လုပ်ငန်းအောင်မြင်ရေးနှင့်ဖောက်သည်ဝန်ဆောင်မှုချိတ်ဆက်ပုံ
Linkage Between Business Success and Customer Satisfaction
ဆောင်းပါးမရေးဖြစ်တာကြာနေပါပြီ။ဒီတစ်ခေါက်တော့ ဖောက်သည်
ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီးဆောင်းပါးတစ်ပုဒ်ရေးတင်လိုက်ပါသည်။
စာဖတ်သူများလုံးဝအကျိုးကြမည်လို့ယုံကြည်ပါသည်။
စီးပွားရေးလုပ်ငန်းတိုင်းတွင် ပန်းတိုင် ၂ ခုရှိသည်။ ထိုပန်းတိုင် ၂ ခုမှာ
လုပ်ငန်းကြီးထွားအောင်မြင်ရေးပန်းတိုင် နှင့် ဖောက်သည်များ
မိမိကုန်ပစ်စည်း၊ ၀န်ဆောင်မှုများကိုသုံးစွဲခြင်းဖြင့် ကျေနပ်မှုရှိရေး
ပန်းတိုင်ဖြစ်သည်။ ထိုပန်းတိုင် ၂ခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။
ဖောက်သည်ဆက်ဆံရေးကိုလစ်လျူ ရှု သော လုပ်ငန်းကြီးထွားအောင်မြင်ရေးသည်
ရေတိုသဘောသာဖြစ်သည်။ ရေရှည်တည်တံ့သောလုပ်ငန်းကြီးထွား
အောင်မြင်ရေးရရှိရန်မှာမူ ဖောက်သည်များ
ကျေနပ်မှုရှိစေသောဝန်ဆောင်မှုကိုပေးနေရပါမည်။
ပြိုင်ဆိုင်မှုပြင်းထန်လာခြင်း၊ စားသုံးသူများအသိပညာကျယ်ပြန့် လာသောကြောင့်
စားသုံးသူများသည်ပိုမိုအဆင့်ရှိသောဝန်ဆောင်မှုများ ကို
တောင်းဆိုလာမှုတို့ကြောင့် ၁၉၉၀လွန် နှစ်များကစပြီး
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတိုင်းသည် ဖောက်သည် ၀န်ဆောင်မှုကောင်းမွန်
စေရေးအတွက် အစဉ်ကြိုးစားလာနေကြသည်။
ဖောက်သည်
ဝန်ဆောင်မှုကောင်းမွန်စေရေးလုပ်ဆောင်နေကြသော
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ ကနဦး ဖြေဆိုရမည့်မေးခွန်း တစ်ခုရှိသည်။
ထိုမေးခွန်းမှာ ဖောက်သည်ဆိုသည်မှာ Customer လား၊ Client ဆိုတာပင် ဖြစ်သည်။
Webster’s Dictionary ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် Customer ကို One who
purchases a commodity or service (ကုန်ပစ်စည်း သို့မဟုတ်
ဝန်ဆောင်မှုတစ်ခုခုကိုဝယ်ယူသူ) ဟုဆိုထား ပြီး၊ Client ကို တော့ One who is
under the protection of another (အခြားသူ တစ်ယောက်၏ ကာကွယ် စောင့်ရှောက်မှု
အောက်တွင်ရှိသူ) ဟုဆိုထားပါသည်။ အောင်မြင်သော ဖောက်သည် ၀န်ဆောင်မှုသည်
မိမိဖောက်သည်ကို Client ဟုခံယူထားရပေမည်။ ဆိုလိုသည်မှာ မိမိဖောက်သည်
မိမိ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိသူဖြစ်ကြောင်းခံယူထားရမည်ဖြစ်သည်။
ကောင်းမွန်သောဖောက်သည်ဆက်ဆံရေးသည်ကောင်းမွန်သောဝန်ထမ်း ဆက်ဆံရေးရှိခြင်းမှအစပြုပေသည်။ ကျွန်တော်သည်ခရီးသွားရင်း
အောင်မြင်သောအဲလိုင်းတစ်ခု၏ ၀န်ဆောင်မှုခံယူချက် Service Philosophy of An
Airline တစ်ခုကိုအောက်ပါကဲ့သို့ ဖတ်မိခဲ့ပါသည်။
ထိုအောင်မြင်သောအဲလိုင်းတစ်ခု၏၀န်ဆောင်မှုခံယူချက် ကို ၀န်ဆောင်မှု-အကျို
းအမြတ်ကွင်းဆက်ဟုနာမည်တပ်ထားပါသည်။
• ကနဦးအဆင့်သည် အဖွဲ့အစည်းအတွင်း ၀န်ဆောင်မှု အရည်အသွေး
ကိုမြှင့်တင်မည်ဖြစ်သည်။
• ထိုမှ ပျှော်ရွှင်သော၊ ကုန်ထုတ်စွမ်းအားကောင်းသောဝန်ထမ်းများ
ကိုမွေးထုတ်ပေးနိုငမည်ဖြစ်သည်။
• ထိုမှအရည်အသွေးမြင့်သောဝန်ဆောင်မှုတန်ဖိုးကို ထုတ် လုပ်နိုင်
မည်ဖြစ်သည်။
• ထိုမှပျှော်ရွှင်သော၊ သစ်စာရှိသောဖောက်သည်များကိုရရှိမည်ဖြစ်သည်။
• နောက်ဆုံး၊ လုပ်ငန်းအမြတ်အစွန်းနှင့် လုပ်ငန်းကြီးထွားမှုကို ရရှိစေ
မည်ဖြစ်သည်။
စစ်တမ်းတစ်ခုအရ အမေရိကန်တွင် ၈၄ ရာခိုင်ရာနုနှုးသော အရောင်းများ သည် တဆင့်စကားကြောင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း၊
ဖောက်သည်ဆက်ဆံရေးကောင်းမွန်သော ထိပ်တန်း၁၀ ရာခိုင်
ရာနုနှုးသောဝန်ထမ်းများ၏ ဖောက်သည်များသည် သူတို့အတွက်
အခမဲ့ကြော်ငြာရောင်းချနေသူများဖြစ်ကြောင်းဖော်ပြထား သည်။ ထိုစစ်တမ်း ကပဲ
ဖောက်သည်ဝန်ဆောင်မှုနှင့်စပ်လျဉ်းသောအောက်ပါတွေ့ရှိချက်များကို တင်ပြထား
သည်။
• ၈၆% သော ဖောက်သည်များသည် လွန်ခဲ့သော ၅ နှစ်ထက်သာသော
ဝန်ဆောင်မှုများကို မျှော်လင့် နေကြသည်။
• ၈၂% သော ဖောက်သည်များသည် ကောင်းမွန်သောဝန်ဆောင်မှုများ
ကို မပေးပါက ပြိုင်ဘက်များ ထံရောက်သွားသည်။
• ၉၇% သော ဖောက်သည်များသည် ညံ့ဖျင်းသောဝန်ဆောင်မှုများ
ကြောင့်ပြိုင်ဘက်များထံ ရောက်သွားသည်။ • ဖောက်သည်အသစ်တစ်ယောက်ရရှိရန်ကုန်ကျမှုသည်
ဖောက်သည် အဟောင်းတစ်ယောာက်ကို ထိန်းသိမ်းထားတာထက် ၅
ဆ ပိုကုန်ကျသည်။
• ဖောက်သည်အဟောင်းသည် ဖောက်သည်အသစ်ထက် ၃ဆမှ ၇ဆ
သုံးဖြုန်းအား ပိုကောင်းသည်။
• ဖောက်သည်ထိန်းသိမ်းနုနှုး ၅ % တိုးလာတိုင်း အမြတ် ၂၅% မှ
၃၀% ထိတိုးလာသည်။
•ဖောက်သည်များ၏ problem များကို ၁% လျှော့ချ ပါက
ရောက်လာမည့်နှစ်များအတွင်းအမြတ်ကုဋေ ပေါင်းများစွာရရှိစေ
မည်ဖြစ်သည်။
စွန့်ဦးတီထွင်မဂ္ဂဇင်း၏စစ်တမ်းအရ စီးပွားရေးလုပ်ငန်းများ ကျဆုံးရခြင်း အကြောင်းရင်း ၅ ခုရှိပြီး၊ ၄င်းတို့မှာ
၁ ။ ဖောက်သည်ဆက်ဆံရေးညံ့ဖျင်းခြင်း
၂ ။ ဘတ်ဂျက်ရေးဆွဲရာတွင်ညံ့ဖျင်းခြင်း
၃ ။ ဈေးကွက်လားရာကိုမခန့်မှန်းတတ်ခြင်း
၎ ။ ဈေးကွက်ဖော်ဆောင်ရေးညံ့ဖျင်းခြင်းနှင့်
၅ ။ သင်တန်းပေးခြင်းဖြင့်ဝန်ထမ်းများလေ့ကျင့်ပြုစုပျိုးထောင်
ထားခြင်းမရှိခြင်းတို့ဖြစ်သည်။
အမှတ်စဉ် ၅ ဖြစ်သော ၀န်ထမ်းများအားသင်တန်းပေး ခြင်းဖြင့်
လေ့ကျင့်ပြုစုပျိုးထောင်ထားခြင်းမရှိခြင်း အကြောင်းရင်းသည်
ကျန်သောအကြောင်းရင်း ၄ ခုအပေါ်အနည်းနှင့်အများ တိုက်ရိုက်သော်လည်းကောင်း၊
သွယ်ဝိုက်သော်လည်းကောင်း အကျိုးသက်ရောက်မှုရှိပါသည်။
ဖောက်သည်ဆက်ဆံရေး ညံ့ဖျင်းခြင်းသည် လုပ်ငန်းကိုကျဆုံးစေသော
အကြောင်းရင်းတစ်ခုဖြစ်သည်ကိုမမေ့ကြစို့။ ။ ကျွန်တော်များ CZ Consultancy
ပေးနေသော Customer Service Management ၀န်ဆောင်မှုသင်တန်းသည်
အဖွဲ့အစည်းများ၏ ဖောက်သည်ဝန်ဆောင်မှု တိုးတက်လာစေရေးကို wholistic and
integrated approach ဖြင့် ချဉ်းကပ်ပို့ချနေသော Package တစ်ခုဖြစ်ပါသည်။
No comments:
Post a Comment