ခုပြောပြမှာကတော့ Mountain Bike (MTB) တွေကို ဘယ်လိုအမျိုးအစားသတ်မှတ်သလဲပေါ့။
စက်ဘီးအမျိုးအစားလို့ ပြောရရင်တော့ ပြောမဆုံးနိုင်ပါဘူး။ အဲ့ဒိထဲကမှ MTB
တစ်ခုကိုရွေးပြီး အမျိုးအစား ခွဲထုတ်ရင်တောင် တော်တော်များပါသေးတယ်။
စက်ဘီးထုတ်တဲ့လုပ်ငန်းတွေက ကိုယ်ပိုင် ဒီဇိုင်းတွေ၊ နည်းပညာတွေနဲ့
အမျိုးကွဲတွေ အမျာကြီးထုတ်ကြတယ်။ အဓိက ကတော့ ဘီးရဲ့ Layout and Geometry
(L&G) ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ သတ်မှတ်ကြတာပေါ့။ အကြမ်းဖျဉ်းအားဖြင့်
ကွဲပြားတဲ့ ဒီဇိုင်းတွေနဲ့ အသုံးဝင်ပုံလေးတွေ အနည်းငယ် ရှင်းပြပါမယ်။
Hardtail bikes
Hardtail ဘီးတွေကိုတော့ ခုမှ စစီးတဲ့သူတွေကနေ ပရိုတွေ ပြိုင်ပွဲအထိ
အသုံးများခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ်များစွာအထိ Hardtail တွေက
ပြီးပြည့်စုံတဲ့ ဘီးတွေဖြစ်ခဲ့တာပေါ့။ ခုထိလဲ လမ်းအရမ်းမကြမ်းတဲ့ MTB
ပြိုင်ပွဲတွေအတွက် အကောင်းဆုံးပုံစံဖြစ်နေဆဲပါပဲ။ မြန်မာနိုင်ငံရဲ့
လမ်းတော်တော်များများအတွက်တော့ Hardtail တွေက ပြီးပြည့်စုံနေပါပြီ။ လက်ရှိ
မြန်မာနိုင်ငံမှာတော့ Touring Bike တွေက ဈေးကြီးတာကြောင့် Hardtail
တွေကိုပဲ Touring အတွက် အသုံးပြု တွင်ကျယ်လျက်ရှိပါတယ်။ Cross-country
ပြိုင်ပွဲတွေမှာလဲ XC hardtail တွေနဲ့ အသုံးပြုတတ်ပါတယ်။
Cross-country race bikes
တကယ်လို့ လမ်းကြမ်းလည်း နင်းချင်တယ်၊ ပြိုင်ပွဲဝင်သလို အမြန်ဆုံး
နှုန်းနဲ့လည်း နင်းချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကိုသာ ရွေးလိုက်ပါတော့။
XCR တွေကိုတော့ ၄ လက်မ အရှည် travel (travel ဆိုတာက fork မှာ အထက်အောက်
ရွေ့လျားတဲ့ နေရာလေးပေါ့။ ပုံမှာပြထားပါတယ်) ကို အသုံးပြုလေ့ရှိပြီး
ဖရိန်ဒီဇိုင်း (geometry) က steep angles (steep bike အကြောင်း နောက်မှ
ထပ်ရှင်းပြပါမယ်၊ steep angle ဆိုတာ head angle ကိုခေါ်တာဖြစ်ပြီး
များသောအားဖြင့် ၇၀ ဒီဂရီအထက် ရှိတတ်ပါတယ်)။ နောက်ပြီး Racing type တွေရဲ့
ထုံးစံအတိုင်း weight-forward position ဖြစ်အောင်တည်ဆောက်ထားပါတယ်။ XCR
တွေကတော့ တောင်ကုန်းအမြင့်တွေမှာ လွယ်လွယ်ကူကူ ဟန်ချက်ထိန်းလို့
အကောင်းဆုံး စီးနိုင်ပါတယ်။
Cross-country trail bikes
ဒီဘီးအမျိုးအစားကတော့ trail စီးတဲ့သူတွေကြားမှာ ရေပန်အစားဆုံး
အမျိုးအစားဖြစ်ပါတယ်။ သူကတော့ များသောအားဖြင့် ၅ လက်မ travel နဲ့
လာတတ်ပါတယ်။ ရပ်ကွက်ထဲပဲ စီးစီး၊ မြို့ထဲပဲစီးစီး၊ တောထဲပဲ စီးစီး
သက်တောင့်သက်သာအဖြစ်ဆုံးလိုချင်တယ်ဆိုရင် ဒီဘီးမျိုးကို ရွေးချယ်လိုက်ပါ။
All-mountain bikes
ကဲ တောင်တတ်ခရီးကြမ်းတွေနင်းရင်း နည်းနည်းပါးပါး
စတန့်ခုန်ချင်တယ်ဆိုရင်တော့ All-mountain ကို ရွေးချယ်လိုက်ပါ။ အခြား trail
bike တွေထက် head angle ပိုနည်းပြီး ပိုတည်ငြိမ်တဲ့ ဒီဇိုင်းနဲ့
တည်ဆောက်ထားတာပါ။ သူကတော့ ပုံမှန်အားဖြင့် ၆ လက်မ travel နဲ့
လာလေ့ရှိပါတယ်။
Freeride bikes
တောင်ကုန်းတွေကနေ
ဆင်းချင်တယ်။ တောကြမ်း ခရီးလဲ သွားချင်တယ်၊ စတန့်တွေလဲ ပြချင်တယ်
ဆိုရင်တော့ Freeride ကို သာ ရွေးချယ်လိုက်ပါ။ FR တွေကို ၆ လက်မနဲ့ အထက်
travel တွေအသုံးပြုလေ့ရှိပြီး Fork ring နှစ်ထပ်နဲ့ အသုံးပြုပါတယ်။
Downhill bikes
ကဲ တောင်ကုန်းအမြင့်ကြီးတွေကနေ ဆင်းချင်တယ်၊ အဝေးကြီးခုန်ပြချင်တယ်၊
အမြင့်ကြီးကနေ ခုန်ဆင်းချင်တယ်ဆိုရင်တော့ DH သာ အသင့်တော်ဆုံးပါ။
သာမန်အားဖြင့် ၈ လက်မ အထက် travel တွေနဲ့ လာလေ့ရှိပါတယ်။ ပေ ၄၀ လောက်
အမြင့်ကနေ ခုန်ချတာတို့။ ပေ ၃၀ လောက် ကျယ်တဲ့ gap ကို အရှိန်နဲ့
ခုန်ပြတာတို့ ပြုလုပ်နိုင်ပါတယ်။
Dirt-jump hardtails
ကျောက်တုန်းတွေပေါ် ခုန်ပေါက်၊ pump track တွေ ဗျင်းချင်ရင်၊
လူတိုင်းငေးမယ့် Trial skills တွေ ပြချင်ရင် DJ ကလွဲလို့ ရွေးစရာမရှိပါဘူး။
Trial အတွက်လဲ သီးသန့် အမျိုးအစားတွေရှိသလို DJ မှာလဲ ဖရိန်ဒီဇိုင်း၊
ဆော့ချင်တဲ့ အမျိုးအစားပေါ်မူတည်ပြီး အမျိုးကွဲတွေ အများကြီး ရှိပါသေးတယ်။
ref : #MMTBS
No comments:
Post a Comment