Tuesday, January 26, 2016

ကျနော်လိုချင်သောပညာရေး

သူငယ်တန်းမှ တက္ကသိုလ်ဝင်းတန်းအထိ
ကျောင်းသားကျောင်းသူ ကလေးသူငယ်အားလုံးဟာ
တကယ် ပညာကြားနေရခြင်းမဟုတ်ပဲ
စာမေးပွဲဖြေနိုင်ရန် ဂုဏ်ထူးထွက်ရန်သာ
ပညာသင်နေရပါတယ် ။ ပညာရေး ပညာရေး
ပြင်ပြီးတော့ ညာညာနေကြတယ်လေ။
တကယ်စစ်မှန်တဲ့ ပညာရေးစနစ်ဆီသို့
မလျှောက်လှမ်းနိုင်သရွေ့ ကာလပတ်လုံး
မိမိတို့နိုင်ငံဟာ နိုင်ငံတကာနဲ့စာရင်
နောက်ကောက်ကျနေဦးမည်သာ။
ပညာရေးဝန်ကြီးတွေ ပါမောက်ခချုပ်တွေ
ဘာတွေလုပ်နေကြလည်း ကျနော်သိချင်မိတယ်။
ကျေးလက်ဒေသ တောရောမြို့ပါမကျန်
ဒီလိုပုံစံဖြစ်နေတာကို မြင်နေတွေ့နေရဲ့သားနဲ့
မမြင်ချင်ယောင်ဆောင်နေတာလား?
မထီိမဲ့မြင်ပြုနေတာလား? ပြောကြစမ်းပါဗျာ။
မြန်မာနိုင်ငံမှာ တက္ကသိုလ်ကဘွဲ့ရလို့ ကိုယ်ပိုင်လုပ်ငန်း
လုပ်မရဘူး ။ အပြင်သင်တန်းတွေတတ်ထားမှသာ
တော်ကာကြတယ်။ အလုပ်လုပ်ချင်ချင်လို့ အလုပ်လျှောက်ရင်တောင် ဘွဲ့လက်မှတ်ထက်
အပြင်သင်တန်းလက်မှတ်ကိုအရင်ကြည့်ပြီးခန့်တယ်။
ဒါဆို ဒီတက္ကသိုလ်ဘွဲ့က အပြင်သင်တန်းတွေလောက်
တောင် အရေးမပါတော့ဘူးလား? ငယ်ငယ်ကတည်းက
ဘွဲ့ရထိဆိုရင် ၁၅နှစ်ကျော်ကျော် အတန်းတက်လိုက်ရတာ
၁နှစ်၂နှစ်လောက်တတ်တဲ့ အပြင်သင်တန်းလောကါတောင်
အဆင့်မရှိတော့ဘူးပေါ့ ။ စဉ်းစားကြည့်ပါ မိဘကမရှိမဲ့
ရှိမဲ့ကျောင်းထားခဲ့တဲ့ သူတစ်ယောက်ဖြစ်ကြည့်ပါလား?
သူရဘွဲ့ရပြီထားပါစို့ သူရထားတဲ့ ဘွဲ့ကသူ့တစ်မိသားစုလုံး
အတွက် အဆင်ပြေနိုင်ပါ့မလား ? ဘယ်လိုမှမပြေနိုင်ပါ။
ပြင်တော့ပြင်တယ် အတုအပတွေပဲရှိတယ်။ တကယ်လက်
တွေ့ကျတဲ့ပညာရေးမဖြစ်သရွေ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံး အရည်အချင်း
ညံ့ဖျင်းနေကြဦးမှာပဲ ဆိုတာ စဉ်းစားပေးကြပါဦး
သက်ဆိုင်ရာလူကြီးမင်းတို့ ခင်များ။

No comments:

Post a Comment