ဇနီးရဲ့
ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
၁)
မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
၂)
သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
၃)
သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
၎)
ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
၅)
ကလေးကို ကျောင်းပို့ပါ
၆)
သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၇)
အင်္ကျီကူခေါက်ပါ
၈)
မွေးနေ့လက်ဆောင်ပေးပါ
၉)
အိမ်စရိတ် ကူညီထောက်ပံ့ပါ
၁ဝ)
ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ
ခင်ပွန်းရဲ့
ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
၁)
အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
၂)
သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
၃)
ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
၎)
သူ့စိတ်လိုအင်ကို ဖြည့်ပါ
၅)
မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
၆)
သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
၇)
အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
၈)
သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
၉)
ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
၁ဝ)
သူ့မိဘကို ပြုစုစောင့်ရှောက်ပါ
ချစ်သူရဲ့
ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
၁)
သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
၂)
သူ့ကိုအလေးထား ဂရုစိုက်ပါ
၃)
ခွင့်လွတ်နားလည်မှုတွေ ပေးပါ
၎)
သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
၅)
သူပြောချင်တာကို နားထောင်ပေးပါ
၆)
နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
၇)
ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့် ရင်ထဲမှာ
အမြဲထည့်ထားပါ
၈)
စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
၉)
သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
၁ဝ)
သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ
သူငယ်ချင်းရဲ့
ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
၁)
သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
၂)
သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
၃)
သူအခက်ခဲကြုံချိန်မှာ ကူညီပါ
၎)
သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
၅)
သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
၆)
သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
၇)
မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
၈)
စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
၉)
ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
၁ဝ)
ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ
လူ့ဘဝက
ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊
ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။
ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက -
ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ
ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။
No comments:
Post a Comment