။ မိမိနည်းတူ ငယ်သားများ၏ ခံယူချက်၊
ယုံကြည်ချက်၊ အဖြစ် ယုံကြည်သက်ဝင်စေရမည်။
၂။ အလုပ်ကို ကျွမ်းကျင်ခြင်း Skillful
ခေါင်းဆောင်ကိုယ်တိုင် လေ့လာမှု၊ လေ့ကျင့်မှု၊ အတွေ့အကြုံ ရင့်ကျက်မှု
တို့ဖြင့် မိမိတို့ဆောင်ရွက်ကြရမည့် အတတ်ပညာ၊ နည်းပညာနှင့်
လုပ်ငန်းစဉ်တို့ကို တတ်မြောက် ကျွမ်းကျင်ရပါမည်။မသိသေးလျှင်သိအောင်မေးရမည်။
မတတ်သေးလျှင် တတ်အောင်လေ့ကျင့်နေရမည်။ သို့မှသာ ငယ်သား
များ၏ အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါသည်။
၃။ တာဝန်ယူတတ်ခြင်း Accountability
တာဝန်ခံထားသော မိမိ၏အဖွဲ့ အသင်းအတွက်ခေါင်းခံရမည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊
ရရှိလာသော အဖြေကို မိမိ၏ တာဝန်အနေနှင့် တာဝန်ယူရဲရမည်။ တာဝန်ယူလိုစိတ်ရှိပြီး တာဝန်ခံရဲသော
သတ္တိ ရှိရပါသည်။ ကွပ်ကဲခြင်း၊ ညွှန်ကြားခြင်း၊ ကြီးကြပ်ခြင်း၊ ဆက်သွယ်မှုပြုခြင်း၊ ထိတွေ့နေခြင်း၊
စစ်ဆေးခြင်း၊ တိုင်ဆိုင်စစ်ဆေးခြင်း နှင့် လိုက်နာအကောင်အထည်ဖော် ပြီးမပြီး ထပ်မံ၍ စစ်ဆေးခြင်းတို့ဖြင့်
တာဝန်ယူကြရပါမည်။
၎။ စွမ်းဆောင်ရည်တိုးတက်စေခြင်း Power-fullness
တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့ လေ့ကျင့်မှု၊ လုပ်ငန်းခွင်သင်ကြားပြသမှု၊
ဆွေးနွေးပွဲ၊ သင်တန်း၊စာတမ်းဖတ်ပွဲ စသည်တို့ဖြင့် အစဉ်မပြတ်
လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်ကို တိုးတက်နေအောင် စီမံ
ကြပ်မတ် ရပါမည်။
၅။ စံနမူနာပြသနိုင်ခြင်း epitomize
ခေါင်းဆောင်သူ အစစ်အမှန်သည် စံနမူနာပြသပြိး အောင်မြင်စွာ ခေါင်းဆောင်ဦးစီးနိုင် သကဲ့သို့
လွဲမှားသော ခေါင်းဆောင်သည် ငါပြောသလိုလုပ်၊ သို့သော ငါလုပ်သလို မလုပ်နှင့်ဟု အမိန့်ပေးပြီး ဖရိုဖရဲ
ဖြစ်စေ တတ်လေသည်။ မိမိကိုယ်တိုင်က စံပြရှေ့ဆောင်မှသာ ခေါင်းဆောင်ကောင်း ပီသပြီး အောင်မြင်မှု
ရစေပါသည်။
၆။ တာဝန်ရှာဖွေယူခြင်း Make a sacrifice
မိမိ၏ တာဝန်များက လေးလံနေပြီဖြစ်သော်လည်း အားနည်းနေသော ငယ်သားတစ်ဦး၏
လုပ်ငန်းဆောင်ရွက်ရန် (သို့) ပြဿ နာများကို အစစ်အမှန်ခေါင်းဆောင်က
ကူညီသယ်ပိုးပေးလေသည်။ ခေါင်းဆောင်သည်
အနစ်နာခံတတ်ခြင်း၊ တာဝန်ကိုရှာဖွေယူတတ်ခြင်း ဖြင့် လေးစားမှုကို ခံရသည်။
၇။ တာဝန်ပေးအပ်တတ်ခြင်း Make a tasks
လူတစ်ဦးချင်း၏ အားသာချက်၊ အားနည်းချက်များ ကို အသေးစိတ်သိရှိအောင်
လေ့လာအကဲဖြတ်ကာ စူးနေရာစူး၊ ဆောက်နေရာဆောက်၊ အသုံးချတာဝန်
ခွဲဝေပေးတတ်ရပါသည်။
၈။ မေတ္တာထားခြင်း Compassionate
အဖွဲ့ဝင်
ငယ်သားများအပေါ် ချစ်ခင်ကြင်နာခြင်း၊ တစ်ဦးချင်းအပေါ် လေးစားစွာ
ဆက်ဆံတတ်ခြင်း၊အောင်မြင်စွာလုပ်ဆောင်မှု တစ်ခုခြင်း အတွက် ချီးမွမ်းခြင်း၊
ဆုပေးခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုကိုအားပေးခြင်း၊ အပြန်အလှန်
နားလည်မှုရှိစေပြီး အစေးကပ်အောင် လုပ်ဆောင်တတ်ခြင်းတို့ကို တာဝန်
တစ်ရပ်အနေနှင့် ဆောင်ရွက်နေရပါမည်။
၉။ အသိပညာပေးခြင်း To educated
လက်အောက်ငယ်သားများကို အသိပေးသင့်သော အချက်များကို အချိန်နှင့်တစ်ပြေးထဲ
ညီစွာအသိပေးနေရမည်။ လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးကြည့်ရှုကာ
လိုအပ်ချက်များကို တည့်မတ်
ပြုပြင်ရမည်။ ပညာပေးရပါမည်။
ပြဿနာဖြေရှင်းခြင်း ( Problem solving )
Formula
၁။ ရည်ရွယ်ချက်။ တိကျစွာသတ်မှတ်၊ ရေးချ။
Aim
၂။ အကျုံးဝင်သောအချက်များ။ အသေးစိတ်ရေးသား၊ ဦးစားပေး အကြီးအသေးရှေ့နောက်စဉ် စဉ်းစား။
Factors
၃။ ဖော်ထုတ်ချက်။ ထို့ကြောင့်ဘာဖြစ်သလဲ၊ အဆင့်ဆင့် မေးခွန်းထုတ်၍ အဖြေရှာ။
Deduction
၎။ နည်းလမ်းများ။ စဉ်းစားရှာဖွေ၊ အကောင်းဆုံးရွေး။
Means
၅။ စီမံချက်။ ရေးဆွဲပြင်ဆင်။
Plan
စီမံချက် Plan တစ်ခုတွင် ပါဝင်ရမည့် ကဏ္ဍ ၅ ရပ်
၁။ သတင်း (ဝါ) အခြေအနေ Information or Situation
၂။ ရည်မှန်းချက် Objective
၃။ လုပ်နည်း Method
၎။ အုပ်ချုပ်ထောက်ပံ့မှု Administration and Logistics
၅။ ကွပ်ကဲမှုနှင့်ဆက်သွယ်ရေး Command and Communication
ခေါင်းဆောင်၏လက်တွေ့လုပ်ငန်းစဉ်မှာ ပါရှိသင့်သည့်အချက်များ -
၁။ ရည်မှန်းချက်မြင့်မြင့်မားမားထားပါ။
၂။ ရှင်းလင်းပြတ်သားသောပန်းတိုင်သတ်မှတ်ပါ။
၃။ ရှင်းလင်းပြတ်သားခိုင်မာသော စံနှုန်းထားပါ။
၎။ အပြုသဘော နမူနာကောင်းအောင်ပြသပါ။
၅။ ဂုဏ်ယူစိတ်ကိုလေ့ကျင့် ပြိုးထောင်ပါ။
၆။ အခြားသူများ၏ လိုအပ်ချက်များကို ဝေဖန်ပိုင်းခြားပါ။
၇။ အခြားသူများသူတို့ကိုသူတို့ လေးစားခံရသည့် ဂုဏ်သိက္ခာရှိအောင် ဆောင်ရွက်ပါ။
၈။ စွမ်းစွမ်းတမံဆောင်ရွက်ချက်ရှိလျှင် မြှောက်စားပါ။
၉။ အခြားလူတွေကို သင့်၏အစိတ်အပိုင်းတစ်ခု ဖြစ်အောင် ဆောင်ရွက်ပါ။
ခေါင်းဆောင်သည် အောင်မြင်မှုများကို လက်တွေ့ ပြသနိုင်ရမည်။ အောင်မြင်မှုဖြင့် စည်းရုံးနိုင် ရမည်။
စည်းရုံးရေးအားဖြင့် အောင်မြင်မှုအသစ်ကို ဆက်လက်ရယူရမည်။
အောင်မြင်မှုဖြင့် စည်းရုံး၊
စည်းရုံးရေးနှင့် အောင်မြင်မှုယူ။
ခေါင်းဆောင်သည် အသင်းအဖွဲ့စိတ်ဓာတ် Spirit-De-Corps ကိုခိုင်မြဲအောင်
ပျိုးထောင်တည်ဆောက်ရမည်။ အားကစား၊ လေ့လာရေးခရီး၊ အပန်းဖြေခရီး စသည်တို့တွင်
အသင်းအဖွဲ့ စိတ်ဓာတ်ကို တည်ဆောက်ပေးရမည်။
No comments:
Post a Comment