Sunday, February 7, 2016

သင့်ကလေးထူးချွန်ထက်မြတ်စေဖို့အတွက် လုပ်ပေးရမယ့်အကြောင်းအရာ(၈)ချက်

ဘယ်မိဘမဆို ကိုယ့်ကလေးကို ကြီးလာတဲ့အခါ ထက်ထက်မြတ်မြတ် ရှိစေချင်ကြမှာပါ။ထူးချွန်တဲ့သားသမီးကိုနေ့ချင်း
ညချင်း ထုဆစ်လို့မရပါဘူး။ အချိန်ယူပြီး ကလေးရဲ့ အကျင့်တွေကောင်းအောင်ပြုပြင်ပေးရတာပါ။ အောက်မှာတော့ 
ကိုယ့်ကလေး ကြီးလာတဲ့အခါ လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့ မိဘတွေ လုပ်ပေးသင့်တဲ့ အချက်(8)ချက်ကို
ဖော်ပြထားပါတယ်။

1. အားကစားတစ်ခုခုမှာ ပါဝင်ကစားစေလိုက်ပါ။

ကလေးတွေဟာ ကစားပေးဖို့ ဆော့ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကိုယ့်ကလေးကြီးလာတဲ့အခါ ခပ်ထုံထုံ
ခပ်ထိုင်းထိုင်း ပုံစံဖြစ်နေတတ်ပါတယ်။ ကစားခြင်းဆီကနေ ကလေးမှာ မိမိဘာသာကြိုးစားလိုစိတ်၊ အောင်မြင်မှုအတွက်
စိတ်ဓာတ်၊ အသင်းအဖွဲ့နဲ့စုပေါင်းလုပ်ဆောင်တတ်တဲ့ အကျင့်၊ စည်းလုံးညီညွှတ်မှုကို သင်ပေးနိုင်ပါတယ်။

2. မိမိဝါသနာပါတဲ့အလုပ်တွေကိုလည်း သူ့ကို ပတ်သက်ခွင့်ပေးပါ။

ဥပမာ မုန့်လုပ်တာ၊ သိုးမွေးထိုးတာ၊ ဘောလုံးကစားတာ၊ စာရေးတာ စတဲ့ မိမိဝါသနာကို လုပ်နေတဲ့ အချိန်မှာ သူတို့ကို
ပါဝင်ပတ်သက်ခွင့်ပေးလိုက်ပါ။ ဒါက သင့်ကလေးငယ်ရဲ့ စိတ်အရင်းခံ ဗီဇကို သိရှိနိုင်တဲ့အပြင် ဖြတ်ထိုးဉာဏ်နဲ့ ပင်ကိုယ်
စိတ်စွမ်းအားကို မြှင့်တင်ပေးရာ ရောက်ပါတယ်။

3. သူတို့က လုပ်ချင်တာရှိရင် ခွင့်ပြုလိုက်ပါ။

သင့်ကလေးဟာ တစ်စုံတစ်ခုကို စိတ်ဝင်စားကြောင်းပြသတဲ့အခါမျိုးမှာ လိုအပ်တဲ့အကူအညီပေးပြီး သူတို့လုပ်ချင်ရာ
ကို ခွင့်ပြုလိုက်ပါ။ ဒါဟာ သူတို့ကို ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားစေသလို၊ အရာရာကို ဦးဆောင်နိုင်စွမ်းရှိတဲ့ mind
power ကို သင်ပေးရာ ရောက်ပါတယ်။

4. အိပ်ခိုင်းပါ။

အိပ်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ ဦးနှောက်တွေကို အဆုံးစမဲ့ ကြီးထွားစေတယ်၊ ဉာဏ်ကောင်းစေတယ်။ ဒါကြောင့်
အရွယ်မရောက်မီနဲ့အရွယ်ရောက်ပြီးတဲ့ ကလေးတိုင်း အိပ်ချိန်လုံလုံလောက်လောက်ရှိသင့်ပါတယ်။

5. အရှုံးပေးစွန့်လွှတ်ခြင်းကို အားမပေးပါနဲ့။

ငယ်ငယ်ကတည်းက အရာရာ လုပ်ရင် မဖြစ်နိုင်ဘူး-ဆိုတဲ့ အတွေးမျိုးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ လူဟာ ကြီးတဲ့အချိန်မှာ
ဘယ်လို ယုံကြည်မှုမျိုးနဲ့ အောင်မြင်နိုင်မှာလဲ၊ ဘယ်လို ပုံစံနဲ့ တော်လာနိုင်မှာလဲ။ ဒီတော့ ပြဿနာတစ်ခုခု သူ့ဘာ
သာ မဖြေရှင်းနိုင်တဲ့အခါမျိုးမှာ သင်က မသိမသာ ကူညီပေးခြင်းဖြင့် ပြီးမြောက်အောင် လုပ်ပေးလိုက်ပါ။ ဘယ်တော့
မှ အရှုံးပေးချင်တဲ့စိတ်ကို မမွေးပါနဲ့။

6. သူတို့ပျော်ရင် သူတို့က သင်ယူဖို့အဆင်သင့်ဖြစ်နေပြီဆိုတာ သတိရပါ။

ကလေးအများစုက ပျော်နေရင် ဘာသင်သင် စိတ်ပါလက်ပါရှိပါတယ်။ နောက်ပြီး ပျော်နေတဲ့အခါ သာမာန်အချိန်
ထက် ဉာဏ်ပိုရွှင်ပြီး သင်ယူတတ်မြောက်တာ အရမ်း ထိရောက်တဲ့အချိန်ဖြစ်ပါတယ်။

7. ပုံပြင်ဖတ်ပြပါ။

ကလေးတွေအတွက် ရည်ရွယ်ရေးဖွဲ့ထားတဲ့ ပုံပြင်တွေ အများကြီးရှိတယ်။ သူ့အရွယ်နဲ့ သူပေါ့။ ပုံပြင်ဖတ်ပြတဲ့ မိသားစု
ကနေ ကြီးပြင်းလာတဲ့ လူနဲ့ ပုံပြင်နားမထောင်ခဲ့ရဘဲ ကြီးပြင်းလာတဲ့လူရဲ့ ကွာခြားချက်တွေက အများကြီး ရှိတယ်လို့
သုတေသနက ဆိုပါတယ်။ ငယ်ငယ်က ပုံပြင်နားထောင်ခဲ့ရတဲ့ လူက ပိုပြီး လူနေမှုဘ၀နဲ့ နယ်ပယ်အသီးသီးမှာ အောင်
မြင်မှု ပိုရတယ်လို့လည်း ဆိုထားပါတယ်။

8. သီချင်းအတူတူ နားထောင်ပါ။

သီချင်းဟာ စိတ်ကို ပျော့ပြောင်းစေပါတယ်။ စိတ်ကို နူးညံ့စေတယ်။ နောက် ၀ါသနာကိုလည်း နှိုးစွနိုင်တဲ့ အရာဖြစ်
ပါတယ်။ ဒါ့အပြင် သီချင်းနားထောင်ပေးခြင်းဟာ ဉာဏ်ပွင့်စေပါတယ်။

No comments:

Post a Comment