What is Research?
********************
ကျမ်းပြုစုခြင်းတွင် Research ဟူသော သုတေသနပြုမှုက အရေးကြီးစွာ ပါဝင်ပါသည်။ သုတေသနကို ရှုထောင့်အမျိုးမျိုးက အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်၊ တစ်ခုသော ရှင်းလင်းသည့်ဖွင့်ဆိုမှုမှာ "The systematic, rigorous investigation of a situation or problem in order to generate new knowledge or validate existing knowledge" ဟု အဓိပ္ပာယ်ဖွင့်ထားသည်။
.
အခြေအနေတစ်ရပ်၊ ပြဿနာတစ်ရပ်အတွက် သစ်လွင်သော ပညာသဘောတရား၊ အယူအဆကို ရှာဖွေတင်ပြခြင်းဟု အတိုချုပ် နားလည်နိုင်ပါ၏။ မိမိတို့၏ တွေ့ရှိချက်အသစ်များကို များများတင်ပြနိုင်လျှင် ကျမ်း၏တန်ဖိုး ပို၍မြင့်သည့်သဘော ဖြစ်ပါ၏။ Research ကို သုတေသနဟုသာ သိထား၍ သုတေသနပြုမှု ပုံစံ မည်မျှရှိသည်ကို မသိကြသူ လွန်စွာများပြားလှသည်ကို တွေ့ရပါသည်။ သုတေသနပုံစံ များစွာရှိ၏။ ရေသောက်မြစ်ကြီးအားဖြင့် ကျမ်းမှာ Qualitative နှင့် Quantitative ဟူ၍ ခွဲခြားထားပြီး Types of Research တွင် …
.
Applied Research
Basic Research
Correlation Research
Descriptive Research
Ethnographic Research
Experimental Research
Exploratory Research
Grounded Theory Research
Historical Research
Phenomenon Research
.
စသည်ဖြင့် များစွာရှိနေပါသည်။ သုတေသနပုံစံတိုင်းတွင် အားသာချက် Advantage ၊ အားနည်း ချက် Disadvantage ဟူ၍ ရှိနေတတ်ပါ၏။ မိမိရေးမည့်ကျမ်းဆိုင်ရာနှင့် သင့်တော်သည့် သုနေသနပုံစံကို ရွေးချယ်ရမည်သာဖြစ်ပြီး သုတေသနပုံစံအားလုံးကို အသုံးပြုရန် မလိုအပ်ပါ။
.
.
Research Methodology
*************************
သုတေသနပြုမှု၏ နည်းလမ်းများမှာလည်း ကျမ်းတစ်ကျမ်းအတွက် အရေးပါသောအပိုင်း ဖြစ်ပါ သည်။
.
Research Process
Research Design
Research Hypothesis
.
စသည်ဖြင့် ရှိပါသေးသည်။ Research Process မှာ သုတေသနပြုသည့် နည်းစဉ်များဖြစ်ပြီး၊ သုတေသနဆိုင်ရာ မေးခွန်းများကို ပြုစုရပါသည်၊ မေးခွန်းများမှာ မိမိရေးမည့်ကျမ်းကို အထောက်အကူပြုရပါ လိမ့်မည်။ နောက်တစ်ဆင့်မှာ Research Design ဖြစ်ပါသည်။
.
Design Strategy
Qualitative & Quantitative
Data Collection Design
Sampling Design
Pilot Testing

စသည်တို့ပါဝင်ပြီး တဆင့်တက်သည့်အခါ Research Hypothesis ဟူသော ]အနုမာန} ကို ထုတ်ဖော်ရသည့်အဆင့်သို့ ရောက်လာပါသည်။
.
.
.
.
သုတေသန အားနည်းခဲ့လျှင် (သို့) မခိုင်မာခဲ့လျှင် ထိုကျမ်းမှာ မည်ကာမတåကျမ်းမျှသာ ဖြစ်ပါလိမ့် မည်။ ကျမ်း၏အသက်ဖြစ်သော သုတေသနပြုခြင်းနှင့် သုတေသနပြုရခြင်း၏ ရည်ရွယ်ချက်မှာ …
.
* ပညာရပ်ကိုချဲ့ထွင်ခြင်း (To extend knowledge)
* တိမ်မြုပ်ဖုံးကွယ်နေသည့်အချက်အလက်များကို ဖော်ထုတ်ခြင်း (To put light on hidden facts or mysteries)
*ဥပဒေသများကို ယေဘုယျပြုခြင်း (Generalization of laws)
*ရှိဆဲသီအိုရီ၊ သဘောတရား၊ အချက်အလက်များကို စစ်ဆေးစမ်းသပ်ခြင်း (A verify and tests the existing facts, theories and concepts)
* ပြဿနာတို့၏အဖြေကိုရှာဖွေခြင်း (Finding solution the problems)
.
ဖြစ်သဖြင့် ကျမ်းတစ်စောင်အတွက် မည်မျှအရေးပါသည်ကို သိမြင်နိုင်ပါလိမ့်မည်။
.
.
သုတေသန၏အသုံးဝင်မှုကို ထပ်မံခွဲခြားလိုက်လျှင် …
***********************************************
One-time research ဟူသော သုတေသနပြုသည့် အချိန်တိုကာလငယ်အတွင်း အသုံးဝင်သော အမျိုးအစားနှင့် Longitudinal research ဟူသော အချိန်ကာလရှည်တစ်ခုအတွင်း အသုံးဝင်သော သုတေသနဟူ၍ ထပ်မံ ခွဲခြားနိုင်ပြန်ပါသည်။
.
.
မတူကွဲပြားပါသည်
*****************
အချို့က Research Methods နှင့် Research Methodology ကို အတူတူဟု ထင်မှတ်မှားကြပြန် သည်။ တူညီမှုမရှိပါဟု ဆိုရပါလိမ့်မည်။ Research Methods မှာ (Refers to the methods / technics researcher use in performing research operations) ဖြစ်ပါသည်။ သုတေသနကို လက်တွေ့ ကွင်းဆင်းဆောင်ရွက်သည့်အခါ အသုံးပြုသည့်နည်းစနစ်များ ဖြစ်ပါသည်။

Research Methodology မှာ (It may be understood as a science of studying how research is done scientifically. In it, we study the various steps that are generally adopted by researcher in studying his research problem along with the logic behind them) ။
.
သုတေသနပြုမှုတစ်ရပ်လုံးနှင့် ဆက်စပ်သောနည်းလမ်း ဖြစ်ပါ၏။ မည်မျှ သိပ္ပံနည်းကျကျ ဆောင်ရွက်ခြင်း၊ ကျမ်းကို ရောင်ပြန်ဟပ်စေလျက် သုတေသနပြုခြင်း၊ လေ့လာခြင်းမှတွေ့ရသော ပြဿနာများ ကို မည်မျှယုတåိတန်စွာ သုတေသနပြုခြင်းနှင့် သက်ဆိုင်နေပါသည်။
.
အချက်အလက်ကောက်ယူမှုတွင်လည်း လက်တန်းကောက်ယူ၍ မရပါ၊ မိမိပြုစုမည့်ကျမ်းနှင့်ဆိုင်ရာ အထောက်အပံ့ပြုမည့် အချက်အလက်များကို မူလကပင် ဒီဇိုင်းရေးဆွဲ ကောက်ယူရပါ၏။ ပုံစံ (၂) မျိုးနှင့် ကောက်ယူလေ့ရှိသည်၊
.
(၁) Primary Data
Questionnaires
Observations
Interviews
Schedules
.
(၂) Secondary Data
အဆင်သင့်ဖြစ်နေသော၊ ရှိပြီးသားအချက်အလက်များ ဖြစ်သည်၊ ထပ်မံ အတည်ပြုရန်မလိုဟု ယူဆ သော အချက်အလက်များကို အသုံးပြုနိုင်ပါသည်၊
.
နောက်တစ်ဆင့်မှာ သုတေသနပြုပြီး၊ ချိတ်ဆက်ပြီး Analysis ဟူသော အသေးစိတ် ဆန်းစစ်ချက် ကို ဆက်လက် ဆောင်ရွက်ရပါသည်၊ ထိုအဆင့်ပြီးလျှင် ]အနုမာန} Hypothesis ဟူသောအဆင့်သို့ ရောက်လာ ပါတော့သည်။ (၂) မျိုးရှိပါသည်၊ Null Hypothesis နှင့် Alternative Hypothesis ဟူ၍ဖြစ်သည်၊ ]အနုမာန} ကို ပြန်လည် စစ်ဆေးရသည်၊ Testing of Hypothesis ဟူ၍ အသုံးပြုရပြန်ပါသေးသည်။ ဤ အဆင့်တွင်လည်း အဆင့်ဆင့် ဆောင်ရွက်ရသည်၊ Procedure of Testing Hypothesis ဟူ၍ အဆင့်များစွာ ရှိထားပါသည်၊ Parametric Test နှင့် Non-Parametric Test ဟူ၍ စစ်ဆေးမှု (၂) မျိုးဖြင့် စစ်ဆေးနိုင်ပါ သည်။
.
ထိုအဆင့်များကို ဆောင်ရွက်ပြီးသည့်အခါ မိမိတို့၏တွေ့ရှိချက် Finding များကို ထုတ်ဖော်ပြီး အယူအဆသစ်၊ သဘောတရားသစ်၊ သီအိုရီအသစ်များကို တင်ပြရပါသည်။ ကျမ်းတစ်ကျမ်း၏ အနှစ်သာရမှာ သုတေသန မည်မျှနက်နဲစွာ ဆောင်ရွက်ထားရှိနိုင်မှု၊ ထိုသုတေသနများက အယူအဆသစ်၊ တွေ့ရှိချက်အသစ် များကို မည်မျှခိုင်မာစွာ ထောက်ခံထားမှုများ ဖြစ်ပါသည်။ ထိုမှတဆင့် အယူအဆသစ်၊ သဘောတရားသစ်၊ သီအိုရီသစ်များကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါလျှင် ထိုသူသည် ပါရဂူဘွဲ့ကို တန်တန်ရာရာမက ထိုက်တန်သူ ဖြစ်လာ မည့်အပြင် လူ့လောကကိုလည်း လက်တွေ့ကျကျ တစ်ထောင့်တစ်နေရာမှ အကျိုးပြုလာမည့်သူ ဖြစ်ပါလိမ့်မည်။ စစ်မှန်သောပါရဂူတစ်ဦးအဖြစ်လည်း အများက အသိအမှတ်ပြုလာပါလိမ့်မည်။
.
မညံ့သော မြန်မာလူမျိုးတို့တွင် ထိုသို့သောပါရဂူများ ခပ်များများ ထွက်ပေါ်လာနိုင်ပါစေရန် ဆန္ဒပြု အပ်ပါသည်။

နေဇင်လတ် ၁၆-၁-၂ဝ၁၆ (၁၆၆၂)
No comments:
Post a Comment