အခုပဲ ဝိတ်ချနည်းတစ်ခုဖတ်မိတယ်... ပိန်ချင်သူတွေ စမ်းကြည့်နိုင်ပါတယ်နော်။
ဒီနည်းကို ဂျပန်၊ ကိုးရီးယားတွေ တော်တော်အသုံးပြုတယ်လို့ ဆိုထားပါတယ်။ တစ်လကို ၈ကီလိုလောက်ကျပါသတဲ့။ ဝိတ်ချနည်းက "ငှက်ပျောသီး ရှာလကာရည်"ပါ။
လုပ်နည်းက...
(၁) ငှက်ပျောသီးအမှည့်တစ်လုံးကို ပါးပါးလှီး
(၂) သကြားအညိုရောင်..သူက ညိုလေကောင်းလေပြောထားတယ် (ကြံသကာလည်းရမယ်လို့ ကျွန်မထင်တယ်) သင့်တော်ရုံ
(၃) ရှာလကာရည် (ဆန်ရှာလကာရည် သို့မဟုတ် သစ်သီးရှာလကာရည်)
အားလုံးကို အတူရောပြီး လေလုံတဲ့ဖန်ဘူးတစ်ခုထဲထည့်၊ ၂၄နာရီကြာရင် သောက်နိုင်ပါပြီတဲ့။ တစ်နေ့ကို မနက်၊ နေ့လယ်၊ ည ခွဲပြီး တစ်ဇွန်းစီသောက်ပေးနိုင်ပါတယ်တဲ့။ တကယ်လို့ ငှက်ပျောသီးမကြိုက်ရင် ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီတွေနဲ့ လုပ်လို့ရပါတယ်တဲ့။ ကြက်ဟင်းခါးသီးနဲ့တောင် လုပ်လို့ရတယ်ပြောပါတယ်။ ဒါကိုသောက်ခြင်းအားဖြင့် ကိုလက်စထောကို ပုံမှန်ဖြစ်စေပါသတဲ့။
တကယ်ဝိတ်ကျမကျတော့ စမ်းကြည့်မှသိနိုင်မှာပါနော်.. ဖတ်မိတာလေး မျှဝေပါတယ်။
.

No comments:
Post a Comment