ဝန်ထမ်းတွေ အလုပ်တွေ ခဏခဏ ထွက်တာ လစာ တခုတည်းကြောင့်လို့ မထင်ပါနဲ့ ။
လုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းမှာ ဘာတွေ လိုနေတယ်ဆိုတာ အောက်ပါအချက်တွေကြည့်ပြီး စဉ်းစား ပြုပြင်စေ ချင်ပါတယ်။
၁။လုပ်ငန်းခွင် မှာ ပွင့်လင်းမြင်သာမှုရှိပါစေ။
လစာ ဘယ်သူ့ကို ဘယ်လောက်ပေးတယ်ဆိုတာပြောစရာ မလိုပေမယ့် ဘာကြောင့်
လစာတိုးမယ် ရာထူးတိုးပေးမယ်ဆိုတာ မျိုး ရှင်းရှင်းလင်း လင်း
ပြောပြထားရပါမယ်။ စည်းကမ်းပိုင်းဆိုင်တွေ ဆုပေး ဒဏ်ပေး စနစ်တွေ
ရှင်းလင်းပြောကြထားပါ။
၂။ကောင်းသတင်း ဆိုးသတင်း တွေကို မိမိ အဖွဲ့ ကိုမျှဝေပါ။ အတူခံစားစေပါ။
၃။အလုပ်နဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မှုတွေ တည်ဆောက်ပေးပါ။
လက်ဖက်ရည်ဆိုင်တူတူထိုင် တာမျိုး ညနေရုံးဆင်း ဘီယာဆိုင်ထိုင်တာမျိုးပေါ့။
၎။အဖွဲ့အစည်းအတွင်းရင်းနှီးဆက်သွယ် မှု ပိုမို လာအောင် အချင်းချင်း ကူညီဖေးမမှု တွေလုပ်ပေးပါ။
၅။ဝန်ထမ်းတွေကို စနစ်တကျ သင်ကြားပြသ နည်းပေးလမ်းညွှန်မှု ပြုလုပ်ပါ။
၆။ဝန်ထမ်းတွေ ပိုတော် ပိုတိုးတက်လာအောင် ကူညီပေးပါ။
၇။မကြာခဏ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ လိုအပ်ချက် စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကို မေးမြန်းပါ။ သိအောင်လုပ်ပါ။
၈။လုပ်ငန်းပိုင်းဆိုင် ကိန်းဂဏန်းတွေကို စောင့်ကြည့် ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို ချက်ချင် အဖွဲ့ ကို အသိပေးလုပ်ဆောင်ပါ။
၉။ဝန်ထမ်းတွေမှာ ကြောက်စိတ် မပြောမဆိုရဲတဲ့ စိတ်တွေ ရှိနေရင် ဖယ်ထုတ်ပစ်ပါ။
၁၀။ဝန်ထမ်းတွေ စိတ်ထဲရှိတဲ့အတိုင်း လွတ်လွတ် လပ်လပ် ပြောအောင် တိုက်တွန်းအားပေးပါ။
၁၁။ ကိုယ့် အောက်ကဝန်ထမ်းတွေ ကို လေးစားမှုပြပေးပါ။
၁၂။ကိုယ့်ကို ဝန်ထမ်းတွေက ဆက်ဆံစေချင်တဲ့အ တိုင်း ကိုယ်ကလည်း သူတို့ ကို ပြန်ဆက်ဆံပေးပါ။
၁၃။ အောင်မြင်တွေကို အသိအမှတ်ပြု ပေးပါ။ ဂုဏ်ပြုပေးပါ။
၁၄။ ဝန်ထမ်းတွေရဲ့ အလုပ် ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ကျေးဇူးတင်ကြောင်းပြသပါ။
၁၅။ အလုပ်တခုတည်း မဟုတ်ဘဲ ဝန်ထမ်းတွေကို မိသားစု သာရေး နာရေးတွေ အတွက်အချိန် ထားပေးပါ။
၁၆။ဝန်ထမ်းတွေရဲ့ ပြင်ပ ဘဝ ကို တည်ငြိမ်အောင် အဆင်ပြေအောင်တဖက်တလမ်းက ကူညီပါ။
၁၇။အဖွဲ့ ရဲ့ရည်မှန်းချက်တွေ တူညီနေအောင် ချိန်မျှပေးပါ။
၁၈။လိုအပ်ရင် လုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်ပါ။
၁၉။အသေးစိတ် နေရာတကာဝင်မပါ ပါနဲ့။
၂၀။မျှတ တဲ့ အလုပ်ချိန် ထားပေးပါ။
၂၁။ဝန်ထမ်းတွေ ကိုယ်တိုင် ကိုယ်ပိုင် အချိန်ဇယား အတိုင်း လုပ်နိုင်အောင် သင်ကြားပေးပါ။
၂၂။အလုပ်ခွင်ပြင်ပမှာ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်အောင် တိုကိတွန်းပါ။
၂၃။နေသာထိုင်သာရှိတဲ့ ပြီးပြည့်စုံတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးပါ။
ပရိဘောဂ ကွန်ပြူတာ အပါအဝင် ပန်းအိုးငယ်လေးတွေကအစ နေချင့်စဖွယ်ဖန်တီး ပေးပါ။
၂၄။ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ပေးပါ။တော်တဲ့ ဝန်ထမ်းတွေ ကို ထိမ်းထားပါ။
၂၅။စိန်ခေါ်မှု တွေ ဖန်တီးပေးပါ။ စိတ်ဓါတ်တက်ကြွပြီး အောင်မြင်မှုတွေ တိုးလာပါလိမ့်မယ်။
No comments:
Post a Comment