လင်မယားနှစ်ယောက်
အိမ်ထောင်သက်နှစ်(၃ဝ)ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမကို လေသံအေးအေးနဲ့
"မိန်းမရေ... ငါတို့လက်ထပ်ခဲ့တာ နှစ်(၃ဝ)ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။
ဒါကြောင့် နောက်တစ်ပတ်ကစပြီး နင့်ကိုရာထူးတိုးပေးမယ်" လို့ပြောတယ်။
ယောက်ျားရဲ့အပြောကိုကြားတော့
မိန်းမက ဝမ်းသာအားရနဲ့ "ဘာရာထူးတိုးပေးမလို့လဲ?" မေးတယ်။
"အင်း....
နောက်တစ်ပတ် ငါမယားငယ်ယူမလို့၊ အဲတာ နင့်ကို မယားကြီးရာထူးပေးမယ်" ဆိုပြီး
ရက်မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။
ဒါနဲ့
မယားကြီးက ယောက်ျားကို "ရှင်က မယားငယ်ယူပြီဆိုတော့ ညအိပ်တဲ့အခါ
ဘယ်လိုစီစဉ်ထားသလဲ? တစ်ရက်ခြားစီ အိပ်မှာလား? သေချာကြိုပြောထားနော်။ ကျွန်မက
ငြင်းခုန်ရန်ဖြစ်တာမျိုး မလိုချင်ဘူး။ ပြီးတော့ တရားမျှမျှလုပ်နော်။ တနင်္ဂနွေနေ့ကို
ရှင့်နားရက်လို့ သတ်မှတ်လိုက်မယ်"
ယောက်ျားက
ခဏလောက်စဉ်းစားပြီး "အင်း... ညစာစားတဲ့အချိန် ငါဝိုင်နီသောက်ခဲ့ရင်
မယားငယ်နဲ့အိပ်မလို့။ တကယ်လို့ ဝိုင်ဖြူသောက်ခဲ့ရင် နင်နဲ့အိပ်မလို့...
အဲလိုပဲမှတ်လိုက်။ ဒီညက သူနဲ့ယူစဆိုတော့ ငါ ဝိုင်နီသောက်မယ်ကွာ" လို့
ပြောတယ်။
မင်္ဂလာညမို့
မယားကြီးကလည်း ယောက်ျားကို မနှောင့်ယှက်ချင်တာနဲ့ ဘာမှမပြောဘဲ စူပုတ်ပုတ်နဲ့
ကိုယ့်အခန်းထဲဝင်သွားခဲ့တယ်။
နောက်တစ်နေ့
ညစာစားတော့ မယားကြီးက ယောက်ျားကိုမေးတယ်။
"ကဲ...
ဒီည ဘယ်လိုလဲ?"
"အင်း..
မနေ့ညက သောက်ထားတဲ့ ဝိုင်နီကတစ်ဝက်ကျန်သေးတယ်။ မသောက်ဘဲ ဒီအတိုင်းထားရင်
အရသာပျက်သွားတတ်တယ်။ နှမြောစရာကြီး.. ဒီညလဲ ငါဝိုင်နီသောက်ပါရစေနော်"
အဲဒီလိုနဲ့
ယောက်ျားကို ဝိုင်နီပေးသောက်လိုက်ပြန်တယ်။ တတိယညရောက်တော့ မယားကြီးက မေးပြန်တယ်။
"ကဲ...
ဒီညရော!"
"ဝိုင်နီကသောက်လေ
အရသာတွေ့လေပဲ။ ဒါကြောင့် ဒီညလဲ ငါဝိုင်နီသောက်ချင်တယ်ကွာ"
ယောက်ျားစကားနားထောင်ပြီး
မယားကြီးကဒေါသထွက်ထွက်နဲ့ ယောက်ျားကို ခပ်ပြင်းပြင်းတစ်ချက် ရိုက်ပစ်ပြီး
ပြောလိုက်တယ်။
"ဟဲ့..
အဘိုးကြီးစုတ် .. ရှင်က "ဝိုင်ဖြူ"ကို မသောက်ဘဲနေတော့မလား? ဘာလဲ
"ဝိုင်ဖြူ" ကို "ဧည့်သည်တွေ ဧည့်ခံဖို့အတွက်" ထားထားတာလား!"
ဟူတည်း။
No comments:
Post a Comment