လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကြီးကြပ်ကွပ်ကဲမှု (Supervision) ကောင်းတဲ့အခါ
– ချထားသမျှ ရေနွေးအိုး၊ ဆေးလိပ်ဗူး၊ ဒါတွေကုန်နေတယ် ဆိုတာ မရှိဘူး
– Customer ဝင်လာတာကို ကြိုတဲ့သူမရှိတာ၊ မှာဖို့အတွက် စားပွဲထိုးကို အော်ခေါ်နေရတာ၊ ဒါတွေမဖြစ်ဘူး
– မှာထားပြီး အစားအသောက်တွေ တော်တော်နဲ့ရောက်မလာတာ၊ မှာတာနဲ့လာချတာ တလွဲဖြစ်တာ၊ မှာတာကို မမှတ်မိလိုက်တာ၊ ဒါတွေလည်း အဖြစ်နည်းမယ်
– ပိုက်ဆံတလွဲ တွက်သွားတာတွေလည်း မရှိဘူးပေါ့၊၊

~ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စီမံခန့်ခွဲမှု (Management) ကောင်းတဲ့အခါ
– စားပွဲထိုးတွေက အလုပ်ကို ဖိဖိစီးစီး လုပ်နေမယ်
အဖျော်ဆရာတွေ အကြော်ဆရာတွေ လက်မှန်မယ်၊ အစားအသောက်တွေ အရသာမှန်မယ် (Man)
– ဂျုံပြတ်သွားလို့၊ မီးစက်မရှိလို့ ဟိုဟာမရဘူး၊ ဒီဟာမရဘူး ဆိုတာမျိုးတွေ မဖြစ်ဘူး( Material)
– ဆိုင်ရဲ့ ဝင်ငွေထွက်ငွေ၊ အမြတ်အရှုံး တိတိကျကျ သိရမယ် (Money)
– ပိုက်ဆံတွက်တဲ့ စနစ်၊ အစားအသောက်မှာတဲ့ စနစ်၊ Customer က Feedback ပြန်ပေးလို့ရတဲ့ စနစ်တွေ ခိုင်ခိုင်မာမာ ရှိမယ် (Method)

~ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခေါင်းဆောင်မှု (Leadership) ကောင်းတဲ့အခါ
–
ဆိုင်မှာရနိုင်တဲ့ အစေားအသောက်တွေ ပိုစုံလာမယ်၊ အစားအစာတင်မက
တခြားတွဲဖက်လို့ရတာတွေ၊ ဂျာနယ်၊ စာအုပ်၊ ဖုန်းငွေဖြည့်ကဒ်၊ ဒါတွေပါ ရလာမယ်
– ဆန်းသစ်တဲ့ အိုင်ဒီယာတွေ၊ စနစ်တွေ ရောက်လာမယ်
– နေရာအကွက်အကွင်းကောင်းတဲ့ နေရာတွေမှာ ဆိုင်ခွဲတွေ တိုးဖွင့်လာနိုင်မယ်
– နောက်ပြီး ကိုယ့်ဆီက စားပွဲထိုးလေးတွေ အဆင့်ဆင့်တိုးတက်လာပြီး ကြီးကြပ်သူအဆင့်၊ မန်နေဂျာအဆင့်၊ နောက်ဆုံး ကိုယ်တိုင်ပါ စီးပွါးရေးတစ်ခုကို ဦးဆောင်လုပ်နိုင်တဲ့အဆင့်အထိ ဖြစ်လာမယ်၊၊

သဘောကတော့
ကြီးကြပ်မှုသည် နေ့စဉ်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ လုပ်ဆောင်တယ်၊ အသေးစိတ်တယ်
စီမံခန့်ခွဲမှုသည် လူ၊ ငွေ၊ ပစ္စည်း၊ နည်းလမ်း၊ ဒါတွေကို အသုံးချပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တယ်
ခေါင်းဆောင်မှုကတော့
အမြင်ကျယ်ကျယ်နဲ့ အပြောင်းအလဲတွေ ဖော်ဆောင်တယ်၊ နောက်လိုက်တွေကို
လှုံ့ဆော်မှုပေးတယ်၊ လွှမ်းမိုးနိုင်တယ်၊ အပြောင်းအလဲမှာ
လိုက်ပါဆောင်ရွက်စေတယ်၊ နောက်ပြီး နောက်ထပ်ခေါင်းဆောင်တွေကိုလည်း
မွေးထုတ်ပေးတယ်၊၊
တချို့ဆိုင်တွေ Supervision နဲ့ Management ကောင်းတယ်၊ လာတဲ့ customer တွေ သဘောတအားကျတယ်၊ အောင်မြင်တယ်၊၊
ဒါပေမယ့် Leadership အားနည်းတဲ့အခါ အပြောင်းအလဲလုပ်နိုင်စွမ်း နည်းတယ်၊ အဲဒီအခါ အရင်းအနှီးများများ၊ အိုင်ဒီယာဆန်းဆန်းနဲ့ ဆိုင်တွေလည်းပေါ်လာရော ကိုယ့်ဈေးကွက်ဝေစုကို ပေးလိုက်ရတော့တယ်၊၊
ဒါပေမယ့် Leadership အားနည်းတဲ့အခါ အပြောင်းအလဲလုပ်နိုင်စွမ်း နည်းတယ်၊ အဲဒီအခါ အရင်းအနှီးများများ၊ အိုင်ဒီယာဆန်းဆန်းနဲ့ ဆိုင်တွေလည်းပေါ်လာရော ကိုယ့်ဈေးကွက်ဝေစုကို ပေးလိုက်ရတော့တယ်၊၊
တချို့ဆိုင်ကျ Leadership ကောင်းတယ်၊၊
ဒါပေမယ့် စီမံခန့်ခွဲမှု အားနည်းလေတော့ ဆိုင်ကြီးကတော့ ခမ်းနား၊ နေရာက ကောင်း၊ စားတဲ့လူကျတော့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတတ်တယ်၊၊
ဒါပေမယ့် စီမံခန့်ခွဲမှု အားနည်းလေတော့ ဆိုင်ကြီးကတော့ ခမ်းနား၊ နေရာက ကောင်း၊ စားတဲ့လူကျတော့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတတ်တယ်၊၊
အဲဒီလို လက်ဖက်ရည်ဆိုင်လုပ်ငန်းတစ်ခု အောင်မြင်ဖို့တောင် ကြီးကြပ်မှု၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့ အရေးကြီးသေးတယ်ဆိုရင်
နိုင်ငံတစ်ခု တိုးတက်ဖို့အတွက်ဆို ပိုလို့တောင် အရေးကြီးပါဦးမယ်၊၊
နိုင်ငံတစ်ခု တိုးတက်ဖို့အတွက်ဆို ပိုလို့တောင် အရေးကြီးပါဦးမယ်၊၊
ဒါကြောင့်လည်း ဒီပညာတွေကို တခုတ်တရ သင်ကြ၊ လေ့လာကြ၊ ဆွေးနွေးနေကြတာပဲ ဖြစ်ပါတယ်၊၊
နောက်ပြီး
ဒီအရည်အသွေးတွေဟာ လူတိုင်းအတွက် အရေးကြီးပါတယ်၊၊ ကိုယ်က ဆရာဝန်၊
ကုမ္ပဏီဝန်ထမ်း၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဘာပဲလုပ်လုပ်ပါ၊ ဒါတွေက မဖြစ်မနေ
လိုအပ်ပါတယ်၊၊
သက်ဆိုင်ရာကျွမ်းကျင်မှု
ရှိထားရင် အလုပ်တစ်ခု သေချာတယ်ဆိုပေမယ့် ရာထူးခပ်ကြီးကြီး ရချင်တယ်၊
ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံမှာ အပြောင်းအလဲတွေ
အများအပြား ဖြစ်စေချင်တယ်ဆိုရင်တော့ ကိုယ့်မှာ ဒီအရည်အသွေးတွေ
ရှိနေဖို့အတွက် ကြိုးစားထားရပါလိမ့်မယ်၊၊
ဒေါက်တာဖြိုးသီဟ
No comments:
Post a Comment