(၁)
“ရထားဖြတ်သွားတိုင်း
ကျွန်မတို့အိမ်က ကုတင်ကလှုပ်နေတတ်တယ်” ဟု အမျိုးသမီးတစ်ဦးက အိပ်ရာကုတင်
ရောင်းသောသူကို ဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား ကုတင်ပေါ်တွင်
လဲလှောင်းစေပြီး ရထားလာချိန်တွင် ကုတင်လှုပ်မလှုပ် ကိုယ်တွေ့စမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ယောက်ျားပြန်အလာနှင့် တိုးသည်။
“ကျုပ်မိန်းမ
ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ”ဟု မေးရာ ထိုလူက
“ကျွန်တော်
ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား” ဟု ပြန်ဖြေသည်။
အမှန်ပြောသောစကားအချို့သည်
လိမ်နေသည်နှင့်တူပြီး လိမ်ပြောသောစကားအချို့သည် သံသယမရှိ ယုံကြည်စေတတ်သည်။
(၂)
တစ်ခါက
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။ အမျိုးသမီးက
အမျိုးသားအား မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်းပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။ စောင်ခြုံထားသော်လည်း သူမ ချမ်းနေသေးကြောင်း
အမျိုးသမီးက ပြောပြန်သည်။
“ဒါဆို
ကျွန်တော်ဘယ်လို ကူညီရမလဲ” အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
“ကျွန်မ
ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကိုနွေးစေတယ်”
“ဒီလိုဆို
ကျွန်တော်ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား.. ကျွန်တော် ရထားပေါ်ကခုန်ချပြီး
ခင်ဗျားအမေကို လိုက်ရှာလို့မှ မဖြစ်နိုင်တာ”
အခြေအနေကို
သိနားလည်သောယောက်ျားသည် ယောကျာ်းကောင်းဖြစ်ပြီး အခြေအနေကို မသိနားမလည်သော
ယောကျာ်းသည် ယောက်ျားမြတ်ဖြစ်သည်။
(၃)
Franklin
Delano Roosevelt အမေရိကန်သမ္မတမဖြစ်ခင် နေအိမ်အခိုးခံရဖူးသည်။ သူငယ်ချင်းများက
အကျိုးအကြောင်း လာရောက်မေးမြန်းကြသည်။ Rooseveltက ဤသို့ ပြန်ဖြေလေသည်။
“လာရောက်မေးမြန်းကြတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်က
တည်ငြိမ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခိုးဟာ ကျွန်တော်ရဲ့ပစ္စည်းတွေ
ခိုးသွားပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး။ ပစ္စည်းတွေခိုးသွားပေမဲ့ အကုန်လုံးကို
ခိုးမသွားခဲ့ဘူး။ ကျွန်တော် ဝမ်းအသာဆုံးက သူခိုးဟာ တခြားလူဖြစ်ပြီး
ကျွန်တော်ကိုယ်တိုင် မဟုတ်လိုပါပဲ”
(၄)
Winston
Churchill (British Prime Minister 1874-1965) တစ်ခါကဟောပြောပွဲတွင် စင်အောက်မှ
လူတစ်ဦးသည် သူ့အား စာတစ်စောင်လှမ်းပေးလေသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။
စင်အောက်တွင် သူ့အား ကန့်ကွက်မည့်သူများ သူ့ကိုအရှက်ကွဲစေရန် လုပ်လိုက်ကြောင်း
သူသိလိုက်သည်။ Churchill မှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့်....
“ကျွန်တော်
စာတစ်စောင်ရလိုက်တယ်။ စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်းရေးဖို့မေ့ပြီး
သူ့နာမည်ပဲရေးထားတယ်” ဟုပြောသည်။
သူသည်
စိတ်မဆိုးသည့်အပြင် ဟာသနှောပြီး တစ်ဖက်လူအား အလိမ္မာနည်းဖြင့်
အနိုင်ယူလိုက်ခြင်းဖြစ်သည်။
စာရေးစမှာ
ဘာသာပြန်ထားတာလေးပါ... စာလုံးပေါင်းအမှားတွေပြင်ပြီး FB မှာ ပြန်တင်လိုက်ပါတယ်။
အခုချိန်မှာ ပြန်ဖတ်ကြည့်မှ အဲဒီတုန်းက စာလုံးပေါင်းတွေ၊ ဝါကျတွေ
တော်တော်မှားခဲ့မှန်းသိရပါတယ်။ အခုထိလည်း မှားနေဆဲပါပဲ....း)
No comments:
Post a Comment