Sunday, February 7, 2016

" SUCCESSFUL SELLING IS BASED ON " ( အောင်မြင်တဲ့ အရောင်းတစ်ခုအတွက် အခြေခံ )


လူတိုင်း အရောင်းသမားပါ၊ အတတ်ပညာ၊ အသိပညာ၊ ကုန်ပစ္စည်း၊ ၀န်ဆောင်မှု..တစ်ခုမဟုတ်တစ်ခု ရောင်းချနေရတဲ့ သူတွေချည်းပါ၊
နေ့စဉ် မိမိကိုယ်တိုင် ရောင်းချနေကြရတဲ့ အရောင်းတစ်ခု အောင်မြင်ကြစေဖို့ အရောင်းတစ်ခု မစတင်မီ ရှိရမယ့် အခြေခံ အချက်တွေကတော့...

၁။ PROSPECTING (မျှော်လင့်ချက်)

လူတိုင်း အလုပ်တစ်ခု၊ Sales Call (အရောင်းတစ်ခု) ကို မိမိကိုယ်တိုင် အသေအချာသင်ယူကာ တကယ်လည်း နားလည်သဘောပေါက်ပြီး စိတ်အားထက်သန်မှု့ အပြည့် နဲ့  ကြိုးစားလုပ်ကိုင်ပါက အမှန်တကယ် အောင်မြင်မှုရလာဒ်ကောင်းတွေရရှိလိမ့်မယ်လို့မျှော်လင့်တာကို Prospecting လို့ ခေါ်ဆိုပါတယ်၊ လူတိုင်းမျှော်လင့်ချက်နဲ့  အသက်ရှင် ရပ်တည်ကြသလို မျှော်လင့်ချက်ရှိမှလည်း အရောင်းသမားတစ်ယောက် ရပ်တည်နိုင်မှာပါ၊
အဓိက အနေနဲ့  အရောင်းသမားတစ်ယောက်ဟာကိုယ်လုပ်နေတဲ့ လုပ်ငန်း၊ ကုန်ပစ္စည်း၊ ၀န်ဆောင်မှု၊အကြောင်းအရာ၊ Subject (ဘာသာရပ်) တွေကို ကျွမ်းကျင်ပိုင်နိုင်နေဖို့ကတော့ အမှန်တကယ် လိုအပ်ချက်ပါ၊
တကယ်လည်း ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုခဲ့ရင် အောင်မြင်တဲ့ အရောင်းတစ်ခု ဖြစ်ဖို့အတွက် Prospecting (မျှော်လင့်ချက်) အလားအလာကောင်းတွေရရှိလာမှာ ဖြစ်ပါတယ်၊
အရောင်းသမားတစ်ယောက်ကို အရောင်းတစ်ခု မစတင်ခင်မှာ ကြိုတင်ပြီး ဒီကနေ့ ဘယ်နှစ်ဆိုင်သွားမလဲ၊ ဘယ်လောက်အထိ ရောင်းချဖို့ မျှော်မှန်းထားသလဲ၊ ဘယ်လောက်အထိ အောင်မြင်နိုင်သလဲ၊ ၀ယ်သူဖောက်သည် အရေအတွက် ဘယ်လောက်ခန့်မှန်းထားသလဲ၊ ဘယ်လောက်မြတ်နိုင်သလဲ ...အစရှိတဲ့ Prospecting (မျှော်လင့်ချက်) အလားအလာကောင်းတွေရှိထားမှသာ တကယ့်ကို အောင်မြင်တဲ့ အရောင်းတစ်ခုအတွက် ပြင်ဆင်နိုင်မှာပါ...

၂။ RECORD KEEPING (မှတ်တမ်းလက်ဝယ်ထားရှိခြင်း)

ဒီ့အတွက် အရောင်းသမားတစ်ဦးအနေနဲ့ အရောင်းတစ်ခုစတင်ဖို့ရာ အမှန်တကယ်လိုအပ်မယ့် Data & Information (သတင်း၊အချက်အလက်) မှတ်တမ်းတွကို ကြိုတင်ပြီး လက်ဝယ် ရှာဖွေရယူ လေ့လာထားမှသာလျှင် အောင်မြင်တဲ့ အရောင်းတစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ အလားအလာ ရှိနေမှာပါ...

၃။ ROUTE PLANING (လမ်းကြောင်းရေးဆွဲခြင်း)

ဆက်လက်ပြီး အရောင်းတစ်ခုအတွက် ဘယ်လို နေ့ရက်၊ အချိန်၊ နေရာ၊ တွေ့ဆုံရမယ့်သူ တို့ကို အတိအကျ အသေအချာ ချိန်းဆိုပြီး အဆင်ပြေမယ့် Route Planing (လမ်းကြောင်းရေးဆွဲ) ကာ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိမှသာလျှင် အရောင်းတစ်ခုကို ပိုမိုထိရောက်စွာ အောင်မြင်နိုင်ရန် အခြေအနေကောင်းတွေ ဖြစ်လာမှာပါ...

၎။ SETTING REALISTIC & ACHIEVABLE OBJECTIVE
(ဖြစ်နိုင်ခြေရှိသော၊ မီနိုင်သော ရည်မှန်းချက် ချမှတ်ခြင်း)

အဆင့်တစ်ဆင့်ခြင်းကို အသေးစိတ် လေ့လာစီစစ် သုံးသပ်ပြီး ဖြစ်ပါမှ မိမိမျှော်မှန်းထားသော အရောင်း ရည်မှန်းချက်မှာ ဖြစ်နိုင်ခြေ၊ မီနိုင်ခြေရှိ-မရှိ လေ့လာသုံးသပ်ရန် အမှန်တကယ် Setting (ချမှတ်ခြင်း) လုပ်ဖို့ လိုအပ်ပါတယ်၊
မဖြစ်နိုင်မှန်း၊ မမီနိုင်မှန်း သိပါရက်နဲ့  ရည်မှန်းချက်၊ Target (လျာထားချက်)၊ Objective (မျှော်မှန်းချက်) ချမှတ်ပြီး အထက်လူကြီးအကြိုက် မသတ်မှတ်မိဖို့ တော့ အင်မတန် အရေးကြီးပါတယ်၊
အထက်ပါအတိုင်း အရောင်းတစ်ခုမစတင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပါက သင့်အတွက် အောင်မြင်တဲ့ အရောင်းတစ်ခုကို ပေါက်မြောက်စေဖို့ ရာ အထောက်အကူများစွာ ပေးပါလိမ့်မယ်...
လူသားတိုင်း အောင်မြင်တဲ့ အရောင်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်...

No comments:

Post a Comment