Saturday, January 30, 2016

Life (ဘ၀)

Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား... လေးစားပါ...
Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
Life is a song, sing it.
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
Life is life, fight for it."
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ..

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင် စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ

Thursday, January 28, 2016

အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ

၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၎။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။

၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။
၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။
၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။
၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။
©Pat_Divilly
- မှတ်စုကြမ်း ‪#‎kyawnge‬

သင့်ကလေး အသက် ၁၀နှစ်မရောက်ခင်သင်ကြားပေးသင့်တဲ့ ငွေကြေးအသိ ၁၀ချက်။

အဖြစ်ကဒီလိုပါ ဟိုတစ်နေ့က ကျွန်တော့်ရဲ့ သုံးနှစ်အရွယ်သားကို သူလိုချင်တဲ့အရုပ်ကိုမဝယ်ပေးနိုင်တဲ့အကြောင်းပြောပြတော့ သားက ဖေဖေပိုက်ဆံအိတ်ထဲကပေးလိုက်လို့ရတယ်လို့ဆိုပါတယ်။ ပိုက်ဆံအိပ်ထဲမှာမရှိဘူးဆိုတော့ ဖေဖေဘဏ်ကိုသွားလိုက် သူတို့ထုပ်ပေးလိမ့်မယ်လိုထပ်ပြောပါတယ်။ ကျွန်တော်သဘောပေါက်လိုက်ပါတယ် သားကိုငွေဘယ်ကရတယ်ဆိုတာကိုရှင်းပြဖို့ အချိန်တန်နေပြီဆိုတာကိုပါ။
တကယ်တော့ ကလေးတွေ ငွေကြေးနဲ့ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိဖို့ဆိုတာ မိဘကသင် ပေးရမှာပါလို့ Kids, Wealth, and Consequences ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူ Jayne Pearl ကဆိုပါတယ်။ New York Times ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Get a Financial Life စာအုပ်ကိုရေးသားခဲ့တဲ့ Beth Kobliner ကဆိုတာကတော့ ကလေးအသက်၃နှစ်လောက်ကစပြီး စုဆောင်တယ်၊သုံးတယ်ဆိုတဲ့ငွေကြေးနဲ့ဆိုင်တဲ့သဘောတရာတွေကိုစတင်ရင်နှီးနေပါပြီတဲ့။ University of Cambridge ကပြုလုပ်တဲ့စစ်တမ်းတစ်ခုအဆိုအရလည်း ငွေကြေးနဲ့ဆိုင်တဲ့အလေ့အကျင့်တွေဟာ အသက်ရနှစ် လောက်ကစပြီးဖြစ်ပေါ်စေပါတယ်လိုဆိုပါတယ်။ အဲဒီ့အတွက်မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းကငွေကြေးနဲ့ပတ်သတ်ပြီး သင်ကြားပေးသင့်တဲ့အရာတွေကိုသင်ကြားပေးခြင်းဟာသင့်ကလေးဘဝရှေ့ရေးအတွက်အလွန်အကျိုးရှိစေပါတယ်။ မိဘဆိုတာလက်ဦးဆရာတွေပါ သင့်ကလေးရဲ့ငွေကြေးနဲ့ဆိုင်တဲ့အပြုအမူကောင်းတွေကိုငယ်စဉ်ကတည်းက လေ့ကျင့်ပြုစုပျိုးထောင်ပေးမယ်ဆို နောင်တစ်ခေတ်မှာသင့်ကလေးဟာ သတိရှိရှိသုံးစွဲတတ်တဲ့သူ၊ အမျှော်အမြင်ရှိရှိ ရင်နှီးမြုပ်နှံတတ်သူ၊ စုဆောင်တတ်သူ၊ ဝေမျှတတ်သူလေးတွေအဖြစ်မွေးထုတ်ပေးလို့ရတယ်လို့ Beth Kobliner ကပြောပါတယ်။
ကဲဘယ်ကနေဘယ်လိုကိုယ့်ကလေးကိုစသင်ပေးရမှန်းမသိဖြစ်နေသူတွေအတွက် Jayne Pearl ကနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးထားပါတယ်။ အောက်မှာဖော်ပြမဲ့နည်းတွေကတော့ ကလေးငယ်တွေအတွက် အရေးကြီးဆုံးသင်ကြားပေးရမဲ့ ငွေအကြောင်းသင်ခန်းစာတွေနဲ့ သင်ကဘယ်လိုသင့်ကလေးကိုကူညီပေးနိုင်မဲ့နည်းလမ်းတွေပါပဲ။
သင်ခန်းစာ - ၁။ ငွေဆိုတာ ပဒေသာပင်ကရတာမဟုတ်ပါ။
မိဘပိုက်ဆံအိတ်ထဲကထွက်လာတဲ့ငွေတွေ၊ ဘဏ်တို့၊ ATMတို့ကထွက်လာတဲ့ငွေတွေဟာ အကန့်အသတ်ရှိတယ်ဆိုတာကို သင့်ကလေးကသိချင်မှသိပါလိမ့်မယ်။ ငွေဆိုတာအလကားမရဘူး၊ အလုပ်လုပ်မှရလာတာဆိုတာကိုရှင်းပြပေးပါ။ သင့်ကလေးကို ငွေကြေးပေးတဲ့ နေရာမှာ သူတို့ရဲ့အပြုအမူကောင်းတွေ၊တာဝန်ကျေပွန်မှုတွေအပေါ်ကနေခံစားခွင့်ရတယ်ဆိုတာလေ့ကျင့်ပေးပါ။
ဘဏ်ဆိုတာဟာ လည်းငွေကိုလုံခြုံစွာသိမ်းထားတဲ့နေရာဆိုတာကိုရှင်းပြပေးပါ။ တစ်နေနေရာကိုသွားတိုင်း သူတို့ကိုအမြဲတစ်ခုခု ဝယ်ပေးနေမှာမဟုတ်ဘူးဆိုတာကိုစောစောစီးစီးရှင်းပြထားသင့်ပါတယ်။ မိဘကဘာကြောင့်ဈေးဝယ်တဲ့နေရာကိုရောက်နေရ တယ်၊ အခုဘာလာဝယ်တယ်ဆိုတာကို အတိအကျပြောပြရှင်းပြပေးပါ။ ဒါဆိုကလေးကလည်းအမြဲတမ်း သူတို့လိုချင်တာဝယ်လို့ မရဘူးဆိုတာကိုသိလာပါလိမ့်မယ်။
သင်ခန်းစာ - ၂။ ချင့်ချိန်တိုင်းဆမျှတသုံးစွဲ။
သင့်ကလေးရဲ့ ငွေအသုံးကိုစီမံတတ်ဖို့အကောင်းဆုံးနည်းက သူတို့ကိုယ်တိုင်ပေးသုံးစေတာပဲဖြစ်ပါတယ်။ သူတို့ကိုခွင့်ပြုပေးထားတဲ့ငွေအတိုင်းအတာ (တနည်းအားဖြင့်မုန့်ဖိုး) ကိုသူတို့ကိုယ်တိုင်စီမံသုံးစွဲပါစေ။ အစပိုင်းမှာတော့ အရုပ်သစ်တစ်ခုကိုဝယ်လိုက်တဲ့အတွက် သူတို့တကယ်လိုချင်နေတဲ့ အမှန်တကယ်လိုအပ်တဲ့အခြားတစ်ခုအတွက် ငွေမလောက်တော့တာတွေဖြစ်လာမှာပါ။ သူတို့လေးတွေအတွက်ငွေဆိုတာအကန့်အသတ်မဲ့ရနေတာမဟုတ်တဲ့ အတွက် သူတို့လေးတွေကိုယ်တိုင်ဥာဏ်ရှိရှိဆုံဖြတ်ချက်ချ လာတတ်စေမှာပါ။ တကယ်တော့ ဒါဟာကောင်းတဲ့သင်ခန်းစားကောင်း တစ်ခုပါပဲ။ ဘယ်လိုသင်ခန်းစာလဲဆိုတော့အဆင်အခြင်မဲ့ အလွန်အကျွံသုံးစွဲခြင်းရဲ့ အကျိုးဆက်ဆိုတာကို သူတို့နားလည်လာစေပါတယ်။ တစ်ခါတစ်ရံ အိမ်သုံးပစ္စည်းတွေဝယ်တဲ့ နေရာမျိုးမှာသူတို့ကိုအတူပါဝင်စေပြီး ဘာကြောင့်ဘယ်ဈေးနဲ့ပစ္စည်းကိုဝယ်ရတယ်ဆိုတာကိုရှင်းပြပေးပါ။ လူကြီးတွေဘာကြောင့်သတ်မှတ်ထားတဲ့ငွေနဲ့ လောက်အောင်သုံးစွဲရသလဲဆိုတာကို သူတို့နားလည်နိုင်လောက်တဲ့နည်းနဲ့ရှုင်းပြလို့ရပါတယ်။ နောက်တစ်ခါသတ်မှတ်ပေးထားတဲ့ငွေအတွင်းမှာဝင်အောင် သစ်သီးဝယ်ခိုင်းတာမျိုးတွေကိုပြုလုပ်ခိုင်းလို့ရပါတယ်။
သင်ခန်းစာ - ၃။ လက်ဖက်ကောင်းစားလိုရင်ပလောင်တောင်တက်နှေးရတယ်။
သင့်ကလေးကို လေ့ကျင့်ပေးသင်ကြားပေးရမှာက အကြွေးနဲ့အရင်ဝယ်တဲ့အကျင့်မျိုးမရှိအောင်ပါ။ မိဘကိုယ်တိုင်ကလည်း အရင်ဝယ်ပေးထားမယ် နောက်မှဖြည်းဖြည်းဖဲ့ဆပ်ဆိုတဲ့အလေ့အကျင့်မျိုးကိုမပြုလုပ်ပါနဲ့။ ဒီလိုမပြုလုပ်တာ နောင်တစ်ချိန်မှာ မလိုအပ်တာတွေအပေါ် စိတ်အလိုလိုက်သုံးစွဲပြီး အကြွေးနွံနစ်နေမဲ့ဒုက္ခကနေ ကင်းဝေးစေပါလိမ့်မယ်။ နေရိပ်လိုနေပူကစောင့်ဆိုတဲ့ စကားအတိုင်းပဲ သင့်ကလေးကိုစိတ်ရှည်တတ်ခြင်းဟာ ရည်ရှည်မှာ ပိုမိုစိတ်ချမ်းသာစေတယ်ဆိုတာ ကိုသင်ပေးပါ။ တစ်ခုခုကိုလိုချင်တိုင်းစိတ်အလိုမလိုက်တတ်တဲ့အကျင့်ရှိအောင်ပျိုးထောင်သင်ကြားပေးပါ။ ရုပ်ရှင်ရုံတို့ ကစားကွင်းတို့ ဈေးဆိုင် ဘယ်မှာပဲဖြစ်ဖြစ်အလှည့်စောင့်ရတဲ့အလေ့အကျင့်ကိုရအောင်လေ့ကျင့်ပေးပါ။
သင်ခန်းစာ - ၄။ ရရသုံးသုံးအလေ့အကျင့်ကိုမလုပ်ပါစေနဲ့။
သင်ခန်းစာ၃နဲ့၎က ဆက်စပ်မှု့ရှိပါတယ်။ စိတ်ရှိတိုင်း၊လက်ထဲငွေရှိတိုင်း၊တွေ့တိုင်းဝယ်တတ် သုံးတတ်တဲ့အကျင့်ကို ထိန်းချုပ်တတ်အောင်သင်ပေးပါ။ သင်ကရှေ့ဆောင်နမူနာ ဖြစ်အောင်လုပ်ပြပါ။ ဈေးဝယ်မထွက်ခင်မှာ ဘယ်လောက်သုံးမယ်ဆို တာကိုသတ်မှတ်ပါ။ ဘာဝယ်မယ်ဆိုတာကို ရေးချပါ၊ ဘယ်မှာသွားဝယ်မယ် ပစ္စည်းတစ်ခုစီအတွက် ဘယ်လောက်အတွင်းမှာ သုံးမယ်ဆိုတာမျိုးကိုသတ်မှတ်ပါ။ တတ်နိုင်သမျှ ကြိုတင်ပြီးဈေးနှုန်းစုံစမ်းတာတို့ အသက်သာဆုံးဖြစ်မဲ့နေရာကိုရှာတာတို့ကို လုပ်ဆောင်ပြသင့်ပါတယ်။ ဒါဆိုသင့်ကလေးကလည်း ပစ္စည်းမဝယ်ခင်ကြိုတင်ပြင်ဆင်တတ်တဲ့အလေ့အကျင့်ကိုရလာပါတယ်။ ဒါအပြင် သူတို့ရတဲ့ငွေကို အမြဲတမ်း ၃ပုံပုံတတ်အောင်သင်ပေးရမှာပါ။ ပထမအပုံက သုံးစွဲဖို့ပါ။ ဒုတိယအပုံက စုဆောင်းဖို့ပါ။ တတိယအပုံကဝေမျှဖို့အတွက်ပါ။
သင်ခန်းစား - ၅။ စုဆောင်းတယ်ဆိုတဲ့အလေ့အကျင့်ကောင်း။
သင့်ကလေးလိုချင်တဲ့အရုပ်အတွက် သူ့မှာငွေအလုံအလောက်မရှိဘူးဆိုပါဆို့၊ သူ့ကိုပြည့်အောင်ငွေစုခိုင်းပါ။ ငွေပြည့်ပြီဆိုရင် သူ့ကိုအရုပ်ဆိုင်ကိုခေါ်သွားပြီး ကိုယ်တိုင်ငွေပေးပြီး ဝယ်ခိုင်းလိုက်ပါ။ သင့်ကလေးဘယ်တော့မှ ဒီအတွေ့အကြုံကိုမေ့တော့မှာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ဖြစ်အောင်ဆောင်ရွက်နိုင်တာရယ် အဆုံးသတ်မှာရလိုက်တဲ့ကြည်နူးမှု့ဆုလာဒ်တွေအတွက်ပေါ့။ တစ်ခုသတိထားရမှာကတော့ သင့်ကလေးလိုချင်တဲ့အရာကအလွန်အမင်းဈေးကြီးပြီး လပေါင်းအတော်ကြာအောင်စုရမှာ ဆိုရင်တော့ ကလေးအတွက်သိပ်မနိပ်သေးတဲ့အတွက် အောင်မြင်နိုင်ချေနည်းပါတယ်။ ဒါဆိုရင်တော့ သင့်တော်တဲ့အစီအစဉ် တစ်ခုခုကိုမိဘလုပ်သူကကူညီပံ့ပိုးပေးလို့ရပါတယ်။ သို့သော်လည်း အမြဲတမ်းမိဘပံ့ပိုးရတဲ့ အစီအစဉ်မဖြစ်အောင်တော့ သတိထားပါ။ နောက်ထပ်အကြံကောင်းလေးတစ်ခုကတော့ သူတို့ငွေစုတိုင်းသူတို့နှင့်အတူတူငွေရေတွက်ပေးပြီး သူတို့လေးတွေစုထားတာဘယ်လောက်ရောက်နေပြီဆိုတဲ့အကြောင်း၊ပန်းတိုင်ကိုရောက်တော့မယ်ဆိုတဲ့အကြောင်းအားပေးပါ။ ဒီလိုပြုလုပ်ပေးတာ ပျော်စရာကောင်းသလို သူတို့အတွက်အားရှိပြီး ယုံကြည်မှု့ကိုလည်းတိုးစေပါတယ်။
သင်ခန်းစာ - ၆။ စာရင်းမှတ်တာကောင်းတဲ့အကျင့်ပါ။
သင့်ကလေးကိုသင်ကြားပေးရမဲ့ ငွေကြေးစီမံတတ်တဲ့အရည်အချင်းနောက်တစ်ဆင့်ကတော့ သူတို့သုံးစွဲခဲ့တဲ့ငွေတွေကို မှတ်မှတ်သားသားလုပ်တတ်တဲ့အကျင့်ရှိအောင်ပြုလုပ်ပေးဖို့ပါ။ သတ်သတ်မှတ်မှတ်စာရင်းစာအုပ်နဲ့မှတ်တာသော်လည်ကောင်း ကွန်ပြုတာမှာစာရင်းမှတ်တာသော်လည်းကောင်းလုပ်တတ်အောင်လေ့ကျင့်ပေးပါ။ ဘောက်ချာစာရွက်တွေနဲ့ ငွေကြေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ စုတတ်တဲ့အလေ့အကျင့်ရအောင်ပြုလုပ်ပေးပါ။
သင်ခန်းစာ - ၇။ စာရင်းပြုစုထားလိုချင်တာများ။
ကလေးငယ်တွေအတွက် အဓိကနဲ့ သာမညခွဲဖို့ဆိုတာတော်တော်လေးခက်ခဲတဲ့အလုပ်လို့ဆိုရပါတယ်။ ဒါကြောင့်မို့ မိဘလုပ်သူက သူတို့နှင့်အတူတူ သူတို့ကိုယ်ပိုင်ငွေနဲ့ သူတို့လိုချင်တာတွေလုပ်ချင်တာတွေကိုအတူစာရင်းပြုလုပ်ပါ။ သူတို့လေးတွေနဲ့ အသေအချာဆွေးနွေးပြီး ဘယ်ကိစ္စကသူတို့အတွက်ပိုအရေးကြီးသလဲပြီးတော့ ကိစ္စတစ်ခုစီကို အဆင့်သတ်မှတ်ပေးနိုင် အောင်ကူညီပေးပါ။
သင်ခန်းစာ - ၈။ စုငွေဆောင်ငွေတိုးပွားပါစေ။
သင့်ကလေးကိုငွေကိုရိုးရိုးစုဆောင်တာသာမကရည်ရှည်မှာအတိုးရနိုင်တယ်ဆိုတဲ့အကြောင်းကိုစပြီးသင်ပေးပါ။ ဘဏ်တိုးတို့ ငွေစုလက်မှတ်ဝယ်ယူတာတို့လိုမျိုးတွေအကြောင်းရှင်းပြပေးပါ။ ရည်ရှည်မှာ အတိုးပွားများစေတာကိုသူတို့နားလည်းလာရင် အရမ်းအံသြသွားပါလိမ့်မယ်။ နှစ်ရှည်မှာအတိုးကနေအရင်းပြန်ဖြစ်ပြီး အတိုးပိုမိုပွားစေတာကိုသင်ကြားပေးရမှာပါ။ အသက်အရွယ်ကိုလိုက်ပြီးငွေကြေးတိုးပွားလာအောင်လုပ်ရတယ်ဆိုတဲ့အသိကိုသင်ပေးထားပါ။
သင်ခန်းစာ - ၉။ အယုံမလွယ်အောင်လေ့ကျင့်ဆောင်။
အရာရာကို သံသယမျက်လုံးနဲ့ကြည့်ပြီး မယုံမကြည်နဲ့နေဖို့ကိုဆိုလိုတာမဟုတ်ပါဘူး။ ဥာဏ်ကိုလွှာသုံးပြီး အယုံမလွယ်ဖို့ကိုသင်ကြားပေးရမှာပါ။ စိတ်ထဲမသေချာရင် အသေအချာလေ့လာပြီးမှဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ကြော်ငြာထဲမှာမြင်တိုင်းအဟုတ်ထင် အကောင်းထင်ပြီး ဘာဖြစ်ဖြစ် ဝယ်ချင်လိုချင် နေမယ်ဆိုရင်တော့ ရည်ရှည်မှာမဟန်သေးပါဘူး။ တစ်ခါတစ်လေ ဒီလိုဝတ်နိုင်မှ သုံးနိုင်မှ လူရာဝင် ထင်ပေါ်လိမ့်မယ်လို့ ထင်အောင်ကြော်ငြာတတ်တဲ့ အရာတွေကို အမှန်တကယ်လို၏၊မလို၏ဆုံးဖြတ်နိုင်အောင် ငယ်ငယ်ကတည်းကလေ့ကျင့်ထားတာ အကောင်းဆုံးပါပဲ။
သင်ခန်းစာ ၁၀။ ဝေမျှတတ်မှုအလေ့ပြု။
သင့်ကလေးကို အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ လှုဒါန်းတတ်တဲ့အကျင့်ရှိအောင် သင်ကြားပေးရမှာပါ။ ဒီအလေ့အကျင့်ဟာ ငွေဆိုတာ ပစ္စည်းဝယ်ရုံသတ်သတ်မဟုတ်ဘဲ အများကိုလည်းကူညီနိုင်တယ်ဆိုတာကို နားလည်လာစေပါတယ်။ ငယ်စဉ်ကတည်းကငွေကြေးရဲ့တန်ဖိုးဆိုတာနားလည်စေပြီး ငွေကြေးကိုအကျိုးရှိရှိအသုံးချလို့ရတယ် ဆိုတဲ့အလေ့အကျင့်ကောင်းတွေကို ရစေပါတယ်။ ငယ်စဉ်ကတည်းက အနည်းအများဆိုတာထက် ဝေမျှတတ်တဲ့အကျင့်ကောင်း ဆိုတာကို ရနေအောင်ပျိုးထောင်ပေးရမှာဖြစ်ပါတယ်။
Reference:
10 Money Lessons To Teach Your Kids Before They Turn 10 By Nicole DeCoursy, ThreeJars.com
http://www.parents.com/…/m…/lessons-teach-kids-about-money/…
The 5 Most Important Money Lessons To Teach Your Kids By Laura Shin
http://www.forbes.com/…/the-5-most-important-money-lessons…/

Tuesday, January 26, 2016

ဘ၀အတွက် အရေးကြီးလို့ ဖတ်ဖြစ်အောင် ဖတ်ပေးပါ iPhone တီထွင်သူ စတိဂျော့ရဲ့နောက်ဆုံးစကား

ကျွန်တော်စီးပွားရေးလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ ပါတယ် ဒါမှမဟုတ်ကျွန်တော်ဘဝဟာထင်ရှားတဲ့အောင်မြင်မှု့နမူနာပဲဖြစ်ပါတော့တယ်
ဒါပေမဲ့ အလုပ်လုပ်တာ အပြင်ကျွန်တော်မှာပျော်ရွင်မှု့တွေ သိပ်မရှိပါဘူး ဘာကြောင့်လည်းဆိုတော့ ချမ်းသာခြင်းသာလျှင်ကျွန်တော်ဘဝမှာရှိခဲ့တဲ့တစ်ခုတည်းသောအရာမို့ပါ
...................................
ကျွန်တော် ဆေးရုံမှာ ဖျားနာပြီးကုတင်ပေါ်မှာလှဲနေတော့ ကျွန်တော့ဘဝရဲ့အတိတ်တွေကိုပြန်သတိရမိခဲ့တော့တယ် ကွန်တော်ပိုင်ဆိုင် ရရှိထားတဲ့ ချမ်းသာခြင်းတွေဟာ ဘာတန်ဖိုးမှမရှိတာကို ကျွန်တော်ဘဝရဲ့ သေခါနီး အချိန်မှာတွေ့ ရှိခဲ့ရပါတော့တယ်
ကျွန်တော့်အတွေးထဲမှာ အစိမ်းရောင် အလင်းတန်း နဲ့အသက်ရှုကူစက် ကစက်သံကိုပဲကြားနေရပြီးကျွန်တော်သိနေတာ ကျွန်တော် ရဲ့နောက်ဆုံးအချိန်မှာ သေခြင်းတရား ကနီးကပ်လာနေပြီဆိုတာ ရိပ်မိနေပါတယ်
...................................
.အဲ့ဒီအချိန်မှာကျွန်တော် တွေးနေမိတာကိုယ်က အတန်အသင့်ချမ်းသာ လာရင်တစ်ခြားအရာကို စိတ်ဝင်တစားအချိန်ပေးဖို့ သင့်လှပါတယ်
အရေးကြီးတဲ့အရာတွေဖြစ်တဲ့ ငယ်စဉ်ဘဝတုန်း က သင်ကြားချင်တဲ့ အရာဖြစ်ချင်တဲ့အရာတွေ လုပ်ဆောင်တာမျိုးတွေ
................................................
ချမ်းသာမှု့နောက်မနားတမ်းလိုက်ပြီးမရပ်မနား နေနေတာကျွန်တော်လိုဘဝ မျိုးကို ဖြစ်စေပါလိမ့်မယ်
ဘုရားရှင်ကလူသားတိုင်းရဲ့နှလုံးသားထဲကိုချစ်ခြင်းမေတ္တာတွေ ပေးအပ်ထားပြီး အချင်းချင်းငွေကြေးနဲ့ဝယ်လို့မရနိုင်ပါဘူး .
ကျွန်တော်သေသွားရင်ကျွန်တော်ချမ်းသာခြင်းတွေ ယူသွားလို့မရနိုင်ပါဘူး အမှန်တကယ်သယ်ဆောင်သွားနိုင်မဲ့ အရာတွေကတော့ မေတ္တာနဲ့ထုံမွန်းနေတဲ့ အမှတ်ရစရာလေးတွေပါပဲ
အဲ့အရာတွေသာလျင် စစ်မှန်တဲ့ချမ်းသာမှု့တွေဖြစ်ပြီးကိုယ့်ကို အလင်းရောင်ပေး လမ်းပြပေးနိုင်မှာပါ
................................
မေတ္တာ က ကိုယ်နဲ့မကွာ တစ်သက်တာလုံးလိုက်ပါသွားနေမှာပါ ဘာကြောင့်လည်းဆိုတော့ သူက ကိုယ့်ရဲ့နှလုံးသားထဲမှာတည်ရှိနေလို့ပါပဲ
ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ကုတင်ကတော့လူနာကုတင်ပါပဲ သင်လူတွေကိုငှားရမ်းပြီးခိုင်းစေလို့ရနိုင်ပါတယ် ကားမောင်းခိုင်းခြံရှင်းခိုင်း စသဖြင့် ခိုင်းလို့ရနိုင်ပေမဲ့ ဘယ်သူ့ကိုမှ သင့်ကိုယ်စားရောဂါ လာခံစားပေးဖို့ ငှားလို့မရနိင်ပါဘူး
ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ ပြန်ရှာလို့ ရနိုင်ပေမဲ့ ဘဝရဲ့ပျောက်ဆုံးသွားတဲ့ အချိန်တွေ ကိုပြန်မရ နိုင်ပါဘူး
..................................
ခွဲစိတ်ခန်းထဲ ဝင်ရတော့မှ ကိုယ့်ရဲကျန်းမာရေးကိုကိုယ်ဂရုစိုက်ရမယ်ဆိုတာ တွေးမိ
လာတတ်ကြတယ် ဒါပေမဲ့အမြဲတမ်းနောက်ကျပြီးမှ သိနေတတ်ကြပါတယ်
ကိုယ့်ရဲ့မိသားစု ကိုယ်ချစ်တဲ့သူ ကိုယ့်ရဲ့မိတ်ဆွေတွေကို ဂရုစိုက်လိုက်ပါ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး မိသားစုနဲ့ပတ်ဝန်းကျင်ကို အလေးထားပါ
...................................
လက်တွေ့စမ်းသပ်ကြည့်ပြီးပါပြီ ငွေ အချိန် ကျန်းမာရေး စတာတွေမှာ
ကျန်းမာရေးဟာအရေးအကြီးဆုံးပါ ငွေနဲ့အချိန် က ဒုတိယနဲ့ တတိယပါ
ဒါကြောင့်ကျန်းမာရေးကိုဂရုစိုက်ကြပါခင်ဗျာ
++++++++++++
ဖေးဘုတ်ကိုစာသင်ခန်းအဖြစ်ပြောင်းလဲ ကြစို့
Change your brain,Change your life.
ဖတ်သင့်တာတွေကို Shareပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်
Credit 》》》သူဌေးမင်းကြီး Page

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်


၁။ နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။

၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။

၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။

၎။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။ 
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။ 

၅။ ကလေးကို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့

၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။

ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။ 
အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။

၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမဲ့ ပုံပြင်ကို ရွေးဖတ်ပြပါ။

၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့

၁၀။ ကလေးရဲ့ အခြေအနေမှန်အပေါ် မူတည်ပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့ တိုးတက်ဖြစ်ထွန်းမူ တစ်ခုခု ကို စဉ်းစား အကြံအဥာဏ်ထုတ်ကြည့်ပါ။

၁၁။ ငယ်ရွယ်တဲ့ ကလေးများကို သူတို့ အဖိုးအဖွားတွေနဲ့ အချိန်အကြာကြီး မထားပါနှင့်၊ သားမှာအချစ်၊ မြေးမှာ အနှစ်၊ အနှစ်လွန်သွားရင် ကလေးကို လမ်းမှန်ပြန်ရောက်အောင် ပြန်ခေါ်ဆောင်ရတာ ခက်ခဲတတ်တယ်။ သုတေသန အရ မျိုးဆက်ကျော် ပျိုးထောင်မူ ဟာ ကလေးကို ထိခိုက်တတ်တဲ့ သာဓကတွေ အများကြီး တွေ့ရှိနေပါပြီ။ 

၁၂။ ကလေးများကို ပြုံးတတ်အောင် ငယ်စဉ်ကစပြီး သင်ကြားပေးထားပါ။

၁၃။ ကလေးများကို လွယ်လွယ်နဲ့ ဟိုဟာဝယ်ပေးမယ်။ ဒီခေါ်လည်မယ်လို့ ကတိပေးမလွယ်ပါနှင့်၊ ကတိပေးခဲ့ရင် ကတိကို ရအောင်အကောင်အထည်ဖေါ်ပါ။

၁၄။ မိဘများအနေနဲ့ နေရာလဲလည်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိပါစေ၊ ငါသူတို့အရွယ်တုန်းကကောဘယ်လို အနေအထားမျိုး ရှိပါသလဲ၊ 

၁၅။ အခြားကလေးထက် ညံ့တယ်၊ အခြားကလေးကို ဘယ်နေရာမှာ မမှီဘူး လို့ ဘယ်တော့မှ မပြောမိစေနဲ့

၁၆။ ကလေးကို ချီးကျူးဖို့ အကြောင်းအရာ အမျိုးမျိုး ကို ရှာဖွေပါ။ ရက်ရက်ရောရော အသိအမှတ်ပြုပါ။ ချီးကျူးပါ။ 

၁၇။ ကလေးကို ဘယ်တော့အခါမှ မခြိမ်းခြောက်ပါနှင့်၊ အထူးသဖြင့် ဘာသာရေး ပုံပြင်များဖြင့် အခြိမ်းခြောက်ပါနှင့် 

၁၈။ ကလေးကို လူရှေ့သူရှေ့တွင် မဆဲဆိုမိပါစေနှင့်၊ မလှောင်ပြောင်မိ ပါစေနှင့်၊ ကလေး ကိုယ့်ကိုကို ယုံကြည်ချက် ပျောက်ဆုံးသွားတတ်တယ်။

ကလေးပျိုးထောင်တဲ့ အကြောင်းအရာတွေကို မရေးဖြစ်တာတောင် အချိန်အတော်ကြာနေပါပြီ။ အဓိက ကတော့ ရေးစရာ အချက်အလက်တွေ ရေးရင်းရေးရင်းနဲ့ အပ်ကြောင်းထပ်လာလို့ပါ။ အမှန်တော့ ဘယ်နိုင်ငံပဲ ကြည့်ကြည့် ကလေးတွေ ပျိုးထောင်တဲ့ အခြေခံ အယူအဆတွေ သိပ် အကွာခြားကြီး မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရှည်ရှည် နဲ့ ကုန်ဆုံးအောင် ဖတ်ရူ့သူ မိဘများအားလုံးကို အစဉ် ကျေးဇူးတင်ပါတယ်။ အသုံးဝင် အကျိုး ပြု နိုင်ပါစေ။

ဘာက ပိုပြီးအရေးကြီးပါသလဲ

မိမိကလေးတွေကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ပျိုးထောင်ဖို့ ဘာတွေက ပိုပြီး အရေးကြီးပါသလဲ။ စာတော်တယ်။ 
လိမ္မာတယ်။ မိဘစကား နားထောင်တယ်။ သိတတ်တယ်။ ဒါတွေ လုံလောက်ပြီလား။ 

ကိုယ်ပိုင်အမြင်ရှိခြင်းဟာ စကားနားထောင်တာထက် ပိုမိုအရေးကြီးပါတယ်။

ဝါသနာရှိခြင်းဟာ စာမေးပွဲ ရမှတ်ကောင်းခြင်းထက်ပိုမိုအရေးကြီးပါတယ်။

စိတ်ရင်းခံကောင်းခြင်းဟာ မှားခြင်းမှန်ခြင်းထက်ပိုမို အရေးကြီးပါတယ်။

ပျော်ရွှင်မူ ခံစားတတ်ခြင်းဟာ ပြည့်စုံခြင်းထက် ပိုမို အရေးကြီးတတ်ပါတယ်။

ယုံကြည်ခြင်းဟာ ရှိခိုးဦးချခြင်းထက် ပိုမိုအရေးကြီးပါတယ်။

ရင့်ကျက်လာခြင်းဟာ အနိုင်အရူံးထက် ပိုမို အရေးကြီးပါတယ်။

ကိုယ့်ကိုကို စမ်းစစ်တတ်ခြင်းဟာ သူများကို အကဲခတ် ဝေဖန်တတ်ခြင်း ထက် ပိုမို အရေးကြီးပါတယ်။

ကလေးများကို အမှန်တကယ် ရင်ဖွင့်အောင် ပြုလုပ်နည်းများ

ကလေးများကို သူတို့လေးတွေရဲ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ရင်ဖွင့်စေချင်ရင် ၊ 
ကလေးများ သင့်ကို သူတို့ရဲ့ လျို့ဝှက်ချက် ကလေးတွေကို ပြောပြစေချင်ရင်၊ 
အောက်ပါ နည်းလမ်းအတိုင်း လုပ်ကြည့်ကြရအောင်… အနည်းဆုံးတော့ သင့်နဲ့ သင့်ကလေး ဆက်ဆံရေး တော်တော် အဆင်ပြေသွား ပါလိမ့်မယ်။

၁။ ချီးကျူးစရာ အကြောင်းအရာ ပေါ်ပေါက်လာရင် ရက်ရက်ရောရော ချီးကျူးပေးပါ။ ချီးကျူးရတဲ့ အကြောင်းအရာများကို သင်ကလေးအား သေသေချာချာ ရှင်းပြပါ။ ချီးကျူးသင့် ချီးကျူးထိုက်တယ်လို့ ကလေးခံစားမိပါစေ။ ချီးကျူးတဲ့ အကြောင်းအရာအားလုံး အမှန်ဖြစ်ဖို့ လိုပါတယ်။

၂။ ကလေးကို အပြောနဲ့မဟုတ်ပဲ၊ လက်တွေ့မှာ သူငယ်ချင်လိုမြင်ကြည့်ပြီး ပေါင်းကြည့်ပါ။ 
သူငယ်ချင်းပုံစံနဲ့ပေါင်းရင် ဆုံးမတာတွေ နည်းသွားပြီး တိုင်ပင်တာတွေများသွားတယ်။

၃။ ပုခုန်းလေးကို ပုပ်လိုက်၊ ခေါင်းကလေးကိုကိုင်လိုက်၊ မျက်နာကလေးကိုပွတ်လိုက်၊ အခွင့်အခါ ကြုံတိုင်း ပြုလုပ်ပါ။ အပြုအမူဟာ စကားလုံးထက် ပိုမိုထိရောက်တတ်ပါတယ်။

၎။ ကိစ္စတစ်ခုခု (သို့) အဖြစ်အပျက်တစ်ခုခု အပေါ်မှာထားရှိတဲ့ မိမိရဲ့ ထင်မြင်ယူဆချက်နဲ့ ခံစားချက်တွေကို ကလေးနဲ့ တိုင်ပင်သလိုလိုနဲ့ ပြောပြပါ။

၅။ “ငါမင်းကိုစေတနာနဲ့ ပြောနေတာ၊ မင်း ဒါတော့ ဒီလိုလုပ်သင့်တယ် ” ဆိုတဲ့ စကားပြော လေသံမျိုးကို လုံးဝရှောင်ကြင်ပါ။ မင်းအတွက် မင်းလုပ်နေတယ်။ မင်းအလုပ် မင်းပြီးအောင်လုပ် ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်အောင် ပြောကြားရင် ပိုမိုထိရောက်တတ်ပါတယ်။

၆။ ငါမင်းအဖေပဲ၊ ငါပြောတဲ့အတိုင်း မင်းလုပ်ရမယ် ဆိုတဲ့လေသံမျိုး ရှောင်ကြင်ပါ။ မိဘဟာ ကလေးရဲ့ စံပြပါ။ မိဘလုပ်သလို ကလေးတွေလိုက်ပြုမူတတ်ပါတယ်။

၇။ ကလေးတွေ မပြောပြချင်တဲ့ အကြောင်းအရာတွေကို ဆဲဆိုတာမျိုး၊ ရိုက်နက်ပြီး အတင်းပြောခိုင်းတာမျိုး မလုပ်ပါနဲ့။ ဖိနိပ်ခြင်းဟာ အာခံခြင်းကိုဖြစ်ပေါ်စေတာပဲရှိတယ်။ ကလေးတွေ အမှန်မပြောပြတာဟာ ကိုယ်မေးတဲ့ပုံစံက မမှန်သေးလို့ပါ။ဒီကိစ္စကို ခဏလပ်ထားလိုက်ပါ။ လေးငါးရက်လောက်ကျရင် မသိမသာနဲ့ ပြန်ချော့မေးကြည့်ပါ။ ကလေးရဲ့စိတ်အကာအကွယ် တော်တော်ရော့သွားတာ တွေ့ရှိပါလိမ့်မယ်။
မေးရတာလည်း အရမ်းလွယ်ကူသွားပါလိမ့်မယ်။

၈။ ခေတ်ကြီးဘယ်လောက်ပဲတိုးတက်နေပါစေ၊ ကလေးတွေကို စာရေးကြည့်ပါ။ အလွန်စိတ်ဝင်စားစရာကောင်းပြီး ပိုမိုထိရောက်တာကို သင်တွေ့ရှိပါလိမ့်မည်။ အထူသဖြင့် တစ်ခုခု အပြစ်တင်တာ မှားသွားလို့၊ စကားပြောတာ လိုအပ်တာထက် ပိုပြီးပြောမိတဲ့ အခါမျိုး ကျရင်၊ ကိုယ်စိတ်မကောင်းတာတွေ၊ ကိုယ်ဖြစ်စေချင်တာတွေ ကို စာနဲ့ဆက်သွယ်ရေးသားလို့ ရပါတယ်။ 
ကိုယ့်ကိုကို စမ်းစစ်တဲ့အခါမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့မေတ္တာကို ဖေါ်ပြချင်တဲ့အခါပဲ ဖြစ်ဖြစ် ပြောလို့မထွက်တဲ့ စကားတွေကို စာရေးရင် ပိုအကျိုးရှိပါတယ်။

၉။ ကလေးနဲ့ တူညီတဲ့စာအုပ်တစ်အုပ်ကို ဖတ်တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကားတစ်ကားကို အတူကြည့်တာပဲ ဖြစ်ဖြစ် မကြာမကြာ ပြုလုပ်ပေးရင်၊ မိသားစုအတွင်းမှာ စကားလက်ဆုံကျဖို့ အခွင့်ကောင်းပိုမိုရရှိစေတတ်ပါတယ်။

၁၀။ ကလေးအပေါ် မကျေမနပ်နဲ့ မညည်းညူ ပါနဲ့။ ညည်းညူခြင်းဟာ မိဘနဲ့ သားသမီးကြားမှာ ကာဆီးတဲ့ တံတိုင်းကြီးသဖွယ် ဖြစ်နေတတ်ပါတယ်။
ကျွန်တော်ပညာရှင်မဟုတ်ပါ။ မိဘကောင်းဖြစ်ချင်တော့ စာအုပ်ရှာဖတ်ပါတယ်။ ကောင်းတာတွေတွေ့တော့ ရှယ်ရာလုပ်ချင်လာပါတယ်။ ဖတ်ထားတဲ့ စာအုပ်ထဲက ဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ ဘာသာပြန်တာက များပါတယ်။ မိဘများ ဖတ်ကြည့်ရင် အကျိုးမဖြစ်ရင်တောင်မှ အကျိုးမယုတ်စေအောင် သတိထားပြီး ရေးသားထားပါတယ်။ နစ်သက်နိုင်ကြပါစေ။

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ်က ရွာလေး တစ်ရွာမှာ ရှိတဲ့ လယ်သမား မိသားစု ကနေ ကောင်လေး တစ်ယောက်မွေးဖွား ခဲ့တယ်။ အဲဒီ မိသားစုဟာ ဆင်းရဲလွန်း တာကြောင့် ကောင်လေးဟာ (၄)နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံ လိုက်ရောင်း ခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ ရပါဘူး။

ကျောင်းစတက်တဲ့ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော် သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ် ရပါတယ်။

ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင် သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံ သွားခဲ့ကြတယ်။ ကောင်လေး သုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။

အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်က ကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။

"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော် ဆာပြီသေသွားလိမ့်မယ်"လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့ မယ်"လို့ နောက်ကောင်လေးတစ်ယောက်ကဆိုတယ်။

သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။

"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော် ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြော ပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ် ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက် စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့ အခွင့်အရေး ဆိုတာကို ကောင်လေး သိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့ လူတွေ ကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။

(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ် သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက် အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ် မှန်စေခဲ့တယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကား တိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။

"ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေး အတွက်ပါ။
သူတစ်ပါး ကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေ"တဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။

----------
http://en.wikipedia.org/wiki/Luiz_Inácio_Lula_da_Silva

မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html

လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရစေတဲ့ သော့ချက်တစ်ချို့

တစ်ခါတစ်ရံမှာ လူတိုင်းလိုလို လုပ်ငန်းခွင် အတွင်းမှာ မတူညီတဲ့ပြိုင် ဆိုင်မှုတွေနဲ့၊ ခက်ခဲကျပ်တည်းရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ကြရတဲ့ အခါမျိုးရှိကြပါတယ်။ ဒီလို အတွေ့အကြုံမျိုးတွေဟာ အများအားဖြင့် ထိပ်တန်း တစ်နေရာကို ရရှိဖို့ကြိုးစားကြတဲ့ လူတွေအတွက် စိန်ခေါ်မှု တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှုကို ကြိုးပမ်းနေကြတဲ့ လူတွေအတွက် ဘယ်လိုစိန်ခေါ် မှုတွေဖြစ်ဖြစ် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားခြင်းဟာ အရေးကြီးတဲ့သော့ ချက်ဖြစ်တယ် ဆိုတာ သိရှိနေဖို့ လိုပါတယ်။ 

ဒါဆိုရင် လုပ်ငန်းခွင်အတွင်းမှာ အောင်မြင် တဲ့ လူတစ်ယောက်ဖြစ်ရပ်တည်နိုင်ဖို့ဘယ်လိုအခြေအနေမျိုးကို ကြိုးပမ်းနိုင်ဖို့လိုပါသလဲ။ ဒီအတွက် ထိရောက်တဲ့နည်းလမ်းတွေများစွာရှိရာ လက်လှမ်းမှီသလောက် သော့ချက်တစ်ချို့ကို ဝေမျဖော်ပြပေးလိုက်ပါတယ်။ 

ရဲဘော်ရဲဘက်စိတ်ထားရှိပါ 

လုပ်ငန်းခွင်တစ်ခုမှာ ခိုင်မာတဲ့အောင်မြင်မှုတစ်ခုကိုရရှိစေဖို့ မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေအပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိတတ်ဖို့လိုပါတယ်။လုပ်ငန်းခွင်ဆိုတာ အပေါင်းအစုနဲ့ဖွဲ့စည်းလုပ်ဆောင်ရတာကြောင့် တစ်ဦးကိုတစ်ဦး ရဲဖော်ရဲဘက်စိတ်အပြည့်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်မှ ရေရှည်အောင်မြင်တဲ့လူတစ်ယောက်အဖြစ်လုပ်ငန်းခွင်အတွင်းမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ သန့်ရှင်းတဲ့စိတ်လေးကိုမွေးမြူပြီး မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေအတွက် မှန်ကန်စွာရပ်တည်ပေးနိုင်မှုဟာ ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားတစ်ခုကို မွေးဖွားစေပါတယ်။ မိမိကိုယ်မိမိ လိပ်ပြာသန့်ပြီး ဘဝကိုရှေ့ဆက်ဖို့ ယုံကြည်မှုအားတိုးစေပါတယ်။ 

မှန်ကန်တဲ့အမြင်ရယူနိုင်ဖို့ကြိုးစားပါ 

လုပ်ငန်းခွင်အတွင်းပြဿနာရပ်တွေ၊ သဘောထားကွဲလွဲမှုတွေဆိုတာ အမြဲလိုလို ရင်ဆိုင်ကြရတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေအတွက် မိမိရဲ့မှတ်ချက်အရေးပါသူတွေအနေနဲ့ မှန်ကန်တဲ့မှတ်ချက်တွေပေးတတ်ဖို့အရေးကြီးပါတယ်။ အထက်လူကြီးမှ လက်အောက်ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး မိမိဆီမှ ထောက်ခံချက် တစ်စုံတစ်ရာတောင်းဆိုလာတဲ့အချိန်မှာ မိမိရဲ့ထောက်ခံချက်ဟာ ထိုဝန်ထမ်းအတွက် အပြောင်းအလဲများစွာဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်။ ဒါကြောင့်မိမိရဲ့ထောက်ခံချက်တစ်စုံတစ်ခုဟာ တစ်ဘက်သားအတွက် အရမ်းကို အရေးပါလှတာကြောင့် ထောက်ခံချက်ပေးရမယ့်တာဝန်ဝတ္တရားရှိနေသူတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်အပေါ်၊ လက်အောက်ဝန်ထမ်းတွေအပေါ် မှန်ကန်စွာ မြင်တတ်တဲ့အမြင်မျိုးရှိနေဖို့လိုပါတယ်။တစ်စုံတစ်ခုရဲ့ဖိအားကြောင့် မိမိလက်အောက်ဝန်ထမ်းအပေါ် လွဲမှားစွာ ထောက်ခံချက်ပေးမှုဟာ ထိုသူရဲ့ဘဝကိုများစွာထိခိုက်နစ်နာစေသလို အောင်မြင်မှု ကိုအထောက်အကူဖြစ်စေတဲ့ မိမိရဲ့စိတ်အင်အားကိုလည်း များစွာယုတ်လျော့စေပါတယ်။ 

လိမ္မာပါးနပ်တဲ့ကိုင်တွယ်ဖြေရှင်းမှုကိုရယူပါ 

လုပ်ငန်းခွင်အတွင်းမှာ မတူညီတဲ့အမြင်အမျိုးမျိုးရှိတတ်ကြရာ ထိုမတူညီတဲ့အမြင်တွေကြားမှာ မိမိရဲ့အခက်အခဲတွေအတွက် ဘယ်လိုဖြေရှင်းကြမလဲ။ လိမ္မာပါးနပ်မှုဆိုတာ အရမ်းကို အရေးပါလာပြီဖြစ်ပါတယ်။ လိမ္မာပါးနပ်မှုဆိုတာ လိမ်လည်လှည့်ဖျားတာမျိုး ၊လူလည်ကျတာမျိုးမဟုတ်ဘဲ မိမိရဲ့ပြဿနာရပ်တွေကို ဥာဏ်နဲ့ယှဉ်ပြီး ဖြေရှင်းခြင်းဘဲဖြစ်ပါတယ်။မိမိရဲ့ဖြစ်ချင်တဲ့ဆန္ဒဇောတွေကို တည်ငြိမ်အောင်ထိန်းချုပ်ထားပြီး ငြိမ်သက်တဲ့စိတ်အခြေအနေတစ်ခုကိုရယူပြီးမှ လိမ္မာပါးနပ်စွာနဲ့ဖြေရှင်းသင့်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား သံတမန်ရေးရာ မရှိမဖြစ်အရေးပါနေမှုဟာ လိမ္မာပါးနပ်စွာ ဖြေရှင်းနည်းရဲ့ထိရောက်မှုကြောင့်ဖြစ်ပါတယ်။ ဒါကို Diplomacy ဆိုလို့အကြမ်းဖျင်းနားလည်နိုင်ပြီး လုပ်ငန်းခွင်အတွင်းမှာလည်း အောင်မြင်မှုကို ကြိုးပမ်းနေသူတွေအတွက် Diplomacy ဆိုတာ အရမ်းကို လိုအပ်ပါတယ်။ 

ရဲဝံ့စွာလုပ်ဆောင်ပါ 


လုပ်ငန်းခွင်အတွင်း အရာရာတိုင်းကို တွန့်ဆုတ်ကြောက်ရွံနေမှုဟာ မိမိကိုယ်ကို မိမိ နောက်လိုက်ဖြစ်အောင်တွန်းပို့နေသလိုဖြစ်စေပါတယ်။ မိမိအတွက်ချမှတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကြောက်ရွံနေပြီး မဝံ့မရဲဖြစ်နေခြင်းဟာ လုပ်ဖော်ကိုင်ဘက်တို့ရဲ့ယုံကြည်မှုအားကိုနည်းစေပြီး မိမိကိုယ်မိမိလည်း စိတ်အားလျော့စေပါတယ်။လောကမှာ အမှားဆိုတာ အမြဲတစ်စေကြုံတွေ့နေရမှာဖြစ်ပြီး အမှားအတွက် တွေးပူပြီး ကြောက်ရွံ့နေစရာမလိုဘဲ မိမိလုပ်သင့်ဆုံးဖြတ်သင့်တဲ့အရာတွေကို ကြိုးစားလုပ်ဆောင်နိုင်ခြင်းဟာ အောင်မြင်မှုလင်းလက်စေတဲ့ရောင်ခြည်တွေဘဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ လူတွေဟာ အမှားတွေ ကနေ အမှန်တွေကို သင်ယူနေရတာကြောင့်ဖြစ်ပါတယ်။ အမှားတွေက မသင်ယူဘဲဆက်လက် မှားနေသူတွေကသာ ဘဝမှာ ဆုံးရှုံးနစ်နာသူတွေဖြစ်ပါတယ်။ 

မိမိအလုပ်ကိုတာဝန်ယူစိတ်ရှိပါ 

မိမိလုပ်ဆောင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး တာဝန်ယူတတ်မှုဟာ လုပ်ငန်းခွင်အတွင်းလုပ်ဖော်ကိုင်ဘက်တွေကိုပါအကျိုးပြုသလို မိမိကိုယ်တိုင်ကိုလည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်စေဖို့ခြေတစ်လှမ်းတိုးစေခြင်းဘဲဖြစ်ပါတယ်။ 

မိမိရဲ့အလုပ်ကို စေတနာထားပါ 

မိမိရဲ့အလုပ်ကို စေတနာထားပြီး လုပ်ဆောင်ခြင်းဟ မိမိရဲ့ဘဝကိုတန်ဖိုးထားခြင်းတစ်မျိုးဖြစ်ပြီး ဒီလို လုပ်ဆောင်တတ်တဲ့လူတွေကို အောင်မြင်နေတဲ့လုပ်ငန်းခွင်တိုင်းက လှိုက်လှဲစွာ လက်ကမ်းကြိုဆိုလေ့ရှိကြပါတယ်။ မိမိလုပ်ဆောင်ခဲ့တဲ့အရာဟူသမျဟာ မိမိရဲ့နောက်က အရိပ်ပမာလိုက်နေရာ မိမိရဲ့ကောင်းမွန်စွာ ကြိုးစားလုပ်ဆောင်ခဲ့မှုမှန်သမျဟာ မိမိရဲ့နောက်မှာ အရိပ်ပမာထပ်ကြပ်မကွာလိုက်နေမှာဖြစ်တာကြောင့် အလုပ်ကိုစေတနာပါပါလုပ်ဆောင်ခြင်းဖြင့် အရိပ်ကောင်းကို ဖန်တီးတတ်ဖို့လိုပါတယ်။ 

အမှိုက် နှင့် စားစရာ လဲလှယ်ခြင်းဖြင့် သန့်ရှင်းသောမြို့တော်ကြီးဆီသို့

တစ်ခါတစ်ရံမှာ လူတိုင်းလိုလို လုပ်ငန်းခွင် အတွင်းမှာ မတူညီတဲ့ပြိုင် ဆိုင်မှုတွေနဲ့၊ ခက်ခဲကျပ်တည်းရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ကြရတဲ့ အခါမျိုးရှိကြပါတယ်။ ဒီလို အတွေ့အကြုံမျိုးတွေဟာ အများအားဖြင့် ထိပ်တန်း တစ်နေရာကို ရရှိဖို့ကြိုးစားကြတဲ့ လူတွေအတွက် စိန်ခေါ်မှု တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှုကို ကြိုးပမ်းနေကြတဲ့ လူတွေအတွက် ဘယ်လိုစိန်ခေါ် မှုတွေဖြစ်ဖြစ် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားခြင်းဟာ အရေးကြီးတဲ့သော့ ချက်ဖြစ်တယ် ဆိုတာ သိရှိနေဖို့ လိုပါတယ်။ 

ဒါဆိုရင် လုပ်ငန်းခွင်အတွင်းမှာ အောင်မြင် တဲ့ လူတစ်ယောက်ဖြစ်ရပ်တည်နိုင်ဖို့ဘယ်လိုအခြေအနေမျိုးကို ကြိုးပမ်းနိုင်ဖို့လိုပါသလဲ။ ဒီအတွက် ထိရောက်တဲ့နည်းလမ်းတွေများစွာရှိရာ လက်လှမ်းမှီသလောက် သော့ချက်တစ်ချို့ကို ဝေမျဖော်ပြပေးလိုက်ပါတယ်။ 

ရဲဘော်ရဲဘက်စိတ်ထားရှိပါ 

လုပ်ငန်းခွင်တစ်ခုမှာ ခိုင်မာတဲ့အောင်မြင်မှုတစ်ခုကိုရရှိစေဖို့ မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေအပေါ် ရဲဘော်ရဲဘက်စိတ်ထားရှိတတ်ဖို့လိုပါတယ်။လုပ်ငန်းခွင်ဆိုတာ အပေါင်းအစုနဲ့ဖွဲ့စည်းလုပ်ဆောင်ရတာကြောင့် တစ်ဦးကိုတစ်ဦး ရဲဖော်ရဲဘက်စိတ်အပြည့်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်မှ ရေရှည်အောင်မြင်တဲ့လူတစ်ယောက်အဖြစ်လုပ်ငန်းခွင်အတွင်းမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ သန့်ရှင်းတဲ့စိတ်လေးကိုမွေးမြူပြီး မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေအတွက် မှန်ကန်စွာရပ်တည်ပေးနိုင်မှုဟာ ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားတစ်ခုကို မွေးဖွားစေပါတယ်။ မိမိကိုယ်မိမိ လိပ်ပြာသန့်ပြီး ဘဝကိုရှေ့ဆက်ဖို့ ယုံကြည်မှုအားတိုးစေပါတယ်။ 

မှန်ကန်တဲ့အမြင်ရယူနိုင်ဖို့ကြိုးစားပါ 

လုပ်ငန်းခွင်အတွင်းပြဿနာရပ်တွေ၊ သဘောထားကွဲလွဲမှုတွေဆိုတာ အမြဲလိုလို ရင်ဆိုင်ကြရတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေအတွက် မိမိရဲ့မှတ်ချက်အရေးပါသူတွေအနေနဲ့ မှန်ကန်တဲ့မှတ်ချက်တွေပေးတတ်ဖို့အရေးကြီးပါတယ်။ အထက်လူကြီးမှ လက်အောက်ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး မိမိဆီမှ ထောက်ခံချက် တစ်စုံတစ်ရာတောင်းဆိုလာတဲ့အချိန်မှာ မိမိရဲ့ထောက်ခံချက်ဟာ ထိုဝန်ထမ်းအတွက် အပြောင်းအလဲများစွာဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်။ ဒါကြောင့်မိမိရဲ့ထောက်ခံချက်တစ်စုံတစ်ခုဟာ တစ်ဘက်သားအတွက် အရမ်းကို အရေးပါလှတာကြောင့် ထောက်ခံချက်ပေးရမယ့်တာဝန်ဝတ္တရားရှိနေသူတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်အပေါ်၊ လက်အောက်ဝန်ထမ်းတွေအပေါ် မှန်ကန်စွာ မြင်တတ်တဲ့အမြင်မျိုးရှိနေဖို့လိုပါတယ်။တစ်စုံတစ်ခုရဲ့ဖိအားကြောင့် မိမိလက်အောက်ဝန်ထမ်းအပေါ် လွဲမှားစွာ ထောက်ခံချက်ပေးမှုဟာ ထိုသူရဲ့ဘဝကိုများစွာထိခိုက်နစ်နာစေသလို အောင်မြင်မှု ကိုအထောက်အကူဖြစ်စေတဲ့ မိမိရဲ့စိတ်အင်အားကိုလည်း များစွာယုတ်လျော့စေပါတယ်။ 

လိမ္မာပါးနပ်တဲ့ကိုင်တွယ်ဖြေရှင်းမှုကိုရယူပါ 

လုပ်ငန်းခွင်အတွင်းမှာ မတူညီတဲ့အမြင်အမျိုးမျိုးရှိတတ်ကြရာ ထိုမတူညီတဲ့အမြင်တွေကြားမှာ မိမိရဲ့အခက်အခဲတွေအတွက် ဘယ်လိုဖြေရှင်းကြမလဲ။ လိမ္မာပါးနပ်မှုဆိုတာ အရမ်းကို အရေးပါလာပြီဖြစ်ပါတယ်။ လိမ္မာပါးနပ်မှုဆိုတာ လိမ်လည်လှည့်ဖျားတာမျိုး ၊လူလည်ကျတာမျိုးမဟုတ်ဘဲ မိမိရဲ့ပြဿနာရပ်တွေကို ဥာဏ်နဲ့ယှဉ်ပြီး ဖြေရှင်းခြင်းဘဲဖြစ်ပါတယ်။မိမိရဲ့ဖြစ်ချင်တဲ့ဆန္ဒဇောတွေကို တည်ငြိမ်အောင်ထိန်းချုပ်ထားပြီး ငြိမ်သက်တဲ့စိတ်အခြေအနေတစ်ခုကိုရယူပြီးမှ လိမ္မာပါးနပ်စွာနဲ့ဖြေရှင်းသင့်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား သံတမန်ရေးရာ မရှိမဖြစ်အရေးပါနေမှုဟာ လိမ္မာပါးနပ်စွာ ဖြေရှင်းနည်းရဲ့ထိရောက်မှုကြောင့်ဖြစ်ပါတယ်။ ဒါကို Diplomacy ဆိုလို့အကြမ်းဖျင်းနားလည်နိုင်ပြီး လုပ်ငန်းခွင်အတွင်းမှာလည်း အောင်မြင်မှုကို ကြိုးပမ်းနေသူတွေအတွက် Diplomacy ဆိုတာ အရမ်းကို လိုအပ်ပါတယ်။ 

ရဲဝံ့စွာလုပ်ဆောင်ပါ 


လုပ်ငန်းခွင်အတွင်း အရာရာတိုင်းကို တွန့်ဆုတ်ကြောက်ရွံနေမှုဟာ မိမိကိုယ်ကို မိမိ နောက်လိုက်ဖြစ်အောင်တွန်းပို့နေသလိုဖြစ်စေပါတယ်။ မိမိအတွက်ချမှတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကြောက်ရွံနေပြီး မဝံ့မရဲဖြစ်နေခြင်းဟာ လုပ်ဖော်ကိုင်ဘက်တို့ရဲ့ယုံကြည်မှုအားကိုနည်းစေပြီး မိမိကိုယ်မိမိလည်း စိတ်အားလျော့စေပါတယ်။လောကမှာ အမှားဆိုတာ အမြဲတစ်စေကြုံတွေ့နေရမှာဖြစ်ပြီး အမှားအတွက် တွေးပူပြီး ကြောက်ရွံ့နေစရာမလိုဘဲ မိမိလုပ်သင့်ဆုံးဖြတ်သင့်တဲ့အရာတွေကို ကြိုးစားလုပ်ဆောင်နိုင်ခြင်းဟာ အောင်မြင်မှုလင်းလက်စေတဲ့ရောင်ခြည်တွေဘဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ လူတွေဟာ အမှားတွေ ကနေ အမှန်တွေကို သင်ယူနေရတာကြောင့်ဖြစ်ပါတယ်။ အမှားတွေက မသင်ယူဘဲဆက်လက် မှားနေသူတွေကသာ ဘဝမှာ ဆုံးရှုံးနစ်နာသူတွေဖြစ်ပါတယ်။ 

မိမိအလုပ်ကိုတာဝန်ယူစိတ်ရှိပါ 

မိမိလုပ်ဆောင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး တာဝန်ယူတတ်မှုဟာ လုပ်ငန်းခွင်အတွင်းလုပ်ဖော်ကိုင်ဘက်တွေကိုပါအကျိုးပြုသလို မိမိကိုယ်တိုင်ကိုလည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်စေဖို့ခြေတစ်လှမ်းတိုးစေခြင်းဘဲဖြစ်ပါတယ်။ 

မိမိရဲ့အလုပ်ကို စေတနာထားပါ 

မိမိရဲ့အလုပ်ကို စေတနာထားပြီး လုပ်ဆောင်ခြင်းဟ မိမိရဲ့ဘဝကိုတန်ဖိုးထားခြင်းတစ်မျိုးဖြစ်ပြီး ဒီလို လုပ်ဆောင်တတ်တဲ့လူတွေကို အောင်မြင်နေတဲ့လုပ်ငန်းခွင်တိုင်းက လှိုက်လှဲစွာ လက်ကမ်းကြိုဆိုလေ့ရှိကြပါတယ်။ မိမိလုပ်ဆောင်ခဲ့တဲ့အရာဟူသမျဟာ မိမိရဲ့နောက်က အရိပ်ပမာလိုက်နေရာ မိမိရဲ့ကောင်းမွန်စွာ ကြိုးစားလုပ်ဆောင်ခဲ့မှုမှန်သမျဟာ မိမိရဲ့နောက်မှာ အရိပ်ပမာထပ်ကြပ်မကွာလိုက်နေမှာဖြစ်တာကြောင့် အလုပ်ကိုစေတနာပါပါလုပ်ဆောင်ခြင်းဖြင့် အရိပ်ကောင်းကို ဖန်တီးတတ်ဖို့လိုပါတယ်။ 

ဒီလိုအချိန်မျိုးမှာ ကလေးကို မဆုံးမပါနဲ့

မိဘများဟာ ကလေးကို ပေါက်မြောက်စေချင်လွန်းတော့ နည်းမျိုးစုံနဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမတာမျိုး ပြုလုပ်တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါနဲ့ အခြေအနေ ကို ရှောင်ရှားတတ်ဖို့လိုပါတယ်။
၁။ သတိရမှ သွန်သင်ဆုံးမ တာမျိုး
ကလေးကို သွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ၀တ္တရားတစ်ခုပါ။ မိဘများ အလုပ်ရူပ်တယ်ဆိုပြီးတော့မှ သတိရခါမှ ကောက်ကာငင်ကာ ဆုံး မလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အဲလိုပြုလုပ်လိုက်ရင် ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ အူတူတူနဲ့ အနာတရ ရသွားတတ်ပါတယ်။
၂။ စိတ်ဆိုးမှ သွန်သင်ဆုံးမတာမျိုး
ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့အခါ၊ ဒေါသထွက်တဲ့ အခါကျရင် သွေးပူနေတတ်ပါတယ်။ သွေးပူ ခေါင်းပူနေတဲ့ အချိန်မှာ တစ်ခုခု ကို ပြောချင်ရင်တောင်မှ ကိုယ့်စိတ်ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆိုသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးမှားတာက ဘာမ မပြောပ စလောက်လေး၊ ကိုယ်ဘ၀င်မကျတာက များများ၊ အဲလိုအချိန်မျိုးမှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက်ကို ဦးတည်သွားစေတတ်ပါတယ်။
၃။ လူရှေ့သူရှေ့ မှာ ကလေးကို ဆိုဆုံးမတာမျိုး
ကလေး ဘယ်လောက်ပဲမှားနေမှားနေ၊ ကလေးကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာကို သေသေချာချာ မေးမြန်းပြီး ဆိုဆုံးမစရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့မှာ ဆိုဆုံးမ မိရင် ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင်တဲ့ အထိဖြစ်တတ်ပါတယ်။
၎။ ကလေးနဲ့ တစ်ခုခု ဆွေးနွေး နေတဲ့ အခါမျိုးမှာ ဆိုဆုံးမတာမျိုး
မိသားစု စကားလက်ဆုံ ကျတဲ့ အခါမျိုးမှာ တစ်ခုခု တိုင်ပင်ဆွေးနွေးနေတဲ့ အခါ အကြောင်းအရာ တစ်ခုခု နဲ့ ပတ်သက်လို့ မိဘက အလိုမကျခဲ့ရင် ကောက်ကာငင်ကာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။ အဲလိုလုပ်ရင် ကလေးက ကိုယ့်ကို ဘာမှ ပြန်မပြောပြတော့ဘူး၊ နောင်တစ်ခါ ကိုယ်နဲ့ လည်းဘာမှ မဆွေးနွေးတော့ဘူး။
၅။ ထ္မင်း စားချိန်၊ အိပ်ရာဝင်ခါနီးချိန်မှာ ဆိုဆုံးမတာမျိုး
ထ္မင်းလက်ဆုံ စားတဲ့အချိန်ဆိုတာ မိသားစု အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ပျော်ရွှင်မူကို ခံစားသင့်တဲ့ အချိန်အခါ၊ ကျေးဇူးတင်သင့်တဲ့ အချိန်အခါ၊ မိသားစုအတွင်း စကားလက်ဆုံ ကျပြီး အတွေးအခေါ် ဖလှယ်နှီးနောတဲ့ အချိန်အခါ ကောင်းဖြစ်သင့်ပါတယ်။ အဲဒီ အချိန်မှာ တစ်ခုခု ကို သတိရလိုက်လို့ ဆိုဆုံးမလိုက်ရင် မိသားစု ၀င်များအားလုံးရင် ခံစားမူ ကို ပြောင်းလည်းသွားစေပါတယ်။ ညအိပ်ရာ ၀င်ခါနီးရင်လည်း ကလေးများ ကောင်းကောင်းမွန်မွန် နားနေစေဖို့ အဲဒီအချိန်မှာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။
၆။ အပြစ် နှစ်ခု သုံးခုကို စုပုံ ပြီး တပြိုင်တည်း ဆိုဆုံးမတာမျိုး
အပြစ်သုံးလေးခု ကိုစုပုံပြီး တစ်ပြိုင်တည်း ဆိုဆုံးမတာမျိုးဟာ လုံးဝမထိရောက်တတ်ပါဘူး။ ကလေးဟာ ဘယ်ဟာကို ဦးစားပေး ပြုပြင်ရမယ်ဆိုတာကို ဦးတည်ချက်ပျောက်ဆုံးနေတတ်ပါတယ်။ မိဘများအနေနဲ့ မိမိကလေးကို သိပ်ပြီးဂရုမစိုက်ရာလည်းရောက်ပါတယ်။ ဂရုတစ်စိုက် ရှိခဲ့ရင် အပြစ်သေးသေးလေးကတည်းက တွေ့ရှိရမဲ့ ကိစ္စကို သုံးလေးခု ကျမှ တစ်ပြိုင်းထဲ ဆိုဆုံးမတာကိုက သဘာဝ သိပ်မကျလှပါဘူး။
Credit;Sya Aung Ko Latt

``မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက် ပေးနိုင်မလား´´

အိန္ဒိယ သမ္မတပြောသွားတဲ့ ``မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက် ပေးနိုင်မလား´´တဲ့
ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ
မြန်မာနိုင်ငံက လူတွေအတွက် လည်း
တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့
အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်
နည်းနည်းပေးပြီး ဖတ်ပေးပါ။
ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲပေးစေချင်ပါတယ်။ အခုလို ပြောထားပါတယ်။
" မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။
အိန္ဒိယသမ္မတ:
"တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေ မထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။
မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး
မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်္ကာပူကိုရောက်တဲ့အခါ
ကျတော့...စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ ၅၅ မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာ မင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေး
လျှောက်ထွေးရဲလား။ဒါတွေက မင်း
ကို မေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကို မလေးစား စည်းကမ်းပျက်တတ်တဲီ့မင်းကိုပဲ မေးနေတာ။
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။
တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာ
လေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး
ရပ်နိုင်ငံမှာကျတော့ ဘာလို့ ပုံစံအတူတူ မလုပ်နိုင်ရတာလ?
အင်တာဗျူးတစ်ခုမှာ အငြိမ်းစား ဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲ သိလား?လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။
ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့ လူသွားလမ်းတွေအတွက် တာဝန်ရှိသူ အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့က ဘယ်လိုလုပ်ပေးစေချင်တာလဲ။
သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကိုကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။
အမေရိကားမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေသန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချ ခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်က ဘာတာဝန်မှ
မရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီးခခွေးကအစ လိုက်ဖြေရှင်းပေးဖို့
ထိုင်မျှော်လင့်နေကြတယ်။
ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်
ဖို့တာ့ မသိချင်ယောင်ဆောင်ထားတယ်။
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနန ဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။
အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံး အစားအသောက်တွေ ရေအိမ်တွေ ရှိစေချင်ကြတယ်။
ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီစနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား
လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ် ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့အစိုးရ အကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား။
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့်
အချိန်ကျတော့ အားလုံးက
ကိုယ့်မိသားစုလေးနဲ့ အတူတူ စိတ်ချလုံခြုံတဲ့အိမ်လေးထဲ
အတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကို နေရာတကျ ပြန်ဖြစ်သွားအောင် လှဲကျင်းရှင်းလင်း ပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲ သွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ။
သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာ နေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွမ်းခန်း ဖွင့်နေကြလိမ့်မယ်။
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။
ကိုယ့်နိုင်ငံရဲ့ စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး။
အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။
၃၅ ယောက်မြောက်အမေရိကန်သမ္မတ
J F Kennedy က
သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်။
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ "
‪#‎Credit‬ to original uploader

ကျွန်တော် ဆရာသင်ကြားထားပေးဖူးတဲ့ မိမိကိုယ်ကိုယ်တိုး တက်စေဖို့ အိုင်ဒီယာ ၁၀ မျိုး

၁. “ခဏကျမှ” ဆိုတာကနေ “ခုချက်ချင်း ” လို့ပြောင်းလိုက်ပါ
ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ စောင့်နေ အုန်းမယ်ဆိုယင်
တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ်
ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ
၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ
ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ယင်
ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ်
အဆိုတော် “ ကို အငဲ တို့ ကိုလေးဖြူ ”တို့ လည်း အမေဝမ်းကမွေးလာတာနဲ့
တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူး
လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ
သူတစ်ပါးလုပ်နိုင်ယင် ကိုယ် လည်း လုပ်နိုင်ရပါမယ်
၃. “စမ်းလျောက် ကြည့်ပါ ”
ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် )
တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ်
အယင်ပုံ စံ အတိုင်းပဲ လုပ်နေမယ် ဆိုယင် အကျိုးအမြတ် က လည်း နှကိုယ် အတိုင်း ပဲ ဖြစ်နေပါလိမ့်မယ်
ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် ဆိုယင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ်
၎.နမူနာ ရှာပြီး “ သူ့ဦးနှောက် ကိုဖောက်လာ ပါ ”
သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း?
သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ် ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့
၅. မိမိ ကိုယ်ကို “ရင်းနှီးမြုတ်နှံပါ ”
စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ်
ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀ ကျပ် အရမ်းဈေးကြီးနေတယ် လို့ ထင်ကောင်းထင်မိလိမ့်မယ်
ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ်
ဟောပြော ချက်တွေ က အိုင်ဒီယာကောင်းကောင်းတွေ စာအုပ်ထဲ က နည်းလမ်းကောင်းကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေ နိုင်ပါတယ်
အိုင်းဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ်
ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုတ်နှံ တာ ဟာ အင်မတန်အရေးကြီးပါတယ်
၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ “ ကိုယ်ဟာဘယ်သူလဲ ”
“ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ ” ဆိုတာ
ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုယင် မမိုက်တာတော့ အသေအချာပါပဲ
Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲ
နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ
ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့ တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ???
အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ
၇. တစ်ပါး သူအကြောင်းထက် ကိုယ့် အကြောင်းကိုယ် ပိုသိပါစေ
ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလည်း?
ဘယ်ဇာတ်ကား က ဆုံးခန်းရောက်တော့မယ်
ဘယ်သူက ဘယ်သူနဲ့ ရီးစား
ဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူး
သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ?
ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?
ကိုယ်ဘာကိုနှစ်သက်သလဲ ?
ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ
ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?
ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?
၈.ကိုယ့်ရဲ့ အားသန်မှု့ ကို မြင့်တင်ပါ
အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေယင် အင်မတန် ခက်ခဲ ပင်ပန်းနေမှာပါ
ကိုယ့်ရဲ့ အားသန် မှု့ ကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ..
၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့
ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ
( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရလာယင်လည်း ၂၀ အောင်မြင်ပြီလို့ အောင်ပွဲခံတတ်ပါစေ )
ဘာကြောင့်လဲ ဆိုယင် စိတ်ညစ်စိတ်ရှုတ် ဒေါသဖြစ် စိတ်ဆင်းရဲနေယင် ...
ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလည်း
၁၀ . “နာကျင်စရာတွေ ” အလုံအလောက် ရှာဖွေပါ
တော်ပြီ ဒီလိုဘဝမျိုး
တော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမာန်လူ
မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး
သင့်မှာ Pain - ရှိပြီး
သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင် ပြီးသွားတဲ့ အခါ ကျယင်
ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ်
ပြီးယင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင် ရပါမယ် ။
....................
ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့ နည်းလမ်း ၁၀ ခုပါ
----------------------
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့