Monday, September 29, 2014

အားဆေး (၁၀) မျိုး

စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ
(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။
(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာဝရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။
(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။ အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲ ဆိုရင် ရင်ကော့ပြီး ရင်ဆိုင်ပစ်လိုက်ပါ။
(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကို သင်ဆက်လျှောက်ပါ။ လမ်းမှာဟောင်သမျှ ခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့ ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။
(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊ ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင် ဝေးဝေးကရှောင်ပါ။ ထိုသုံးမျိုးက သင့်ကို သွေးမျက်ရည်ကျစေနိုင်ပါတယ်။
(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊ သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။ ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။
(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။ ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးလိမ့်မယ်။
(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။ ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့ ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊
ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။
(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေ မဖြစ်ပါစေနဲ့။ မလုပ်သင့်မှန်းသိရက်နဲ့ ခဏပျော်ဖို့ကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။
(၁၀) သင့်မျက်နှာမှာ အပြုံးတစ်ပွင့် တပ်ဆင်လိုက်ပါ။ အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်
တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်ရင်ထဲ ဝမ်းနည်းနာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့မယ်ဆိုရင် သင်ဟာ ရင့်ကျတ်သူဖြစ်လာပါပြီ။
သင်သာလျှင်လောက၌ အမြင့်မြတ်ဆုံး
လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည့် ဆိုးတဲ့ စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။ မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ စဉ်းစားချိန်ထိုးနိုင်ဖို့ ဒီစာလေးကို ရေးသားပေးလိုက်ပါတယ်။
Yangon Life မိတ်ဆွေတွေအားလုံး စိတ်ဖိစီးမှုတွေလျော့ကျပြီး
ပျော်ရွှင်နိုင်ကြပါစေ….....
credit to - Internet
စုစည်းတင်ပြသူ - Lily

Sunday, September 21, 2014

အိမ်ထောင်ရေးအတွက် အကြံပေးချက်


တယောက်နဲ့တယောက်ချစ်ကြလို့ လက်ထပ်ခဲ့ကြတာပါ။လက်ထပ်ပြီးတော့မှ မချစ်ကြတော့တာဟာ ဘာကြောင့်လဲ။
ကိုယ့်ရဲ့ချစ်သူနဲ့ တသက်လုံး ချစ်ချစ်ခင်ခင် နေထိုင်သွားနိုင်ရန်အတွက် ဒီအကြောင်းလေးကို တင်ပြပါရစေ။
Gerald Rogers ဟာ ၁၆နှစ်ကြာ ပေါင်းသင်းလာသော သူ့၏ အမျိုးသမီးနှင့် ကွာရှင်းခဲ့ရသူပါ။ အဲဒီအတွက် ပူဆွေးသောကရောက်ခဲ့ရပါတယ်။
သူ့ရဲ့ရင်ထဲက ခံစားချက်တွေ နောင်တတွေကို အခြားသောသူတွေလည်း မကြုံတွေ့စေရန် ရည်ရွယ်ပြီး အိမ်ထောင်ရေးအတွက် အကြံပေးစာလေးကို ရေးခဲ့ပါတယ်။
သူ့ရေးသားခဲ့တဲ့စာလေးတွေက Facebook မှာ ၁လအတွင်း စာဖတ်ပရိသတ် ၁သိန်း၎သောင်းကျော် Share လုပ်ခဲ့တယ်လို့သိရပါတယ်။
၀၁. ချစ်တယ်ဆိုတဲ့အကြောင်း သွားလာဖို့ မမေ့နဲ့
အမျိုးသမီးက ကိုယ့်ရဲ့အနားမှာရှိတယ်ဆိုတာကိုမေ့မနေပါနဲ့။ သမီးရည်းစားဘဝတုန်းကလို သွားသွားလာလာရှိဖို့လဲ အရေးကြီးပါတယ်။
လက်ထပ်တုန်းကတော့ သူ့ကို တသက်လုံးစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတာကို မမေ့ပါနဲ့။
၀၂.သူ့အတွက် နေရာလေးချန်ထားပါ
သူ့ကိုစောင့်ရှောက်ရမဲ့တာဝန်တခုတဲ့တော့မဟုတ်ပါ။သူ့အတွက်စိတ်ထဲမှာလည်း တနေရာပေးထားလိုက်ပါ။
အလုပ်တွေ လူမှုရေးကိစ္စတွေနဲ့ ဘယ်လောက်ပဲရှုပ်ထွေးနေပစေ သူ့နေရာလေးကိုတော့ ဘယ်သူ့မှမဝင်မခံပါစေနဲ့။
၀၃.ချစ်ပြီးရင်းချစ်ပါ
လူဆိုတာ အချိန်နှင့်အမျှပြောင်းလဲနေပါတယ်။လက်မထပ်ခင်အချိန်တုန်းကနဲ့ လက်ထပ်ပြီးသွားတဲ့အချိန်မှာ ကိုယ်ရဲ့အခြေအေနေက တူနေမယ်လို့မထင်ပါ။
ဒါကြောင့်လည်းသမီးရည်းစားဘဝတုန်းကလိုသူ့အတွက်ဆိုရင်ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့အချစ်တွေကိုမမေ့ပဲ ပစ္စပန်မှာလည်း တူညီသောအချစ်တွေကိုပေးနိုင်ဖို့ကြိုးစားပါ။
၀၄.သူရဲ့ကောင်းသောအချက်ကလေးတွေကိုမမေ့ပါနဲ့
သူ့ရဲ့ကောင်းချက်ကလေးတွေကို ဂရုတစိုက်ကြည့်ထားသင့်ပါတယ်။လူဆိုတာ လူတယောက်ရဲ့မကောင်းတဲ့အချက်ကို အရင်မြင်တတ်ပါတယ်။
သူ့ရဲ့မကောင်းတဲ့အချက်တွေကိုပဲ စဉ်းစားနေရင်တော့ ရေရှည်မှာမကောင်းပါ။
၀၅.သူ့ရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့မကြိုးစားပါနဲ့
ကိုယ်လိုချင်တဲ့ပုံစံမျိုးကို ပုံသွင်းတာမျိုးမလုပ်သင့်ပါ။လူဆိုတာ အားလုံးပြီးပြည့်စုံနေတယ်ဆိုတာမရှိတဲ့အတွက်သူရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့လုပ်တယ်ဆိုတာဟာ သင့်အလုပ်မဟုတ်ပါ။
သူကိုရှိတဲ့အတိုင်းပဲချစ်တယ်ဆိုတာလည်း မင်္ဂလာတပါးပါ။
၀၆. ကိုယ့်ရဲ့တာဝန်ကိုသိပါ
အိမ်ထောင်ရေးဘဝကို သာယာအောင်လုပ်ဖို့အတွက် သူ့မှာပဲ အားလုံးတာဝန်ရှိတာမဟုတ်ပါ။ ကိုယ့်မှာလည်းတာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။
၀၇.သူ့ကို အပြစ်သိပ်မတင်ပါနဲ့
ဘယ်လောက်ပဲဒေါသထွက်ထွက် သူ့ကို အပြစ်သိပ်မတင်သင့်ပါ။ဒေါသထွက်နေတယ်ဆိုတာ အကြောင်းကြောင်းကြောင့်ဖြစ်ပင်မဲ့ ဒေါသကြောင့်မမှားကို မပြုလုပ်သင့်ပါ။
၀၈.သူ့ရဲ့စိတ်ကို နားလည်ပေးပါ
သူကစိတ်ဆိုးနေတာကို ချော့ဖို့သင့်ရင်ချော့ရမှာပါ။သူ့မှာဖြစ်နေတဲ့ပြဿနာကို နားထောင်ပြီး နှစ်သိမ့်ဖို့လည်းလိုပါလိမ့်မယ်။သူစိတ်ဆိုးနေတာက အလုပ်ရှုပ်တယ်ဆိုပြီး ရှောင်မထွက်သွားသင့်ပါ။
၀၉.ပျော်တတ်ဖို့လိုပါတယ်
ကိုယ်ကိုတိုင်လည်း ပြုံးပြုံးပျော်ပျော်နေတတ်ဖို့လိုပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် ပြုံးသင့်လျှင်ပြုံး ပျော်သင့်လျှင်ပျော်မှသာလျှင် အိမ်ဆောင်ရေးအဆင်ပြေမှာပါ။
၁၀.သူ့ရဲ့လိုအပ်ချက်ကို ဖြည့်စီးပေးပါ
သူ့မှာတော့ မောင်ကချစ်မှချစ်ပါ့တော့မလားလို့တွေးရင်လည်း တွေးနေတတ်ပါတယ်။ သူ့မှာဘာလိုအပ်နေလည်း ဘယ်လိုလုပ်ရမလဲမသိရင် တိုက်ရိုက်မေးသင့်ပါတယ်။
၁၁. သူအတွက် အချိန်ပေးပါ
လက်ထပ်ပြီးတဲ့အချိန်ကနေ အလုပ်ကများ လူမူရေးကများနဲ့ သူ့အတွက်အချိန်ကို မပေးနိုင်တာရှိပါတယ်။ သူနဲ့ရှိနေချိန်မှာ သူ့အတွက် အချိန်ကို အားလုံးပေးနိုင်ရင်ကောင်းပါတယ်။
၁၂.သူ့ကမိန်းကလေးဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့
ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘာတွေပြောင်းလဲပြောင်းလဲ သူကိုမိန်းကလေးတယောက်လို ဆက်ဆံသင့်ပါတယ်။သူ့အတွက်လည်းကိုယ်ဟာဆွဲဆောင်မူရှိတဲ့ယာင်္ကျားကောင်းတယောက်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါတယ်။
၁၃. အမှားကို လက်ခံပါ
ကိုယ့်မှာလည်း အမှားရှိသလို သူ့မှာလဲ အမှားရှိပါတယ်။ သူ့ရဲ့အမှားကိုမဲပြီး အပြစ်တင်တာကို မလုပ်ပါနဲ့။
၁၄.သူအတွက် အေးအေးဆေးဆေးနေနိုင်တဲ့နေရာလေးရှိပါစေ
သူ့မှာ နေ့စဉ်နှင့်အမျှ အိမ်ကိစ္စနဲ့ပဲအလုပ်ရှုပ်နေတတ်ပါတယ်။ကလေးရှိတဲ့သူဆိုရင်တော့ပိုဆိုးရောပေါ့။
ကိုယ်တယောက်တည်းမဟုတ်ပဲသူ့အတွက်လည်းစိတ်ပြေလက်ပျောက်နေနိုင်မဲ့နေရာလေးကို ထားပေးသင့်ပါတယ်။
၁၅.ကိုယ်ရဲ့အားနည်းချက်ကို ပြောဖို့လည်းဝန်မလေးပါနဲ့
ယောင်္ကျားဆိုတော့ ကိုယ်ရဲ့အားနည်းချက်ကို ထုတ်ပြောဖို့ဝင်လေးတတ်ပါတယ်။အချို့ပြဿနာဆိုတာ ကိုယ်တယောက်တည်း မဖြေရှင်းနိုင်တဲ့အခါရှိပါတယ်။အဲဒီအချိန်မှာ ကိုယ့်ရဲ့လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။
၁၆. သူအပေါ်မှာ ဟန်မဆောင်ပါနဲ့
တယောက်အပေါ်တယောက် ပွင့်ပွင့်လင်းလင်းရှိဖို့လိုပါတယ်။ ဟန်ဆောင်တာတွေ လိမ်ညာတာတွေရှိလာရင်တော့ မကောင်းပါ။
၁၇.နှစ်ယောက်အတူတူ ဘဝကို တိုးတတ်အောင်ကြိုးစားပါ
ဘဝရည်မှန်းချက်ဖြစ်ပါစေ၊ ဝါသနာပါတဲ့အရာပဲဖြစ်ပါစေ နှစ်ယောက်အတူတူတိုင်ပင်ပြီး လုပ်သင့်ပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် နားလည်မူရှိလာနိုင်သလို အိမ်ထောင်ရေးလည်း သာယာလာပါလိမ့်မယ်။
၁၈.ပိုက်ဆံအတွက် နားမပူပါနဲ့
ပိုက်ဆံဆိုတာဟာ ဂိမ်းတခုနဲ့တူပါတယ်။လင်မယားနှစ်ယောက် အတူတူဘဝဂိမ်းကိုအောင်မြင်အောင် ကြိုးစားရမှာပါ။မသေမချင်း ပိုက်ဆံဆိုတာကို ရှာဖွေနိုင်ပါတယ်။
ပိုက်ဆံမရှိလို့ဆိုပြီး ပြောနေမဲ့အစား သူနဲကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို တိုင်ပင်သင့်ပါတယ်။
၁၉.ခွင့်လွတ်တတ်ဖို့လိုပါတယ်
အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို အစွဲထားပြီး ထပ်ခါတလဲလဲ ပြန်ပြောတာမျိုးမလုပ်သင့်ပါ။ခွင့်လွှတ်သင့်တာကို ခွင့်လွတ်ပြီး ရှေ့ဆက်လျှောက်ဖို့သာ အရေးကြီးပါတယ်။
၂၀. အချစ်ကိုရွေးပါ
ဘဝမှာ ဆုံးဖြတ်ရခက်တဲ့အချိန်တွေဟာ အများကြီးပါ။ အဲဒီအချိန်မှာ အချစ်ရှိသောနေရာကို ရွေးရင်တော့ မမှားဘူးလို့ထင်ပါတယ်။
ဒီစာလေးဟာ အိမ်ထောင်သည်တွေအတွက်ပဲမဆိုလိုပါ။မကြာခင်လက်ထပ်မဲ့သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ယောင်္ကျားလေးဘက်ကရေးထားပင်မဲ့ ပြောင်းပြန်စဉ်းစားရင်လဲ
မိန်းကလေးတွေအနေနဲ့လည်း ဖတ်လို့ရပါတယ်။
Chelmo Team
Ref. Buzz News

Saturday, September 20, 2014

စကားကြီး(၁၀)မျိုး၊ စကားအင်္ဂါ (၁၀)ပါး

မြန်မာမှု နယ်ပယ်တွင် စကားအရာ၌ ကျွမ်းကျင်လိမ္မာ၍ ထိရောက်မှု ရှိစေရန် စကားပြောနည်း ဆယ်မျိုး သတ်မှတ်ထား၏။
1 ရေကူးညာတင် ပြောနည်း
2 ကောက်ပင်ရိတ်လှီး ပြောနည်း
3 ရေစီးဖောင်ဆန်ပြောနည်း
4 အိုးတန်ဆန်ခတ် ပြောနည်း
5 ဆီပွတ်ကျည်ပွေ့ ပြောနည်း
6 ဆင်ဝှေ့ရန်ရှောင် ပြောနည်း
7 တောင်သူ ယာခုတ် ပြောနည်း
8 ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
9 ရေစစ်ကရားပြောနည်း
10 ခက်တင်မောင်းနင်း ပြောနည်း
(၁) ရေကူးညာတင် ပြောနည်း
မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည့်အခါ မြစ်ညာဘက်မှ စ၍ ကူးမှသာ လိုရာသို့ ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောနည်းကို ဆိုလိုသည်။
(၂) ကောက်ပင်ရိတ်လှီး ပြောနည်း
ကောက်ပင်ရိတ်လှီး ပြောနည်း စပါးရိတ်သည့်အခါ တစ်နိုင်စာ ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးမှ အခြားတစ်ဖက်က တံစဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသလို စကားပြောသည့်အခါလည်း တစ်ဖက်လူ၏စကား သိမ်းကြုံး ဖမ်းယူပြီးမှ အခြေအမြစ်ကို ကိုင်၍ ပြောနည်းသည် ကောက်ပင်ရိတ်လှီး ပြောနည်း ဖြစ်သည်။
(၃) ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည်လိုအပ်သမျှကို တင်ဆောင်၍ ဖြည်းညင်းစွာ ဆန်တက်သဖြင့် လိုရာခရီးကို ရောက်သလို စကားအရာတွင်လည်း ဥပမာ ၊ ဥပမေယျတို့ဖြင့် ဖြည်းညင်းစွာ လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။
(၄) အိုးတန်ဆန်ခတ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန် တန်ရုံ အနေတော်ထည့် ချက်မှ နူးနပ်စွာ စားသုံးရသလို စကားကို မယုတ်မလွန်နှင့်
လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။
(၅) ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ် ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား အောင်မြင်အောင် အထပ်ထပ်ပြောခြင်းမျိုးကို ခေါ်သည်။
(၆)ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်အလိုက်ခံရသည့်အခါ လွတ်ရာရှောင်ပြေးလျှင် ဆင်ဝှေ့မည့် ရန်မှ လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်မည့် စကားကို ရှောင်လွှဲ ပြောဆိုခြင်း ဖြစ်သည်။
(၇)တောင်သူ ယာခုတ် ပြောနည်း
တောင်သူတို့သည် တောင်ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံကလေးများကို အရင်ရှင်းပြီးမှ သစ်ပင်ကြီးများကို ရှင်းသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာ ပြောပြီးမှ စကားကြီးများ ပြောခြင်းဖြင့် အနိုင်ယူသောနည်း ဖြစ်သည်။
(၈)ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ တကယ်ခွပ်သလို စကားအရာတွင်လည်း သူ့အလိုကို ဦးစွာလိုက်၍ ပြောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းဖြစ်သည်။ ရေစစ်ကရားပြောနည်း ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့်ပိတ်၍ ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဘက်လူ၏ စကား ပိတ်မိအောင် ဖိ၍ ပြောခြင်းကို ခေါ်သည်။
(၉)ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို ၊ မဟုတ်ဟုလည်း မငြင်းပဲ မတင်မကျ ပြောသော စကားကို ခေါ်သည်။
စကားအင်္ဂါ (၁၀)ပါး
အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေးကျင့် ပေးသင့်ကြရပါမည်. . . .
(၁)အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
(၂)မှန်သောစကားကိုသာ ပြောဆိုခြင်း။
(၃)အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
(၄)အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။ (၅)ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
(၆)ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
(၇)စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
(၈)စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
(၉)စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
(၁၀)စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ (၁၁)ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။
အထက်ပါ စကားကြီး (၁၀)ခွန်း ၊ စကားအင်္ဂါ (၁၀)နှင့်ပြည့်စုံတတ်ကျွမ်းပါက နှစ်လိုဖွယ် အောင်မြင်ကြောင်း စကားပြောတတ်သူတစ်ယောက် ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

``သန်းကြွယ်သူဌေးအစစ်´´

အဖိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေလမ်းလျှောက်နေတဲ့ တစ်နေ့ မှာပေါ့။ အဖိုးအိုဟာ လမ်းမှာ လူငယ်တစ် ယောက် နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဖိုးအိုကမေးလိုက်တယ်။ ” ကလေး.. မင်းဘာဖြစ်နေတာလည်းကွ..ဟေ။ မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဖိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဖိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
” ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။ နေစရာ အိမ်လည်းမရှိ။ သား မယားဆိုတာကတော့ ဝေလာဝေး။ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့။ ရေသောက် ဘိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ။ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ” ..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဖိုးအိုက ပြုံးရယ်ပြီး..
” မင်းက.. တကယ့် ငတုံး အရူးဘဲကွ..ဟေ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး။ ဘာလို့လည်း ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးလို့ဘဲကွ “
လူငယ်လည်း အဖိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ” ဘာလို့လည်းအဖိုးရ။ အဖိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။
” အေးလေကွာ။ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်..မင်းမသိဘူးလား ” လို့ အဖိုးအိုက ပဟေဌိ ဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။
ဒီတော့ လူငယ်က ” သန်းကြွယ် သူဌေး ဟုတ်လားအဖိုး..? ကျွန်တော့်လို ကောင် ငမွဲကို အဖိုးက လှောင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဖိုးက ..
” မင်းကို ငါဘယ်လှောင်ရက်ပါ့မလည်းကွယ်။ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ။ ဖြေကြည့်စမ်းပါဦး ” အဖိုးအိုက ဒီလိုလည်းပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။
” ဘယ်လို မေးခွန်းများလည်းခင်ဗျာ။ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”
အဖိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။
” မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်။ မင်းငါ့ထက် ပိုအိုသွားမှာပေါ့ကွာ။ မင်းရောင်းဖို့ သဘောတူမလား ” ။
လူငယ်က ခေါင်းခါပြီး ” သဘောမတူဘူး ” လို့ ပြောလိုက်တယ်။
” ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား ” ။
” ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးအဖိုး “လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။
” ဒါဆို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်။ မင်းကတော့ ငါ့လို အရည်တွန့် မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့ ။ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က ” လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘော မတူနိုင်ဘူး အဖိုး ” လို့ ပြောလိုက်တယ်။
” အင်း.. နောက်ထပ်နှစ်သိန်း တိုးပေးမယ်။ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဥာဏ်တွေ ငါဝယ်ယူမယ်။ ဘယ့်နှယ့်လဲ ” လို့ပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး ” အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ ” လို့ ပြောပြီး လှည့်ထွက် သွားမလို့လည်း လုပ်ရော အဖိုးအိုက…
” ခဏလေး နေပါဦးကွယ်။ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်။ မင်း လူတွေကို သတ်ပေးရမယ်။ အိမ်တွေကို မီးတင်ရှို့ပေးရမယ်။ မင်းရဲ့ စိတ်ကောင်း နှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့။ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ပြောပြန်တယ်။
ဒီတော့ လူငယ်က ” ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဖိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။
” အေးကွယ်.. ကောင်းပါပြီ။ စောစောက မင်းကို အဖိုး ဆယ်သိန်းဈေးပေးပြီး ၀ယ်ပေမယ့် မင်းကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း။ မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား။ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့။ ပြောစမ်းပါဦး။ “
အဖိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဥာဏ်ထဲ လင်းကနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေး တဲ့ အဖိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာဘဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။
အဲ့ဒီ အချိန်ကစပြီး လူငယ်ဟာ ဘယ်တော့မှ သက်ပြင်းချ ညည်းတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀ တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့တယ်။
တကယ်တော့ လူ့ဘ၀ရဲ့ တန်ဖိုးအစစ်အမှန်ဟာ ဥစ္စာဓနတွေ မဟုတ်ပါဘူး။ နုပျိုကျန်းမာတဲ့ အရွယ်မှာ စိတ်ပျက် အားငယ် နေစရာမလိုဘဲ အားမာန်အပြည့်နဲ့ ကြိုးစားဘို့လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာဆိုတာ ကြိုးစားမှု့က၆၀ % ပံ့ပိုးမှု က ၂၀% ကံတရားက ၂ဝ% လောက်နဲ့ဘဲ ကျွန်တော်က အချိုးချချင်ပါတယ်။ ပံ့ပိုးမှု ၂ဝ% မရနိုင်ရင် ကြိုးစားမှု့ကို ၈၀ %လောက်ရှိအောင် ဖြည့်ယူရပါမယ်။ ပံ့ပိုးမှုရော ၊ ကံတရားရော မရခဲ့ရင်ရော ဘာလို့ ကျွန်တော်တို့ ၁ဝဝ% ကြိုးစားအားထုတ်လို့ မရနိုင်ရမှာလည်း။ ကျွန်တော်တို့မှာ ခြေလက် အင်္ဂါင်္တွေ အစုံအလင်ရှိတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ထားကြတယ်။ ထိုက်သင့်တဲ့ ဥာဏ်ပညာတွေလည်း ရှိနေတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေရှိနေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရင် အလုပ်တစ်ခုဟာ မလုပ်ခင်က ကို တစ်ဝက် ပြီးမြောက်နေသလိုပဲ ကျွန်တော်ခံစားရတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ဘာလို့အကောင်အ
ထည် မဖော်နိုင်ရမှာလည်းနော်။ စိတ်ပျက် အားငယ်စရာမလိုဘဲ ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြနိုင်ရမှာပေါ့နော်။ ကြိုးစားမှု၊ အားထုတ်မှု
ကိုတော့ ဘယ်တော့မှ အရှိန်မရပ်သင့်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ ငွေကြေးတန်ဖိုးနဲ့ ဝယ်ယူလို့ မရနိုင်တဲ့ ကျန်းမာရေး၊ နုပျိုမှု နဲ့ ဥာဏ်ပညာတွေသာ ဘဝအတွက် အမှန်တကယ်လိုအပ်တဲ့ တန်ဖိုးအစစ် အမှန်တွေဘဲ မဟုတ်ပါလား ခင်ဗျာ . . . ။
ဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျကြပါစေ။
Credit - Original Writer

Five Lost Men

Five Lost Men

Five wise men got lost in the forest.
The first one said:
- I will go left – my intuition tells me that.

The second one said:
- I will go right – there is a reason why right comes from the word rightness.

The third one said:
- I will go back – we came from there, it means I will go out from the forest.

The fourth one said:
- I will go straight – we should move forward, the forest will end and something new will open.

The fifth said:
- You are all wrong. There is a better solution. Wait for me.
He found the tallest tree and climbed into it. While he was climbing everyone else scattered towards their own sides. From above he saw where they should go to leave the forest faster. Now he could even see in what order the other wise men will reach the end of the forest. He climbed higher and saw the shortest way. He understood the problem and found the best solution! He knew that he did everything right. And the others were wrong. They were stubborn and they didn’t listen to him. He was the real Wise Man!
But he was wrong.

Everyone was right. The one who went left, found himself in the thicket. He had to starve and fight with wild animals. But he learned how to survive in the forest; he became a part of the forest and could teach others the same.

The one who went right, met thieves. They took everything from him and made him steal with them. But after some time, he had woken up something in those thieves that they have forgotten – humanity and compassion. The remorse was so strong in some of them, that after his death they also became the wise men.
The one who went back, made a pathway through the forest, which soon became a road for those who wanted to walk in the forest without being afraid of getting lost.

The one who went straight, became a pioneer. He visited the places where no one else was and opened wonderful new possibilities for people, amazing healing plants and magnificent animals.

The one who climbed into the tree, became a specialist of finding short ways. People turned to him when they wanted to find the fastest way to deal with their problems, even if it didn’t lead to any development. This is how the five wise men reached their destiny.

LESSON

A bad decision is better than none. Friends, always Decide which of the two options is harder, and do the other. That way, no matter how hard your choice turns out to be, at least you can find comfort in knowing you're avoiding something even worse.
If you obsess over whether you are making the right decision, you are basically assuming that the universe will reward you for one thing and punish you for another.

The universe has no fixed agenda. Once you make any decision, it works around that decision. There is no right or wrong, only a series of possibilities that shift with each thought, feeling, and action that you experience.

If this sounds too mystical, refer again to the body. Every significant vital sign- body temperature, heart rate, oxygen consumption, hormone level, brain activity, and so on- alters the moment you decide to do anything… decisions are signals telling your body, mind, and environment to move in a certain direction.
Trust your instincts, and make judgments on what your heart tells you. The heart will not betray you.


လက်ဦးဆရာများ

ဒေါ်ကေဆိုင်းရော် (MBC)
- မူကြိုကို ရောက်လာတဲ့ ကလေးတွေထဲမှာ ဆင်းရဲတာချင်းအတူတူ၊ မိဘပညာအရည်အချင်းလည်း အတူတူ ဘာကြောင့်ကလေးတစ်ချို့က တခြားကလေးတွေထက် ပိုဖွံ့ဖြိုး၊ ပိုသွက်လက်နေကြသလဲ။
- ကျန်းမာတဲ့ကလေးတိုင်းမွေးဖွားလာတာနဲ့ သူတို့ခန္ဓာကိုယ်က ဘာမှမလုပ်နိုင်သေးပေမယ့် သင်ယူဖွံ့ဖြိုးနိုင်တဲ့ အစွမ်းအစတွေ ပါလာပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်အနေနဲ့ အလားအလာရှိသလောက် ဖွံ့ဖြိုးလာဖို့ဆိုရင် သူ့ကို ပြုစုစောင့်ရှောက်သူတွေ အပေါ်မှာ လုံးဝမှီခိုအားထားရတာပါ။ ဒီအချက်ကို ကလေးငယ်တွေရဲ့ ဘာသာစကားဖွံ့ဖြိုးလာပုံကို ကြည့်ပြီး လေ့လာကြည့်ကြရအောင်။ မွေးစမှာ ဖွံ့ဖြိုးမှုအနေအထား အတူတူလောက် ရှိတဲ့ကလေးတွေဟာ တစ်နှစ်သားမှာတော့ မသိမသာခြားနားလာကြတယ်။ ၃နှစ်အရွယ်မှာတော့ သိသိသာသာကြီးကို ခြားနားသွားပြီဖြစ်ပါတယ်။ ဘာသာစကားဖွံ့ဖြိုးမှုဆိုတာ ကလေးနားလည်တဲ့စကားအရေအတွက် တိုးလာတာရယ်၊ ကလေးပြောတတ်၊ သုံးတတ်တဲ့စကားလုံးအရေအတွက် တိုးလာတာရယ်ကို ဆိုလိုပါတယ်။ ကလေးတွေဟာ သူတို့ပြောတတ်တာထက် ပိုနားလည်ကြပါတယ်။ ဆိုလိုတာက စကားလုံး (၁၀၀)လောက်ကို သွက်သွက်လက်လက်ပြောနိုင်တဲ့ (၂)နှစ်အရွယ် ကလေးဟာ စကားလုံးပေါင်း (၅၀၀-၆၀၀)ကို နားလည်ပါတယ်။ သာမန်အားဖြင့် (၃)နှစ်အရွယ်ကလေးတစ်ယောက်ဟာ မိခင်ဘာသာစကားအလုံးပေါင်း(၁၀၀၀)လောက် ကောင်းကောင်း သုံးနိုင်ကြပြီလို့ ဆိုပါတယ်။
- သုံးနှစ်အရွယ်ကလေးတွေရဲ့ဘာသာစကား ဖွံ့ဖြိုးမှုကို လေ့လာတွေ့ရှိမှုအရ ပြုစုစောင့်ရှောက်သူများရဲ့ ကလေးအပေါ် အချိန်ပေးနိုင်မှုရယ်၊ တစ်နာရီမှာ ကလေးကြားရတဲ့ စကားလုံးအရေအတွက် ရယ်ပေါ်မူတည်ပြီး ဖွံ့ဖြိုးမှုနှုန်း သုံးမျိုးသုံးစား ခွဲခြားတွေ့ရှိရပါတယ်။ Channel 7 ရဲ့ ချန်ပီယံလေးများ အစီအစဉ်ကတော့ ကလေးဘယ်လောက်နားလည်တယ်ဆိုတာကို ပြိုင်တာမို့လို့ အဲ့ဒီ ၃မိနစ်အတွင်းမှာ အမေရဲ့ နားငြီးလောက်အောင် ထပ်တလဲလဲသုံးတဲ့ စကားမျိုးကိုတော့ တစ်နာရီမှာ ကြားရတဲ့ စကားလုံးထဲရေတွက်လို့ မရဘူးပေါ့။ ပထမ အမျိုးအစားက စား၊ ၀တ်၊ နေရေး ချောင်လည်တဲ့ မိဘရဲ့ကလေးတွေဖြစ်ပြီး မိဘက ကလေးကို အချိန်ပိုပေးနိုင်တယ်ဆိုတော့ တစ်နာရီမှာ ကလေးကြားရတဲ့ စကားလုံးပေါင်း (၂၁၅၃)လုံးရှိပြီး ကလေးပြောတတ်တဲ့ စကားလုံးပေါင်း (၁၁၀၀)ရှိနေတဲ့အချိန်မှာ စားဝတ်နေရေး အဆင်ပြေရုံရှိတဲ့ ဒုတိယအခြေအနေက မိဘရဲ့ ကလေးတွေကတော့ တစ်နာရီမှာ (၁၂၅၁)လုံးကြားရပြီး (၇၅၀)လုံးကို ပြောတတ်သတဲ့။ တစ်နေ့လုပ်တစ်နေ့စား အခြေအနေမှာရှိတဲ့ မိဘတွေရဲ့ ကလေးတွေကတော့ တစ်နာရီမှာမှ (၆၁၆)လုံးကြားရပြီး၊ စကားလုံးအရေအတွက် (၅၂၀)လုံးပဲ ပြောတတ်နေတယ်လို့ ဆိုလိုပါတယ်။
- ကလေးအသက်(၃)နှစ်အရွယ်ရဲ့ ကွာဟမှုက (၅)နှစ်အရွယ်ရောက်ရင် ဒီထက်ပိုပြီး ကွာဟလာမှာဖြစ်ပါတယ်။ ဒီကွာဟမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင် အခွင့်အလမ်းအနည်းပါးဆုံး အခြေအနေမှာရှိတဲ့ ကလေးတွေရဲ့ ပညာသင်ယူရေးဟာ ဘယ်လိုရှိမယ်ဆိုတာ မှန်းလို့ ရနေပါတယ်။ စိတ်ဝင်စားဖွယ်ရာ ပူးတွဲလေ့လာမှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ စီးပွားရေးအခြေအနေနဲ့ မဆိုင်ဘဲ ကလေးဖွံ့ဖြိုးရေးအကြောင်းနားလည်တဲ့ မိဘရဲ့ ကလေးတွေဟာ ပထမအမျိုးအစားထဲက ကလေးများနည်းတူ ဖွံ့ဖြိုးတယ်ဆိုတာပါပဲ။ အဲဒီအချက်က လူဆင်းရဲပေမယ့် အသိပညာမဆင်းရဲဖို့ အရေးကြီးကြောင်းထောက်ပြနေပါတယ်။ အတန်းပညာမတတ်ပေမယ့် ကလေးဖွံ့ဖြိုးရေးအကြောင်း နားလည်တဲ့မိဘတွေဟာ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်း အများကြီးရှိ ပါတယ်။ ကလေးတစ်ယောက်ကို နောင်တစ်ချိန်မှာ ကျန်းမာတဲ့ကလေးဖြစ်မလား၊ ချူချာတဲ့ကလေးဖြစ်မလား၊ ဘယ်လိုသင်ယူလိမ့်မယ်၊ ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိမယ်ဆိုတာ မှန်းဆလို့ရပါတယ်။ ကလေးရဲ့အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေအတွက် သူ့ဘ၀ကို အလွှမ်းမိုးဆုံးဖြစ်တဲ့ လက်ဦးဆရာများရဲ့ ပြုစုစောင့်ရှောက်ပုံပေါ်မှာပဲ အဓိကမူတည်တာထင်ရှားပါတယ်။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယ၊ မိနဲ့ဖ . .ဆိုတဲ့စကားလေးဟာ သွေးထွက်အောင်မှန်နေပါတယ်။
- အလုပ်လုပ်ဖို့အချိန် တစ်သက်လုံးရှိပေမယ့် ကလေးသူငယ်ဘ၀ဆိုတာ တစ်ကြိမ်ပဲရှိတယ်… လို့ ပိုလန်စကားပုံရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာရှိတဲ့ မိဘမဆို သူတို့ကလေးတွေအတွက် အလေးပေးပြုစုပေးရင်းနဲ့ အကောင်းဆုံးဖြစ်နိုင်ကြပါတယ်။ မိဘတိုင်း အကောင်းဆုံးမိဘ ဖြစ်နိုင်ကြပါစေ။
ဒေါ်ကေဆိုင်းရော် (MBC)
ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေးစီမံချက် စာအုပ်မှ ကူးယူဖော်ပြပါသည်။

မေ့တတ်တဲ့အဖေ

ရေးသားသူ- ဒဗလျူ လစ်ဗင်စတန်လားနဒ်
ဘာသာပြန်- ခင်မောင်ညို (ဘောဂဗေဒ)
"ဘ၀တစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း" စာအုပ်မှ ထုတ်နုတ်တင်ပြသည်။
နားထောင်စမ်းသားလေးရေ၊ အဖေဟာ ဒီစကားတွေကို သားလေးအိပ်ပျော်နေတုန်း ပြေနေတာကွ။ လက်ဖ၀ါးသေးသေးလေးကို ပါးကလေးမှာ အပ်လို့၊ ဆံပင်ကွေးကွေးနုနုလေးတွေက နဖူးပေါ်မှာ ချွေးတွေနဲ့ ကပ်လို့ပေါ့။ အဖေဟာ သားရဲ့ အခန်းထဲကို တိတ်တိတ်ကလေး ခိုးဝင်လာခဲ့တာ။ စာဖတ်ခန်းထဲမှာ ဖေဖေသတင်းစာဖတ်နေရင်း နောင်တတရားတွေ ရလာခဲ့တယ်။ အဖေရဲ့ အပြစ်တွေအတွက် သားအိပ်ရာဘေးကို အဖေရောက်လာခဲ့တယ်။
အဖေစဉ်းစားနေတာတွေ ရှိတယ်သားရဲ့ သားကို အဖေက စိတ်ဆိုးခဲ့တယ်။ သားကျောင်းသွားဖို့ အ၀တ်အစားလဲနေတုန်း သားက ပေါင်ဒါမှုန့်ယူပြီး မျက်နှာကို တစ်ချက်တို့လိုက်ရုံလေးနဲ့ သားကို အဖေက အော်ခဲ့မိတယ်။ သားရဲ့ ဖိနပ်တွေကို သန့်သန့်ရှင်းရှင်းမထားလို့လည်း သားကို ဆူရပြန်တယ်။ တချို့ပစ္စည်းတွေကို သားက ကြမ်းပြင်ပေါ်ပစ်ချပြန်တော့လည်း ဒေါသတကြီး ပြောမိဆိုမိပြန်ရော။ သားက ကစားတော့မလို့ လုပ်နေတုန်း။ ဖေဖေက မြင်းရထားနဲ့ ထွက်မယ်လုပ်တော့ သားက လက်ကလေးကို ဝှေ့ရမ်းလို့ "တာ့တာ့ ဖေဖေကြီး" လို့ နှုတ်ဆက်တယ်။ ဖေဖေက မျက်မှောင်ကြုတ်ပြီး "ဟိတ်ကောင် နောက်ဆုတ်နေစမ်း" လို့ ပြောလိုက်မိတယ်။
ညနေပိုင်းရောက်တော့လည်း ဒီလိုပါပဲ။ ဖေဖေ လမ်းလျှောက်လာတော့
လမ်းမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားနေတဲ့ သားကိုတွေ့ရပြန်ရော။ သားက မြေကြီးပေါ် ဒူးထောက်ပြီး ကျောက်ခဲတွေနဲ့ ဆော့ကစားနေတယ်။ ခြေစွပ်ကလည်း စုတ်ပြတ်ပေါက်ပြဲလို့။ သားသူငယ်ချင်းတွေရှေ့မှာ သားကို ဆိုဆဲပြီး အဖေ့ရှေ့ကနေ သားကို အိမ်ပြန်ခိုင်းလိုက်တော့ အရှက်ခွဲသလို ဖြစ်သွားတာပေါ့။ အဖေက ခြေစွပ်တွေဟာ သိပ်ဈေးကြီးတာ၊ မင်းဘာသာမင်း ၀ယ်ရတာမဟုတ်လို့ ဂရုမစိုက်တာ၊ ကိုယ့်ဘာသာကိုယ်ဝယ်ရမှ ဂရုစိုက်မှာလို့ အဖေဆိုလိုက်မိတယ်။ စဉ်းစားကြည့်စမ်းသားရယ်၊ အဖေတစ်ယောက်က ဒီလိုပြောလိုက်တာကို။
ပြီးတော့ မှတ်မိသေးလား။ စာဖတ်ခန်းထဲမှာ အဖေစာဖတ်နေတုန်း တိတ်တိတ်ကလေး သားဝင်လာတယ်။ သားရဲ့ မျက်လုံးမှာ ၀မ်းနည်းနေတဲ့ အရိပ်ယောင်ကို တွေ့ရတယ်။ သတင်းစာဖတ်နေတုန်း ဇိမ်ပျက်အောင် လုပ်ရသလားလို့ စိတ်ဆိုးပြီး သတင်းစာဘေးချ၊ မျက်စောင်းထိုးလိုက်တော့ တံခါးဝမှာ တုံ့ခနဲဖြစ်သွားတယ်။ "ဘာလာရှုပ်တာလဲကွ" လို့ အဖေက လှမ်းအော်လိုက်တယ်။
သားက ဘာမျှ ပြန်မပြောရှာပါဘူး။ အပြေးကလေး ၀င်လာပြီး ဖေဖေ့လည်ပင်းကို သိုင်းဖက်၊ ဖေဖေ့ကို နမ်းသွားတယ်။ သားဖက်ထားတဲ့ လက်ချောင်းတွေဟာ ဖေဖေက သားကို ဘယ်လောက်ပစ်ထားထား၊ ဘယ်လိုပဲဆူဆူ၊ အဖေကို မချစ်ဘဲ မနေနိုင်ဘူးဆိုတာကို ပြနေတယ်။ ပြီးတော့ သားက လှေကားကို ပြေးတက်သွားတယ်။
ခဏနေတော့ ထိတ်လန့်ပြီး အဖေ့လက်ထဲက သတင်းစာလွတ်ကျသွားတယ်။ အဖေလည်းကိုယ့်ဘာသာကိုယ် အတော်လေး တုန်လှုပ်ချောက်ချားမိတယ်။ အဖေ့မှာ ဘယ်လို အကျင့်ဆိုးတွေစွဲနေပါလိမ့်။ သားဟာ ကလေးငယ်လေး တစ်ယောက်ဖြစ်တာနဲ့ အဖေက အပြစ်ရှာရ၊ ဆူပူ ကြိမ်းမောင်းရတဲ့အကျင့် ဘယ်တုန်းက အမြစ်တွယ်နေပါလိမ့်။ ဒီလို လုပ်တာတွေဟာ အဖေက သားကို မချစ်လို့ မဟုတ်ပါဘူးကွယ်။ အဖေက သားကို ကလေးလို သဘောမထားဘဲ လူကြီးလိုထင်၊ လူကြီးလို မြင်ထားလို့ပါကွယ်။ ကလေးတစ်ယောက်က လူကြီးတွေ တွေးသလို၊ လူကြီးတွေ တွက်သလို မတွေးတတ်၊ မတွက်တတ်ဘူးဆိုတာ အဖေမေ့သွားလို့ပါကွယ်။ သားလုပ်တာတွေကို အဖေက လူကြီးမျက်စိနဲ့ လိုက်ကြည့် ၊ လူကြီးပေတံနဲ့ လိုက်တိုင်း လုပ်ခဲ့မိတယ်။
သားမှာ အကျင့်ကောင်း၊ အကျင့်မှန်လေးတွေ အများကြီးရှိပါတယ်။ ဟိုတောင်ကုန်းပေါ်မှာ ထိုးကျနေတဲ့ အရိပ်ကြီးလောက်ကိုပဲ သားရဲ့နှလုံးသား သေးသေးလေးလေးက ကျယ်ပြန့်ကြီးမားပါပေတယ်။ အဖေ့ကို ပြေးဖက်ပြီး အိပ်ရာဝင်အနမ်းပေးသွားတာကိုက သားဘယ်လောက် သဘောထားကြီးတယ်။ အငြိုးအတေး မရှိဘူး ဆိုတာ ပြသနေပါတယ်။ ဒီနေ့ညအတွက် ဘာမျှ အရေးကြီးတာမရှိပါဘူးသားရယ်။ အဖေဟာ ကိုယ့်အပြစ် ကိုယ်ရှက်ပြီး သားအိပ်ရာဘေးကို အမှောင်ထဲမှာ ၀င်လာခဲ့တယ်။
ဒီအကြောင်းတွေကို သားနိုးနေတဲ့အချိန်မှာ ပြောပြရင် သားရဲ့ ဦးနှောက်က နုနယ်၊ အရွယ်ကလည်း ငယ်သေးတော့ ဒါတွေကို သားနားလည်နိုင်မှာ မဟုတ်ဘူး။ ဒ့ါကြောင့် သားအိပ်ပျော်တဲ့အချိန်မှာ လာပြေနေတာ။ မနက်ဖြန် နံနက်က စပြီး အဖေအပြေအဆို၊ အနေအထိုင် ဆင်ခြင်ပါတော့မယ်။ အကျင့်ဆိုးတွေကို ပြင်ပါတော့မယ်။ အဖေနဲ့သား တစ်ထပ်တည်း ဖြစ်ပါတော့မယ်။ သားရယ်ရင် အဖေလိုက် ရယ်မယ်၊ သားငိုရင် အဖေလိုက်ငိုမယ်။ ပြောမှားဆိုမှား မဖြစ်အောင် ဆင်ခြင်မယ်။ သားဟာ ဘာမျှ မဟုတ်သေးဘူး။ ကလေးလေးပဲရှိသေးတယ် ဆိုတာ အဖေ မေ့မေ့မသွားအောင် နှုတ်က တတွတ်တွတ် ရွတ်နေမယ်။
သားကို အဖေက လူကြီးကို မြင်ခဲ့မိတယ်။ အခုလို အိပ်ရာထဲမှာ သားကွေးကွေးလေး အိပ်နေတော့မှ သားဟာ တကယ့် ကလေးလေး တစ်ယောက်ပဲဆိုတာ အဖေမြင်လာတော့တယ်။ မနေ့က သားကို သားအမေရဲ့ ရင်ခွင်ထက် ထည့်ထားတော့ သားခေါင်းလေးကို မေမေ့ပခုံးပေါ်မှာ မှီလို့။ သားဟာ တကယ့် ကလေးလေးပဲရှိသေးတာ။ အဖေက သားကလေးဆိုတာ မေ့ပြီး အများကြီး အများကြီး ဖြစ်စေချင်ခဲ့၊ တောင်းဆိုခဲ့မိတယ်ကွယ်။
လူတွေကို ရှုတ်ချ ပြစ်တင်မယ့်အစား သူတို့ကို၊ သူတို့၏ ဘ၀ကို၊ သူတို့ တွေးခေါ်ပုံ၊ နေထိုင်ပုံကို သိအောင် ကြိုးစားကြပါစို့။ သူတို့ ဘာလို့ အဲ့သလို လုပ်ရသလဲဆိုသည်ကို အဖြေထုတ်ကြည့်ပါ။ ဝေဖန်တာထက်ပိုပြီး အကျိုးရှိပါသည်။ နားလည်ခြင်း၊ ကရုဏာသက်ခြင်း၊ ညှာတာခြင်းများ ဖြစ်လာမည်။

သင့် ကလေး...........

သင့် ကလေး ခဏခဏ လိမ်ပြောတယ်ဆိုတာ သင့်သူ့ကိုအပြစ်ခဏခဏပြောလို့
သင့်ကလေး ကိုယ့်ကိုယုံကြည်မှုအားနည်းနေတယ်ဆိုရင် သင်သူ့ကိုအားပေးမှုလျော့နည်းနေသေးလို့
သင့်ကလေး စကားသိပ်မပြောဘူးဆိုရင် သင်သူနဲ့အချိန်ပေးပြီး စကားမပြောလို့
သင့်ကလေးခိုးဝှက်တတ်တယ်ဆိုရင်
သင်သူ့ကို ပေးကမ်းစွန့်ကြဲခြင်းဟာ မွန်မြတ်တယ်ဆိုတာ သိအောင် မပြောထားပေးလို့
သင့်ကလေး သတ္တိမရှိဘူးဆိုရင် တစ်ချိန်လုံး ဘာဖြစ်ဖြစ် သူ့ဘက်မှာနေပြီး သင်လိုက်ကာကွယ် ဖြေရှင်းပေးလွန်းလို့
သင့်ကလေး သူများကိုမလေးစားပဲ ပြန်ပြောနေတတ်ရင် သင်သူနဲ့ စကားတစ်ခွန်း နှစ်ခွန်းအခြေအတင်ဖြစ်ပြီဆိုရင် အော်ပြောဆူပူတတ်လို့
သင့်ကလေး စိတ်ဆိုးလွယ် စိတ်အလို မကျလွယ်ရင် သူကောင်းတာလုပ်နေရက်နဲ့ သင်သူ့ကို မချီးကျူး ဂုဏ်ယူတဲ့စကား မပြောဖူးလို့
သင့်ကလေး သူများတွေကို လူလည်ကျတတ်ရင် သင်သူ့ကို ဘာမှဆို မမျှဝေပေးဖူးလို့
သင့်ကလေး သူများကိုအနိုင်ကျင့် ဗိုလ်ကျတတ်ရင် သင့်ရဲ့စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီး သူများတွေနဲ့ဆက်ဆံတာကိုတွေ သူ့ရှေ့မှာလုပ်ပြလို့
သင့်ကလေးကြောက်ပြီး အားငယ်တတ်ရင် သင်သူ့ကိုတစ်ခုခုဆို အမြဲခြောက်ပြောတတ်လို့
သင့်ကလေး သူများတွေကို အမြဲအားကျ နေရင် သင်သူ့ကိုလုံးဝဂရုမစိုက်ပဲ ပစ်ထားတတ်လို့
သင့်ကလေး သင့်ကိုမရင်းနှီးသလို မချစ်သလိုနေရင် သင်သူ့ကိုတစ်ခါမှ နွေးထွေးတဲ့ပွေ့ဖက်မှုတွေ ကျင်နာတဲ့ အနမ်းတွေနဲ့မနမ်းဖူးလို့
သင့်ကလေး သင့်စကားနားမထောင်ရင် သင်သူတို့ဆီက မမျှတတဲ့တောင်းဆိုမှု
သူတို့ဆန္ဒမပါတဲ့စေခိုင်းမှုတွေ လုပ်တာများလို့
သင့်ကလေးလျှို့လျှို့ဝှက်ဝှက်နဲ့ တစ်ယောက်တည်းနေတတ်ရင် သင် သူ့ကိစ္စတွေကို အစအဆုံး စစ်ဆေးမေးမြန်းလွန်းလို့
မိဘများဟာ သားသမီးအတွက် မြေသြဇာလိုပဲ မိဘရဲ့လုပ်ရပ်များကို မြင်ပြီး သားသမီးတွေကလိုက်လုပ်တတ်တယ် သင်တစ်ခုခုပြောဆို ပြုမူတော့မယ်ဆိုရင် သင် ကလေးဘဝ တုန်းကရော သင့်မိဘ ဒီလိုတွေလုပ်ရင် သင်ကြိုက်ရဲ့လားအရင်စဉ်းစားပါ သင်ကလေးဘဝတုန်းက သင့်မိဘဆီ သင်လိုချင်တဲ့ပုံစံမျိုးပဲ သင့်ကလေးကို ပေးပါ
ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ
နှင်းဆီဖြူ / အမှတ်တရစုစည်းမှု Page မှ . . .

ဒီနေ့လွယ်အိတ်ထဲမှာ ဘာပါသလဲ IS THERE ANYTHING IN YOUR BAG TODAY ?

ဒီနေ့သားသင်္ချာနဲ့သိပ္ပံလုပ်ခဲ့ပါတယ်။
ဘီးမုန့်ဖုတ်ခဲ့ပါတယ်။
ဘီးမုန့်ကို တစ်ခြမ်းပိုင်းတယ်၊ လေးပိုင်းဖြစ်အောင် ထပ်ပိုင်းပါတယ်၊
ရေတွက်ကြည့်ပါတယ်၊ တိုင်းတာကြည့်ပါတယ်။
သားရဲ့ မျက်စေ့တွေ၊ နားတွေနဲ့ ခေါင်းကို အသုံးပြုခဲ့ပါတယ်။
လမ်းသွားရင်းအပေါင်းတွေ၊ အနှုတ်တွေလည်းလုပ်ခဲ့ပါတယ်။
သံလိုက်တွေ၊ သစ်သားတုံးတွေနဲ့ ရွှံ့တွေကိုလည်းသုံးခဲ့ပါတယ်။
ဒါကြောင့်ကျေးဇူးပြုပြီး “ဒီနေ့လွယ်အိတ်ထဲမှာ ဘာပါသလဲ” လို့မမေးပါနဲ့။
တီကောင်လေးတစ်ကောင်နဲ့ ပတ်ကျိလေးတစ်ကောင်အကြောင်းလည်းလေ့လာခဲ့ပါတယ်။
သားအလှည့်ရောက်မှ လုပ်ရတာကိုလည်းမှတ်မိပါတယ်။
သူငယ်ချင်းတစ်ယောက်လုပ်လို့မရတာကိုလည်းကူညီခဲ့ပါတယ်။
ထိပ်နားမှာ အပြာရောင်ရှိတဲ့ ကစားစရာ ကုန်တင်ကားကိုလည်း မျှဝေကစားခဲ့ပါတယ်။
စာလုံးတွေကို ဘယ်ဘက်ကနေ ညာဘက်ကို ကြည့်ခဲ့ပါတယ်။
ကွဲပြားနေတာကို သဘောတူလက်ခံခဲ့ပါတယ်၊ ရန်မဖြစ်ခဲ့ပါဘူး။
ဒါကြောင့် ကျေးဇူးပြုပြီး
“ဘာပြောတယ်၊ ဒီနေ့ လွယ်အိတ်ထဲမှာ ဘာမှမပါဘူးပေါ့ဟုတ်လား” လို့မပြောပါနဲ့။
သားဟာ ကစားရင်းနဲ့သင်ယူနေတာ မေမေ၊ဖေဖေ မြင်တယ်မို့လား။
နားထောင်ဖို့လည်း သင်ယူခဲ့ပါတယ်၊ စကားပြောဖို့လည်းသင်ယူခဲ့ပါတယ်။
အပြင်ဘက်မှာ သားပြေးတယ်၊ အတွင်းဘက်မှာတော့ လမ်းလျှောက်တယ်။
လက်တွေကိုလည်းဆေးတယ်၊ ကော်တွေပေနေတဲ့ စုတ်တံကိုပစ်ရမယ့်နေရာမှာ သွားပစ်ခဲ့ပါတယ်။
ဒါကြောင့် ကျေးဇူးပြုပြီး “ဒီနေ့ တစ်နေကုန် ကစားပဲ ကစားနေတယ်” လို့မပြောပါနဲ့။
ဟုတ်ပါတယ်၊ သားတစ်နေ့ကုန် ကစားခဲ့ပါတယ်။
သားပြသနာကိုလည်းတွေ့ပါတယ်၊ သဲလွန်စအဖြေကိုလည်းတွေ့ပါတယ်။
သားအမျိုးမျိုးလုပ်ကြည့်ရင်း ကိုယ့်ဘာသာအဖြေရှာနိုင်ခဲ့ပါတယ်။
ဒါပေမယ့် - အဲဒါတွေအားလုံးကတော့ သားရဲ့ ခေါင်းထဲမှာပါ။
လွယ်အိတ်ထဲမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဒီနေ့ကစပြီး
“ဒီနေ့ တစ်နေ့တာ လုပ်ခဲ့တာတွေ အကြောင်းပြောပြပါ’ လို့ပဲမေးပေးပါလားခင်ဗျာ။

ကလေးများ အပေါ် အမြဲ ပြောဆို သင့်သော စကားလုံးများ

အရမ်း ကြိုက်လို့ ကောက်နူတ် ဘာသာပြန် လိုက် ပါတယ်။ မိဘများ ကြိုက်နှစ်သက် နိုင်ပါစေ၊ အသုံး ၀င်နိုင်ပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်။ အချို့နေရာ မှာ ဖတ်ရူ့လို့ ကောင်းအောင် “ သားသား” “ ဖေဖေ” လို့ သုံး ထားပေမဲ့ မီးမီး နဲ့ မေမေ အတွက် လည်း အတူတူပဲ ဖြစ်ပါတယ်။ မိမိ သားသမီးများ အပေါ် မိဘများ အမြဲပြောဆို သင့်တဲ့ စကားများ ကတော့……..
၁။ သားသား အရမ်း လိမ္မာတာပဲ ၊ ဖေဖေမေမေ သားသားကို အရမ်းချစ်တာ။ ။
ကလေးများဟာ မေတ္တာ ငတ်မွတ်လို့ မရပါဘူး။ မိဘများဆီက မေတ္တာဆို ပိုမို အရေးကြီးပါတယ် ။ ဒီစကားလုံးလေး တွေဟာ ကလေးကို အားကိုးရာ ရှိစေပါတယ်။ ကလေးများရဲ့ ရင်ကို နွေးထွေးစေ ပါတယ်။ ကလေးများရဲ့ အတွင်း စိတ်ကို ပိုမိုလုံခြုံစေပါတယ်။
၂။ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်းတာပဲ။ ။
ပညာသင်ကြားခြင်း နဲ့ ပျော်ရွှင်စရာကောင်းခြင်းဆိုတဲ့ အသိနှစ်ခုကို တွဲမိသွားအောင်၊ ကလေးစိတ်တွင်း မှာ စွဲသွားအောင် Autosuggestion သဘောအရ “ ပညာသင်ကြားရတာ အရမ်းပျော်စရာကောင်း တာပဲနော်” ဆိုတဲ့စကားမျိုး အမြဲပြောဆိုပေးပါ။ အဖေအမေ ခေတ်တုန်းက ဆိုရင် ဘယ်လိုဘယ်လို ဒုက္ခခံပြီး ကြိုးစားရတာမျိုး ကလေးကို မပြောမိပါစေနဲ့။ လူ့ရဲ့သဘောသဘာဝ အရ “ဒုက”္ခလို့ လက္ခံ သွားတဲ့ မည်သည့် အရာကိုမဆို ရှောင်ရှား တတ်တဲ့စိတ် ရှိတတ်လို့ပါ။
၃။ သားသား တစ်ယောက်ထဲ ပြီးမြောက်အောင် လုပ်နိုင်ပါတယ်။ ။
ဒီစကားဟာ ကလေးကို အားပေးအားမြောက် ပြုရင်းနဲ့ ကိုယ့်ကိုကို ယုံကြည်လာအောင်၊ ကိုယ့်ကိုကို အားကိုးတတ်အောင်ပျိုးထောင်ပေးတဲ့ သဘောပါ။
၎။ သားသားလုပ်တာ သိပ်ကောင်းတယ်။ ဒီအတိုင်းဆက်လုပ်၊ ဖေဖေ မင်းကို လုံးဝယုံတယ်။ ။
အားပေးတဲ့ စကားပါ။ ယုံကြည်မူ တိုးလာအောင်၊ တိုးတက်ချင်စိတ်ကို ပျိုးထောင်ပေးတဲ့ စကားလုံးလေး တွေပါ။
၅။ သားသား အရမ်းတော်တယ်၊ အဖေမင်းအတွက် ဂုဏ်ယူတယ်၊ ၀မ်းလည်းသာတယ် ။ ။
Autosuggestion အဆိုအရ မိဘများက ခဏခဏ အသိအမှတ်ပြုပေးရင် အသိအမှတ် ပြုတဲ့အတိုင်းဖြစ် သွားပါတယ်။
၆။ သားဒီလိုလုပ်တတ်တာ အဖေတော့ အရမ်းသဘောကျတယ်ဟေ့။ ။
ကလေးက တစ်ခုခုလုပ်တာ ကောင်းမွန်စွာ ပြီးမြောက်သွားတဲ့ အခါတိုင်း ပြောဆိုပေးသင့်ပါတယ်။ မင်းနောက်ကို ဒီအတိုင်းပဲလုပ်ဆိုတဲ့သဘောကို သွယ်ဝိုက်ပြီး စံ တစ်ခုသပ်မှတ်ပေးလိုက်တဲ့ သဘောပါ။
၇။ ဖေဖေနဲ့မေမေ သားရဲ့ရွှေးချယ်မူ့ကို သဘောကျတယ်။ ။
သားမှန်မှန်ကန်ကန် ရွေးချယ်တတ်တာကို ယုံကြည်စိတ်ချတဲ့ သဘောနဲ့ ပြောဆိုတာပါ။ ကလေး ရဲ့ ရွေးချယ်နိုင်မူ စွမ်းရည်ကို မြင့်တင်လိုတဲ့ သဘော၊ ယုံကြည်စိတ်ကို တိုးတက်အောင် အားပေးတဲ့ သဘော ဆောင်ပါတယ်။
၈။ သားကြီးလာပြီပဲ၊ ကိုယ့်ပြသနာကို ကိုယ်ရှင်းတတ်ရပြီ။ ကိုယ့်ရဲ့ အချိန်ကိုလည်း ကိုယ့်ကိုကို စီမံတတ် ရပြီပေါ့။ ။
ကိုယ့်ကိုကို ရပ်တည်နိုင်အောင်၊ တဖြည်းဖြည်းနဲ့ ဆွဲခေါ်တဲ့ ပြောဆိုမူမျိုးပါ။ ကိုယ့်ကိုကို တာဝန်ယူတတ် အောင်၊ ယူလည်းယူရဲအောင် မွေးထုတ်တဲ့သဘောဆောင်ပါတယ်။ ဆုံးဖြတ်ချက် ချတတ်အောင် လမ်းလည်း ခင်းပေး လိုက်ပါတယ်။ အလွတ်သဘောနဲ့ စဉ်းစားတတ် သွားမယ်။ ကိုယ့်ကိုကို တန်ဖိုးထား တတ်တဲ့စိတ်၊ မိမိကိုမိမိ ယုံကြည်စိတ်၊ တိုးတက်လိုတဲ့စိတ်၊ တာဝန်ယူရဲတဲ့စိတ် အားလုံးပါသွားပါတယ်။
၉။ လူတိုင်းဆီမှာ အတုယူစရာ ကောင်းကွက်ကိုယ်စီလေးတော့ ရှိကြပါတယ်။ ။
ဒီစကား အမြဲပြောပေးရင် သူများကောင်းကွက်လေးကို မြင်တတ်သွားမယ်၊ အတုယူတတ်မယ်။ ကိုယ့် ကိုကို နှိမ့်ချတတ်တဲ့ စိတ်ထားမျိုးကို မွေးမြူပေးတဲ့ သဘောပါ။
၁၀။ ဖေဖေမေမေ မှားသွားပြီ။ ဆောရီးနော် သား။ ။
မိမိကလေးကို မှားယွင်းပြီး အပြစ်တင်မိရင်၊ “ဆောရီး”ပြောဖို့ မိဘများ ၀န်မလေးသင့်ပါ။ အမှားဝန်ခံ တတ်ခြင်းကို ကလေးများအတွက် ရှေ့ဆောင်လမ်းပြ အဖြစ်နမူနာ ပြထားသင့်ပါတယ်။ ၀န်ခံတတ်တဲ့ အကျင့်၊ ၀န်ခံရဲတဲ့အကျင့် ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လောလောဆယ် အလိုအပ်ဆုံး သတ္တိ လို့တောင် ပြောရမလိုဖြစ်နေပါပြီ။
အောင်ကိုလတ်
--------------------------------
ကိုမျိုး .. လွမ်းမပြေ သုတရပ်ဝန်း

Credit to Suon Won.

အောင်မြင်ရေးအတွက် A to Z

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘ၀တလျှောက် လုံးမှာ စသဖြင့် နေရာတိုင်းမှာ အောင်မြင်ချင် ကြပါတယ်။ အောင်မြင်ချင်ရင် A to Z ကို သတိရပါ တဲ့။
(A)
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။
(B)
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
(C)
Consider things from every angle.
အရာတိုင်းကို ရှုထောင့်စုံက စဉ်းစားတွေးတောပါ
(D)
Don’t give up and don’t give in
ဘယ်တော့မှ လက်မလျှော့ပါနဲ့ ပြီးတော့ အရှုံးမပေးပါနဲ့
(E)
Enjoy life today. Yesterday is gone and tomorrow may never come.
ပစုပ္ပန်မှာ ဘ၀ကို ပျော်အောင်နေပါ။ မနေ့က ကုန်လွန်ခဲ့ပြီး မနက်ဖြန်က ရောက်ချင်မှ ရောက်လာမှာပါ
(F)
Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ့ သူငယ်ချင်း ဆိုတာ ပုန်းကွယ် နေတဲ့ ရတနာ တွေပါ။ သူတို့ကိုတွေ့အောင် ရှာဖွေပြီး သူတို့ကို ကောင်းကောင်း တန်ဖိုး ထားပါ။
(G)
Give more than you planned to
စီစဉ်မှန်းထားတာထက် ပိုပေးပါ
(H)
Hang on to your dreams
အိပ်မက်များကို မြဲမြဲဆုပ်ကိုင်ထားပါ
(I)
Ignore them who try to discourage you
သင့်ကို စိတ်ဓာတ်ကျအောင်ကြိုးစားသူ၊ စိတ်ဓာတ်ကျစေသူများကို လျစ်လျူရှုပါ
(J)
Just do it
ရဲရဲသာလုပ်ပါ
(K)
Keep trying no matter how hard it seems, it may get easier
ဘယ်လောက်ခက်တယ်လို့ ထင်နေပါစေ၊ ဆက်ကြိုးစားနေပါ၊ ပိုလွယ်ကောင်းလွယ်နေပါလိမ့်မယ်
(L)
Love yourself first and most
ကိုယ့်ကိုယ်ကို ပထမဆုံးနဲ့ အများဆုံးချစ်ပါ
(M)
Make it happen
အဖြစ်ရှိအောင် အလုပ်လုပ်ပါ
(N)
Never lie, cheat or steal, always strike a fair deal
ဘယ်တော့မှ မလိမ်ပါနဲ့၊ မညာပါနဲ့၊ မခိုးပါနဲ့၊ အမြဲ တရားမျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တိုက်ယူပါ
(O)
Open your eyes and see things as they really are
သင့်အမြင်များကို ဖွင့်ထားပါ။ ပြီးတော့ အရာရာကို အမှန်အတိုင်းမြင်နိုင်ပါစေ
(P)
Practice makes perfect
လေ့ကျင့်ခြင်းသည်သာ အမှန်တကယ် ပြီးပြည့်စုံစေသည်
(Q)
Quitters never win and winners never quit
လက်လျှော့သူ ဘယ်တော့မှ မအောင်နိုင်၊ အောင်နိုင်သူ ဘယ်တော့မှ လက်မလျှော့
(R)
Read, study and learn about everything important in your life
သင့်ဘ၀အတွက် အရေးကြီးသော အရာအားလုံးကို အမြဲ ဖတ်ပါ၊ လေ့လာပါ၊ သင်ယူပါ
(S)
Stop procrastinating
အချိန်မဆွဲပါနဲ့
(T)
Take control of your own destiny
သင့်ပန်းတိုင်ကို သင်ကိုယ်တိုင် ထိန်းချုပ်ပါ
(U)
Understand yourself to better understand others
သူများကိုပိုနားလည်ဖို့အတွက် သင်ကိုယ်တိုင်ကို သင် ပိုနားလည်ပါစေ
(V)
Visualize it
စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားသလို ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေပါစေ
(W)
Want it more than anything
ကိုယ့်ကိုယ်ကို နားလည်မှုကို အခြားအရာအားလုံးထက် ပို လိုချင်နေပါစေ
(X)
Xcellerate your efforts
ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
(Y)
You are unique of all God’s creation, nothing can replace you
လောကမှာ ရှိတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုတွေထဲမှာ သင်ဟာ အနှိုင်းမဲ့ဖြစ်တဲ့အတွက် သင့်ကို မည်သည့်အရာကမှ အစားထိုးလို့ မရနိုင်ဘူး ဆိုတာကို သတိရပါ။
(Z)
Zero in on your target and go for it
သင့်ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ။ ပြီးတော့ အဲဒါကိုရအောင် ရောက်အောင် သွားပါ။
Credit - Original Author

Monday, September 15, 2014

မှတ်သားစရာစာစုလေးများ

၁။ ထိုင်မနေပါနဲ့
လူအများစုဟာ သူတို့လုပ်သင့်တာတွေကို မလုပ်ဖြစ်ကြတဲ့ အကြောင်းတစ်ခုကတော့ ထိုင်တွေးနေတဲ့ နေရာမှာတင် လမ်းဆုံးသွားကြလို့ပါပဲ။
တစ်ခုခုကို လုပ်ဖို့အတွက်ဆိုရင် ” ဘာ့ကြောင့် ” ဆိုတာက အပေါ်ယံနဲ့ မလုံလောက်ပါဘူး။
တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။” ငါ ဒါကို ဘာလို့လုပ်နေတာလဲ၊ ဘာအတွက်လဲ ”
ဒီမေးခွန်းက အလွန် အရေးကြီးပါတယ်။ ဒီမေးခွန်းက သင်လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။သင်လုပ်နေတဲ့အရာတစ်ခုဟာ သင့်ကို သင့်ရည်မှန်းချက်နဲ့လည်း ပိုမနီးစေဘူး။ ပြီးတော့ သင့်ရဲ့စိတ်ကိုလည်း တက်ကြွအောင် မလုပ်နိုင်ဘူးဆိုရင် ဒီမေးခွန်းကို ပိုပြီး လေးလေးနက်နက် မေးဖို့ လိုနေပါပြီ။
” ငါ ဒါကို ဘာကြောင့် လုပ်နေတာလဲ။ ဘာအတွက်လဲ””
ငါ အဲဒါကို ဘာကြောင့် လုပ်သင့်သလဲ ”
သင့်မှာ တစ်ခုခုကို ဘာ့ကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက် လုံလုံလောက်လောက်ရှိပြီဆိုရင် အဲဒီအရာကို လုပ်ဖြစ်မှာပါပဲ။ဒါကြောင့်၊ ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို လုံလုံလောက်လောက် မေးပါ။အဲဒါက သင့်ကို ပိုပြီး ခရီးရောက်စေပါလိမ့်မယ်။
၂။ ဆင်ခြေများ
ကျနော်တို့ လုပ်သင့်တဲ့အရာတစ်ခုခုကို မလုပ်ဖြစ်တာဟာ ဆင်ခြေတွေကြောင့်လည်း ပါပါတယ်။
ကျနော်တို့ဟာ ဆင်ခြေတွေ အများကြီး ပေးကြတယ်။” တခြားဟာတွေ လုပ်စရာရှိနေတယ်”” ငါ မအားဘူး”” အချိန် မရှိဘူး ”ကျနော်တို့ဟာ အဲဒီဆင်ခြေတွေကို သတိထား စောင့်ကြည့်နေဖို့လိုပါတယ်။
ပြီးတော့ ကျနော်တို့ ဘ၀မှာ နေထိုင်တဲ့အခါ ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို မေးဖို့နဲ့ ဆင်ခြေတွေထဲကို
ပြုတ်ကျမသွားဖို့လည်း သတိထားရပါမယ်။ကျနော်တို့ တစ်ယောက်ချင်းစီ အားလုံးဟာ ဆင်ခြေတွေကို ပြုလုပ်တတ်ကြပါတယ်။ ကျနော်တို့အားလုံးပါပဲ။ကျနော့်မှာလည်း ကျနော့်ရဲ့ ဆင်ခြေတွေရှိတယ်။
သင့်မှာလည်း သင့်ရဲ့ဆင်ခြေတွေ ရှိတာပါပဲ။ယုံပါ။
အဲဒီလို နေတဲ့အခါ ဆင်ခြေတစ်ခုပေးတော့မယ်ဆိုရင် ချက်ချင်းသိပြီး ရပ်ပစ်နိုင်ပါတယ်။
ဒါကြောင့် အမြဲတမ်း သတိရှိနေပါ။ကျနော်တို့ ပြုလုပ်သမျှအရာတိုင်းကို အမြဲတမ်း သတိထားပြီး ကြည့်နေရပါမယ်။
၃။ အာရုံစူးစိုက်မှု မရှိခြင်း
ကျနော်တို့ လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အာရုံစူးစိုက်မှု မရှိခြင်း ပါပဲ။ဘာကြောင့်လဲဆိုတော့ တစ်ချိန်ထဲမှာ အရာများစွာဟာ ဖြစ်ပျက်နေပါတယ်။
အဲဒီအထဲမှာ ကျနော်တို့ တကယ်လုပ်သင့်တဲ့အရာတွေဟာ ပျောက်သွားတတ်ပါတယ်။
ဒါကြောင့် ” အလေးထားရမယ့် အရာ(၆)ခု ” ဆိုတဲ့ နည်းလမ်းကို အသုံးပြုစေချင်ပါတယ်။
အဲဒီအရာတွေက ဘာလဲဆိုတော့ သင် မလုပ်မဖြစ် ပြီးအောင်လုပ်ရမယ့် အရေးအကြီးဆုံးအရာ (၆) ခုကို စာရင်းပြုထားဖို့ပါပဲ။
နေ့တစ်နေ့ကို စလိုက်ပြီဆိုတာနဲ့ အဲဒီစာရင်းထဲက ပထမဆုံးအရာကို စလုပ်ပါ။
အဲဒီအရာမပြီးမချင်း နောက်တစ်ခုကို မလုပ်ပါနဲ့။ဒီလိုနည်းနဲ့ ကျနော်တို့ဟာ အာရုံစူးစိုက်နိုင်လာပါလိမ့်မယ်။ လုပ်သင့်တယ်လို့သိနေတဲ့အရာတွေကိုလည်း လုပ်ဖြစ်ပါလိမ့်မယ်။
အာရုံစူးစိုက်တဲ့နေရာမှာလည်း မှန်ကန်တဲ့အရာတွေအပေါ်မှာသာ အာရုံထားပါ။
ဆင်ခြေတွေကို အလေးမထားပါနဲ့။ လူအတော်များများကတော့ ဆင်ခြေတွေကိုသာ အလေးထားနေတတ်ကြတယ်။
ဒါကြောင့် နေ့စဉ်နေ့တိုင်းအတွက် အရေးအကြီးဆုံး အရာ (၆)ခုကို စာရင်းပြုပါ။
ကွန်ပျူတာထဲက Notepad မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စာရွက်တစ်ရွက်ပေါ်မှာပဲဖြစ်ဖြစ် ချရေးပါ။အဲဒီအရာတွေကို တစ်ခုပြီးတစ်ခု လုပ်သွားပါ။
၎။ ကြောက်ရွံ့ခြင်း နှင့် မသေချာမရေရာမှုများ
ဒီနှစ်ခုဟာ လူတွေကို သူတို့လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်စေတဲ့ အကြောင်းရင်းကြီး နှစ်ခုပါပဲ။
လူတွေဟာ ကြောက်ကြတယ်။
ဥပမာ- ပရိသတ်ရှေ့မှာ စကားပြောဖို့ဆိုပါစို့။
သင်ဟာ ကြောက်နေတယ်။ အဲဒါဆိုရင် ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို အများကြီးမေးဖို့ လိုပါပြီ။ သင့်ရဲ့ ကြောက်စိတ်တွေကို ကျော်လွှားနိုင်ဖို့လိုပါတယ်။ ကျနော်တို့ဟာ လုပ်သင့်တဲ့အရာကို လုပ်ရမှာပါပဲ။
ဘ၀မှာ ကြောက်စိတ်တွေနဲ့ မသေချာမရေရာမှုတွေဟာ အများကြီးရှိမှာပါပဲ။ဘယ်သူမှ အမှားမလုပ်ချင်ကြပါဘူး။
ကျနော်တို့ဟာ ငြင်းပယ်ခံရမှာတွေကိုလည်း ကြောက်ကြပါတယ်။ဒါပေမဲ့ သင်ဟာ ယုံကြည်မှုရှိဖို့လိုပါတယ်။
သင့်ရဲ့ ဘ၀ကို အပြည့်အ၀နေထိုင်ဖို့လိုပါတယ်။ တခြားလူတွေကို သင့်ရဲ့ လမ်းကြောင်းမှာ အနှောင့်ယှက်မခံပါနဲ့။
ရည်မှန်းချက်ဟာ ကြီးမားတယ်ဆိုရင် တခြားအချက်တွေဟာ အရေးမကြီးတော့ပါဘူး။
တစ်ခုခုကို ဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းအချက် ရှိပါ။ ရည်မှန်းချက်ကို ကြီးကြီးမားမားထားပါ။သင့်ရဲ့ရည်မှန်းချက်အတိုင်းနေထိုင်ပါ။ သင် လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်ပါလိမ့်မယ်။
၅။ ခြောက်ပြစ်ကင်း၊ သဲလဲစင် (Perfection)
အောင်မြင်မှုဆိုတာ အစဉ်အဆက် တိုးတက်မှုဖြစ်စဉ်ပါ။
ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။လူတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ ပြင်ဆင်နေတာနဲ့ပဲ သူတို့လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်လိုက်ကြဘူး။ဒါကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ဆိုရင် အစဉ်အဆက်တိုးတက်မှုဖြစ်စဉ်ကိုပဲ အာရုံစိုက်ရပါလိမ့်မယ်။ ချက်ချင်းကြီးတော့ Perfect မဖြစ်နိုင်ပါဘူး။
တစ်ရက်ကို ၁% တိုးတက်ဖို့ကို အာရုံစိုက်ပါ။ ဒါဟာ သေးငယ်တယ်လို့ထင်ရပါတယ်။
ဒါပေမဲ့ ပုံမှန် ဆက်လုပ်သွားမယ်ဆိုရင် ကြီးမားတဲ့ ရလာဒ်တွေကို ရရှိနိုင်ပါတယ်။
တစ်နေ့မှာ ၁% ဆိုရင် တစ်နှစ်မှာ ၃၆၅% တိုးတက်မှုကို ရရှိနိုင်ပါတယ်။
ဒါကြောင့် အခြေခံတွေအပေါ်မှာ အာရုံစိုက်ပါ။Your Life Success Blog ကို ပုံမှန် ဖတ်ပါ။ ဒီ Blog ဟာ အစဉ်အဆက်တိုးတက်မှုဖြစ်စဉ်အတိုင်းပါပဲ။ သင့်ရဲ့ ရည်မှန်းချက်အတိုင်း ရှေ့ဆက်သွားနိုင်ဖို့ လိုအပ်တာတွေကို ပေးပါတယ်။
ဒီကနေ့ဟာ ပိုကောင်းတယ်။ နောက်တစ်နေ့မှာ ပိုပြီးတော့ ကောင်းလာပါတယ်။အစဉ်အဆက်တိုးတက်မှုကို အာရုံစိုက်ပါ။
ဒါဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။
မှတ်မိစေချင်တဲ့အရာတွေကတော့-ဒီအတိုင်း ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို များများမေးပါ။”ငါ ဒါကို ဘာကြောင့်လုပ်နေတာလဲ။ ”တစ်ခါတစ်ရံမှာ ဆင်ခြေတွေ ၀င်လာနိုင်ပါတယ်။
အဲဒီဆင်ခြေတွေကို မောင်းထုတ်ပစ်ပါ။စိတ်ထဲမှာ မသေချာမရောမရာဖြစ်မှုနဲ့ ကြောက်စိတ်တွေကို အနိုင်ယူပါ။ပြီးတော့ အောင်မြင်မှုနဲ့ ရည်မှန်းချက်တွေဟာ အစဉ်အဆက် တိုးတက်မှုဖြစ်စဉ်သာ ဖြစ်ပါတယ်။
ခြောက်ပစ်ကင်း သဲလဲစင် (Perfection) မဟုတ်ဘူးပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်မိနစ်ပြီးတစ်နစ် လုပ်သွားရတဲ့အရာတစ်ခုပါ။ဒီအခြေခံတွေကို အာရုံစိုက်ပါ။ ရှေ့ကိုဆက်ပြီး သွားနေ ပါ။ လုပ်သင့်တယ်လို့ သိနေတဲ့အရာတွေကို လုပ်ဖြစ်လာပါလိမ့်မယ်။ပြီးတော့ ရလာဒ်တွေဟာလည်း သိသာလာပါလိမ့်မယ်။
credit- original writer

Sunday, September 14, 2014

Ph.D ဒေါက်တာ ဆိုတာ ?

ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများအများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။

Ph.D ရဲ့full form ဟာ Doctor of Philosophy ပါ။ British English က Ph.Dလို့ရေးပြီးအမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorateလို့ သုံးပါသေးတယ်၊D.Sc(Doctor of Scinece)လို့ သုံးတဲ့တက္ကသိုလ်လည်းရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degreeလို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc -မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။တချို့က ၁၈လကြာ ပါတယ်။တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesisလို့ခေါ်တဲ့ ကျမ်းစာတင်ပြီးကျေနပ်မှဘွဲ့ပေးတာပါ။

ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.Dတန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲကျမ်းစာ (Thesis) တင်ပြရပါတယ်။အဲဒါကြိုတင်လိုအ ပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation)Proposal ကိုကြိုတင်ရပါတယ်။အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။တစ်နှစ်၊နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။အဓိကကျမ်းစာ (Dessertation)ကိုပေးတာပါ။လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကိုပေးတာပါ။အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု(သို့မဟုတ်)အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု(creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့Product အတွက်ပေးတာပါ။ဒါကပညာရေးပုံမှန်လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.Dပါ။ဂျပန်က တချို့တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီးကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်းရှိကြပါတယ်။အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။Defenseမှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်)ငွေကြေးမပေးရပါဘူး။ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။တချို့ဆို DoublePh.D ရယ်လို့ Ph.D နှစ်ခါတက်ပြီးကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ်Visiting Card or North American English အခေါ်BusinessCard or NameCard ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီးရှေ့မှာ Dr.လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။Dr.ဘယ်သူရယ်လို့လည်းသုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။

နောက်တစ်ခုကဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်းမတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်းမပြုစုဘူး၊ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကိုလေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ဂုဏ် ရှိတာပါပဲ။ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr.လို့လည်းမတပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ဒေါ်အောင်ဆန်းစြု ကည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါ တယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုကကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်းရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonableမဖြစ်တဲ့ကိစ္စပါပဲ။

နောက်တစ်ခုကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။မဟုတ်ပါဘူး၊သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ဥပဒေဆိုရင်လည်းပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊တရားမတို့၊ သက် သေတို့၊ဖွဲ့စည်းပုံ၊မြေယာ၊ ကုန်ရောင်းကုန်ဝယ် . ..စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Financeရှိတယ်၊Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။ အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြားField တွေရော၊လူမှူရေး၊ဘာသာရေးအကုန်လုံးတော်တာ မဟုတ်ပါဘူး။Ph.Dမရပေမယ့် အကုန်လုံးနီးပါး တော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ ရှိနေပါတယ်။အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economicsနဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။

ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွားအောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။လက်ရှိလဲ ရှိနေဆဲ ပါ။

Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊အခြားရုံး၊ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုကကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise,Adviseလုပ်နေရမှာ ဖြစ်ပါတယ်။သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရတွန်း အားပေးတဲ့သဘောလည်းပါပါတယ်။တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။Assi-stant နဲ့ Associateလောက်ပဲကွာတာပါ။ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်းရှိပါတယ်။မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊များလှ နှစ်ယောက်ပဲပေးပါတယ်။ဘာသုတေ သနမှလည်းမည်မည်ရရ လုပ်တာမတွေ့ရပါဘူး။တစ်ခါလာလည်းဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်းမလေ့လာ၊ မသိပါဘူး။ ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့ကစီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးကLEANManufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့ လည်းသူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမေ ဖြနိုင်ဘူး။ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်း အုပ်ခန့်တဲ့ကိစ္စပါပဲ။ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ယုံနိုင်စရာလည်း မရှိပါဘူး။Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်း သားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလိုကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုကအထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်း အုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီးအာဏာရှင်အဖြစ်နေ နိုင်ပေမဲ့မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်းစပ်ခဲ့သူပါ။ ဒီမိုကရေစီစနစ်ေ ပြာင်းခဲ့သူပါ။နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။Real Fantastic ပါ။တစ်မျိုးသားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအားဖြင့် First Degree သာယူခဲ့သူပါ။ဒါပေမဲ့ သူ့အတွေးအခေါ်စိတ်ကူးစိတ်သန်းကို ဘယ် Ph.DHolder က မီပါ့မလဲ။

မည်သို့ပင်ဆိုစေ၊ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူ ဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုးပြောတတ်နေပါပြီ။မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။ မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မ ဟုတ်ဘူး။ရွှံ့ဗွက်ရေဖြစ်နေတယ်။ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ဖြတ်၊ညှပ်၊ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.Dပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။မြန်မာမှာရော မြန်မာလိုရေးရင် မရဘူးလား။စဉ်းစားသင့်ပါတယ်။အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။

ဘီလ်ဂိတ် ကပေးတဲ့ အကြံဉာဏ် (၁၁) ခု

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေ အတွက် ဘီလ်ဂိတ်က ဒီလို အကြံဉာဏ်ပေး ဟောပြောခဲ့ပါတယ်။

(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ဒီလောကကကိုယ့်လေးစားကြည်ညိုမှုကိုအသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးကပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွါတာနဲ့ လခကောင်း မရနိုင်ဘူး။ချက်ချင်း ဟမ်းဖုန်း ချိတ်ထားတဲ့ ကွပ်ကဲသူမဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ ခင်ဗျားတို့ ကုမ္ပဏီ သူဌေးတွေ ဖြစ်လာတ့အဲချိန်ကျရင် သိလိမ့်မယ်။သူဌေးတွေက အလုပ်ကိုအကြွေးမထားဘူး။

(၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ခင်ဗျားဘိုးဘွားတွေက ဟမ်ဘာဂါ အလုပ်အတွက် အဓိပ္ပါယ်တစ်ခုဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တ့။ဲ

(၆) ခင်ဗျားဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ဒါကြောင့်ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေန့။ဲအမှားထဲကသင်ယူပါ။

(၇) ခင်ဗျားမမွေးဖွားခင်ခင်ဗျားမိဘတွေက အခုလို ထိုင်းမှိုင်းနေတာမဟုတ်ဘူး။သူတို့ အခုလို ထိုင်းမှိုင်း ရတာက ခင်ဗျားအသုံးစရိတ်အတွက်ရှာနေလို့၊ခင်ဗျားရဲ့အဝတ်တွေ လျှော်ရလို့၊ကိုယ့်ကိုယ်ကို တော်ကြောင်းအပြောကြီးတဲ့ ခင်ဗျားရဲ့စကားကိုနားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံ သစ်တောကို ခင်ဗျားပြုပြင် ကယ်တင်ဖို့ မကြိုးစားခင်ခင်ဗျားရဲ့ အိပ်ရာကို အရင် သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေးမပြတ်ပေးပြီးအဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

(၉) တီဗွီထဲ သရုပ်ဆောင်တာတွေကတကယ့်ဘဝတွေ မဟုတ်ဘူး။တကယ့် ဘဝကလူတိုင်းကော်ဖီ ဆိုင်ကို ကျောခိုင်းပြီးအလုပ်ထဲဝင်ရတာချည်းပဲ။

(၁ဝ)စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျားအလုပ်လုပ်ဖြစ် လိမ့်မယ်။

(၁၁)လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင် ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက် ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင် ယူမလား၊ PDF လား၊ သင်ခန်းစာ Noteယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်းဖြစ်ပါတယ်။အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေးဝဘ်ဆိုဒ်တွေချည်းဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲသင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊အင်တာနက်လိုင်းရိမယ်ဆိုရင် သင်လို့ ရပါပြီ။လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, languageများအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်းပါဝင်ပြီးကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံးအသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအားမျှဝေ ပေးလိုက် ရပါတယ်။

➤ Massachusetts Institute of Technology (MIT)/OpenCourseWare

✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes

✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable

✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses

✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas

✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education

✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare

✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses

✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures

✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace

✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative

✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures

✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare

✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures

✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)

✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare

✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com

✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses

✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project

✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!

✤ Link: http://is.gd/JoOFQg

➤ LearningScience.org

✤ Link: http://is.gd/te9NqS

➤ Science.gov Databases

✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library

✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses

✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org

✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

အချိန် အခေါ်အဝေါ်လေးများး

ဒါ လေးကတော့တော်တော် ကောင်းပါတယ်….သိလဲ သိသင့်ပါတယ်…..အမှန်တကယ် ကျွန်တော်လဲ မသိခဲ့ပါဘူးး…….ဒီစာလေးကို ဖတ်မိလို့ သိခဲ့ရတာပါ..စာေ ရးတဲ့ သူကို ကျေးဇူးတင်ပါတယ်…… ကျွန်တော်လဲ ဒီစာလေးကို ပြန်တင်ပေးလိုက်ပါ ..

အခေါ်အဝေါ်လေးတွေကတော့

(၁)ရောင်နီပေါ်(နံနက် )………….၄း၃၀

(၂)အာရုဏ်တက် (နံနက် )…………၅း၀၀

(၃)ဝေလီဝေလင်း(နံနက် )………….၅း၁၀

(၄)ကျီးမနိုး/တနိုး( နံနက် )………….၅း၂၀

(၅)လင်းအားကြီး (နံနက် )…………..၅း၃၀

(၆)နေထွက်တမြူ( နံနက် )………….၅း၄၀

(၇)မိုးစင်စင်လင်း( နံနက် )………….၆း၀၀

(၈)နေထန်းတဖျား (နံနက် )…………..၉း၀၀

(၉)ဆွမ်းခံပြန်ချိန်(နံနက် )……………၉း၃၀

(၁၀) ဆွမ်းစားချိန် (နံနက် )…………..၁၀း၃၀

(၁၁) နေမွန်းလတ် (နံနက် )…………..၁၁း၀၀

(၁၂) နေမွန်းတဲ့ ( နံနက် )…………..၁၂း၀၀

(၁၃) နေမွန်းလွဲ ( နေ့လည် )………..၁၃း၀၀

(၁၄) ညနေစောင်း(ညနေ)……………၁၅း၃၀

(၁၅) ညနေအေး( ညနေ )……………၁၆း၃၀

(၁၆) နေ၀င်ဆည်းဆာ(ညနေ)…………..၁၇း၀၀

(၁၇) နေ၀င်ဖျိုးဖျ( ညနေ )…………..၁၇း၂၀

(၁၈) နွားရိုင်းသွင်းချိန်(ညနေ)……………၁၇း၄၀

(၁၉) ညီအကိုမသိတသိ(ညနေ )………….၁၇း၅၀

(၂၀) နေ၀င်မိုးချုပ် ( ညနေ )…………….၁၈း၀၀

(၂၁) ညချမ်း( ညနေ )…………….၁၈း၃၀

(၂၂) သူငယ်အိပ်ချိန် ( ည)………………၁၉း၃၀

(၂၃) သက်ကြီးခေါင်းချချိန်(ည )………….၂၁း၃၀

(၂၄) ညဦးကြက်တွန်ချိန် ( ည)………….၂၂း၃၀

(၂၅) သန်းခေါင်ကြက်တွန်ချိန(ည )………၂၄း၀၀

(၂၆) ကြက်အမြီးထောင်ချိန် (ည )………..၀၀း၀၀

(၂၇) ကြက်ဦးတွန်ချိန်( နံနက် )………….၃း၃၀

(၂၈) လင်းကြက်တွန်ချိန်( နံနက် )………….၄း၀၀

******* ဗဟုသုတများတိုးပွားနိုင်ပါစေ *********

Non-formal Education ကျောင်းပြင်ပ ပညာရေး

(၁)

မနေ့ညက စိုက်ပျိုးရေးတက္ကသိုလ်က လုပ်ဖော်ကိုင်ဘက် ဆရာဟောင်း ဦးခင်ဝင်း စင်ကာပူအလည်လာလို့ တွေ့ကြ၊ စကားစနေပြောကြပါတယ်။ ကျောင်းဆရာလူထွက်တွေဆိုတော့ ပညာရေးအကြောင်း အဓိကပြောဖြစ်ပါတယ်။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေ၊ လူငယ်တွေရဲ့ အနာဂတ်နဲ့ မြန်မာပြည်ရဲ့ အလားအလာ စတာတွေ အတော်များပါတယ်။

အဲသလို ပြောကြဆိုတာတွေကနေ ဒီစာကိုရေးဘို့စိတ်ကူးရ၊ တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်နေ့က တင်ခဲ့တဲ့ ပညာသင်ကြားရခြင်း ရဲ့ အဓိကရည်ရွယ်ချက် နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတာကြောင့် အဲဒီဆောင်းပါးရဲ့ အဆက်အဖြစ် “ကျောင်းပြင်ပ ပညာရေး” ကို ရေးလိုက်တာပါ။ (ဂဟေဆော်ခြင်းကို ခနချထားလိုက်။)

(၂)

စင်ကာပူက Life Long Learning (Continuous Education) အကြောင်း ကျွန်တော်ပြောပြီးပြီ ထင်ပါတယ်။ မပြောရသေးရင် နောက်ထပ် အဲဒီအကြောင်း နောက်ထပ် ဆောင်းပါးတစ်ပုဒ် ထပ်ရေးပါမယ်။ အင်မတန်ကောင်းတဲ့စနစ်ပါ။

ကျွန်တော်တို့မြန်မာပြည်က ပညာရေးစနစ်က ရှင်သန်မနေပါဘူး။ သေနေပါတယ်။ တစ်နည်းအားဖြင့် ဆယ်တန်း၊ နောက်ဆုံးနှစ် ဆိုတဲ့ dead end တစ်ခုမှာ အဆုံးသတ်သွားတယ်။ ဘယ်လိုအဆုံးသတ်သွားသလဲဆိုတော့ (စာမေးပွဲ ကျတဲ့သူတွေအနေနဲ့) ဆယ်တန်းစာမေးပွဲလဲ ကျလိုက်ရော အဲဒီမှာ သူတို့ရဲ့ပညာရေးဟာ အဆုံးသတ်သွားပါတယ်။ ဘာဆိုဘာမှ ထပ်မရှိတော့ပါဘူး။

ဆယ်တန်းအောင်ပြီး ဘွဲ့ရတဲ့သူများလည်း ဘွဲ့လည်းရပြီးရော ပညာရေးလည်း တစ်ခါတည်း ပြီးသွားပါတယ်။ မဟာဘွဲ့၊ ဒေါက်တာဘွဲ့တွေလည်း အလားတူပါဘဲ။

ဒါဖြင့် ပညာရေးဆိုတာ အဲဒီ ဆယ်တန်း၊ ဘွဲ့ရ၊ ဘွဲ့လွန် တွေထိဘဲလား။ ဒီထက် မပိုတော့ဘူးလားလို့ မေးစရာရှိပါတယ်။
မဟုတ်ပါဘူးခင်ဗျား။ ပညာရေးကို ဆယ်တန်း၊ ဘွဲ့ရ၊ ဘွဲ့လွန်လောက်နဲ့ ကန့်သတ်ထားတာ၊ အဲသည်လောက်နဲ့ ပြီးပြီလို့ ယူဆထားတာ အင်မတန်မှားပါတယ်။ အလွန့်အလွန် မှားပါတယ်။ အကြီးအကျယ် မှားပါတယ်။

ကျွန်တော်တို့အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်လုပ်ကြရတယ်။ ဒါဖြင့် အဲဒီအလုပ်အတွက် လေ့လာသင်ယူဘို့ မလိုဘူးလား။ ခေတ်တွေ၊ စနစ်တွေ၊ ပညာရပ်တွေ၊ အတတ်ပညာတွေဆိုတာ မရပ်မနား ပြောင်းလဲနေတာပါ။ အဲဒီ တစ်ရံမလပ် တိုးတက်နေတဲ့ နည်းပညာ၊ အတတ်ပညာတွေကို ကျွန်တော်တို့ မျက်ခြေမပြတ် လေ့လာသင်ယူနေရမှာ ဖြစ်ပါတယ်။ မလေ့လာမသင်ယူခဲ့လို့ ကျွန်တော်တို့ဟာ သူများနောက် အများကြီးနောက်ကျနေခဲ့ပြီဆိုတာ မျက်မြင်ကိုယ်တွေ့ မဟုတ်ပါလား။

မိတ်ဆွေများခင်ဗျား -

လူတွေပညာတတ်တွေ ဖြစ်သွားရင် ကိစ္စတော်တော်များများ ပြီးပါတယ် ခင်ဗျား။ ဘယ်လိုပြီးတာလဲ တဲ့။
ကျွန်တော်ပြောတဲ့ပညာတတ်တယ်ဆိုတာ လက်မှတ်တွေပိုင်ဆိုင်ထားတာကို ပြောတာမဟုတ်ပါ။ လက်မှတ်တစ်ခုရရုံနဲ့ အဲဒီလက်မှတ်နဲ့ထိုက်တန်တဲ့ အရည်အသွေး သူ့မှာရှိတယ်လို့ အာမ မခံနိုင်ပါ။
တကယ့်ပညာဆိုတာက ဟုတ်၏၊ မဟုတ်၏၊ ကောင်း၏၊ မကောင်း၏၊ မှန်၏၊ မမှန်၏၊ သင့်၏၊ မသင့်၏ ကို ဝေဘန် ပိုင်းခြားနိုင်တဲ့ အသိဉာဏ် ဖြစ်ပါတယ်။

  • နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအရာရှိတွေ ပညာတတ်ရင် ကောင်းမွန်မှန်ကန်တဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစနစ်တွေကို ချမှတ်ကျင့်သုံးနိုင်မယ်။ ဘတ်ဂျက်ကို မှန်မှန်ကန်ကန် ခွဲဝေသုံးစွဲနိုင်မယ်။ တစ်ယောက်ကို သိန်းတစ်ထောင်ပေးပြီး လျှောက်လုပ်ခိုင်းတာတွေ ပျောက်ကုန်မယ်။ ဘာ ကုန်ထုတ်လုပ်ရေး တိုးတက်ဘို့မှ စိတ်မ၀င်စားဘဲ မြေကြီးထဲရှိသမျှ၊ မြေပေါ်ရှိသမျှ သယံဇာတ အကုန်ရောင်းတုတ်ပြီး ပိုက်ဆံ ရှာတာတွေ လျော့ကုန်မယ်။ ပုဆိုးလှန်ပြတာတို့ ထမင်းတစ်နပ်လျှော့စားတာတို့ ပျောက်ကုန်မယ်။ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံတွေကိုတော့ အဆင့်မြင့် အိမ်ယာတွေအဖြစ် တိုးမြင့်ဘို့ စိတ်မ၀င်စား၊ နောက်ထပ် မြို့သစ်တည်ဘို့ (ငါတို့ပိုက်ဆံရပြီးရော၊ နင်တို့တိုင်းပြည် ဘာဖြစ်ဖြစ်လို့ လက်သိပ်ထိုး) စီမံကိန်းချပေးတာတွေ ပျောက်ကုန်မယ်။
  • ကျောင်းဆရာဆရာမတွေ ပညာတတ်ရင် ကျောင်းသားတွေကို မှန်မှန်ကန်ကန် သင်ကြားပို့ချပေးနိုင်မယ်။ ငါတို့ စာသင်နေတာ ထမင်းစားရဘို့တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံ့သားကောင်း၊ သမီးကောင်း၊ ခေါင်းဆောင် ကောင်းတွေမွေးထုတ်ပေးဘို့ ဆိုတဲ့ အသိသညာတွေ ရလာမယ်။  
  • လယ်သမားတွေ ပညာတတ်ရင် ကောင်းမွန်မှန်ကန်တဲ့ လယ်ယာစနစ်တစ်ခု ဖန်တီးနိုင်မယ်။ အရည်အသွေးပြည့်မီတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ပေးနိုင်မယ်။ မလေးရှားက ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားအုန်းဆီတွေ ၀ယ်ယူ တင်သွင်းနေရမဲ့အစား မြန်မာပြည်က အရည်အသွေးမြင့် ပဲဆီတွေကို ဈေးကောင်းကောင်းနဲ့ နိုင်ငံခြားကို တင်ပို့နိုင်မယ်။
  • ကျောင်းသားတွေ ပညာတတ်လာရင် ရပ်ရွာကို၊ မြို့ပြကို၊ နိုင်ငံကို အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ်။ (အဲဒါ အင်မတန်အရေးကြီးတယ်။)
  • လူငယ်တွေ ပညာတတ်ရင် အမှိုက်တွေကင်းမယ်၊ ဆေးလိပ်၊ အရက်၊ ကွမ်းယာတွေ လျော့ကျမယ်။ ကော်ရှုတာတွေ ပျောက်ကုန်မယ်။ လဖက်ရည်ဆိုင်ထဲ အသားလွတ် ဓားနဲ့ဝင်ထိုးတဲ့ကိစ္စတွေ ပျောက်ကုန်မယ်။ ခေါင်းလောင်း ဆိုတာနဲ့ ကမ်းလုံးညွတ်မျှ သွားကြည့်တာတွေ ပျောက်ကုန်မယ်။ ဘာဟေ့ဆိုတာနဲ့ ၀ိုင်းပြီးဆွမ်းကြီးလောင်းတာတွေ ပျောက်ကုန်မယ်။ လောက်စပီကာကြီးနဲ့ ၂၄ နာရီ၊ ၇ ရက် မရပ်မနား၊ ၇ ရက်သားသမီး နားမခံသာအောင် ဖွင့်နေတာတွေ ပျောက်ကုန်မယ်။ နေပြည်တော်အမြန်လမ်းမကြီးမှာ လူတွေသေတာတွေ လျော့ကျသွားမယ်။ ငါးပိထဲ ဓာတ်မြေသြဇာပါလာတာတွေ၊ မျှစ်ကိုဆေးဆိုးရောင်းတာတွေ ပျောက်သွားမယ်။

အများကြီးခင်ဗျာ။ အဲဒါတွေအားလုံးရဲ့ အဓိကလက်သည်၊ တရားခံဟာ ပညာမဲ့မှုပါဘဲ။ ပညာမရှိတော့ ဆင်ခြင်စဉ်းစားဉာဏ်၊ ဝေဘန်ပိုင်းခြားဉာဏ်ဘာမှမရှိတော့ဘူး။ ဆင်ခြင်ဉာဏ်မရှိတဲ့နောက်တော့ ရမ်းလုပ်၊ ရမ်းစား၊ ရမ်းမှား၊ ရမ်းသေ။

(၃)

ပညာသင်ကြားရခြင်း ရဲ့ အဓိကရည်ရွယ်ချက် မှာ ကျွန်တော် ကျောင်းသင်ပညာရေးစနစ်တစ်ခုတည်းကိုပဲ ပြောခဲ့ပါတယ်။

အခု ကျောင်းပြင်ပ ပညာရေးအကြောင်း ဆက်ပြောပါမယ်။

ပညာဆိုတာ ပင်လယ်ကြီးလိုပါဘဲ။ လေ့လာလို့ ကုန်တယ်မရှိပါဘူး။ အဲဒီတော့ ကျောင်းပြီးသွားလည်း အဆက်မပြတ် ဆက်လက် လေ့လာနေဘို့ လိုပါတယ်။ အလုပ်နဲ့ပတ်သက်လို့၊ နိုင်ငံရေးနဲ့ပတ်သက်လို့၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့။ ဒါတွေအားလုံးဟာ ကျွန်တော်တို့လူနေမှုဘ၀မှာ တစ်ခုမဟုတ်တစ်ခုနဲ့ ဆက်စပ် ပတ်သက် နေတာချည်းပါဘဲ။ အဓိက ကတော့ အလုပ်အတွက်နဲ့ လူ့ဘ၀မှာ နေနည်းထိုင်နည်း ပါ။

မင်းကွာ ဆယ်တန်းသာအောင်လာတယ်၊ ဘာအသုံးကျသလဲ။ (နေပါဦးကွယ်၊ မေးတဲ့သူကိုယ်နှိုက်ကရော ငါကရော ဘယ်လောက်များ အသုံးကျတဲ့ကောင်လဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖူးပါသလား။ များသောအားဖြင့်တော့ အသုံးမကျတဲ့သူတွေသာ သူများတွေကို အသုံးမကျဘူးလို့ ပြောတတ်ကြတာဘဲ။) မင်းတို့ ဘွဲ့ရတဲ့။ ဖွမ်၊ ဘာဘွဲ့ရလဲ။ အလကား ဘာမှသိတာတွေ မဟုတ်ဘူး - လို့ လူငယ်တွေကို နှိမ်ချ မဆက်ဆံပါနဲ့။

ခင်ဗျား၊ အတော် အသုံးမကျတဲ့လူဘဲ လို့ တစ်ယောက်ယောက်က ခင်ဗျားကို ပြောလာရင် ခံနိုင်မလား။ အဲသလိုဘဲ။ သူ့ဟာသူသိသိ၊ မသိသိ၊ အသုံးမကျဘူးလို့ ပြောရင်တော့ ဘယ်ခံနိုင်မလဲဗျာ။

ဒါဖြင့် အဲဒီ အသုံးမကျတဲ့လူငယ်တွေကို အသုံးကျတဲ့သူတွေဖြစ်လာအောင် လုပ်ပေးမယ်လို့ ခင်ဗျားတို့ စဉ်းစားမိပါသလား။ ဘယ်သူတွေကများ လူငယ်တွေကို မြေတောင်မြှောက်ပေးမဲ့ အစီအစဉ်တွေ လုပ်ပေးဖူးပါသလဲ။ အိပ်မက်တောင် မမက်ဖူးဘူး။ ဟုတ်ပါတယ်နော်။

လဖက်ရည်ဆိုင်တွေမှာ၊ လမ်းဘေးမှာ စသဖြင့် လေလွင့်နေတဲ့လူငယ်တွေအတွက် ခင်ဗျားတို့မှာ ဘာစီမံကိန်းတွေ ရှိပါသလဲ။ အဲဒီဆုံးရှုံးနေတဲ့ လူ့အရင်းအမြစ်ကို ပြန်အဖတ်ဆယ်ဘို့ ခင်ဗျားတို့ တွေးမိပါသလား။

အစိုးရကိုချည်း အပြစ်ပုံချမနေပါနဲ့။ လက်ညှိုးထိုးအပြစ်ပြောနေရုံနဲ့ အဲဒီပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါ။ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းလုပ်ကြဘို့ တိုက်တွန်းချင်ပါတယ်။ ဒါဆို ဘာတွေလုပ်ရမလဲ တဲ့။

အဲဒီလူငယ်တွေကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးဘို့ရာ သူတို့ကို အသိပညာပေးတဲ့အစီအစဉ်တွေ လုပ်ပေးရပါမယ်။ ပထမဆုံးလုပ်ရမှာက အဲဒီ အသိပညာပေးတဲ့အစီအစဉ်တွေကို ဦးဆောင်မဲ့သူတွေကိုယ်နှိုက်က အရည်အသွေးပြည့်တဲ့သူတွေ ဖြစ်အောင် အရင်လုပ်ရမှာပါဘဲ။ အဲဒါ ခင်ဗျားတို့ကိုပြောတာ။

ကိုယ်ဘာလုပ်ပေးနိုင်သလဲ။ အများကြီးရှိတဲ့အထဲက နမူနာ နည်းနည်းပြပါမယ်။

၁။ ခင်ဗျားတို့ အနီးပတ်ဝန်းကျင်က လူငယ်တွေကို စည်းရုံးပြီး စာဖတ်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ စာပေဆွေးနွေးဝိုင်းတွေ လုပ်ပေးနိုင်တယ်။ စကားပြောပြိုင်ပွဲတွေ လုပ်ပေးနိုင်တယ်။ ဉာဏ်စမ်းပြိုင်ပွဲတွေ လုပ်ပေးနိုင်ပါတယ်။
အဲဒီလိုလုပ်ပေးဘို့အတွက် ခင်ဗျားတို့ကိုယ်နှိုက်က စာပေနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိထားအောင် ကြိုးစားရမယ်။ စကားပြော ကောင်းသူဖြစ်အောင် လေ့ကျင့်ရမယ်။ (ဦးဆောင်လုပ်ပေးမဲ့သူကိုယ်နှိုက်က အူတူတူဖြစ်နေရင် ဘယ်လူငယ်က အထင်ကြီးမတုံးဗျာ။) မြန်မာ၊ အင်္ဂလိပ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ ကောင်းနိုးရာရာစာအုပ်တွေ စုရမယ်။ ပိုက်ဆံမရှိဘူး မပြောပါနဲ့။ ပိုက်ဆံတွေ ပေါလိုက်သမှ။ (ဘာတစ်ပြားဘိုးမှ အကျိုးမရှိဘဲ ရေထဲကိုတောင် သိန်းထောင်ဂဏန်း တော်တော် များများ လွှင့်ပစ်လိုက်ပြီးပြီ။ မနေ့တစ်နေ့တုံးက။ မယုံရင် ဦးစံလင်းသွားမေးကြည့်။)

၂။ နောက်ပြီး သင်တန်းတွေ ဖွင့်ပေးနိုင်ဘို့ ကြိုးစားပါ။

မြန်မာပြည်မှာ သင်တန်းတွေ မှိုလိုပေါက်နေတယ်။ တစ်နေ့တစ်နေ့ ထောင်ပေါင်းများစွာသော လူငယ်တွေ သင်တန်းတွေနဲ့ အချိန်ကုန်နေပါတယ်။ အဲဒီ သင်တန်းတက်နေတဲ့လူငယ်တွေကို မင်းတို့သင်တန်းတက်နေတာ လက်မှတ်ရဘို့ ဆိုတာ တစ်ခုတည်းအတွက် မဖြစ်ပါစေနဲ့။ သင်တန်းက သင်ပေးလိုက်တဲ့ဟာတွေကို တကယ်တတ်အောင်လေ့လာပါ။ တကယ်တတ် လာတဲ့ အသိပညာတွေကို လက်တွေ့မှာ တကယ်အသုံးချနိုင်အောင်လုပ်ပါတို့ တိုက်တွန်းပါ။ အားပေးပါ။ သင်တန်းကျောင်း တွေ အနေနဲ့လည်း ပိုက်ဆံရဘို့၊ လက်မှတ်တစ်ခု ထုတ်ပေးဘို့လောက်သာ မဟုတ်ဘဲ လာတက်တဲ့သင်တန်းသားတွေကို တကယ်တတ်စေလိုတဲ့ စေတနာနဲ့ သင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

ကျွန်တော်တို့ဆီမှာ သင်တန်းတွေ ထောင်နဲ့ချီရှိပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းတွေအားလုံးဟာ အတတ်ပညာဆိုင်ရာ သင်တန်းတွေချည်းပါဘဲ။ စာရင်းကို၊ အော်တိုကက်၊ ကွန်ပြူတာ၊ အင်္ဂလိပ်၊ သူနာပြုအကူ စသည်။

လူတော်လူကောင်းအဖြစ် ပျိုးထောင်ပေးတဲ့ သင်တန်းတွေ မြန်မာပြည်မှာ အတော်နည်းပါတယ်။ အဲလေ management သင်တန်း နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်။ နောက်ပြီး Myanmar Egress က အဲဒီလို သင်တန်းတွေ ပေးပါတယ်။ ဘာတဲ့ Capacity building ဆိုလား။ ဘယ်လိုသင်ပေးပြီး ဘယ်လောက်ခရီးပေါက်တယ်။ သင်တန်းသားတွေ ဘယ်လောက် တတ်မြောက်ကျွမ်းကျင်သွားတယ် ဆိုတဲ့ သင်တန်း evaluation on efficient and effectiveness တွေ ရှိသလားဆိုတာ ကျွန်တော် မသိပါ။

အဲဒီသင်တန်းမျိုးတွေ ရပ်ကွက်တွေ၊ ရွာတွေမှာ ဖွင့်ပေးနိုင်အောင် ကြိုးစားပါ။ အဲဒီလိုဖွင့်နိုင်အောင် ခင်ဗျားတို့ကိုယ်နှိုက်က အဲဒီသင်တန်းတွေ သွားတက်ဘို့၊ ကောင်းကောင်းကျွမ်းကျင်နိုင်နင်းတဲ့သူတွေဖြစ်အောင် လုပ်ဖို့လိုပါမယ်။

အဲဒီတော့ ဒါကိုလုပ်ဖို့ စိတ်ဝင်စားတဲ့ စိတ်တူကိုယ်တူသမားတွေစုပြီး Myanmar Egress ကိုသွားပါ။ ခင်ဗျားတို့လုပ်မဲ့ အစီအစဉ်တွေကို ပြောပြပါ။ သင်တန်းတက်ဖို့ စာရင်းပေးပါ။ သူတို့သင်ပေးတာကို ကျကျနနလေ့လာ သင်ယူပါ။ အဲဒါနဲ့ ဆက်စပ် ပတ်သက်နေတဲ့ စာတွေ ဖတ်ပါ၊ မှတ်ပါ။ နောက်ပြီး ကိုယ့်အချင်းချင်း Practical Performance (group presentation) တွေ လုပ်ပြီး ကိုယ်လေ့လာခဲ့တာတွေကို တင်ပြပါ။ အပြန်အလှန် ဆွေးနွေးပါ။

၃။ ကိုယ်ကျင့်စာရိတ္တနဲ့ပတ်သက်ပြီး စကားပြောဝိုင်း၊ ဆွေးနွေးဝိုင်းတွေ လုပ်ပေးပါ။

(ခဏလေး၊ အဲဒါတွေလုပ်ဖို့ ကျွန်တော်တို့မှာ စာကြည့်တိုက်တို့ စာဖတ်ခန်းတို့မရှိဘူးဗျ။ ဘာဗျ၊ ညာဗျ နဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး ဆင်ခြေမကန်ပါနဲ့။ အဲဒါ အပျက်စိတ်ဓာတ်တွေပါ။ စာဖတ်ခန်းမရှိဘူးဆိုတော့ ခင်ဗျားတို့ အိမ်မှာ၊ ဒါမှမဟုတ် ဘုန်းကြီးကျောင်းတစ်ခုမှာ၊ ဒါမှမဟုတ် ဇရပ်တစ်ခုမှာ၊ ဓမ္မာရုံတစ်ခုမှာ ကုန်ကုန်ပြောမယ်ဗျာ။ အရိပ်ကောင်းတဲ့ သစ်ပင်ရိပ် အောက်မှာတောင် လုပ်လို့ရတယ်။ လုပ်ချင်ရင် နေရာမရှားပါဘူးဗျ။

တစ်ခါက ကျွန်တော် စလင်းမြို့နယ်အသင်း စည်းဝေးပွဲတစ်ခုကို ကိုသောင်းတန်ခေါ်တာနဲ့ ရောက်သွားတော့ သူတို့ကို အကြံပေးတယ်။ ကျွန်တော် ကွင်းကောက်နဲ့ လေးမျက်နှာမြို့တွေမှာ စာစီစာကုံးပြိုင်ပွဲတွေ လုပ်ပေးတဲ့အကြောင်း၊ သူတို့မြို့နယ်မှာလဲ အဲဒီလိုပြိုင်ပွဲတွေ လုပ်ပေးရင် ကလေးတွေရဲ့ မြန်မာစာအရေးအသား တိုးတက်လာမှာဖြစ်ကြောင်း ပြောပြတော့ သူတို့ထဲက လူကြီးတစ်ယောက်က ဘာပြန်ပြောတယ်မှတ်တုံး။

အာ၊ အဲဒီပြိုင်ပွဲလုပ်ဖို့အတွက် ပိုက်ဆံမရှိဘူးဗျ။
နေပါအုံးဗျာ။ ဘယ်အတွက် ပိုက်ဆံကလိုရမှာတုံး။

စာရွက်စာတမ်းတို့၊ ခဲတံဘောပင်တို့။
ကျွန်တော်လုပ်တုံးကတော့ ကျောင်းကအဖြေလွှာတွေနဲ့ လုပ်တာပဲ။ ဘောပင်ခဲတံကတော့ ကျောင်းသားတွေ ယူလာခိုင်းပေါ့။

နောက်ပြီး ခုံစီဘို့တို့ ဘာတို့လည်း လုပ်ရဦးမှာဗျ။
အယ်မယ်လေးဗျာ၊ ကျောင်းဆိုတာ စာသင်ဘို့ ခုံတွေအဆင်သင့်စီထားတာ ခင်ဗျားက ဘယ့်နှာကြောင့် ထပ်စီချင်ရသတုံး။

ဒါပေမဲ့ မြို့နယ်ပညာရေးမှုးတို့၊ မ၀တတို့ကို စာတင်ရဦးမှာဗျ။
အဲဒီစာတင်ဘို့ ဘယ်လောက်ခဲယဉ်းသတုံး။ ဒါ နိုင်ငံရေးတရားဟောပွဲ မဟုတ်ဘူးဆိုတာ ခင်ဗျားသိရဲ့လား။ တော်ပါဗျာ။ လုပ်မနေပါနဲ့တော့။ ကျွန်တော်ပေးတဲ့အကြံကို ပြန်ပြီး ရုပ်သိမ်းပါတယ်။

မလုပ်ချင်လို့ မဖြစ်နိုင်တာတွေလျှောက်ပြောနေတာနဲ့ ကျွန်တော် ဘာမှ ထပ်မပြောတော့ပါ။ သူတို့ကျွေးတဲ့မုံ့ စားပြီး ပြန်ခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံမှာ အဲဒီအကျင့်စာရိတ္တဆိုင်ရာ သွန်သင်ဆုံးမမှုတွေ ရှိပြီးသားပါ။ ချောင်ထဲထိုးထားလို့ အမေ့ခံတွေ ဖြစ်နေတာပါ။ အဲဒါတွေကို ဆွဲထုတ်ပါ။ ဘာတွေလဲသိအောင် လေ့လာပါ။ နောက်ပြီး လူငယ်တွေကို ပြန်လည် ဝေမျှပါ။

ကျွန်တော် မှတ်မိသလောက် နမူနာ နည်းနည်းပြပါမယ်။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ


(၁ )အစ်ကိုကြီးအားညီငယ်များလည်း စကားနှုတ်ဆက် ဘက်၍မဆို ရိုသေလှစေ ကိုကြီးအစ်မ သည်နှစ်ဝကို မိဘကဲ့သို့ မှတ်ပါလေ ။

(၂ )သေသူရှင်ဘက် ဆောင်ရွက်မကင်း အချင်းချင်းတွင် အခင်းကြီးငယ် ရှိခါဝယ်လည်းမဖယ်မသွေ ညီညာကုန်း၍ရုန်း ကြလေ ။

(၃ )တယောက်စကား တယောက်နားမှာ မခါးရအောင် သတိဆောင်၍မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ ။

(၄ )မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ မထွက်ရအောင် မာန်မာနကို ချုပ်ကြလေ ။

( ၅ )သေနှင့်အရက် စီးပွါးဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့်အဆိပ်ရေ ။

( ၆ )ကိုယ်နှင့်လည်းစာ သတ္တ၀ါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ ။

(၇ )သူ၏ဥစ္စာ သူ့ဘဏ္ဍာကို ၊ မေတ္တာမရှေး၊ သူမပေးက ဆေးတစ်အိုးမျှမယူကြနှင့် ၊ ရှောင်ကြပါလေ ၊ ကာမေမိစ္ဆာ ။

(၈ )သူ့ကိုမမှား၊ မလှည့်စားနှင့် ၊ စကားစမြည် ၊ မြွတ်သည်စစ ၊ ပြောသမျှကိုမှန်လှစေ ။

(၉ )ဘုရားတရား၊ မြတ်ဖျားသံဃာ ၊ အရိယာကို မကွာနေ့ည ၊ ဟတ္ထအဉ္ဇလီမြှောက်ပင့်ချီသည် ၊ ကိုယ်စီနေ့ည၊ ကိုးကွယ်ကြ ။

(၁၀) သူတော်ကောင်းနှင့်၊ ပေါင်းဖေါ်ရှင်တွဲ ၊လူမိုက်မဲကို ၊ ရှောင်လွှဲပါလေ ဤသူအမြတ် ၊ ဤသူလတ်က ၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု အဟုတ်အမှန်၊ မသွေလှန်သည် ၊ ဧကန်ဆတ်ဆတ် ၊လူသုံးရပ်ကိုသိတတ်စေ ။

(၁၁) ငြိမ်သက်ဣနြေ္ဒ ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်းမွန် ၊လွန်တော်မှန်လျှက် စိတ်မာန်မနှောင့်၊ နှုတ်လက်စောင့်သည်၊ သူကောင်းသွေးရည်ပီလှစေ ။

(၁၂) ရပ်သူရွာသား ၊သူကောင်းများ၏၊ နားမှာမဆံ့ ၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညစ် ၊ ကိုယ်လက်နွမ်းအောင် ၊ အသွမ်းမကျင့်ကြလေနှင့် ။

(၁၃) အတည်အကျွေး၊ အပေးအကမ်း၊ သေခန်းရှင်ခန်း၊ လူတို့တမ်းကို အော်အမ်းနိုင်ထွေ၊ လောက၀တ်လည်း၊ သိတတ်စေ ။

(၁၄) သူ၏စီးပွါး၊ ငါ့စီးပွါးကို ၊ ထောက်ထားမိစေ၊ ကြီးလောဘကို ၊ မျှတစေ ။

(၁၅) မမွှေမနှောက် ၊ မကောက်မကျစ် ၊မလိမ်လစ်ဘဲ မစဉ်းလဲနှင့် စိတ်ထဲဖြောင့်စေ ၊ သူ့အကျင့်လည်းသိတတ်စေ ။

(၁၆) ဟုတ်သောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး သူတော်ထုံးကို ၊ စွဲသုံးသောထွေ ၊ မှန်လှစေ ။

(၁၇) ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်၊ လျင်လျှားဆွေးနွေး၊ ဆိုရေးလိမ္မာ ပညာရှိအား၊ ကိုယ်တိုင်သွား၍၊ စကားလိုက်လျှော ၊စစပြော၍ ၊နှီးနှောလေ ။

(၁၈) မှတ်ဖွယ်မှတ်ရာ ၊ထိုထိုစာကို ၊ရှာ၍မပြက် ၊ အိမ်တွင်ဖတ် ။

(၁၉) ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက ၊သားမယားပင် ၊ သိမြင်ကင်းကွာ မလိမ္မာလည်း၊ စာပေစကား ၊နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ ၊ ရှိသည်သာတည့် ။

(၂၀) ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို ၊ မယ်ဘွားမိခင် ၊ ဆုံးမသင်သို့ အကြင်ဆရာ ၊ ထိုသူငါကို ၊လိမ္မာကြောင်း ၊ ကောင်းပါစေလို ၊ဆိုပါသမျှ ၊ သြ၀ါဒကို နားမျှမထောင် ၊ မကြားယောင်သို့ ၊မောင်တို့ပြုက ၊ယခုပစ္စုပ္ပန် ၊ နောင်သံသရာ ဆက်များစွာ၌ ၊ ချမ်းသာမည့်ရေး ၊ အလွန်ဝေးသည် ၊သေဘေးမလွဲ ၊၀ဋ်ဆင်းရဲမှရွှေခဲဘယ်နှယ် ၊ အသွယ်သွယ်ကို ၊လွဲဖယ်ကြံစည် ၊ လွှတ်ပါမည်၊ နားလည်စေကြောင်းသို့ကျင့်ကောင်းစွ ၊ သောင်းပြောင်းနှံ့စပ် ၊ သည်တိုင်းမှတ်ဟု၊ ထေရ်မြတ်ဆရာ ရဋ္ဌသာလျှင် ၊ ပညာရကြောင်း ၊ဥာဏ်နှင့်လောင်း၍၊ရုံးပေါင်းဆင်ခြင် ၊ ဆုံးမသင်သည် ၊ဤတွင်တခန်း၊ ပြီး၏သောဝ်။       ။

အဲဒီနောက် သားရွှေတောင် ဆုံးမစာ၊ သားရွှေဥ ဆုံးမစာ၊ ဆယ်စောင်တွဲထဲက လောကနီတိ။ အများကြီး ရှိပါတယ်ဗျာ။

အဲဒီအထဲက တစ်ခုကို တစ်ယောက်ယောက်ကို အဲဒါနားလည်အောင် ဖတ်ခဲ့၊ နောက်ပြီး သူငယ်ချင်းတွေကို ပြန်ရှင်းပြနိုင်အောင် ပြင်ဆင်ခဲ့။ (အဆင့်မြင့်ချင်ရင် ကွန်ပြူတာသုံးပြီး power point presentation တွေတောင် သုံးနိုင်ပါတယ်။ တောတွေမှာ ပြောဘို့အတွက်တော့ မလိုပါ။)

နောက်ပြီး နွေရာသီတွေမှာ မီးသတ်ကို ဖိတ်ပြီး မီးသတ်သင်တန်းပေးလို့ရတယ်။ ဆရာဝန်၊ သူနာပြုတွေ ဖိတ်ပြီး ရှေးဦးသူနာပြု သင်တန်းတွေ ပေးလို့ရတယ်။
တကယ်လုပ်မယ်ဆို လုပ်စရာတွေ အများကြီးပါဗျာ။

ကိုင်း၊ ပြောတာတွေရပ်ပြီး အလုပ်နဲ့ သက်သေပြကြစို့။

အခုအချိန်ကစပြီး ကျွန်တော်ပြောတဲ့အထဲက ဘာတွေလုပ်မယ်ဆိုတာ စာရွက်ပေါ်ချရေး၊ စပြီး အကောင်အထည်ဖော်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။

မြန်မာပြည် အနာဂတ်အတွက်ပါ။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၁၄၊ ၉၊ ၂၀၁၄ နေ့လည် ၁း၃၀ နာရီ

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ ကို စိမ့်စမ်းပညာရေး ဘလော့မှ ကူးယူပါသည်။

http://saintsaneducation.blogspot.sg/2013/05/blog-post_592.html

Saturday, September 13, 2014

Myanmar Chinlone



Type your summary here.Type the rest of your post here.

လျှို့ဝှက်ချက်

တစ်ခါတုန်းကပေါ့ မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး
ပျော်ရွှင်စွာနဲ့နေထိုင်ကြသတဲ့။ တစ်နေ့မှာဖားတစ်ကောင်က
မြင့်မားတဲ့မျှော်စင်အိုကြီး ကိုကြည့်ပြီး စိတ်ကူးတစ်ခုရလာပါတယ်။ အဲဒီနောက်
“အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက
အစွမ်းအစအရှိဆုံးလဲသိရအောင်ပြို
င်ပွဲတစ်ခုလုပ်ကြရအောင်” လို့အကြံပြုတော့
အစွမ်းပြလိုတဲ့ အခြားဖားတွေကပြိုင်ကြရအောင်ဆိုပြီးထောက်ခံကြတာပေါ့။
အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့
ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို
ရောက်အောင်တက်နိုင်မလဲဆိုတာပါပဲ။ အဲဒီပြိုင်ပွဲသတင်းကိုကြားတဲ့ အခြားဖား
အမြောက်အများဟာလဲ ဘယ်ဖားတွေဘယ်လိုပြိုင်ကြမလဲ သိချင်ကြတာနဲ့ ပြိုင်ပွဲကို
ဖားပျံမကျ လာရောက်အားပေးကြတာပေါ့။

မကြာခင်မှာပဲ ပြိုင်ပွဲကြီးစတင်ပါတော့တယ်။ ပြိုင်ပွဲဝင်ဖားတွေက
ပြိုင်ပွဲစတင်တာနဲ့တပြိုင်နက် အားကြိုးမာန်တက် မျှော်စင်အိုကြီးပေါ်ကို
အပြိုင်အဆိုင် ခုန်တက်ကြပါတယ်။

အရိုးသားဆုံးပြောရရင် လာရောက်အားပေးတဲ့ ဖားပရိသတ်တွေအားလုံးဟာ လာပြီးသာ
အားပေးရတယ် ဒီလိုပြိုင်ပွဲမျိုးကို ဘယ်လိုဖားတွေမှ မယှဉ်ပြိုင်နိုင်တဲ့အပြင်
ဘယ်ပြိုင်ပွဲဝင်ဖားတစ်ကောင်ကောင်မှ မျှော်စင်ထိပ်အထိတက်နိုင်ပြီး
အနိုင်ရမယ်လို့ကို မထင်ကြပါဘူး။ အားလုံးသော ပရိသတ်များက “အိုး…
ဒါမဖြစ်နိုင်ပါဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊
ဒီလောက်မြင့်တဲ့မျှော်စင်ကြီးရဲ့ထိပ်ပေါ်ဘယ်သူမှတက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါ
အရမ်း အရမ်းးးးးးးကိုမြင့်တာ” လို့အောက်ကနေပြီး စိတ်လှုပ်ရှားစွာနဲ့
တစ်ယောက်တစ်ပေါက် အော်ဟစ်ပြီး ဝေဖန်ပြောဆိုနေကြတာပေါ့။

မကြာခင်မှာပဲ အချို့သော ကျားကုတ်ကျားခဲနဲ့ ရည်မှန်းချက်ကြီးတဲ့ဖားတွေကလွဲလို့
ကျန်ပြိုင်ပွဲဝင်ဖား တော်တော်များများက မျှော်စင်အိုအပေါ် ကိုတက်ရင်းတက်ရင်းနဲ့
ခြေကုန်လက်ပမ်းကျပြီး အောက်ကိုတစ်ဖုတ်ဖုတ်နဲ့ပြုတ်ကျ လာကြပါတယ်။

အဲဒီမှာပဲ ပရိသတ်တွေက တစ်ယောက်တစ်ပေါက်နဲ့ ပြိုင်ပွဲဝင်တွေကို လှမ်းပြီး
“ဒီပြိုင်ပွဲက အရမ်းခက်ခဲလွန်းတယ် ဘယ်သူမှနိုင်မှာမဟုတ်ဘူး မပြုတ်ကျခင်
အမြန်ပြန်ဆင်းလာကြတော့လို့’’ အားမလိုအားမရစွာနဲ့ အော်ဟစ်ပြောဆိုကြပါတယ်။
မကြာခင်မှာပဲ ကျန်တဲ့ပြိုင်ပွဲဝင်ဖားတွေက တစ်ဖုတ်ဖုတ်နဲ့ အောက်ကို
ဖားကျဖားပြုပ်ကျ ပြုတ်ကျလာကြပါတော့တယ်။

အဲဒီလိုနဲ့ဖားတွေတစ်ဖုတ်ဖုတ် ပြုတ်ကျလာလိုက်တာ
နောက်ဆုံးကျန်တဲ့ဖားငယ်လေးတစ်ကောင်က တစ်ခုန်ချင်းတစ်ခုန် အပေါ်ကို
ဆက်လှမ်းနေပါတယ်။ အဲဒီဖားကလေးဟာ လုံးဝအရှုံးမပေးပဲ
ဆက်လက်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးမှာတော့
မျှော်စင်အိုကြီးထိပ်ကို ရောက်သွားတဲ့ “ကိုရွှေဖားသည်ဂရိတ်” ဖားစွမ်းကောင်းကလေး
ကလွဲလို့ကျန်တဲ့ဖားတွေအကုန်လုံး အောက်ကိုပြုတ်ကျပြီးအရှုံးနဲ့
ရင်ဆိုင်သွားကြရပါတယ်။

ဖားအားလုံးဟာ အနိုင်ရသွားတဲ့ ဖားစွမ်းကောင်းလေးရဲ့ အကြောင်းနဲ့ ဘယ်လိုကြောင့်
အခြားဖားတွေမလုပ်နိုင်တဲ့ အလုပ်ကိုလုပ်နိုင်တာလဲဆိုတာကို
သိချင်စိတ်ပြင်းပြနေကြတာပေါ့။ အဲဒါနဲ့ အဲဒီဖားကလေးကို “သင် အဘယ်လိုစွမ်းအားတွေ
ခွန်အားတွေသုံးပြီး ဒီလောက်မြင့်တဲ့ မျှော်စင်အိုကြီးပေါ်ကို တက်သလဲ”
လို့ဝိုင်းမေးကြပါတယ်။ အဲဒီမှာသူတို့ဟာ ဖားကလေးရဲ့လျို့ဝှက်ချက်ကို
သိသွားကြပါတယ်။ အဲဒါကဘာလဲဆိုတော့ ဖားကလေးဟာနားမကြားဘူးဆိုတာပါပဲ။

အထက်ပါ အကြောင်းအရာလေးအတိုင်းပဲ လူ့လောက ပတ်ဝန်းကျင် မှာလည်း အခြားသူတို့ရဲ့ စိတ်ပျက်၊ အားလျော့စေမယ့် စကားတွေ က မိမိရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အိမ်မက်တွေ မရောက်သေးတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေအားလုံးကို
ဖျက်ဆီးပစ်နိုင် ဟန့်တားနိုင်တဲ့ အတွက်မိမိအား မကောင်းပြောတဲ့စကားတွေကိုနားထိုင်းတစ်ယောက်ကဲ့သို့ ကျင့်သုံးပြီး နားမယောင်ပဲ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပေသည် မဟုတ်ပါလား။ ။

Credit - Original Writer

Boss vs Leader


မနက်ဖြန်အတွက် လမ်းညွှန်များ

၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။
၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။
၃။ ရတာထက် ပိုမသုံးနဲ့။
၎။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံ စေချင်သလို ဆက်ဆံပါ။
၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။
၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။
၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။
၈။အမှားကို ဝန်ခံပါ။
၉။ရဲရင့်ပါ။ မရဲသော် ရဲယောင်ဆောင်ပါ။ ဘယ်သူမှ ခွဲခွဲခြားခြား မသိပါ။
၁၀။ ဘယ်တော့မှ လိမ်လည်လှည့်ဖျားမှု မလုပ်ပါနဲ့။
၁၁။ နားထောင်တတ်ပါစေ။ အခွင့်အလမ်းဟာ တခါတရံမှာတံခါးကို အင်မတန် ညင်သာစွာ ခေါက်တာပါ။
၁၂။ တခြားလူတွေရဲ့ မျှော်လင့်ချက်တွေကို မပိတ်ပင်ပါနှင့်။ သူတို့မှာ အဲဒါပဲရှိတာ ဖြစ်နိုင်ပါတယ်။
၁၃။အသိပညာ နဲ့ သတိ ရှိဖို့ပဲ ဆုတောင်းပါ။
၁၄။ အချိန်မှန်ပါ။ သူများကိုလည်း အချိန်မှန်ဖို့ တိုက်တွန်းပါ။
၁၅။ အတင်းမပြောပါနှင့်။
၁၆။ ဘာမှ ဆုံးရူံးစရာ မရှိသူကို သတိထားပါ။
၁၇။ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။
၁၈။ လူရှေ့ ၊ သူရှေ့ ချီးကျူးပါ။
၁၉။ နှစ်ယောက်ခြင်း ဝေဖန်ပါ။
၂၀။ အပေါင်းအဖော်တွေကို မေ့ထားလိုက်ပါ။ မြင့်မြတ်တဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ စိတ်ကူးတွေဟာ တစ်ယောက်တည်း စဉ်းစားဥာဏ်ကွန့်မြူးခြင်းကနေ ရောက်ရှိလာတာဖြစ်ပါတယ်
၂၁။ အချိန်မဆွဲပါနှင့်။ လုပ်ဖို့လိုအပ်တဲ့ အချိန်မှာ လုပ်ရမှာကို လုပ်ပါ။
၂၂။မသိဘူးလို့ ပြောရမှာ မကြောက်ပါနှင့်။
၂၃။ တောင်းပန်ပါတယ်လို့ ပြောဖို့ မကြောက်ပါနှင့်။
၂၄။ မသေခင်တွေ့ကြုံခံစား ချင်တဲ့အရာ နှစ်ဆယ့်ငါးခုကို စားရင်းလုပ် ၊ ပိုက်ဆံအိတ်ထဲမှာ ဆောင်ထား။ မကြာခဏ ကြည့်ပေးပါ။


အချိန်ပေးပါ

ရယ်မောဖို့ရန် အချိန်ပေးပါ
ဒါဟာ စိတ်ဝိဥာည်ရဲ့ ဂီတသံသာ…။
စဉ်းစားဖို့ရန် အချိန်ပေးပါ
ဒါဟာ စွမ်းအားတို့ရဲ့ ရင်းမြစ်ပါ…။
ကစားဖို့ရန် အချိန်ပေးပါ
ဒါဟာ ထာဝရနုပျိုခြင်းရဲ့ ရင်းမြစ်ပါ…။
စာဖတ်ဖို့ရန် အချိန်ပေးပါ
ဒါဟာ အသိဥာဏ်ပညာရဲ့ အခြေခံအုတ်မြစ်ပါ…။
ဘုရားကန်တော့ဖို့ရန် အချိန်ပေးပါ
ဒါဟာ ကမ္ဘာ့လောကမှာရှိတဲ့ အကြီးမြတ်ဆုံး စွမ်းအားပါ…။
ချစ်တတ်ဖို့နဲ့ အချစ်ခံဖို့ အချိန်ပေးပါ
ဒါဟာ ဘုရားသခင်ကပေးထားတဲ့ အထူးအခွင့်အရေးပါ…။
ရင်းနှီးခင်မင်ဖို့ရန် အချိန်ပေးပါ
ဒါဟာ ပျော်ရွှင်ခြင်းအတွက် ခရီးလမ်းပါ…။
ပေးကမ်းဖို့ရန် အချိန်ပေးပါ
တစ်နေ့တာဆိုတာ တစ်ကိုယ်ကောင်းဆန်ချိန်မရလောက်အောင် တိုတောင်းလွန်းလို့ပါ…။
အလုပ်အတွက် အချိန်ပေးပါ
ဒါဟာ အောင်မြင်မှုရဲ့ တန်ဖိုးပါ…။

Ref: Take Time by Unknown

Your Own Voice


Your inner Voice




Important Tips for Those Who Marry


5 Things to Release for Your Happiness


Six Ethics of Life


To teach your Child(ren) at early age:

1: Warn your Girl Child Never to sit on anyone's laps no matter the situation including uncles.
2: Avoid Getting Dressed in front of your child once he/she is 2 years old. Learn to excuse them or yourself.
3. Never allow any adult refer to your child as 'my wife' or 'my husband'
4. Whenever your child goes out to play with friends make sure you look for a way to find out what kind of play they do, because young people now sexually abuse themselves.
5. Never force your child to visit any adult he or she is not comfortable with and also be observant if your child becomes too fond of a particular adult.
6. Once a very lively child suddenly becomes withdrawn you may need to patiently ask lots of questions from your child.
7. Carefully educate your grown ups about the right values of sex . If you don't, the society will teach them the wrong values.
8: It is always advisable you go through any new Material like cartoons you just bought for them before they start seeing it themselves.
9. Ensure you activate parental controls on your cable networks and advice your friends especially those your child(ren) visit(s) often.
10. Teach your 3 year olds how to wash their private parts properly and warn them never to allow anyone touch those areas and that
includes you (remember, charity begins from home and with you).
11: Blacklist some materials/associates you think could threaten the sanity of your child (this includes music, movies and even friends and families).
12. Let your child(ren) understand the value of standing out of the
crowd.
13: Once your child complains about a particular person, don't keep quiet about it.
Take up the case and show them you can defend them.
Remember, we are either parents or parents-to-be.
Have a Nice day and Great Week Ahead
And possible forward to all friends who have children's

လက်ဖက်ရည်ကြမ်းအကြောင်းသိကောင်းစရာ နှင့်စွမ်းသတ္တိထူးများ

လက်ဖက်ရည် အဖန်သောက်ရင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကြံသလောက် ပြီးမြောက်တဲ့ရည်။
အထက်ပါ သံချိုကဗျာစားသားကလေးသည် မြန်မာတို့ လက်ဖက်ရည်ကြမ်းကို စွဲမက်စွာသောက်ကြောင်း
ဖော်ညွှန်းဖွင့်ဆို ရေးစပ်ထားသည်။ နံနက်အချိန် မြန်မာလူမျိုးတို့ အိပ်ရာမှ နိုးထလျှင် နိုးထချင်း
နှုတ်ခံတွင်းများကို သန့်ရှင်းကြသည်။ ပြီးလျှင် ထမင်းကြမ်းကို လက်ဖက်ရည်ကြမ်းတအိုးဖြင့် သောက်၍ စားလေ့ရှိသည်။ ဤသည်မှာ မြန်မာ့ဓလေ့တရပ် ဖြစ်သည်။
လက်ဖက်ရည်ကြမ်းကို သောက်ပေးခြင်းဖြင့် အကြံဉာဏ်ကောင်းများ ရရှိနိုင်သည်။ ဉာဏ်များ ပွင့်လင်းလာသည်။ ကိုယ်စိတ်နှစ်ပါးကို ရွှင်လန်းလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ လက်ဖက်ခြောက်၌ ကဖင်း(ခေါ်) ဓာတ်တမျိုးတို့ အစွမ်းကြောင့် ဖြစ်ကြောင်း သိပ္ပံဆရာက ဖွင့်ဆိုထားလေသည်။
အနောက်တိုင်းဆေးပညာအမြင်ဖြင့် လက်ဖက်ရည်ကြမ်း သောက်ခြင်းကို လေ့လာကြည့်ပါက ကဖင်းဓာတ်သည် အစင်းပါကြွက်သားတို့ကို ခြယ်လှယ်နိုင်စွမ်းရှိသည်။ ကဖင်းဓာတ်သည် ဗဟိုအာရုံကြော များကိုလည်း လှုံ့ဆော်တက်ကြွစေသည်။ အမောအပန်းကိုလည်း ခံနိုင်စွမ်းရှိသည်။ ၄င်းအပြင် နှလုံး၊ ကြွက်သားကြော (Smooth Muscle)နှင့် ဆီးရွှင်မှုတို့ကို အားပေးသည်။ လက်ဖက်ရည်ကြမ်းတွင် ပါသော ကဖင်းဓာတ်သည် ကျောက်ကပ်အတွင်း သွေးလှည့်ပတ်မှုကို တိုးတက်ဖြစ်ထွန်းစေသည်။ ထို့ကြောင့် ဆီးရွှင်မှုကို ဖြစ်စေသည်။ ထိုသို့ ဆီးရွှင်ခြင်းကြောင့် သွေးတိုးခြင်းကို ကျဆင်းစေပြီး
ကျောက်ကပ်အားကောင်းလာသည်။
ကိုလက်စထရော---
ဘလက်ဖက်ရည်အကြမ်းကို သောက်ခြင်းဖြင့် လူ၏ကိုယ်တွင်း လှည့်ပတ်လျက်ရှိသော သွေးထဲရှိ ကိုလက်စထရော အဆီဓာတ်ပမာဏကို လျှော့ချပေးနိုင်သည့် သတ္တိရှိကြောင်းကို သုတေသီတို့က
တွေ့ရှိထားပြီးဖြစ်သည်။ သွေးထဲ၌ ကိုလက်စထရော ပမာဏများခြင်းသည် နှလုံးရောဂါနှင့်
သွေးကြောပိတ်ရောဂါတို့ ဖြစ်ပွားရန် အကြောင်းရင်းတရပ် ဖြစ်ပါသည်။
လက်ဖက်ရည်ကြမ်း သောက်ပေးခြင်းဖြင့် သွေးတွင်းရှိ မကောင်းသည့် ကိုလက်စထရောများကို ပျမ်းမျှ(၁၀)ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်သည်ဟု ဆိုထားသည်။
လက်ထက်ရည်ကြမ်း သောက်ခြင်းသည် ကင်ဆာရောဂါကိုပါ ကာကွယ်နိုင်သည်ဟု ဆိုထားသည်။ (၁၉၉၉)ခုက ဂျပန်နိုင်င့တွင် လေ့လာမှုအရ တနေ့ လက်ဖက်ရည်ာကမ်း ဆယ်ခွက်ထက်မနည်း
သောက်ခြင်းသည် ကင်ဆာရောဂါဖြစ်မှုကို ဟန့်တားကာကွယ်နိုင်သည်ဟု ဆိုသည်။
နှလုံးကျန်းမာရေး ကောင်းမွန်---
ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါနှင့် အဆုတ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များရှိသည်။ သို့သော် ဤရောဂါဖြစ်ပွားနှုန်းသည် ဆေးလိပ်သောက်သည့်ဓလေ့ အများဆုံးရှိနေသည့် အာရှနိုင်ငံမျာတွးင် နည်းပါးလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
ဤသို့ နှလုံးရောဂါနှင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း နည်းပါးရခြင်းမှာ နေ့စဉ်ရေနွေးကြမ်း
သောက်သုံးမှုကြောင့် ဖြစ်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။
ရေနွေးကြမ်းသောက်သုံးမှု ဓလေ့ကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်သည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့ကျသွားနိုင်ကြောင်း အမေရိကန်ပြည်၊ ယေးတက္ကသိုလ်မှ သုတေသီးများက ဆေးဘက်ဆိုင်ရာဂျာနယ်တစောင်တွင် ရေးသားထားကြသည်။
လက်ဖက်ရည်ကြမ်း(ခေါ်) ရေနွေးကြမ်းတွင် ကတက်ချင် (Catechin)အမည်ရှိ အက်ဆစ်ဒြပ်ပေါင်း ဓာတုပစ္စည်းများ စုဝေးပါရှိကြောင်း၊ ယင်းဓာတ်ကြောင့် လူသားတို့ ရေနွေးကြမ်းကို နေ့စဉ်သောက်သုံး
ပေးခြင်းကြောင့် ကောင်းကျိုးပြုကြောင်း သုတေသီများက ဖွင့်ဆိုထားကြသည်။
တရုတ် ဂျပန်နှင့် အာရှနိုင်ငံများတွင် ရေနွေးကြမ်းသောက်သည့်ဓလေ့ ရှေးယခင်မှ ယနေ့မျက်မှောက်ခေတ် အထိရှိရာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အဖို့ အထက်ပါသတင်းသည် ဝမ်းသာဖွယ်ရာကောင်းလှသည်။
လူကီးမီးယား ရောဂါနှင့် လက်ဖက်ရည်ကြမ်း---
အရွယ်ရောက်ပြီးသူတိုင်းတွင့် ဖြစ်ပွားသည့် လူကီးမီးယား (ရိုးတွင်းခြင်ဆီမှ သွေးဖြူသများ အလွန်အမင်း ထုတ်လုပ်သည့်ရောဂါ) ရောဂါအတွက် လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် ကုစားနိုင်ကြောင်း အစီရင်ခံစာ အသစ်တခုအရ သိရပြန်သည်။
ခြင်ဆီကင်ဆာ---
မင်နီဆိတာ (1 MAYO) ဆေးခန်းမှ ဆရာဝန်များသည် လူကီးမီးယား ဝေဒနာရှင်လေးဦးအား လက်ဖက်ရည်ကြမ်းကို ဆေးအဖြစ် တိုက်ကျွေးခဲ့ရာ ဝေဒနာရှင်သုံးဦးသည် ရောဂါဝေဒနာမှ သက်သာကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါ ဝေဒနာရှင်များသည် နာတာရှည် လူကီးမီးယား (CLL)ဝေဒနာရှင်များဖြစ်ကြသည်။ ဤရောဂါသည် သွေးနှင့်ခြင်ဆီတွင် ကင်ဆာရောဂါဖြစ်နေခြင်းဖြစ်ပြီး ကျန်းမာသောသွေးဆဲလ်များအစား မူမမှန်သော သွေးဖြူဥများ ထုတ်လုပ်ခြင်းကြောင့် ဖြစ်သည်။
ဆက်လက်လေ့လာမှုအရ လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော EGCG ၉ခေါ်) ဓာတ်ပေါင်းတမျိုးသည် လူကီးမီးယား ဝေဒနာရှင်များထံမှ ရယူခဲ့သော ကင်ဆာဆဲလ်များကို စမ်းသပ်ပြွန်ထဲတွင်ထည့်၍ စမ်းသပ်ကြည့်ရာ သတ်ဖြတ်နိုင်ကြောင်း တွေ့ရှိရသည်။
ယခင်လေ့လာမှုများအရမူ လက်ဖက်ရည်ကြမ်းနှင့် ယင်းမှထွက်သော ဆေးဖက်ဝင်ပစ္စည်းများသည် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုချက်များအရ သိရှိရသည်။
အထူးသဖြင့် လက်ဖက်ရည်ကြမ်း၏စွမ်းရည်သည် ကင်ဆာရောဂါ၊ နှလု့းရောဂါနှင့် အခြားရောဂါဆိုးများကို တိုက်ဖျက်နိုင်ကြောင်း ထပ်မံသိရှိရလေသည်။
လက်ဖက်၏ ဒဏ္ဍာရီများ---
လက်ဖက်နှင့်ပတ်သက်၍ ဒဏ္ဍာရီ ပုံပြင် များစွာရှိသည်။ ဟိုရှေးရှေးတုန်းက တရုတ်ပြည်၌ ရိုးသားဖြူစင်လှသော ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါးရှိသည်။ ထိုဆရာတော်ကြီးသည် ကိုးနှစ်တိုင်တိုင်မအိပ်မနေ တရားကျင့်ရန် သစ္စာအဓိဋ္ဌာတန် ပြုထားလေသည်။ သို့သော် ၃-နှစ်ကြာသောအခါ အမှတ်မထင် အိပ်ပျော်သွားမိသည်ဟု ဆို၏။
ထိုကိုယ်တော်ကြီးသည် မိမိသစ္စာအဓိဋ္ဌာန်ပြုချက် ပျက်ပြယ်သွားသဖြင့် မိမိကိုယ်ကို ဒဏ်ခတ်သည့်အနေဖြင့် မိမိမျက်ခွံလွှာများကို ဓားဖြင့်လှီးပြီး အဝေးသို့ လွှင့်ပစ်ခဲ့သည်။ သူတော်စင်ရဟန်းကြီး လွှင့်ပစ်လိုက်သော ထိုမျက်ခွံများက မကြာမီအချိန်တွင် သစ်ပင်ငယ်နှစ်ပင် ပေါက်လာသည်ဟု ဆိုသည်။ ထိုသစ်ပင်နှစ်ပင်မှာ လက်ဖက်နှစ်ပင် ဖြစ်လာသည်။
ထိုအချိန်မှစ၍ လက်ဖက်ပင်နှစ်ပင်မှ မျိုးပွားပြန့်ပွားလာသည်ဟု တရုတ်ရိုးရာပုံပြင်က ဆိုသည်။
မြန်မာ့လက်ဖက် ဒဏ္ဍာရီ---
မြန်မာတို့၏ သမိုင်းစကားအရမူ အလောင်းစည်သူမင်းကြီးက လက်ဖက်၏မျိုးစေ့များကို ပေါင်းလောင်း (ပလောင်) လူမျိုးများအား ပေးသနား၍ စိုက်ပျိုးရန် အမိန့်ပေးခဲ့သည်ဟု ဆိုထားသည်။
တဖန် မင်းကြီးသည် အဆိုပါ လက်ဖက်ရွက်နုများကို စားကြည့်ရာ အိပ်မပျော်ဘဲရှိသည်။ ထိုအခါ လက်ဖက်ရွက်ကတုံးကို လက်ရုံးပေးတင်ပြီး လက်နှင့်ဖက်၍ အိပ်ရာ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်ဟု ဆိုသည်။ ထိုသည်မှ စ၍ ထိုအပင်ကို လက်ဖက်-ဟု သမုတ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် ညွှန်းဖွင့်ဆိုထားပါသည်။
မြန်မာသက္ကရာဇ် (၁၁၆၂)ခုနှစ်တွင် သီဟိုကျွန်း(ယခု သီရိလင်္ကာနိုင်ငံ)မှ ရဟန်းသံဃာများ အမရပူရမြို့တော်သို့ ကြွလာသည်။ ထိုအခါ လက်ဖက်ကို ပြသ၍ မေးမြန်းလျှောက်ထားကြည့်ရာ “ဝတဝဍ္ဎန” ခေါ်ဆိုကြောင်း မိန့်တော်မူလေသည်။ အဓိပ္ပါယ်မှာ လေကိုပွားစေသောအရွက်ဟု မိန့်ဆိုဖြင်း ဖြစ်သည်။ အမှန်လည်း လက်ဖက်ရည်အကြမ်း သောက်လျှင် လေအားကောင်းလာသည်။
ထို့ကြောင့် လက်ဖက်ကို---
၁။ နီလဗီဇံ
၂။ သေသဇံ
၃။ ဝါတဝဍ္ဎနံ -ဟု ပါဠိလိုခေါ်ဆိုကြောင်း သိရှိရလေသည်။
အထူးသဖြင့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွက် လက်ဖက်ပင်များ အဓိကစိုက်ပျိုးရာဒေသ ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မိုင်းလုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ ကျောက်မဲနယ်များမှ လက်ဖက်ခြောက် အထွက်များသည်။ ထို့အပြင် ကရင်ပြည်နယ်၊ ကချင်နှင့် ချင်းတို့မှလည်း ထွက်ရှိကြသည်။
တန်ခူးလ ဆန်းခါစတွင် လက်ဖက်ပင်ကလေးများမှ ပုရစ်ရွက်နုများ စတင်ထွက်လာသည်။ သင်္ကြန်လက်ဆေးမိုး တဖြိုက်နှစ်ဖြိုက်ရွာအပြီးတွင် လက်ဖက်ပင်မှ ရွက်ညွှန့်သစ်တို့ ဝေဝေဆာဆာ ထွက်လာကြသည်။
လက်ဖက်ပင်များသည် နွေး၍မြေသြဇာကောင်းသည့် မြေများတွင် ပို၍ဖြစ်ထွန်းသည်။ လက်ဖက်သည် အပင်ငယ်မျိုးဖြစ်၍ အမြဲထာဝရ စိမ်းလန်းစိုပြေနေသည်။ မပြုပြင်ဘဲ ထားရှိပါက ပေ(၃၀)အထိ မြင့်မားနိုင်သည်။
သို့ရာတွင် လက်ဖက်ရွက်ကို ဆွတ်ခူးသူများမှာ ကလေးငယ်များနှင့် မိန်းကလေးများသာ လုပ်ကိုင်လေ့ရှိ ကြသဖြင့် လေးပေ၊ ငါးပေခန့်သာ အပင်ကို အမြင့်ထားလေ့ရှိကြသည်။ ဤနည်းဖြင့် လက်ဖက်ရွက်နုကလေးများကို ဆွတ်ခူးရယူနိုင်သည်။ လက်ဖက်စိုက်ခင်းများကို လှေကားထစ် စိုက်ကွင်းအဖြစ် တောင်ခါးပန်းများတွင် စိုက်ပျိုးလေ့ရှိကြသည်။
မြန်မာနိုင်ငံတွင် လက်ဖက်ကို
၁။ လက်ဖက်ရည် အဖန်ခြောက်
၂။ လက်ဖက်ရည် အချိုခြောက်
၃။ လက်ဖက်စို
၎။ လက်ဖက်ဆီ ဟူ၍ လေးမျိုးလေးစား ခွဲခြားထားသည်။
ပန်းပေါင်းလက်ဖက်ခြောက်---
လက်ဖက်သည် လွယ်ကူစွာ အနံ့ကူးလွယ်သော သတ္တိထူးရှိသည်။ ထို့ကြောင့် တရုတ်လူမျိုးတို့သည် လက်ဖက်ခြောက်ကို စံပယ်ပွင့်နှင့် အခြားပန်းများဖြင့် ပေါင်းတင်၍ ဈေးနှုန်းကြီးမြင့်စွာတင်၍
ဈေးကွက်ဖွင့် ရောင်းချကြသည်။
ဓာတ်သဘော---
လက်ဖက်ရည်ကြမ်းသည် ဖန်ခါးဆိမ့်အရသာ ရှိသည်။ အဖန်သည်လည်း အာပေါဓာတ် (ရေ)၊ အခါးသည် ဝါယောဓာတ် (လေ)၊ အဆိမ့်ဓာတ်သည် (ပထဝီဓာတ်)အားကို ဖြစ်စေသည်။ လက်ဖက်ရည်ကြမ်းတွင် ပထဝီဓာတ်နှင့် အာပေါဓာတ်၊ ဝါယောဓာတ်များ ဦးစီးအားကြီးနေသည်။ ထို့ကြောင့် ပထဝီနှင့် အာပေါဆောင်သည့် ဖောရောင်နေသူများ၊ လေချုပ်နေသူများ၊ သွေးလာနေသူ အမျိုးသမီးများ လက်ဖက်ရည်ကြမ်း ခါးခါးနှင့် လုံးဝ မသင့်ပေ။
လက်ဖက်ရည်ကြမ်း ခါးခါးကြီးကို သောက်သုံးမိပါက မူးဝေထိုင်းမှိုင်းပြီး အော့အန်ချင်သလို ဖြစ်လာတတ် သည်။ ထိုအခါ ဖြေဆေးအဖြစ် ထန်းလျက်တလုံး၊ နှစ်လုံး စားပေးလိုက်ပါက အထက်ပါဝေဒနာများမှ သက်သာပျောက်ကင်းသွားပါမည်။
တန်ဆေး လွန်ဘေး---
လက်ဖက်ရည်ကြမ်းကို အကျကြီးဖြစ်အောင် လက်ဖက်ခြောက် ခတ်သောက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ လက်ဖက်ရည်ကြမ်းသည် ဆေးဖက်အလွန်ဝင်လှသော်လည်း တန်ဆေး လွန်ဘေးကို သတိထားကာ သင့်တင့်လျောက်ပတ်စွာ လက်ဖက်ခြောက်ကိုခတ်၍ သောက်သင့်သည်။
လက်ဖက်ရည်ကြမ်းကို နေ့စဉ်မှန်မှန် သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်အားကို ကောင်းလာခြင်း၊ ဆီးကောင်းခြင်း၊ သွေးတိုးကို ကျဆင်းခြင်း၊ နှလုံးကို ပိုမိုအားကောင်းလာစေခြင်းနှင့် ကင်ဆာရောဂါဖြစ်မည့်
ဘေးတို့မှ ကင်းဝေးနိုင်သည်ဟု အနောက်တိုင်း ဆေးပညာရှင်ကြီးများက အခိုင်အမာ ဖွင့်ဆိုထားပါသည်။
မောင်ယဉ်နွယ်
ကျမ်းကိုး---
၁။ နာနာနယ အာဟာရ စွယ်စုံကျမ်း (ဦးစံလှ)
၂။ ပြည်သူ့ကြားက တိုင်းရင်းဆေး (ကျော်သိန်းထွန်း)
၃။ သုခချမ်းသာ ကျန်းမာရေးမဂ္ဂဇင်း (နိုဝင်ဘာလ ၂၀၀၄)
၎။ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း (မေလ၊ ၂၀၀၆)
၅။ ကြေးမုံ သတင်းစာ (၁၈-၆-၂၀၀၆)
၆။ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁)