(၁) ဝင်ငွေထက် ထွက်ငွေနည်းပါစေ
ကိုယ်ရေးကိုတာငွေရေးကြေးရေး
တကယ်က ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာထ
(၂) နောင်ခါလာ နောင်ခါဈေးလို့ ဘယ်တော့မှ မတွက်ပါနဲ့
"ရှိ, ပူရသေး၊ ကုန်မှ အေး" ဆိုတာ အလွန်လွှဲမှားတဲ့ အတွေးပါ။ အခုချိန်မှာ အသုံးမှား၊ အသုံးလွန်တာတွေကို နောင်အနာဂတ်မှ အဖတ်ပြန်ဆယ်မယ်လို့ သဘောထားရင် နောင်တအကြီးကြီးရနိုင်စရာရိ
(၃) အတိုးမြင့်အကြွေးတွေကို အမြန်ဆုံးဆပ်ပါ
အကြွေးတွေရှိရင် အတိုးနှုန်းအမြင့်ဆုံး အကြွေး (ဥပမာ၊ ခရက်ဒစ်ကတ်အကြွေးကို) အရင်ဆုံးစဆပ်ပါ။
(၄) အရေးပေါ်ရန်ပုံငွေ အဆင်သင့်ပြင်ထားပါ
လက်ထဲမှာ (သို့မဟုတ်) ဘဏ်ထဲမှာ ခြောက်လစာလောက်အသုံးစရိတ် အဆင်သင့်ရှိထားသင့်ပါတယ်။ ဘဝမှာ ကြုံ့လာတဲ့အခက်အခဲ တော်တော်များများကို ငွေက ရှင်းပေးနိုင်ပါတယ်။ ဥပမာ၊ ရုတ်တရက် ဆေးရုံတက်ဖို့လိုလာတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါမျိုးမ
(၅) လစဉ်အသုံးစရိတ် ရေးဆွဲပါ
လစဉ်အသုံးစရိတ်တွေကို စာရင်းလုပ်ပါ။ အစားအသောက်အတွက်က ဘယ်လောက်၊ ဖျော်ဖြေရေးအတွက်က ဘယ်လောက်၊ ရေမီးဖုန်းအတွက်က ဘယ်လောက်၊ သွားလာစရိတ်က ဘယ်လောက်ကုန်တယ်ဆိုတာ ဆန်းစစ်ပါ။ ဘာက တကယ်ကုန်သင့်လို့ ကုန်တာ၊ ဘာက မကုန်သင့်ဘဲကုန်တာ၊ ဘာက မသုံးလည်း ရတယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။ တကယ်မလိုအပ်ဘဲ သုံးမိနေတာတွေကို လျှော့ပါ။ ရှောင်ပါ။
(၆) ကားဝယ်တဲ့အခါ ပြုပြင်ထိမ်းသိမ်းစရိတ်နည်း
အဓိကထားပါ
ဆင်ဖိုးထက် ချွန်းဖိုးကြီးတတ်ပါတယ်။ ကားပြုပြင်ထိမ်းသိမ်းစရိတ်န
(၇) အကုန်အကျမများတဲ့ ဝါသနာတွေကို မွေးမြူပါ
ဥပမာအားဖြင့် ဂေါက်ရိုက်တာဟာ အကုန်အကျများတဲ့ ဝါသနာတခုဖြစ်ပါတယ်။ ဂေါက်သီး၊ ဂေါက်တံ၊ ဂေါက်ကွင်းခ စသဖြင့် အမြဲတမ်းကုန်ကျစရိတ် ရှိပါတယ်။ စာဖတ်၊ သီချင်းနားထောင်၊ ဂစ်တာတီး၊ လမ်းလျှောက် စတာတွေကတော့ အကုန်အကျမများတဲ့ ဝါသနာတွေလို့ ဆိုရပါမယ်။
(၈) သူများ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာ
ကားဝယ်တဲ့အခါ၊ အဝတ်အစားဝယ်တဲ့အခါ၊ ဟန်းဖုန်းဝယ်တဲ့အခါ သူများအထင်ကြီးအောင် မဝယ်ပါနဲ့။ အဲဒါတွေကို ဘယ်သူမှ တကယ်အထင်မကြီးပါဘူး။ ခင်ဗျား ဘယ်လိုလူစားလဲ၊ ဘယ်လောက်စိတ်ကောင်းနှလုံးကေ
(၉) ဘယ်တော့မှ ထီမထိုးနဲ့
ဘယ်ထီပဲဖြစ်ဖြစ် ထီရောင်းတာဟာ အမြတ်ရဖို့ရောင်းတာပါ။ ထီရောင်းရငွေ ၁၀၀ ရှိရင် ဆုကြေးငွေက ၆၀ လောက်ပဲ ရှိပါတယ်။ ထီတခါထိုးတိုင်း ၄၀% ရှုံးတဲ့သဘောပါ။ နှစ်လုံးထီ၊ သုံးလုံးထီတွေ ထိုးလို့ သူဌေးဖြစ်သွားသူ မရှိပါ။ ငွေရှုံး၊ အလုပ်ပျက်၊ အိမ်ထောင်ပျက်၊ ထောင်ကျသွားသူတွေကတော့ မနည်းပါဘူး။ ကာစီနိုနဲ့ အခြားလောင်းကစားတွေကိုလည်း ဝေးဝေးကသာ ရှောင်ပါ။
(၁၀) အရက်၊ ဆေးလိပ်၊ ဆိုဒါ၊ ကော်ဖီ လျှော့ပါ
ဒီကောင်တွေဟာ အာဟာရတန်ဖိုးလည်း မရှိ၊ ကျန်းမာရေးကိုလည်း ထိခိုက်၊ ငွေကုန်ကြေးကျလည်းများပြီး စွဲလမ်းစေတတ်တဲ့အတွက် ရှောင်နိုင်ရင် ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့ပါ။
No comments:
Post a Comment