"The
Greatest Salesman in the World"စာအုပ်ကို ရေးသားခဲ့တဲ့ အမေရိကန်စာရေးဆရာ
"Og Mandino" ဟာ ဒီလိုစာတစ်ပိုဒ်ကို ရေးသားခဲ့တယ်။ ဒီစာဟာ ခံစားချက်ကို
မထိန်းချုပ်နိုင်သူတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++
ဒီရေအတက်အကျ၊
ဆောင်းအကုန် နွေအကူး၊ နွေအကုန် မိုးအကူး၊ နေဝင်နေထွက်၊ လပြည့်လကွယ်၊ ပန်းပွင့်ပန်းညှိုး၊
မြက်တွေရှည်ပြီး အသီးတွေဝင်းမှည့်သလို သက်ရှိသက်မဲ့အရာတိုင်းဟာ အချိန်ရာသီနဲ့အတူ
မပြတ်ပြောင်းလဲနေခဲ့တယ်။ အဲဒီထဲမှာ ကောင်းလိုက်၊ ဆိုးလိုက်ဖြစ်တတ်တဲ့
ကျွန်တော့်ရဲ့ခံစားချက်လည်းပါတယ်။
ဒီကနေ့မှာ
ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။ ဒါဟာ သဘာဝရဲ့လှည့်စားချက်ဖြစ်တယ်။
ဒါကို လူတိုင်းလုပ်နိုင်ဖို့ ခဲယှဉ်းတယ်။
အိပ်ရာက
နှိုးထလာတဲ့နေ့တိုင်းမှာ ခံစားချက်အဟောင်းတွေ ကျွန်တော်မှာမရှိတော့ဘူး။
မနေ့ကပျော်ရွှင်ခဲ့တာတွေက ဒီကနေ့ရဲ့ဝမ်းနည်းခြင်းဖြစ်သွားတယ်။ ဒီကနေ့ရဲ့
စိတ်ညစ်စရာတွေက မနက်ဖြန်ရဲ့ပျော်ရွှင်ခြင်းတွေဖြစ်သွားတယ်။
ကျွန်တော်ရဲ့စိတ်ဟာ
မပြတ်လည်နေတဲ့ ဘီးနဲ့တူတယ်။ ပျော်ရွှင်ခြင်းကနေ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းကနေ
ပျော်ရွှင်ခြင်း၊ ပျော်ရွှင်ခြင်းကနေ ပူပန်ခြင်းအဖြစ်ပြောင်းတယ်။ ပန်းတစ်ပွင့်လို
ဒီကနေ့မှာ ညှိုးနွမ်းသွားတဲ့ပန်းဟာ မနက်ဖြန်မှာ အသစ်ပြန်စမယ့်မျိုးစေ့အဖြစ်
ပြောင်းသွားတယ်။ ဒီကနေ့ရဲ့ ဝမ်းနည်းခြင်းတွေက
မနက်ဖြန်ရဲ့ပျော်ရွှင်ခြင်းတွေဖြစ်တယ်။
ဒီကနေ့မှာ
ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။
ဘယ်လိုလုပ်မှ
ကျွန်တော့်ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်ပြီး နေ့တိုင်းအကျိုးရှိအောင်
လုပ်မလဲ? ကျွန်တော့်စိတ်တွေ ငြိမ်သက်အေးချမ်းမနေရင် ဒီကနေ့ဟာလည်း
ကျရှုံးတဲ့နေ့တစ်နေ့ ဖြစ်လိမ့်မယ်။
သစ်ပင်ပန်းမာတွေက
ရာသီဥတုနောက်လိုက်ပြီး ကြီးထွားရှင်သန်ကြတယ်။ ဒါပေမယ့် ကျွန်တော်က
ကျွန်တော့်ရဲ့ရာသီဥတုကို ကိုယ်တိုင်ဖန်ဆင်းတယ်။ ရာသီဥတု မသင့်မြတ်တာကို
ကျွန်တော့်ရဲ့စိတ်ဝိညာဉ်နဲ့ ဘယ်လိုပြုပြင်မလဲဆိုတာကို ကျွန်တော်သင်ယူတယ်။ တကယ်လို့
ကျွန်တော်ဟာ ကာစတန်မာတွေအတွက် မိုးသက်လေပြင်းတွေ၊ အမှောင်နဲ့ စိတ်မချမ်းသာမှုတွေ
သယ်ဆောင်ခဲ့ရင် သူတို့ကလည်း သူတို့ခံစားရတဲ့ မိုးသက်လေပြင်း၊ စိတ်မချမ်းသာမှုတွေနဲ့
ပြန်တုန့်ပြန်ပြီး ဘာမှမဝယ်ဘဲနေတတ်တယ်။
ဆန့်ကျင်စွာနဲ့
တကယ်လို့ ကျွန်တော်က သူတို့အတွက် ပျော်ရွှင်ခြင်း၊ အလင်းနဲ့ရယ်သံအပြုံးတွေပေးခဲ့ရင်
သူတို့က သူတို့ခံစားရတဲ့ ပျော်ရွှင်ခြင်း၊ အပြုံးတွေနဲ့ပြန်တုန့်ပြန်တတ်တယ်။
အဲဒီအခါမှာ သူတို့ဆီရောင်းတဲ့ အကျိုးအမြတ်၊ ငွေကြေးတွေကို ကျွန်တော်ရတယ်။
ဒီကနေ့မှာ
ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။
ဘယ်လိုလုပ်မှ
ကျွန်တော့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး နေ့တိုင်းပျော်ရွှင်ခြင်းတွေနဲ့
ပြည့်အောင်လုပ်မလဲ?
ပျော့ညံ့သူတွေက
ခံစားချက်နဲ့ အပြုအမှုကို ထိန်းချုပ်တယ်၊ ထက်မြက်သူတွေက အပြုအမှုနဲ့ ခံစားချက်ကို ထိန်းချုပ်တယ်ဆိုတဲ့ ဟိုးရှေးရှေးကတည်းကရှိခဲ့တဲ့ လျှို့ဝှက်ချက်လို
ကျွန်တော်သင်ယူရမယ်။
နေ့တိုင်း
အိပ်ရာကနှိုးလာတဲ့အချိန် ကျွန်တော်ကို ဝမ်းနည်းခြင်း၊ ကျရှုံးခြင်း၊
သိမ့်ငယ်ခြင်းစတဲ့ ခံစားချက်တွေ ဝိုင်းရံထားရင် အဲဒီခံစားချက်တွေကို ကျွန်တော်က
ဒီလိုဆန့်ကျင်တယ်။
ညှိုးငယ်ထိုင်းမှိုင်းတယ်လို့
ခံစားရရင် သီချင်းအကျယ်ကြီး အော်ဆိုတယ်။
ဝမ်းနည်းကြေကွဲတယ်လို့
ခံစားရရင် တဟားဟား အော်ရယ်ပစ်တယ်။
ထိခိုက်နာကျင်တယ်လို့
ခံစားရရင် အလုပ်ဆတိုးလုပ်ပစ်တယ်။
သိမ်ငယ်အားငယ်တယ်လို့
ခံစားရရင် အင်္ကျီအသစ်လဲဝတ်လိုက်တယ်။
မလုံခြုံဘူးလို့
ခံစားရရင် အသံကို မြင့်လိုက်တယ်။
ဆင်းရဲတယ်လို့
ခံစားရရင် အနာဂတ်ရဲ့ချမ်းသာကြွယ်ဝမှုကို တွေးတယ်။
အားအင်ချို့တဲ့တယ်လို့
ခံစားရရင် အောင်မြင်ခဲ့ဖူးတာကို တွေးတယ်။
သေးသိမ်တယ်လို့
ခံစားရရင် ကျွန်တော့်ပန်းတိုင်ကို ကျွန်တော်သတိရတယ်။
ဘာပဲဖြစ်ဖြစ်
ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။
အသိဉာဏ်နည်းသူတွေမှ
အကျအရှုံးရှိတယ်။ ကျွန်တော်ဟာ အသိဉာဏ်နည်းသူတစ်ယောက်တော့ မဟုတ်ဘူး။
ကျွန်တော့်အင်အားကို ဖျက်ဆီးဖို့ ကြံရွယ်နေတဲ့ ခံစားချက်တွေကို
ကျွန်တော်တားဆီးရလိမ့်မယ်။
စိတ်ထိခိုက်ခြင်းနဲ့
ဝမ်းနည်းကြေကွဲခြင်းတွေကို မျက်စိနဲ့တွေ့နိုင်ပေမယ့် ကျန်တဲ့ခံစားချက်တွေကိုတော့
အလွယ်တကူ သိနိုင်ဖို့ခက်တယ်။ အဲဒီခံစားချက်တွေဟာ အပြုံးတုတွေတပ်ပြီး
ကျွန်တော်တို့ကို အချိန်မရွေး ဖျက်စီးနိုင်တယ်။ အဲဒီအတွက် ကျွန်တော်အမြဲ
နိုးနိုးကြားကြားနေခဲ့တယ်။
မွေ့လျော်တယ်လို့
ခံစားရတဲ့အခါ ဆင်းရဲငတ်ပြတ်တဲ့နေ့ရက်တွေကို ကျွန်တော်မှတ်မိရမယ်။
အောင်နိုင်တယ်လို့
ခံစားရတဲ့အခါ ပြိုင်ဘက်တွေကို ကျွန်တော်သတိရမယ်။
အားရကျေနပ်တယ်လို့
ခံစားရတဲ့အခါ သည်းခံရှက်ရွံ့ခဲ့တဲ့အချိန်ကို မမေ့ခဲ့ဘူး။
ကိုယ့်ကိုယ်ကို
အထင်ကြီးတဲ့အခါ လေကို ရပ်တန့်အောင် လုပ်နိုင်ပြီလားလို့ တွေးရမယ်။
ချမ်းသာကြွယ်ဝတယ်လို့
ခံစားရတဲ့အခါ ဆာလောင်ငတ်မွတ်နေသူတွေကို သတိရမယ်။
မာနကြီး
စိတ်ကြီးဝင်တဲ့အခါ ကောင်းကင်ပေါ်က ကြယ်ကလေးတွေကို ခေါင်းမော့ကြည့်မယ်။
ဒီကနေ့မှာ
ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။
ဒီလိုအသိတရားအသစ်ရှိပြီးနောက်
တခြားသူရဲ့ခံစားချက်ကို ကျွန်တော်ပို အကဲခတ်နိုင်တယ်။ စိတ်တိုဒေါသထွက်နေသူကို
ကျွန်တော်ခွင့်လွတ်ရမယ်။ ခံစားချက်ကိုထိန်းချုပ်ဖို့ သူနားမလည်ခဲ့လို့ဖြစ်တယ်။
သူ့ရဲ့ဆဲဆိုမှုတွေကို ကျွန်တော်သည်းခံရမယ်။ မနက်ဖြန်မှာ သူပြောင်းလဲပြီး
ပြန်လည်သင့်မြတ်လာမှာကို ကျွန်တော်သိလို့ဖြစ်တယ်။
အပြင်ပန်းသဏ္ဍာန်၊
တစ်ခါပြောဆိုဖူးရုံနဲ့ လူတစ်ယောက်ကို ကျွန်တော်မဝေဖန်၊ အကဲမဖြတ်တော့ဘူး။ သူ့ကို
တစ်ကြိမ်တစ်ခါ စိတ်တို၊ စိတ်ဆိုးဖူးရုံနဲ့ အဆက်အသွယ် မဖြတ်တော့ဘူး။ ဒီကနေ့မှာ
ငွေကြေးတစ်ပြားတစ်ချပ်မှ အကုန်မခံသူဟာ မနက်ဖြန်မှာ ရှိသမျှစည်းစိမ်တွေနဲ့
အရာအားလုံးကို လဲယူကောင်းလဲယူလိမ့်မယ်။ ဒီလျှို့ဝှက်ချက်ကို သိပြီးနောက်
ပိုကြွယ်ဝတဲ့ အကျိုးအမြတ်ကို ကျွန်တော်ရလိုက်တယ်။
ဒီကနေ့မှာ
ခံစားချက်တွေကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။
ဒီနေ့ကစ
လူတွေရဲ့ခံစားချက်အလှည့်အပြောင်း လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်တယ်။
အမျိုးမျိုးပြောင်းလဲတတ်တဲ့ ကျွန်တော့်ခံစားချက်ရဲ့ ခိုင်းစေချက်ကို
ကျွန်တော်မလိုက်နာတော့ဘူး။ ခံစားချက်တွေကို အကောင်းမြင်စိတ်နဲ့
ကိုယ်တိုင်နိုးနိုးကြားကြား ထိန်းချုပ်မှ ကိုယ့်ကံကြမ္မာကို
ကိုယ်ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မှာဖြစ်တဲ့အကြောင်း
ကျွန်တော်နားလည်လိုက်တယ်။
ကျွန်တော်ဟာ
ကျွန်တော်ရဲ့အရှင်သခင်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ ကြီးကျယ်မြင့်မြတ်တယ်။
မူရင်းရေးသားသူ---
Og Mandino
No comments:
Post a Comment