သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ
အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ
ခက်ခဲတဲ့ Decision
တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ
ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့
နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့
လာပါတော့တယ်။
အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ
ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း
(၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား
ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့
ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက်
အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။
အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း
ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက်
သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ
စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း
ဆွဲနှုတ်ပြန်ပါတယ်။
တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့
အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather
တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။
(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့
ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို
နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို
ခေါ်ဆောင် သွားပါတော့တယ်။
ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့
လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို
ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး
သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး
ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။
ဒီဘ၀သစ်တစ်ခု စဖို့အတွက်
ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့
ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို
ပြန်သွားနိုင်မှာပါ။
နောက်ထပ် သက်တမ်းကြာကြာ
ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea
အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို
လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့
အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား
Inner Potential
တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။
တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ
နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today
is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး
သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း
ပြောင်းလဲသွားမှာပါ။
အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား
ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက်
တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊
ဝန်ခံစရာ
ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။
ပြောင်းလဲစရာ ရှိတာကိုလည်း
နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊
အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။
ကျွန်တော်အကြိုက်ဆုံး
"Secrets
of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။
ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ
ရရှိနိုင်ကြပါစေဗျာ။
"If
you want to change the fruits,
You
will first have to change the roots."
"If
you want to change the visible,
You
must first change the invisible."
No comments:
Post a Comment