မွေးစကနေ သုံးနှစ်တာကာလမှာ ကလေးတစ်ယောက် ဥာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်
မေမေတို့နဲ့အတူ ဖေဖေတွေကပါ ၀ိုင်းဝန်းပြီး
လေ့ကျင့်ပြုစုပျိုးထောင်ပေးရပါမယ်။ အများအားဖြင့် ကလေးတစ်ယောက်
လူ့လောကရောက်လာပြီဆိုရင် မေမေတွေကပဲ အစစအရာရာ
လုပ်ကိုင်ဆောင်ရွက်ပေးကြရပါတယ်။ မွေးစကတည်းက အဖေ၊ အမေတို့ရဲ့
တစ်လှည့်စီချော့မြူခြင်းခံရတဲ့ ကလေးဟာ အထိအတွေ့အားဖြင့်လည်း
အမေ့ရဲ့ညင်သာပျော့ပြောင်းမှုနဲ့ အဖေ့ရဲ့တောင့်တင်းမာကျောမှုဆိုတာတွေကို
သိရှိခံစားလာရပါတယ်။ အဲ့ဒီလိုပဲ အဖေ့အနံ့၊ အမေ့အနံ့၊ အဖေ့အသံ၊ အမေ့အသံ စတဲ့
မတူညီတဲ့အသံတွေ၊ အနံ့တွေကိုလည်း ခွဲခြားခံစားလာနိုင်ကြပါတယ်။
ဒါကြောင့် ကလေးတစ်ယောက်ကို မွေးစအရွယ်ကတည်းကစပြီး ဖေဖေများကပါ
မေမေများနှင့်အတူ ၀ိုင်းဝန်းပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးမယ်ဆိုရင်ဖြင့်
ကလေးရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုကို
များစွာအထောက်အပံ့ဖြစ်စေမယ်ဆိုတဲ့အကြောင်းကို ဥာဏ်ကြီးရှင် မဂ္ဂဇင်း
ဇန်န၀ါရီလထုတ် Cover Story အဖြစ် ရေးသားခဲ့တဲ့ "ကလေးတို့ရဲ့
ဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ အဖေတစ်ယောက်ရဲ့တာဝန်" ဆောင်းပါးကို
ပြန်လည်တင်ပေးလိုက်ပါတယ်။
------------------------------------------------------------------------------
ကလေးတို့ရဲ့ ဉဏ်ရည်ဖွံ့ ဖြိုးမှုနဲ့ အဖေတစ်ယောက်ရဲ့ တာဝန်
ခေတ်ဘုန်းသစ်
မွေးစကနေ သုံးနှစ်တာ ကာလဟာ ကလေးတစ်ယောက် ရဲ့ ဉဏ်ရည်ဖွံ့ ဖြိုးဖို့နဲ့
စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးလိမ်္မာဖို့အတွက် အများဆုံး ပုံဖော်ပေးနိုင်တဲ့
ကာလပါ။ ဒါကြောင့်မို့လို့ ကလေးတို့ ဉဏ်ကောင်းဖို့နဲ့
ယဉ်ကျေးလိမ်္မာဖို့အတွက် ဒီကာလမှာ ကလေး အနားမှာ နေသူ
(ကလေးပြုစုစောင့်ရှောက်သူ)များရဲ့ ပြုစုပျိုးထောင် မှုဟာ ကလေးအတွက်
သိပ်ကိုမှ အရေးကြီးတယ်လို့ ဆိုတာပါပဲ။ အရင်တုံးကတော့ ကလေးတစ်ယောက်ကို
ပြုစုစောင့်ရှောက်တဲ့ အလုပ်ဟာ မိန်းမတွေရဲ့ အလုပ်(အမေ)တွေရဲ့ အလုပ်ပဲလို့
ကျွန်မတို့ လူ့အဖွဲ့အစည်းက ထင်မြင်ခဲ့ကြပါတယ်။ အိမ်ထောင်တစ်စုမှာ ကလေးကို
လိမ်္မာအောင်လို့ ပြုစုပျိုးထောင်ဖို့ဆိုတဲ့ တာဝန်ဟာ မိန်းမ တွေရဲ့ တာဝန်
(တစ်နည်းပြောရမယ်ဆိုရင်တော့) အမေတွေရဲ့ အလုပ်လို့ လူ့အဖွဲ့အစည်းက
လက်ခံခဲ့ကြပါတယ်။ ဒီလိုယူဆမှုများ ဟာ ၁၉၅၀လောက်အထိ အရှေ့တိုင်းမှာရော
အနောက်တိုင်းမှာပါ အတူတူပဲ ဖြစ်ပါတယ်။ ၁၉၄၀၊ ၁၉၅၀ ခုနှစ်လောက်အထိ မိသားစု
တစ်စုထဲမှာ အဖေလို့ပြောလိုက်ပြီဆိုရင် ဒီအဖေရဲ့ တာဝန်ဟာ ပိုက်ဆံရှာပေးသူ၊
အိမ်ရဲ့ စီးပွားရေးကို ဦးစီးလုပ်ကိုင်သူလို့ပဲ မြင်ခဲ့ ကြတယ်။
ဒါပေမယ့် ၁၉၅၀ နောက်ပိုင်း(တစ်နည်းပြောရရင်တော့) လူရဲ့ ဦးနှောက်ဖွံ့
ဖြိုးပုံအကြောင်းကို သေသေချာချာနားလည်လာကြ ပြီးနောက်ပိုင်းမှာတော့
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ ကိစ်္စဟာ အမေတစ်ယောက်ထဲနဲ့
မလုံလောက်ဘူးဆိုတာကို ပညာ ရှင်များက နားလည်လာခဲ့ကြပါတယ်။ ၁၉၅၀
နောက်ပိုင်းမှာတော့ ကလေးကို မေမေဘယ်လို ထိန်းသလဲဆိုတဲ့ ကိစ်္စအရေးကြီးသလိုပဲ
ကလေးကို ဖေဖေဘယ်လိုထိန်းသလဲဆိုတဲ့ ကိစ်္စကလည်း အရေးကြီးတဲ့ ကိစ်္စပဲဆိုတာကို
ပညာရှင်များ သိမြင်လာခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့
ကလေးတစ်ယောက်အပေါ် ကျေပွန်ရမယ့် အဖေတစ်ယောက်ရဲ့ တာဝန်ဟာ ကျွန်မတို့
ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ ဒို့ဖေဖေ ကဗျာထဲကလိုမျိုး စားဝတ်နေရေး ငွေရှာပေးရုံ
လောက်၊ ကိစ်္စများပေါ်ပေါက်လာတဲ့အခါ စီစဉ်တတ်ရုံနဲ့ လောက်နဲ့
မလုံလောက်တော့ပါဘူး။ ဒီ့ထက်ပိုလာပါတော့တယ်။
အဖေများရဲ့တာဝန်
အဖေရဲ့ ထိန်းကျောင်းမှုဟာ ကလေးတို့ရဲ့ ဖွံ့ ဖြိုးရေး အတွက်
အရေးကြီးတယ်ဆိုတာကို မသိခင် အချိန်တုံးကတော့ ကလေးတစ်ယောက် လူ့လောကထဲကို
စတင်ရောက်ရှိလာပြီဆိုတာ နဲ့ တစ်ပြိုင်နက်ထဲမှာ ဒီကလေးနဲ့ ပတ်သက်တဲ့
ကိစ်္စအ၀၀ မှန်သမျှကို အမေအပါအ၀င် မိန်းမထုကြီးကပဲ
လုပ်ကိုင်ဆောင်ရွက်ပေးကြရပါ တယ်။ ကလေးဟာ မွေးကတည်းကိုက အမေပဲ
ပြုစုထိန်းကျောင်း လာရတာမို့လို့ ကျောင်းနေတော့လည်း အမေ၊ ကျောင်းမှာ ကလေး
စာမရတာ၊ စာမလိုက်တာ၊ စာညံ့တာလည်းအမေ၊ ဘာကိုပဲဖြစ်ဖြစ် သားသမီးနဲ့ပတ်သက်တာ
မှန်သမျှအားလုံးကို အမေကပဲ အားလုံး တာဝန်ယူဖြေရှင်းကြရပါတော့တယ်။
သားသမီးများဟာ အနီးကပ် နေရသူ အမေနဲ့ပဲ ရင်းနှီးနေတာမို့လို့ အဖေ့ကို
ပြောစရာရှိလာပြီဆို ရင်တောင်မှ အဖေ့ကို တိုက်ရိုက် မပြောရဲကြပါဘူး။ အမေက
တစ်ဆင့် ပြောခိုင်းကြပါတယ်။ တကယ်တော့ အခုလိုမျိုး ကလေး ဟာ
အမေနဲ့နီးပြီးတော့ အဖေနဲ့ ဝေးဝေးမှာနေခိုင်းတဲ့ သားသမီး ထိန်း
ကျောင်းမှုပုံစံဟာ ကလေးတို့အတွက် မှန်ကန်တဲ့ ထိန်းကျောင်းမှု ပုံစံ
မဟုတ်ပါဘူး။
မွေးစကတည်းက အမေပဲနို့တိုက်၊ အမေပဲ ချီပိုး၊ အမေပဲ
စကားတွေပြောနေတဲ့ ကလေးထက်စာရင် အဖေပါ ကလေးအနား မှာ နေပေး၊ ချီပိုးပေး၊
စကားပြောပေးတာဟာ ကလေးတို့ရဲ့ ဉဏ်ရည် ဖွံ့ ဖြိုးမှုအတွက် ပိုကောင်းစေပါတယ်။
မွေးကာစ အရွယ် မှာ ကလေးတို့ဟာ အာရုံငါးပါးထဲက အမြင်အာရုံကိုကောင်းကောင်း
မခံစားနိုင်သေးပေမယ့်လည်း ကျန်တဲ့ အာရုံများကိုတော့ ကောင်း
ကောင်းခံစားသိရှိ နေကြပါပြီ။ မွေးစမှာကတည်းက အဖေတစ်လှည့်
အမေတစ်လှည့်ဆိုသလို ချီပိုးချော့မြူခြင်း ခံရတဲ့ ကလေးတို့ဟာ အမေ့ရင်ခွင်ရဲ့
ပျော့ပြောင်းညင်သာမှုကို အထိတွေ့အားဖြင့် သိရှိ ခံစားကြရသလို၊
အဖေ့ရင်ခွင်ရဲ့ တောင့်တင်းမာကြောမှုကိုလည်း မွေးစကတည်းမှာကိုက
အထိတွေ့အားဖြင့် သိရှိခံစားလာရပါပြီ။ အဲလိုပဲ အဖေ့အနံ့၊ အမေ့အနံ့၊ အဖေ့အသံ၊
အမေ့အသံ စတဲ့ မတူညီ တဲ့ အသံတွေ၊ အနံ့တွေကိုလည်း
သူတို့ခွဲခြားခံစားလာနိုင်ကြပါ တယ်။
ကလေးမိခင် တော်တော်များများဟာ
ကလေးမွေးဖွားချိန် မှာ စိတ်တိုတာ၊ စိတ်ဆတ်တာ၊ အိပ်မပျော်တာစတဲ့
စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ခံစားရတတ်တာမို့လို့ ဒီအချိန်မှာ
ခင်ပွန်း ယောင်္ကျားဖြစ်သူ (ကလေးအဖေ)ရဲ့ အကူအညီနဲ့ စောင့်ရှောက်မှုကို ရဖို့
သိပ်ကိုမှ အရေးကြီးပါတယ်။ အထူးသဖြင့် မွေးဖွားတဲ့ ကလေး ဟာ ပထမဆုံးမွေးတဲ့
ကလေးမဟုတ်ဘဲနဲ့ သူ့ရှေ့မှာ ဒုတိယကလေး၊
တတိယကလေးတွေများရှိနေခဲ့မယ်ဆိုရင်ဖြင့် အဖေတစ်ယောက်ရဲ့ တာဝန်ဟာ ပိုပြီးတော့
ကြီးလို့ သွားပါပြီ။ အဲ့ဒီအချိန်မှာ အမေဖြစ်သူ က မွေးစကလေးလေးနဲ့
အလုပ်ရှုပ်နေတာမို့လို့ ကလေးကြီးများကို ဟိုးအရင်တုံးကလိုမျိုး
သိပ်ဂရုမစိုက်နိုင်တော့ပါဘူး။ အရင်မွေးတဲ့ ကလေးများဟာ နောက်ကလေး မွေးလို့သာ
မမကြီး၊ ကိုကိုကြီးဖြစ် သွားရပေမယ့် တကယ်တော့ ကလေးအရွယ်သာ ရှိသေးပါတယ်။
ကလေးကြီးတွေရဲ့ စိတ်ထဲမှာ အမေကိုယ်ဝန်ဆောင်မှာ တုံးက တောင်မှ အမေနားကို
ကပ်လို့ရသေးတယ်။ ဒီပိစိလေးမွေးမှ အမေ့ နားကပ်မရတော့ဘူးဆိုတဲ့
ဝမ်းနည်းနာကြည်းစိတ် မဖြစ်ရအောင်လို့ အဖေတစ်ယောက်အနေနဲ့ ကလေးတို့ကို
စောင့်ရှောက်ပေးဖို့ လိုလာ ပါပြီ။
ကလေးငယ်လေးနဲ့ပဲ အလုပ်တွေ
ရှုတ်နေတဲ့ အမေ့နားကို အရင်လိုကပ်ခွင့် မရတော့ပေမယ့် ကလေးတို့ဟာ အဖေနဲ့အတူ
ကစားရတာ၊ အတူတူ ထမင်းစားရတာ၊ လျှောက်လည်ရတာ၊ ကိုယ် ပြောချင်တဲ့စကားတွေကို
အဖေ့လက်ကို ကိုင်ဆွဲရင်း တစ်တွတ် တွတ် ပြောခွင့်ရတာ၊ အဖေက
ကိုယ်ပြောတဲ့စကားမှန်သမျှကို စိတ် ၀င်တစားနဲ့ ထိုင်ပြီးတော့
နားထောင်ပေးတာမျိုးတွေရယ်ကြောင့် ကလေးတို့ဟာ ပျော်ကြရပါတယ်။ တကယ်တော့
ဒီအပျော်ဟာ အမေ့နားကပ်ခွင့်မရလို့ စိတ်ညစ်နေရှာသူ ကလေးတို့အတွက် အမေ့
ကိုယ်စား အဖေ့ဆီကနေ ရလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံပျော်ရွှင်
ခြင်းပါပဲ။
မတူညီတဲ့ မသဘာဝနဲ့ ကျားသဘာဝ
ကလေးတွေကို
အမေတစ်ယောက်တည်း ထိန်းတာထက် အဖေပါ ၀ိုင်းထိန်းပေးမယ်ဆိုရင် ကလေးတို့
ဉဏ်ပိုကောင်းစေ တယ်ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားရယ်လို့ မိဘများ တွေးမိကြမှာ
ပါပဲ။ အဖေက ယောင်္ကျား၊ အမေက မိန်းမဖြစ်တာကြောင့်မို့လို့ ကလေးတို့ကို
ကစားပေးတဲ့ အချိန်၊ ကလေးနဲ့ စကားပြောဆိုတဲ့ အချိန်တွေမှာတောင်မှ
တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အမေတော်တော်များများက ကလေးနဲ့
ကစားတဲ့အချိန်မှာ များသော အားဖြင့် ငြိမ်ငြိမ်ထိုင်ကစားတဲ့
ကစားနည်းလေးတွေကို ရွေးခြယ် ကစားပေးတတ်ကြပေမယ့် အဖေကတော့ ကလေးတွေနဲ့အတူတူ
ဘောလုံးကန်တာ၊ ဘောလုံးပစ်တာ၊ ပွေ့ချီမြှောက်တမ်း ကစားတာ လိုမျိုး
လှုပ်လှုပ်ရှားရှားကစားနည်းတွေကို ကစားပေးတတ်ကြပါ တယ်။
ဒီကစားနည်းနှစ်ခုလုံးဟာ ကလေးတို့ရဲ့ ဉဏ်ရေဖွံ့ ဖြိုးဖို့ အတွက် လိုအပ်တဲ့
ကစားနည်းများပဲ ဖြစ်ပါတယ်။
အမေအများစုဟာ ကလေးတို့နဲ့အတူတူ
စိတ်ကူးယဉ် ကစားနည်း၊ တီထွင်ဖန်တီးကစားနည်း စတဲ့ ကစားနည်းမျိုးတွေကို သာ
ကစားပေးတတ်ကြပေမယ့် အဖေများကတော့ ခန်္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားကြီးတွေကို
ဖွံ့ ဖြိုးလာအောင်လို့ ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှား ကစားရတဲ့
ကစားနည်းတွေကို ကစားပေးနိုင်ကြပါ တယ်။ ဒါတင်မကသေးပါဘူး။ ကလေးတစ်ယောက်အတွက်
အဖေ ရဲ့ ရင်အုပ်ကျယ်ကျယ်နဲ့ ပခုံးကျယ်ကျယ်တို့ဟာ အင်မတန်မှ ဆော့
ကစားစရာကောင်းတဲ့ ကစားကွင်းကြီးပါပဲ။ အဖေ့ရင်အုပ်ကြီးပေါ်မှာ ကားလေးကို
တင်ပြီးတော့ တွန်းမောင်းရတဲ့ အရသာ၊ အဖေ့ ရင်ဘတ်ကြီးကို ကျောက်သင်ပုန်းလို
သဘောထားပြီးတော့ ဆော့ ပန်ရောင်စုံနဲ့ ဆေးခြယ်ရတဲ့ အရသာကို ကလေးတို့
အင်မတန်မှ ကြိုက် နှစ်သက်ကြပါတယ်။ ဟိုးအဝေးက မြင်ကွင်းတွေကို ပြည့်ပြည့်
စုံစုံကြည့်မြင်နိုင်ဖို့အတွက် အဖေ့ပုခုံးဟာ ကလေးတို့အတွက် သိပ် ကိုမှ
ယုံကြည်စိတ်ချစရာကောင်းတဲ့ မျှော်စင်ပါပဲ။
အမေတော်တော်များများက
ကလေးကို ချီပိုးတဲ့ အချိန်မှာ ရင်ခွင်ထဲ ထည့်ပြီးတော့ ချီပိုးတတ်ကြတဲ့အတွက်
ကလေးတို့မှာ မိခင်ရဲ့ ရင်ငွေ့ကနေ တစ်ဆင့် အမေ့ပေါ်မှာ နီးစပ်ယုံကြည်မှု
ရခဲ့ကြ ပါတယ်။ ဒါပေမယ့် အဖေချီတဲ့ အချိန်မှာတော့ အဖေချီနည်းဟာ
အမေ့ချီနည်းနဲ့ မတူတော့ပါဘူး။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်ဖြင့်
ကလေးတစ်နှစ်ကျော်နှစ်နှစ် သားလေးဆိုပါတော့။ သူ့ကို အဖေ ချီရင် အမေ့လို
မဟုတ်ဘဲနဲ့ ပုခုံးပေါ်ကို စွေ့ ကနဲထမ်းပြီးတော့ ချီပစ် လိုက်တဲ့အတွက်
ကလေးတို့ဟာ အမေနဲ့မှာတုံးက အမေ့ရင်ခွင်ထဲ ကနေ တစ်ခါမှ မမြင်ဖူးတဲ့
မြင်ကွင်းစုံကို အဖေ့ ပုခုံးပေါ်ကနေ စုံစုံလင် လင် ကြည့်ခွင့်ရ ရပါတော့တယ်။
ဒီအတွေ့အကြုံဟာ ကလေးတို့ အတွက် သိပ်ကိုမှ အရေးကြီးတဲ့ အတွေ့ ကြုံပါပဲ။
ငယ်ရွယ်စဉ်မှာ အဖေဆီကရော၊ အမေ့ဆီကပါ ကြင်နာမှု နဲ့ နွေးထွေးလုံခြုံမှုကို
ရတဲ့ ကလေးများဟာ လူ့လောကကို အကောင်းမြင်စိတ်နဲ့ ကြည့်မြင်နိုင်ကြပါတယ်။
လောကဓံတရားနဲ့ ကြုံတွေ့ချိန်မှာလည်း စိတ်အေးငြင်သာစွာနဲ့ ဘ၀ကို
ဖြတ်သန်းနိုင် ကြပါတယ်။
သားနှင့်သမီး
အဖေဖြစ်သူရဲ့
ကလေးတို့အမေ (ကိုယ့်ရဲ့ မိန်းမ)အပေါ်မှာ ဆက်ဆံတဲ့ ပုံစံဟာ သားအတွက်ရော၊
သမီးအတွက်ပါ သိပ်ကိုမှ အရေးကြီးလှပါတယ်။ များသောအားဖြင့်
သားယောက်ျားလေးများ ဟာ သူတို့ အဖေ့ဆီကနေ တစ်ဆင့်စိတ်နေသဘောထားတွေ၊
အတွေးမြင်တွေကို လက်ဆင့်ကမ်းသင်ယူလာလေ့ရှိပါတယ်။
အဖေတစ်ယောက်အနေနဲ့
ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ရဲ့ ဇနီးသည်ကို ချစ်ချစ်ခင်ခင် ၊
လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံဖို့ မှု မပြုဘဲနဲ့ “မင်းဘာတတ်လို့လဲ”
“မင်းမသိရင် ငြိမ်ငြိမ်နေစမ်း” “မင်းတို့ မိန်းမတွေ တယ်ခက်တာကိုးကွ”
စသဖြင့် ကလေးရှေ့မှာ ပြောဆို ဆက်ဆံ နေခဲ့မယ်ဆိုရင်ဖြင့် အဖေ့ဆီကနေ ဒါကို
အမြဲကြားနေရသူ သားယောက်ျားလေးဟာ အမေအပါဝင် မိန်းမတော်တော်များများကို
အထင်သေးတတ်၊ နှိမ်ချတတ်သွားပါလိမ့်မယ်။
သမီးမိန်းကလေးများကတော့
အဖေဆီကနေတစ်ဆင့် ယောက်ျားလေးတွေရဲ့ သဘောသဘာဝအကြောင်းကို သင်ယူပါ တယ်။ အဖေက
အမေနဲ့ သူ့အပေါ်မှာ ဘယ်လို သဘောထားဆက်ဆံ သလဲဆိုတာကို ကြည့်ပြီးတော့ သမီး
မိန်းကလေးများရဲ့ ယောက်ျား လေးများအပေါ်ထားတဲ့ သဘောထား အတွေးမြင် အဆိုး၊
အကောင်း ဟာပြောင်းလဲသွားရတာပါပဲ။
သားပဲ ဖြစ်ဖြစ် သမီးပဲ ဖြစ်ဖြစ်
ကလေးတို့ဟာ အမေ့ဆီ ကနေ တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း စကားတွေကို
သင်ယူတတ်ကြသလို အဖေ့ဆီကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အဖေ ဘယ်လို ဖြေရှင်းသလဲ၊
ဘယ်လိုဝေဖန်သုံးသပ်သလဲ ဆိုတာတွေကိုလည်း သင်ယူတတ်ကြပါတယ်၊ အဲဒီလိုပဲ အမေ
အလှပြင်တာ၊ အိမ်ထောင်ထိန်းသိမ်းတာတွေကို အမြင်အားဖြင့် သူတို့
သင်ယူနေချိန်မှာပဲ ဖေဖေရဲ့ အမေ့ အပေါ်မှာထားတဲ့ သဘောထား၊
မှတ်ချက်စတာတွေကိုလည်း ကလေးတို့ဟာ တစ်ပြိုင်နက်တည်း သင်ယူနေပြန်ပါတယ်၊
ဒီသင်ယူမှု နှစ်ခုလုံးဟာ သူတို့ရဲ့ အနာဂါတ်ကို ပုံဖော်ဖို့အတွက် အရေးကြီးတဲ့
သင်ယူမှုပဲ ဖြစ်ပါတယ်၊ လက်ဦးဆရာမည်ထိုက်စွာ ပုဗ်္ဗာစရိယ မိနဲ့ဘဆိုတဲ့
အတိုင်းပဲ ကလေးတွေ ဟာ ငယ်စဉ်ဘ၀မှာကတည်းက သူတို့နဲ့ အမြဲ အတူနေရသူ မိဘတွေရဲ့
ပြောပုံ၊ ဆိုပုံ၊ စဉ်းစားပုံ တွေး တောပုံ
အားလုံးတို့ကို(သူတို့ကိုယ်တိုင်တောင်မသိလိုက်ဘဲပဲနဲ့) သင်ယူ
ပစ်လိုက်ကြပါတယ်။
မိသားစု အတူတူ မနေရတဲ့အခါ
လင်မယားခြင်း
အဆင်မပြေတဲ့ အတွက်ကြောင့် အမုန်းကြောင့်ပဲ လမ်းခွဲခွဲ၊ အချစ်ကြောင့်ပဲ
ခွဲခွဲ၊ အဖေဟာ ကလေး တို့အတွက်တော့ အရေးကြီးတဲ့ သူပါပဲ၊ အမေ့ရဲ့
စိတ်နာကြဉ်း မှုကြောင့် ကလေးတို့ကို အဖေနဲ့ လုံးဝမတွေ့ရဘူးဆိုပြီးတော့
ခွဲပစ်လိုက်တာထက်စာရင် တစ်ပတ်ကို တစ်ခါ (ဒါမှမဟုတ်) နှစ်ပတ်ကို
တစ်ခါလောက်တော့ ကလေးနဲ့ အဖေနဲ့ကို ပေးတွေ့ဖို့ လိုပါတယ်။
ကိုယ်လမ်းခွဲလိုက်တဲ့ ကလေးတို့ရဲ့ အဖေဟာ ကလေးကို ပေးတွေဖို့အတွက်
လုံးဝမဖြစ်နိုင်အောင် ဆိုးသွမ်းနေတဲ့သူ ဖြစ်ခဲ့ရင်တောင်မှ ကလေးကို
“နင့်အဖေကတော့ ဘယ်လိုဆိုးတာ” အမေ့ကို ဘယ်လိုနှိပ်စက်တာပေါ့” ဆိုတဲ့
စကားမျိုးတွေ ကလေးကို မပြောဖို့ သိပ်လိုအပ်ပါတယ်၊ မိဘနှစ်ဦးရဲ့
လမ်းခွဲမှုဟာ ကလေးနဲ့ မသက်ဆိုင်သလို၊ ကလေးရင်ထဲမှာ ဒဏ်ရာ အနာတရတွေနဲ့
မကျန်ရစ်ခဲ့စေဖို့ ဂရုစိုက်ရပါမယ်။
အဖေနဲ့အမေရဲ့ ပြဿနာများကြောင့်
စိတ်ဒဏ်ရာရတဲ့ ကလေးများဟာ ပညာရေးမှာရော၊ လူမှုရေးမှာပါ
ထိခိုက်နိုင်တာမို့လို့ ကလေးရင်ထဲမှာ ဒဏ်ရာ အနာတရဖြစ်ကျန် မနေဖို့ကိုတော့
မိဘများအနေနဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်၊ လင်မယား ကွာရှင်းပြတ်စဲကြတဲ့
အချိန်မှာ ကလေးတို့ဟာ စိတ်ထိခိုက် ခံစားကြရတာမို့လို့ ဒီအချိန်မှာ
ကလေးတို့ကို ဂရုစိုက်ဖို့ လိုပါတယ်၊ အဖေနဲ့အမေရဲ့ ပြဿနာဟာ ကလေးတွေကြောင့်
ဖြစ်ရတာ မဟုတ်ဘူးဆိုတာကို ကလေးတို့ သိအောင်လို့ ရှင်းပြဖို့ လိုပါတယ်၊
ဖေဖေနဲ့မေမေဟာ တစ်ယောက်နဲ့ တစ်ယောက် အတူနေဖို့ မဖြစ်နိုင်တော့လို့
ခွဲနေရပေမယ့် သားတို့သမီးတို့ကိုတော့ ဖေဖေရော မေမေပါ ချစ်နေစဲပဲ ဆိုတာကို
ကလေးတို့ သိအောင်လို့ ပြောပြရ ပါမယ်၊ အဖေက အိမ်မှာ အရင်လို
မနေတော့ပေမယ့်လည်း ကလေးတို့ တွေ့ချင်တဲ့ အချိန်မှာ အဖေကို တွေ့ခွင့်ရဖို့
အတွက် အမေက စီစဉ်ပေးမယ်ဆိုတာမျိုးကိုလည်း ကလေးကို ပြောပြရ ပါမယ်။
အဖေနဲ့အမေ အတူမနေပေမယ့် တစ်ပတ် တစ်ကြိမ် လောက်ပဲဖြစ်ဖြစ် အဖေနဲ့တွေ့ရတာ၊
အဖေ့ကိုပဲ ပြောချင်တဲ့၊ အဖေပဲ သိနိုင်မယ် ထင်တဲ့ စကားတွေကို ပြောရတာ၊
အဖေနဲ့ ကစားကွင်း သွားရတာ၊ ဘောလုံးကန်ရတာ၊ ကြက်တောင်ရိုက်ရတာ ဒါတွေ
အားလုံးဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးမှုအတွက်ရော
၊ဉဏ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးမှုအတွက်ပါ အရေးကြီးတဲ့ အရာတွေပါပဲ။
အိမ်ထောင်ရေး အဆင်မပြေတဲ့ မိသာစုမှာ ပဲဖြစ်ဖြစ်၊ အဆင်မပြေတဲ့
မိသားစုမှာပဲဖြစ်ဖြစ် အဖေဟာ အရေးကြီးပါတယ်၊ အဖေရဲ့ တာဝန်ဆိုတာ သားသမီးကို
ပိုက်ဆံရှာပေးရုံ၊ သားသမီး တွေကို မတောင့်မတထားနိုင်ရုံလောက်ပဲ ရှိတာ
မဟုတ်ပါဘူး၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ ဉဏ်ဖွံ့
ဖြိုးမှုအတွက် အဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုနဲ့ နွေးထွေးကြင်နာမှုတို့
လိုအပ်ပါတယ်၊ ဒါကြောင့်မို့လို့ အဖေများအနေနဲ့ အားတဲ့အချိန် လေးမှာ
ကလေးတို့နဲ့အတူ ပျော်ရွှင်နွေးထွေးစွာ ဆော့ကစားပေးကြ ပါဦး၊ ကလေးတွေအတွက်
အချိန်လေးပေးပြီးတော့ ကလေးနဲ့ အတူတူနေပေးကြပါဦးလို့.......။
ခေတ်ဘုန်းသစ်
No comments:
Post a Comment