John
C.Maxwell ရဲ့ Teamwork ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့တဲ့အချိန်မှာ
အသင်းကောင်းတစ်သင်းရဲ့ လက္ခဏာများ (The Characteristics of A Good Team)
ဆိုတဲ့ ခေါင်းစဉ်လေးကို တော်တော်သဘောကျမိပါတယ်။ အသင်းအဖွဲ့ဆိုတာက
၂ယောက်နဲ့အထက် ရှိရင် အသင်းတစ်သင်းရယ်လို့ ခေါ်လို့ရပြီဆိုတော့
၎ယောက်တည်းရှိတဲ့ ကိုယ့်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ လူ ၁၁ ယောက်ရှိတဲ့
ဘောလုံးအသင်းမှာပဲဖြစ်ဖြစ်၊ လူသန်း၆၀ ရှိတဲ့
ကိုယ့်တိုင်းပြည်အနေနဲ့ပဲဖြစ်ဖြစ်၊ စဉ်းစားကြည့်လို့ရတယ်၊
အသုံးပြုလို့ရပါတယ်။ ဒီနေရာမှာ သူရေးထားတဲ့ အချက်၁၀ချက်ကို
ဘာသာပြန်တဲ့အနေနဲ့ မဟုတ်ဘဲ ကိုးကားတဲ့ပုံစံနဲ့ပဲ ပြန်ရေးသွားပါမယ်။
(1)The team members care for one another
အသင်းကောင်းတစ်သင်းဖြစ်ဖို့
ပထမဆုံး လိုအပ်တာကတော့ ကိုယ့်အသင်းသားအချင်းချင်း ချစ်ချစ်ခင်ခင်
ကြင်ကြင်နာနာ ရှိကြဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြမယ်၊
တိုက်ခိုက်နေကြမယ်၊ အမှားစောင့်နေကြမယ်ဆိုရင်တော့ အဲဒီအသင်းဟာ
ဘယ်လိုနည်းနဲ့မှ အောင်မြင်တဲ့အသင်းတစ်သင်း ဖြစ်မလာနိုင်ပါဘူး။
တီဗွီအစီအစဉ်တစ်ခုမှာ အမေရိကန်က
ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ဈာပနအခမ်းအနားကို ကျင်းပနေကြပါတယ်။ အဲဒီမှာ
စစ်သားတစ်ယောက်ကို အင်တာဗျူး လုပ်ပါတယ်။ အဲဒီစစ်သားက ဒဏ်ရာရလို့ ဆေးရုံတက်
ဆေးကုသမှု ခံယူနေရတဲ့အချိန်မှာတောင် တိုက်ပွဲဖြစ်လို့ စစ်ထွက်ရပြီဆိုတဲ့
အသံလည်း ကြားရော၊ ဆေးရုံကနေ ခိုးဆင်းပြီး တိုက်ပွဲမှာ လိုက်ပါသွားခဲ့သူ
ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အသက်မသေခဲ့ပေမဲ့ ထပ်မံပြီးတော့
ဒဏ်ရာရရှိလာခဲ့သူပါ။ အဲဒါနဲ့ သူ့ကို ဘာလို့များ အဲလိုလုပ်ရတာလဲလို့ မေးတော့
သူက ပြန်ဖြေပါတယ်၊
ခင်ဗျား လူတွေနဲ့ အလုပ်တွဲလုပ်၊
အတူတူနေကြည့်တဲ့အခါမှာ သိလာပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ အသက်ရှင်သန်မှုတွေဟာ
တစ်ယောက်ပေါ်တစ်ယောက် မူတည်နေတယ် ဆိုတာကိုလေ တဲ့။
ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို
သွားသတိရပါတယ်၊ တစ်ခါတုန်းက ရေမကူးတတ်တဲ့ လူ(၃)ယောက် လှေလေးတစ်စီးကို
လှော်ခတ်လာကြပါသတဲ့။ ရေလယ်ခေါင်ရောက်တော့ အလယ်မှာထိုင်နေတဲ့သူက
ငါးလေးတွေဝင်လာအောင် ဆိုပြီး သူထိုင်နေတဲ့အောက်က လှေရဲ့ဝမ်းဗိုက်ကို
အပေါက်ဖောက်ဖို့ ကြိုးစားပါတော့တယ်၊ အဲဒါနဲ့ သူနဲ့အတူ ပါလာသူတွေက
ဒီလိုမလုပ်ဖို့ တားကြပါတယ်၊ အဲဒီအခါမှာ သူက ငါ့ဟာငါ
ငါထိုင်နေတဲ့အောက်ကနေရာမှာ အပေါက်ဖောက်တာ မင်းတို့နဲ့ ဘာဆိုင်လဲ တဲ့။
ဟုတ်ပါတယ်၊ သူနေရာမှာပဲ သူအပေါက်ဖောက်တာပါ၊ ဒါပေမဲ့ အဲဒီအပေါက်ကနေ
ရေတွေဝင်လာလို့ သေပွဲဝင်ရမယ်၊ ဒုက္ခရောက်၇မယ်ဆိုရင်တော့ လှေပေါ် ပါလာတဲ့သူတွေ
အကုန်ဒုက္ခရောက်ကြရမှာပါပဲ။
တကယ်တော့ ကျွန်တော်တို့တွေ
အားလုံးဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတဲ့ လှေကြီးကို အတူတူ
စီးနေကြသူတွေပါ။ လှေရဲ့အထက်ပိုင်းမှာ ဖြစ်နေတာတွေက ငါနဲ့မဆိုင်ဘူး၊ လှေရဲ့
ခြေရင်းပိုင်းမှာ ဖြစ်နေ ပျက်နေ ဒုက္ခရောက်နေကြတာတွေကလည်း ငါနဲ့အဝေးကြီး
ဆိုပြီး လုပ်နေလို့ မရပါဘူး၊ အကြောင်းကတော့ တစ်လှေတည်းစီး
တစ်ခရီးတည်းသွားနေကြတဲ့ ကျွန်တော်တို့တွေအားလုံး ဒီလှေကြီး
ပျက်စီးသွားတာနဲ့ (အလယ်ကပဲ ပျက်ပျက်၊ အထက်ကပဲ ပျက်ပျက်) ဒုက္ခတွေအတူတူ
ရောက်ကြမှာမို့လို့ပါပဲ။ ဘာလို့ဆိုတော့ အသင်းသားတစ်ယောက်ရဲ့ အသက်ရှင်သန်မှုက
တခြားအသင်းသားတွေပေါ်မှာ မူတည်နေတာကိုး။
(2) The team members know what is important
အဖွဲ့အစည်းတိုင်းမှာတော့
ဘယ်လောက်ပဲသေးသေး၊ ဘယ်လောက်ပဲကြီးကြီး ရည်မှန်းချက်ဆိုတာတော့
ရှိတတ်ကြပါတယ်။ ဘောလုံးအသင်းတွေဆို နှစ်ကုန်ရင် ဖလားရဖို့၊
ကုမ္ပဏီတွေဆိုလည်း တစ်နှစ်ကိုဘယ်လောက်မြတ်ဖို့ စသဖြင့်ပေါ့။
အဲဒီရည်မှန်းချက်ကို လူတိုင်း အသင်းသားတိုင်း သိထားရပါမယ်။
အဲလိုသိထားမှလည်း ကြိုးစားချင်စိတ် ရှိမယ်၊ ကြိုးစားရကောင်းမှန်းလည်း
သိပါမယ်။ အဲဒါနဲ့ တစ်ပြိုင်တည်းမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေကလည်း
ရှိနေပြန်ပါတယ်။ တစ်ခါတစ်ရံမှာကျတော့ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့
ကိုယ်တန်ဖိုးထားတဲ့ အ၇ာတွေက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်ပါတယ်။
ဘောလုံးအသင်းတွေ
နိုင်ရင်ပြီးရော၊ ဂိုးရရင်ပြီးရော၊ ပင်နယ်တီဧရိယာထဲမှာ ဟန်ဆောင်လှဲချပြီး
ပင်နယ်တီယူတာ၊ ဒိုင်အလစ်မှာ လက်နဲ့ပုတ်သွင်းတာ၊ အဲဒီလို ဘယ်သူသေသေ
ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်တွေနဲ့ လုပ်နေကြရင်ေ၇ာ ဒါက တကယ်အောင်မြင်တာလား။
ပြောချင်တာကတော့ အဖွဲ့ရဲ့
ရည်မှန်းချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နေတဲ့ တစ်ချိန်တည်းမှာ
ကိုယ့်အဖွဲ့ရဲ့ တန်ဖိုးထားရတဲ့အရာတွေ၊ ဂုဏ်သိက္ခာတွေကိုလည်း
ထိန်းသိမ်းစောင့်ေ၇ှာက်သွားဖို့ လိုပါတယ်။ အဲဒါကိုမှ တကယ့်ကို
အဆင့်အတန်းမြင့်တဲ့ အသင်းကောင်းတစ်သင်းလို့ ခေါ်ဆိုနိုင်မှာပါ။
(3) The team members communicate with one another
အသင်းသားတွေဟာ
တစ်ယောက်နဲ့တစ်ယောက် လေးစားမှုအပြည့် ယုံကြည်မှုအပြည့်နဲ့
ပြောဆိုဆွေးနွေးကြရပါမယ်။ အဲဒီအတွက် အကြောက်အရွံ့ကင်းတဲ့
အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း အပြန်အလှန် အကြံဉာဏ်ပေးနိုင်၊
ဝေဖန်နိုင်မှာပါ။ အသင်းသားတွေဟာ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ စိတ်နဲ့
ကိုယ်သိထားတွေကိုလည်း ဝေမျှဖလှယ်ကြရမယ်၊ ပြစ်တင်ဝေဖန်တာမျိုး မဟုတ်ဘဲ
အတွေးစိတ်ကူး အိုင်ဒီယာတွေကို ဆွေးနွေးအဖြေရှာကြရပါမယ်။
(4) The team members grow together
ဒီအချက်နဲ့ ပတ်သက်လို့ John
C.Maxwell ကတော့ သူ့အတွေ့အကြုံတွေကို ဒီလိုရေးပြထားပါတယ်။ သူ့အဖွဲ့အစည်း
တိုးတက်လာဖို့ကို သူက ပထမအဆင့်အနေနဲ့ တစ်လကို တစ်ကြိမ်လောက် ဆွေးနွေးပွဲတွေ
လုပ်တယ်၊ စာတွေဖတ်ကြတယ်၊ ဝေမျှကြတယ်။ အဲဒီကနေ ဘယ်သူက ဘယ်မှာတော်တယ် ဆိုတာ
အကြမ်းဖျင်း သိလာရတယ်ပေါ့။ နောက်တစ်ဆင့်အနေနဲ့ Project လေးတွေ ဆွဲပြီး
Groupwork လုပ်ခိုင်းတယ်။ နောက်ဆုံးကျမှ conferenceတွေ seminar တွေ၊
workshopတွေကို လွှတ်ပြီး လေ့လာခိုင်းတယ်၊ ပြီးရင် အပြန်အလှန် သင်ယူစေတယ်။
အတွေ့အကြုံဖလှယ်ခြင်း တစ်နည်းအားဖြင့် သင်ယူခြင်း-သင်ပေးခြင်း ဆက်ဆံရေးက
သူ့အဖွဲ့ကို တိုးတက်စေခဲ့ပါတယ်။
တိုင်းပြည်တစ်ပြည်အနေနဲ့
စဉ်းစားရင်တော့ ပညာရေးစနစ်ပေါ့။ စနစ်တကျ ပြောင်းလဲပြုပြင်ရပါမယ်။
အခြေခံပညာရေးစနစ်ကောင်းဖို့ လိုသလို တက္ကသိုလ်ပညာရေး၊
အဆင့်မြင့်ပညာရေးကိုလည်း အာရုံစိုက်ထားကြရပါမယ်။ ကိုယ့်ဆီက တော်တဲ့
တတ်တဲ့သူတွေကို ပိုတော် ပိုတတ်လာအောင် နိုင်ငံခြားပညာတော်သင် လွှတ်တာတွေ၊
လေ့လာရေးခရီး လွှတ်တာတွေ လုပ်ကြရပါမယ်။ ပညာရှင်တွေ နေပျော်သော၊
ပညာကိုမြတ်နိုး တန်ဖိုးထားသော တိုင်းပြည်ဖြစ်ဖို့လည်း လိုပါသေးတယ်။
(5) There is a team fit
အသင်းအဖွဲ့တစ်ခုဟာ
တစ်ယောက်ကိုတစ်ယောက်ကို ချစ်ခင်ကြမယ်၊ တူညီတဲ့ပန်းတိုင်တစ်ခုဆီကိုလည်း
အတူတူသွားနေကြမယ်၊ အဲလို အလုပ်အတူတူ လုပ်နေကြရင်းနဲ့ ကိုယ့်အဖွဲ့ထဲမှာ
ဘယ်သူကတော့ အားသာတယ်၊ ဘယ်သူကတော့ ဘယ်နေရာမှာ အားနည်းတယ်ဆိုတာ သိလာပါတယ်။
အဲဒီနောက်တော့ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို အခြေခံပြီး
အဖွဲ့ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်ကြရပါမယ်။ ခင္ဗ်ားကေတာ့ ဒီၤေနရာမွာ
ကျွန်တော့်ထက် ပိုတော်တယ်၊ ခင်ဗျား ဦးဆောင်ပါ ရယ်လို့ အတ္တစွဲကင်းကင်းနဲ့
ပြောနိုင်ရမယ်။ အားလုံးထဲမှာ တစ်ယောက်ရဲ့ အ၇ည်အချင်းက ကျန်သူတွေထက်
သိသိသာသာ ခေါင်းတစ်လုံး ပိုမြင့်နေတယ်ဆိုရင် သူ့ကို နေရာပေး အလေးထား
ဆက်ဆံကြရမှာပေါ့။ သူလုပ်လိုက်ရင်တော့ သူတော့ နာမည်ပိုကြီးသွားမယ်၊ သူ့ပါတီ
ပိုလူကြိုက်များသွားမယ်၊ သူ သမ္မတဖြစ်သွားရင် ငါတို့တော့ စားပေါက်ပိတ်ပြီ
စသဖြင့် အတ္တကြီးပြီး အမျိုးမျိုး ပိတ်ပင်နေကြမယ်ဆိုရင်တော့ အဲဒီအသင်းက
အောင်မြင်ဖို့၇ာ မလွယ်တော့ဘူးပေါ့။
(6) The team members place their individual rights beneath the best interest of the team
အသင်းသားတွေဟာ
ကိုယ့်ရဲ့အခွင့်အရေး ကိုယ့်ရဲ့ကိုယ်ကျိုးနဲ့ အဖွဲ့အစည်းရဲ့ အောင်မြင်မှု
ယှဉ်လာခဲ့ပြီဆို၇င် ကိုယ့်အဖွဲ့အောင်မြင်ဖို့ကိုပဲ ဦးစားပေးရပါမယ်။
ကိုယ့်အတ္တကို ရှေ့တန်းတင်နေတဲ့သူတွေ များနေသရွေ့ အဲဒီအဖွဲ့အစည်းက
အောင်မြင်နိုင်ဖို့ မလွယ်ပါဘူး။ ဘောလုံးအသင်းတွေမှာဆိုရင် ကိုယ်
ဂိုးသွင်းဘုရင်ဖြစ်ဖို့ထက် ကိုယ့်အသင်းဆုဖလား ရဖို့က
ပိုအရေးကြိးသလိုပဲပေါ့။ ဒီလိုခံယူထားတဲ့ ဘောလုံးသမားက ကိုယ်ဂိုးသွင်းခွင့်
ရရင်တောင် ကိုယ့်ထက် ပိုပြီး အခွင့်သာနေတဲ့သူကို ဘောလုံးပို့ပေးပါတယ်၊
နာမည်ကြီးချင်စောနဲ့ ကန်မသွင်းပစ်ပါဘူး။
တကယ်တော့
တကယ့်အသင်းကောင်းတစ်သင်းက အသင်းသားတွေဟာ သူ ဂိုးသွင်းမယ်
ငါဂိုးသွင်းမယ်ဆိုပြီး လုမနေကြပါဘူး။ အခွင့်ပိုသာတဲ့သူက သွင်းလိုက်ရုံပါပဲ။
အဲဒီအတွက်လည်း အားလုံးက ၀ိုင်းပံ့ပိုးပေးကြပါတယ်။ ဘယ်သူပဲသွင်းသွင်း၊
ငါတို့အသင်း ဂိုးရတာပဲ၊ ဘယ်သူသွင်းတယ်ဆိုတာက အရေးမကြီးဘူး၊ ငါတို့အသင်း
အနိုင်ရဖို့သာ အရေးကြီးဆုံးဆိုတဲ့စိတ်ဟာ ချန်ပီယံအသင်းသားတွေအတွက်
မရှိမဖြစ် လိုအပ်တဲ့စိတ်ဓါတ်ပါပဲ။
(7) Each team member plays a special role
ကိုယ့်အသင်း ကိုယ့်အဖွဲ့
အောင်မြင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်ဝါသနာပါရာ
အလုပ်တွေကို လုပ်ရင်း ပါဝင်စွမ်းဆောင်ကြရပါတယ်။ တစ်နိုင်ငံလုံး
ဆရာဝန်တွေချည်း ဖြစ်နေလို့မရပါဘူး၊ ဈေးသည်တွေ၊ စီးပွါးေ၇းပညာရှင်တွေလည်း
ရှိရပါဦးမယ်။ ကာယလုပ်သား၊ ဉာဏလုပ်သား၊ သူ့အခန်းကဏ္ဍနဲ့သူ အပြန်အလှန်
လေးစားမှုအပြည့်နဲ့ ဆောင်ရွက်ကြရပါမယ်။ နောက်ပြိး ကိုယ်ကစားချင်တာ အားသန်တာက
တစ်နေရာ၊ ကိုယ့်အသင်းလိုအပ်နေတာက တစ်နေရာဖြစ်နေရင်လည်း
အသင်းရဲ့လိုအပ်ချက်အရ ကျရာနေရာမှာ အားတက်သရောနဲ့ စွမ်းစွမ်းတမံ ကစားပေးဖို့
လိုအပ်ပါတယ်။
(8) An effective team has a good bench
ဒါကတော့ အသင်းတော်တော်များများ
မေ့နေတတ်တဲ့ အပိုင်း၊ အဲဒီလိုပဲ အောင်မြင်တဲ့ အသင်းတော်တော်များများက
အာရုံစိုက်ကြိုးပမ်းနေကြတဲ့ အပိုင်း။ ဘာလဲဆိုတော့ ဘောလုံးစကားနဲ့ ပြောရင်
အရံခုံတန်း၊ ရှင်းအောင်ထပ်ပြောရရင် လူငယ်သွေးသစ်။ လူတွေက
ကွင်းထဲဝင်ကစားနေကြတဲ့ ကစားသမား ၁၁ယောက်ကိုပဲ အာရုံစိုက်ကြတယ်၊
သူတို့ခြေစွမ်းပြနိုင်ဖို့၊ သူတို့ဒဏ်ရာ အနာတရကင်းဖို့။ တကယ်တမ်းတော့
အရံခုံတန်းမှာ ထိုင်နေတဲ့ ကစားသမားတွေကလည်း အရေးကြီးတာပါပဲ။ ပထမကစားသမားတွေ
အသက်အရွယ်ကြီးရင့်လာခဲ့၇င်၊ ခြေစွမ်းမပြနိုင်တော့ရင်၊ ဒဏ်ရာရသွားခဲ့၇င်
သူတို့တွေကပဲ ၀င်ပြီး အစွမ်းပြကြရမှာ၊ သူတို့တွေကို မေ့ထားလို့မဖြစ်ဘူး။
ခေါင်းဆောင်ဖြစ်တဲ့သူက ဘယ်လောက်ပဲ တော်နေပါစေ၊ ဘယ်လောက်ကမ္ဘာ့အဆင့်မီ
ဖြစ်နေပါစေ၊ သူ့နေရာမှာ အစားထိုးနိုင်တဲ့
ခေါင်းဆောင်ကောင်းပေါ်မလာသေးဘူးဆိုရင်တော့ ဒီအဖွဲ့ရဲ့ ရှေ့အလားအလာက
မဖြောင့်ဖြူးသေးဘူး ဆိုရမှာပါပဲ။
(9) The team members know exactly where the team stands
အသင်းသားတွေအားလုံးဟာ
ကိုယ့်အသင်းရဲ့ အခြေအနေမှန်ကို သဘာပေါက်ထားဖို့ လိုပါမယ်။ ပွဲပြီးဖို့က
ဘယ်နှမိနစ်လိုသေးတယ်၊ ဘယ်နှဂိုးရှုံးနေတယ်၊ ကိုယ့်အသင်းမှာ ဘယ်သူတွေ
ဒဏ်ရာရနေတယ်၊ ပြိုင်ဘက်တွေက ဘယ်လိုပြင်ဆင်နေကြတယ်၊ ကိုယ်က ဘာတွေလုပ်ရင်
ကောင်းမယ် စသဖြင့် သိထားမှ ဒီပွဲကို ဘယ်လိုအနိုင်ကန်ရမယ်ဆိုတာ
သိမှာမဟုတ်လား။ LDC စာရင်းဝင် တိုင်းပြည်လို့ ပြောတာကို နားမခံနိုင်တာ၊
ဘယ်သူ့လက်ထက်မှာ ဘာတွေပျက်သွားတယ်ဆိုတာတော့ ထုတ်မပြောဘဲ တံတားကြီးတွေ
ဆည်ကြီးတွေ ဘယ်နှစင်းဆောက်ပြီးပါပြီ ဆိုတာမျိုးတွေ၊ သတင်းစာထဲ ပါရုံ
လိုအပ်သည်များကို မှာကြားနေတာမျိုးတွေ ဆက်လုပ်နေလို့တော့ မရပါဘူး။
(10) The team members are willing to pay the price
နောက်ဆုံးတစ်ချက်ကတော့
အသင်းသားတွေအားလုံးမှာ ကိုယ့်အသင်းအတွက်ဆို စွန့်လွှတ်ပေးဆပ်ရဲတဲ့
သတ္တိရှိရပါမယ်။ တိုက်ပွဲတစ်ပွဲမှာ စစ်သားအင်အား ဘယ်လောက်ရှိရှိ၊ လေယာဉ်တွေ
ဘယ်နှစင်းသုံးသုံး၊ တိုက်သင်္ဘောတွေ ဘယ်လောက်အင်အား ကောင်းကောင်း
တကယ်တိုက်ပွဲဝင်ရမဲ့ စစ်သည်တွေက သေရဲတိုက်ရဲတဲ့ စိတ်ဓါတ် မရှိဘဲနဲ့တော့
ဘယ်လိုနည်းနဲ့မှ ဒီတိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ပါဘူး။
ဒီလိုပါပဲ၊ ဘယ်လောက်ပဲ
သဘာဝသယံဇာတတွေ ပေါတယ်ပြောပြော၊ နိုင်ငံတကာက ဘယ်လောက်ကူညီကူညီ၊
ကိုယ့်တိုင်းပြည်က လူတွေကိုယ်တိုင်က တိုးတက်လိုစိတ် မရှိဘူး၊
တိုင်းပြည်အတွက် အနစ်နာခံလိုတဲ့စိတ်၊ ဆောင်ရွက်ပေးလိုစိတ် မရှိဘူး၊
ကိုယ်ကျိုးပဲကြည့်နေကြမယ်ဆို၇င်တော့ အဲဒီတိုင်းပြည် အောင်မြင်ဖို့ကတော့
ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဦးမှာပါပဲ။
ဒီအချက်တွေကို သင်ခန်းစာယူရင်း
လူ၎ယောက်လောက်ရှိတဲ့ မိသားစုဘ၀တွေကနေ မြို့တစ်မြို့၊ တိုင်းတစ်တိုင်း၊
ပြည်နယ်တစ်ခု၊ နောက်ဆုံး တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ပါ
အသင်းကောင်းတစ်သင်းအဖြစ် ကျွန်တော်တို့တွေ ရပ်တည်သွားကြဖို့ လိုပါတယ်။
No comments:
Post a Comment