ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ (၁ ယော ၄း ၁၆)
သင်တို့အချင်းချင်း ချစ်ခြင်းမေတ္တာကြွေးမှတစ်ပါး အဘယ်အကြွေးမှ မတင်စေနှင့်။ (ရော ၁၃း ၈)
မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာသနားတတ်၏၊ မနာလိုစိတ်မရှိ။
မေတ္တာသည် ကြွားဝါခြင်းမရှိ၊ မာန်မာနမရှိ။
မေတ္တာသည် ရိုင်းပြသောအမှုကို မပြုတတ်၊ ကိုယ်ကျိုးကိုမရှာတတ်၊ ဒေါသမထွက်တတ်၊ မခံမရပ်နိုင်မဖြစ်တတ်။
မေတ္တာသည် မကောင်းမှုဒုစရိုက်၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သို့သော်လည်း သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
မေတ္တာသည် အရာရာကို မျှော်လင့်၏၊ အရာရာကို သည်းခံတတ်၏။
မေတ္တာသည် ထာဝစဉ်တည်၏၊ (၁ကော ၁၃း ၄-၈)
ချစ်ခြင်းမေတ္တာမရှိပါမူ ဤကမ္ဘာဝယ် လူလာဖြစ်ခွင့် ကြုံရလင့်လည်း
ဆီနှင်းတစ်ပေါက် ကျသလောက်ပင် သုံးမဝင်သည့် လူ့ဖြစ်ခြင်း။

No comments:
Post a Comment