အမေရိကန်
Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့
နှစ်တွေက ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက
ကမ္ဘာပေါ်ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို
အချိုးချကြည့်တာပဲဖြစ်တယ်။
ကမ္ဘာပေါ်ရှိသမျှ
လူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အချိုးချကြည့်တဲ့အခါ......
၁)
အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊
အာဖရိကလူမျိုး ၈ယောက်
၂)
ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်
၃)
လူဖြူအယောက် ၃ဝ၊ အခြားအရောင် ၇ဝယောက်
၎)
ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်
၅)
လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်
၆)
၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက
အမေရိကားသားတွေဖြစ်တယ်။
၇)
ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ
၈)
စာမတတ်သူ ၇ဝ ယောက်
၉)
အာဟာရမပြည့်ဝသူ ၅ဝယောက်
၁ဝ)
သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁)
ဘွဲ့ရသူ ၁ယောက်
၁၂)
ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်
ချုံ့လိုက်တဲ့
လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊
ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေလိုကြောင်းကို ကျွန်တော်တို့
ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက....
အကယ်၍
သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစား
ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍
သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ
နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ
သန်း၅ဝဝထက် သင်ဟာ ကံကောင်းတဲ့သူ ဖြစ်ခဲ့လို့ပါပဲ။
အကယ်၍
သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းအဆီး
မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၃ဝဝဝထက် သင်ဟာ
လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍
သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ
အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက်
ချမ်းသာနေလို့ပါပဲ။
အကယ်၍
သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍
သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင်
သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို
သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ သန်း၂ဝဝဝဟာ
စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက်
စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောက
ဖြစ်နေစရာမလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ... လူတွေကို အကြင်နာဖြန့်ပါ။ စိတ်ကို
ပျော်ရွှင်အောင်ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့သံစဉ်ကိုဟစ်အော်ပြီး
လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ကြပါ။
No comments:
Post a Comment