ပျော်ရွှင်ခြင်းက
ဖျားနာတာတွေကို ကုစားနိုင်သတဲ့။
အမြဲစိတ်ညစ်၊
ဝမ်းနည်းနေသူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်၊ သူ့စိတ်ဓာတ်ကို ဖျားနာ၊ ပျက်စီးစေပါတယ်။
အောက်ပါအချက်တွေက
လူတစ်ယောက်ကို ပျော်ရွှင်ကျန်းမာစေတဲ့ အကြံပြုချက်တွေဖြစ်တယ်။
(၁)
မျှော်လင့်ချက်နဲ့ အကောင်းမြင်စိတ်က မှောင်မိုက်တဲ့လောက,ကနေ
သင့်ကိုဆွဲထုတ်နိုင်တယ်ဆိုတာကို ယုံပါ။
(၂)
လုပ်ချင်တဲ့အရာတွေကို ချရေးပြီး ဒီကနေ့ပဲ စလုပ်လိုက်ပါ။ အဝတ်အစားဝယ်တာပဲဖြစ်ဖြစ်၊
သီချင်းတစ်ပုဒ် ညည်းဆိုတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားကြည့်တာပဲ ဖြစ်ဖြစ်၊
လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ် လုပ်ချင်တာကို လုပ်လိုက်ပါ။
(၃)
တစ်ဘက်သားကို အပြုံးနဲ့ကြိုပါ။ ကောင်းတာလေးတွေ လုပ်ပေးလိုက်ပါ။
(၄)
ကျန်းမာရေး လိုက်စားပါ။
(၅)
ကျန်းမာတဲ့ အဟာရအစားအစာကို စားပါ။
(၆)
စိတ်ညစ်၊ စိတ်ရှုပ်စရာအတွေးတွေကနေ အာရုံပြောင်းပါ။
(၇)
ပက်ပက်ဟက်ဟက် အော်ရယ်လိုက်ပါ။ ဒါမှမဟုတ် သီချင်းကျယ်ကျယ် အော်ဆိုလိုက်ပါ။
(၈)
ကိုယ့်ကိုယ် လှလှပပ၊ သန့်သန့်ရှင်းရှင်း ပြင်ဆင်ပါ။ သင့်စိတ်ဓာတ်ကို
လန်းဆန်းစေပါတယ်။
(၉)
မပြောင်းလဲတဲ့ နေ့စဉ်ဘဝ၊ အကျင့်ကို ပြောင်းလဲကြည့်ပါ။ သင့်ဘဝကို
အရောင်စုံလေးတွေနဲ့ တောက်ပဆန်းကြယ်ပါစေ။
(၁ဝ)
ကိုယ့်ကိုယ်ပျော်ရွှင်စေသူနဲ့ ပေါင်းဖက်ပါ။ သူတို့က သင့်ရင်ထဲကို ပျော်ရွှင်မှုတွေ
ဖြည့်ပေးပါလိမ့်မယ်။
(၁၁)
ရယ်မောစရာ ဟာသကားတွေကြည့်ပါ။ စာတွေဖတ်ပါ။
ပျော်ရွှင်
ရယ်မောစရာတွေနဲ့ ရင်ထဲက စိတ်ရှုပ်စရာ အဖုအထစ်တွေကို ဖြည်တာဟာ တခြားဆေးဝါးတွေထက်
ပိုစွမ်းပါတယ်။
(အခုတလောဖတ်ဖြစ်နေတဲ့
"ကိုယ့်ကိုယ်ကို အကောင်းဆက်ဆံနည်း" စာအုပ်ထဲက ဘာသာပြန်ထားတာ ဖြစ်ပါတယ်)
No comments:
Post a Comment