၁။ သင်ပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားသည် သင်သေဆုံးချိန်၌ သင့်အတွက် အကြီးမားဆုံးသော စိတ်ငြိမ်းချမ်းမှုကို
ပေးပါလိမ့်မည်။
၂။
ဘုရားသခင် သင့်ကို တရားစီရင်စစ်ကြောတော်မူသောနေ့၌ သင်ပါဝင်ပူဇော် ခဲ့သော
မစ္ဆားတရားသည် သင့်အတွက် အပြစ်မှ အခွင့်လွှတ်ခြင်းချမ်းသာကို
တာင်းခံပေးတော်မူလိမ့်မည်။
၃။ မစ္ဆားတရားနာယူပူဇော်စဉ် သင်ကြိုးစား၍ ပါဝင်မှုရှိသလောက် အပြစ်များ အတွက် ခံရမည့်ဒဏ်မှ လျှော့ချပေးလိမ့်မည်။
၎။
သဒ္ဒါကြည်ညိုခြင်းကြီးစွာ သင်ပါဝင်ပူဇော်သောမစ္ဆားတရားအားဖြင့် သင်သည်
ဘုရားသခင်အား အကြီးမြတ်ဆုံးသော ဝတ်ပြုခြင်းဖြင့် ကိုးကွယ်နေခြင်း ဖြစ်သည်။
၅။
မစ္ဆားပူဇော်ခြင်းအားဖြင့် ဘုရားသခင်သည် သင်၏အမှားအယွင်းနှင့်
ချို့ယွင်းချက်များကို ပြုပြင်ပေး၍ လိုအပ်ချက်များ
ဖြည့်စွက်ပြည့်စုံစေလိမ့်မည်။
၆။ သင်ရှောင်ကျဉ်ရန် ကြိုးစားနေသော
အပြစ်ကလေးများအားလုံးကို သင်ပါဝင် ပူဇော်သော မစ္ဆားတရားအားဖြင့်
ဘုရားသခင်သည် အခွင့်လွှတ်တော်မူလိမ့်မည်။
၇။ သင်ပါဝင်ပူဇော်ခဲ့သော
မစ္ဆားတရားအားဖြင့် ဘုရားသခင်သည် သင့်အပေါ်၌ သက်ရောက်နေသော နတ်ဆိုးနတ်မစ္ဆာ၏
ပယောဂများကို အင်အားချိနဲ့ သွားစေ လိမ့်မည်။
၈။ အာပတ်ဖြေရာ၌
သင်မေ့လျော့နေသော အပြစ်များအားလုံးကို သင်ပါဝင်ပူဇော်
ခဲ့သောမစ္ဆားတရားအားဖြင့် ဘုရားသခင်သည် အခွင့်လွှတ်ပေးတော်မူလိမ့်မည်။
၉။ ငရဲငယ်၌ရောက်နေသော ဒုက္ခသည်ဝိညာဉ်များကို မစ္ဆားတရားပါဝင်ပူဇော်ခြင်း အားဖြင့် ကူညီမစပံ့ပိုးမှုကို ပေးနိုင်ပါသည်။
၁၀။
သင်အသက်ရှင်စဉ် တစ်ကြိမ်တစ်ခါပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားတော်သည် သင့်ကို
လွတ်မြောက်စေရန် ဘုရားသခင်သည် သင်ပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားအားဖြင့်
ကာကွယ်ပေးတော်မူလိမ့်မည်။
၁၁။ သင့်အပေါ်ကျရောက်တော့မည့်
ဘေးအန္တရာယ်ဆိုးအမျိုးမျိုးမှ သင့်ကို လွတ်မြောက်စေရန် ဘုရားသခင်သည်
သင်ပါဝင်ပူဇော်ခဲ့သော မစ္ဆားတရားအား ဖြင့် ကာကွယ်ပေးတော်မူလိမ့်မည်။
၁၂။ မစ္ဆားတရား၌ သင်ပါဝင်ပူဇော်တိုင်း သင်၏အပြစ်ကြောင့် သင်ခံထိုက်သော ငရဲငယ်ဒဏ်ကို လွတ်ကင်းသွားစေသည်။
၁၃။ မစ္ဆားပူဇော်ပွဲတိုင်းသည် ကောင်းကင်၌ သင့်အတွက်ကြီးမားအံ့ဘွယ်သော ဆုလဒ်တော်ကို ရရှိပေလိမ့်မည်။
၁၄။
မစ္ဆားပူဇော်ခြင်း၌ သင်ပါဝင်ပူဇော်သည့်အခါတိုင်း ဘုရားရှင်ကိုယ်တော်တိုင်
အသိအမှတ်ပြုသိက္ခာတင်ထားသော ရဟန်းတော်၏ ကောင်းချီး မင်္ဂလာတော်ကို
ကိုယ်တိုင်ခံစားရသည်။
၁၅။ မစ္ဆားပူဇော်ပွဲ၌ ပါဝင်ခြင်းအားဖြင့် သင်သည် သိကြားရဟန္တာသူတော်သူမြတ် တို့အလယ်၌ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေခြင်းဖြစ်သည်။
၁၆။ မစ္ဆားပူဇော်ပွဲ၌ ပါဝင်ခြင်အားဖြင့် သင်သည် လောကီရေးရာကိစ္စများ၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ခံစားရရှိပါမည်။
၁၇။ မစ္ဆားပူဇော်ခြင်းအားဖြင့် သင်သည် ဘုရားသခင်နှင့် သိကြားရဟန္တာသူတော် သူမြတ်တို့ကို ဂုဏ်ပြုရိုသေခြင်းကို ပေးဆက်နေခြင်းဖြစ်သည်။
၁၈။ မစ္ဆားပူဇော်ခြင်း၌ သိကြားရဟန္တာသူတော်သူမြတ် တစ်ပါးပါးကို ထူးခြားစွာ ဂုဏ်ပြုရိုသေခြင်းပြုနိုင်ပါသည်။
ဘိနပ်နှင့်ရေဗူးမပါ နွေအခါမှသိ၊ ဒါနနှင့်သီလမပါ သေခါမှသိ
No comments:
Post a Comment