၂ဝ၁ဝခုနှစ်
ဇန်နဝါရီလ(၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာမှာ "အချစ်စစ်ရဲ့
အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ကျွန်မဖတ်ခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ
Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့
အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ
လေ့လာဆန်းစစ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ ဒေတာပြုစုပြီး
ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။
နောက်ဆုံးရလာတဲ့ရလဒ်မှာ
အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက (၃)နှစ်ထက် မကျော်ကြောင်း တွေ့ရတယ်။
လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့ နှလုံးခုန်သံ မြန်မမြန်၊
လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ဘူး။
အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅
ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း
အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၂ပုံသာရှိခဲ့ကြတော့တယ်။
တစ်ဆက်တည်းမှာပဲ
ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့
၁ပုံ လျော့နည်းသွားတာ တွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့
နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက်
(၁)နဲ့(၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။
ဒါကြောင့်
ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ
လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေး
လျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။
ကျွန်မထင်ပါတယ်..
အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်က
ချစ်သူ၊ ညားကာစဆိုတာထက်ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက်
ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ
လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့
တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။
အချစ်ဆိုတဲ့စာလုံးကို
နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။

愛,拆開來是<span class=" fbUnderline">心</span>和<span
class=" fbUnderline">受</span>兩個字。用心去接受對方的一切,用心去愛對方的所有。
တရုတ်စာလုံး
(愛= ai) အချစ်ကို ဖြည်ကြည့်တဲ့အခါ (<span class="
fbUnderline">心</span>)နှလုံးသားနဲ့ (<span class="
fbUnderline">受</span>)လက်ခံဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။ တစ်ဘက်သားရဲ့အရာရာကို
နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ
အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။
ချစ်နိုင်ကြပါစေ...
No comments:
Post a Comment