ဘယ်နေရာသွားသွား အဖော်ပါမှ ဆိုတဲ့ စိတ်မျိုးဖျောက်ပြီး သင်တစ်ခုခု စားချင်စိတ်ဖြစ်လာတဲ့အခါ တစ်ယောက်တည်း သွားစားတာမျိုး လုပ်ပါ။ အေးချမ်းတဲ့ဆိုင်မျိုးကို ရွေးချယ်ပြီး အလှအပလေးပြင် တစ်ယောက်တည်း ဒင်နာစားတာမျိုးလည်း လုပ်သင့်တဲ့စာရင်းထဲ ထည့်ထားလိုက်ပါ။
၂။နေရာသစ်ကို တစ်ယောက်တည်း ခရီးထွက်ကြည့်ပါ။
ကိုယ့်အားကိုယ်ကိုးတတ်သူဟာ စိတ်အင်အားကြီးမားသူ၊ အထူးသဖြင့် တစ်ယောက်တည်း ကောင်းမွန်စွာ ရပ်တည်နိုင်သူဆိုတာကိုတော့ အထူးပြောစရာမလိုတော့ပါဘူး။ သင်ဟာ ဘ၀ရဲ့ထူးခြားတဲ့ အတွေ့အကြုံသစ်တွေကို တောင့်တနေသူဆိုရင် မရောက်ဖူးသေးတဲ့ နေရာ၊ တစ်ယောက်တည်း သွားဖို့အတွက် လုံခြုံစိတ်ချရတဲ့နေရာကို ရွေးချယ်ပြီး ခရီးထွက်ကြည့်လိုက်ပါ။ မကြာခင်မှာ သင်ဟာ တမူထူးခြားတဲ့ အမြင်သစ်တွေနဲ့ နေ့စဉ်ဘ၀တွေထဲ ပြန်လည်ကျင်လည်လာနိုင်တာကို ထူးခြားစွာ တွေ့မြင်ရမှာပါ။
၃။ပြတိုက်၊ စာကြည့်တိုက် တစ်ခုခုကို လေ့လာဖို့၊ စာဖတ်ဖို့သွားပါ။
သင့်အတွက် ဗဟုသုတရမယ့် နေရာတစ်ခုခုကို တစ်ယောက်တည်းသွားပြီး ဗဟုသုတ တိုးပွားအောင် လုပ်ကြည့်ပါ။ ဟိုမှာ အချိန်ကုန်ဆုံးတဲ့အခါ တစ်ဖက်လူကို အားနာနေစရာလည်း မလိုတော့ပါဘူး။ သင့်စိတ်ကြိုက်သာ အချိန်ဖြုန်းလိုက်ပါ။
၎။Spa သွားပါ၊ အနှိပ်ခံတာမျိုးလည်း သွားနိုင်ပါတယ်။
ဒါကတော့ မိန်းကလေးတွေ တစ်ယောက်တည်း သွားနေကျမို့ အထူးတိုက်တွန်းစရာ လိုမယ် မထင်ပါဘူး။
၅။ရုပ်ရှင်သွားကြည့်ပါ။
ကိုယ်အရမ်းကြည့်ချင်တဲ့ ရုပ်ရှင်ကားအတွက် သူများကို အဖော်စပ်မနေပဲ တစ်ယောက်တည်း သွားကြည့်နိုင်အောင် လုပ်ပါ။
၆။ဈေးဝယ်ထွက်ပါ။
ရှော့ပင်စင်တာသွားပြီး ကိုယ်လိုချင်တာတွေကို အေးဆေးဝယ် ရှော့ပင်ထွက်လိုက်ပါ။ မောလာရင် တစ်ခုခု ထိုင်စားပြီး လူတွေကို ကြည့်ပါ။ လူတွေကို ကြည့်ခြင်းဟာ သင့်ကို ဟာသဖြစ်စေပါလိမ့်မယ်၊ ပျော်စရာလည်း ကောင်းသလို သူတို့ရဲ့ ပြုမူလုပ်ဆောင်မှုလေးတွေက ရယ်ရွှင်စရာကောင်းပါတယ်။
၇။မီးဖိုချောင်ထဲ ၀င်ပြီး ထမင်းဟင်းချက်ပါ။
ကိုယ်စားချင်တဲ့ ဟင်းကို ကိုယ့်ဘာသာကိုယ် ချက်တာမျိုး၊ ဒါမှမဟုတ် အွန်လိုင်းက တွေ့တဲ့ ဟင်းအသစ်ကို စမ်းပြီး ချက်ကြည့်တာမျိုးတွေကလည်း သင့်စိတ်ကို ပျော်ရွှင်လန်းဆန်းစေပါတယ်။
၈။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လေ့ကျင့်ခန်းကတော့ ပုံမှန်လုပ်ဖြစ်လေ ကောင်းလေပါပဲ။ ဒါကိုလည်း အဖော်မရှာပဲ ကိုယ့်ဘာသာကိုယ် GYM သွားပြီး ဆော့ပါ။
၉။တစ်နေရာရာသွားပြီး စက်ဘီးစီးတာမျိုး၊ ဆိုင်ကယ်မောင်းတာမျိုးတွေ
လုပ်ပါ။
သာယာတဲ့ နေရာတစ်ခုခုမှာ တစ်ယောက်တည်း စက်ဘီးစီးရင်း သင့်စိတ်အပန်းပြေအောင် လုပ်ဆောင်ပါ။
၁၀။အချိန်ကြာကြာ ရေချိုးတာမျိုး လုပ်ပါ။
ရေကန်ထဲ ရေစိမ်တာ၊ ရေနွေးကန်ထဲ ရေစိမ်တာ၊ စတာတွေကို သီချင်းလေးနားထောင်ရင်း အချိန်ယူလုပ်ဆောင်ကြည့်ပါ။ အကြောတွေပြေ နေလို့လည်းကောင်းသွားပါလိမ့်မယ်။

No comments:
Post a Comment