သားယောင်္ကျားလေးမွေးထားတဲ့ မိဘတွေအနေနဲ့ လုပ်ဆောင်လေ့ရှိတဲ့ အမှား (၈) မျိုးရှိပါတယ်။ အဲ့ဒါတွေကို ဖော်ပြပေးရရင်တော့
၁။ သားယောင်္ကျားလေးဟာ
စိတ်ဓာတ်မာကြောရမယ်လို့  မျှော်လင့်ထားတာမျိုးခေတ်မီပါတယ်ဆိုတဲ့
မိဘတွေတောင် ယောင်္ကျားလေးဆိုတာ ပျော်ရွှင်မှုနဲ့ ဒေါသ က လွဲလို
့ငိုကြွေးတာမျိုး၊ ၀မ်းနည်းတာမျိုး ဆိုတဲ့ ခံစားချက်မျိုး မရှိသင့်ဘူးလို
့သင်ကြား တတ်ကြပါတယ်။ ယောင်္ကျားလေးတွေရော မိန်းကလေးတွေရောမှာ လေးနက်တဲ့
စိတ်ခံစားချက်အတွေ့ အကြုံတွေ ရှိနိုင်ပြီး ကလေးတွေ ၀မ်းနည်းတဲ့အခါ ယောင်္ကျား
ပီပီသသ ရင်ဆိုင်စမ်းပါကွာလို့ ပြောတာမျိုးက မဖြစ်သင့်ပါဘူး။
၂။
ယောင်္ကျားကလေးတွေဟာ ဘယ်တော့မှ သားကောင်မဖြစ်နိုင်ဘူးလို
့မှတ်ယူတာမျိုးမိဘတွေဟာ သမီးမိန်းကလေးကို ကာကွယ်မှုပေးချင်ပါတယ်။ ဒါကလည်း
အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါပေမယ့် မိဘတွေသိထားရမှာက ယောင်္ကျားလေးတွေလည်း
သားကောင်ဖြစ်နိုင်ပါယ်။ MaleSurvivor ရဲ့ ဒါရိုက်တာ Christopher Anderson
ပြောကြားချက်အရ ယောင်္ကျားကလေး ခြောက်ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာ
အလိုမတူဘဲ ထိတွေ့ ဆက်ဆံခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ တော်တော်များတဲ့
ပမာဏပါပဲ။
၃။ အားကစားမှာ ထူးချွန်ဖို့ 
ဖိအားပေးခြင်းအားကစားလုပ်တယ်ဆိုတာ မိုက်ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့
မဟုတ်ပါဘူး။ ကလေးငယ်တွေဟာ ငယ်စဉ်အခါကတည်း အသင်းအဖွဲ့ နဲ့ အားကစား မျိုးမှာ
ပါဝင်သင့်ပေမယ့် အားကစားမှာ ထူးချွန်ရမယ်လို့ အတင်းကြီး ဖိအားပေးတာ
မျိုးကတော့ မဖြစ်သင့်ပါဘူး။
၎။ မိန်းကလေးတွေနဲ့ တွဲခုတ်ဖို
့အရွယ်ရောက်လာနေပြီလို့ မှတ်ယူထားတာမျိုးကလေးတွေကို လက်ထပ်ခြင်းနဲ
့ရည်းစားထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြ မယ်ဆိုရင်
ကျား၊မလိင်ခွဲခြားမှုမရှိတဲ့ နာမ်စားတွေနဲ
့ပြောပြပေးသင့်ပါတယ်။ဥပမာအားဖြင့် “ မင်း လက်ထပ်ပြီးရင်၊ မင်းနဲ
့မင်းဇနီးတို့ အတူလက်တွဲပြီး ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်” လို
့ပြောမယ့်အစား “မင်းအရွယ်ရောက်ရင်၊ မင်းရယ် မင်းနဲ့ လက်ထပ်မယ့်လူရယ်
ဆုံးဖြတ်ချက်တွေ အတူလက်တွဲပြီး ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်” လို
့ပြောပေးတာမျိုးပေါ့။ အဲဒီလိုမျိုးဆိုရင် သင့်ရဲ့ သားယောင်္ကျားလေးဟာ gay
ဒါမှမဟုတ် bisexual ဖြစ်နေရင်တောင် သူ့ မိဘတွေက သူ့ ကို ယောင်္ကျားစင်စစ်
ဧကန်ဖြစ်ရမယ်လို့ ပဲ မျှော်လင့်ထားတာ မဟုတ်ဘူးလို့ ခံစားရတဲ့အတွက်
စိတ်သက်သာရာရနိုင်ပါတယ်။ တကယ်လို့ သူဟာ gay မဟုတ်ဘူးဆိုရင်တောင်
မတူညီတဲ့ချစ်သံယောဇဉ်ရှိကြတဲ့ လူတွေကိုလည်း လက်သင့်ခံပေးတတ်နေမှာပါ။
၅။ ယောင်္ကျားလေးတွေမှာ အကြောက်တရားမရှိအောင် ပြောတာမျိုးယောင်္ကျားမှာလည်း
အသည်းနဲ့ ပါ။ “ ဒီလောကမှာ ဘာမှကြောက်စရာမရှိဘူး” လို့ မပြောပဲနဲ့ သူတို
့တုန်လှုပ်နေတဲ့အကြောင်းအရာကို သင့်ကို ပြောပြဖို့ မေးမြန်းကြည့်ပါ။
၆။ ကျားအင်္ဂါနဲ့ ပတ်သက်တဲ့ ဟာသတွေ သူတို့ နားမှာ
ပြောမိတာမျိုးယောင်္ကျားတွေဟာ ဗလတွေကြီးပြီး လိင်အင်္ဂါကြီးရမယ်လို
့လူထုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ဖိအားတွေက ကြီးလွန်းပါတယ်။ ဒီလို
တပါးသူရဲ့ခန္ဓာကိုယ်ကို လှောင်ပြောင်တဲ့ အရာမျိုး သင့်ကလေးတွေရှေ့ မှာ
ဘယ်တော့မှ မပြောမိပါစေနဲ့ ။
၈။ သားယောင်္ကျားလေးတွေ
အရွယ်လေးရောက်လာတာနဲ့ ဖက်လှဲတကင်းအပြုအမူ တွေ
ရပ်လိုက်တာမျိုးလူပျိုပေါက်ဝင်လာတာနဲ့ ပဲ ကျွန်တော်တို့ တွေဟာ
ကိုယ့်သားလေးတွေကို ဖက်လှဲ တကင်း လုပ်တတ်တဲ့အကျင့်ကို
ဖျောက်ပစ်လိုက်တတ်ကြပါတယ်။ လူသားတိုင်းအတွက် လူသားတစ်ယောက်ရဲ့အထိအတွေ
့ဆိုတာ အခြေခံ လိုအပ်ချက် တစ်ခုပါပဲ။ သူ စိတ်အားငယ်နေတဲ့အချိန်မှာ
အဖေတစ်ယောက်ရဲ့ ဖက်ထားမှုကလည်း သူ့ ကို အများကြီး
နှစ်သိမ့်မှုပေးနိုင်မှာပါ။တကယ်လို့ လူပျိုပေါက်ကောင်လေးကို ဖေဖေမေမေတို
့ဖက်ထားရမလားလို့ သွား လုပ်တဲ့အခါမျိုးမှာ သူက ဖယ်ထုတ်ပစ်မယ် ဆိုပါဦးစို
့၊ သူ့ ရဲ့ နှလုံးသားထောင့် တစ်နေရာမှာတော့ သူ့ အတွက် ချစ်ခြင်းမေတ္တာ
တရားလိုအပ်နေချိန်မှာ မိဘတွေက အမြဲတမ်းအဆင်သင့်ပါလားဆိုတာ
ဝင်ရောက်သွားမှာပါ။
No comments:
Post a Comment