တစ်ခါက တရုတ်ပြည်မှာ ရင် ဆိုတဲ့ အမျိုးသမီးတစ်ဦးနေထိုင်တယ်။
တစ်နေ့တော့ ထိုအမျိုးသမီးရဲ့ အိမ်ရှေ့မှာ အဖိုးကြီးသုံးရောက် ရပ်နေကြတယ်။
ရင် ကလဲသနားတတ်တဲ့သြူုဖစ်တော့
ဒီအဖိုးကြီးသုံးရောက်ကို အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်သတဲ့ ။
အဖိုးကြီးသုံးယောက်က ရင် ကိုနင့် ယောက်ျား အိမ်ထဲမှာရှိလားလို့ မေးတာပေါ့။
ရင် ကတော့ မရှိသေးဘူး အပြင်ခဏသွားတယ်လို့ပြန်ဖြေတော့ အဖိုးကြီးတွေက ”
ယောက်ျားမရှိတဲ့အိမ်ကို ငါတို့ဝင်ဖို့ မသင့်တော် နင့်ယောက်ျားလာမှဝင်မည် ”
ဟုဆိုကာ ရပ်နေသတဲ့
မကြာမီ
သူ့ယောက်ျားပြန်လာတော့ ရင် က အဖိုးကြီးတွေကို လာခေါ်သတဲ့။ အဖိုးကြီးတွေက
ရုတ်တရက် ပုံစံပြောင်းသွားပြီးတော့ နတ်မင်းတွေ ဖြစ်သွားကြသတဲ့။ပြီးတော့ ”
ချစ်သမီး ရင် ငါတို့မှာ ကောင်းကင်မှနတ်မင်းများဖြစ်ကြသည်
ငါ့သမီးကောင်းမှုတွေ လုပ်ခဲ့တဲ့အတွက် ငါ့သမီးကို ကယ်တင်ဖို့ဖြစ်သည် ငါ့သမီး
ငါတို့သုံးယောက်ထဲက တစ်ယောက်သည အိမ်ထဲဝင်မည်ဖြစ်သည် တစ်ယောက်ကတော့
ချစ်ခြင်းမေတ္တာနှင့်စည်းလုံးခြင်းကို ကိုယ်စားပြုတဲ့နတ်မင်း “ဖူ” ပေတည်း
နောက်တစ်ယောက်ကတော့ ချမ်းသာကြွယ်ဝမှုကိုပေးတဲ့ နတ်မင်း ” လူ” ဖြစ်သည်
ကျွန်ုပ်ကတော့ အောင်မြင်ကျော်ကြားမှုကို ပေးမယ့် “ရှိုး” ဖြစသည်။
ငါ့သမီးအိမ်ထဲဝင်ပြီးတော့ နင့်ယောက်ျားနဲ့တိုင်ပင်လိုက်ပါ။ ဘယ်တစ်ယောက်ကို
ရွေးမလဲလို့”
ရင် လဲအိမ်ထဲဝင်သွားပြီးတော့
သူ့ယောက်ျားနဲ့တိုင်ပင်တယ်။ ရင်ကတော့ “ချမ်းသာချင်တယ် အဲဒါကြောင့် လူ
ကိုရွေးမယ်” သူ့ယောာက်ျားကတော့ ” မင်းကွာ မင်းဘာလို့ ကျော်ကြားမှုကို
မရွေးတာလဲ” သူတို့နှစ်ယောက်ရန်ဖြစ်ကြတာ အချိန်တော်တော်ကြာတယ်။
နောက်တော့ လင်မယားခြင်းရန်ဖြစ်ရင်းနဲ့ ပန်းကန်တွေခွဲကြ၊
တစ်ယောက်နဲ့တစ်ယောက် ရိုက်မယ်နှက်မယ်ပေါ့
နောက်ဆုံးသူတို့လင်မယားရန်ဖြစ်နေကြတာကို အိမ်မှာရှိတဲ့ သမိးက
ကြားသွားပြီးတော့ ” အဖေနဲ့အမေ ရန်ဖြစ်နေတာကို မြင်ရတော့မှ
ချစ်ခြင်းမေတ္တာကို ရွေးချယ်ရမှန်းသိလာတယ် ဖူ ကိုမရွေးဘူးလား” လို့မေးသတဲ့။
အဲတော့မှ ဟိုလင်မယားလဲ သံဝေဂရပြီးတော့ ဖူကို ထွက်ခေါ်သတဲ့။ ဖူ
ကထိုင်နေရာကနေ ထလာတယ် အခြားနတ်မင်းနှစ်ပါးလဲ လိုက်လာတယ်။ ရင် က ” ကျွန်မ
ဖူကိုပဲခေါ်တာ ဘာလို့အကုန်လိုက်လာတာလဲ ” လို့ မေးလိုက်တယ်။
ဖူကတော့ ”
အိမ်တစ်အိမ်မှာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခြင်းတွေရှိနေမှတော့
ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်ကျော်ကြားမှုဆိုတာ သိပ်မကြာခင် ရောက်လာမှာပဲလေ ”
No comments:
Post a Comment