နာခံတတ်၊ ကျေးဇူးသိတတ်၊ လူတွေကို ကြင်နာတဲ့စိတ်နဲ့ ဆက်ဆံ တတ်တယ်ဆိုတဲ့
ကလေးအများစုဟာ မိဘတွေရဲ့ မေတ္တာအပြည့်နှင့် အပြုသဘောဆန်ဆန် ပြောဆိုမှုနှင့်
ဆုံးမှု့တွေကနေ ကြီးပြင်းလာကြတဲ့ကလေးတွေ ဖြစ်နေလေ့ရှိကြပါတယ်။
မိဘလုပ်သူတွေက ကလေးကိုအပြုသဘောဆန်စွာ ပြောဆိုမှုကအခရာကျပါတယ်။ မိဘက မိမိရဲ့
သားသမီးကို ဒီလိုဆက်ဆံတဲ့နေရာမှာ မေတ္တာနဲ့ ကျေးဇူးတရားကို
ထည့်သွင်းပျိုးထောင် ပေးလိုက်မယ်ဆိုရင် သူတို့လေးတွေဟာလည်း
တစ်ခြားသူတွေရဲ့ပျော်ရွှင်မှုနှင့်ခံစားချက်များ အပေါ်မှာ
ပိုမိုကိုယ်ချင်းစာနာနိုင်စွမ်းတွေရှိလာကြပါတယ်။ ဒါဟာသင့်ရဲ့ ရင်သွေးမှာ
မိဘရဲ့ အပြုသဘောဆောင်တဲ့ မေတ္တာကိုကောင်းစွာ ရရှိလိုက်တဲ့အတွက်ဖြစ်ပါတယ်။
ဒီရဲ့ အကျိုးဆက်ကတော့ သူတို့လေးတွေဟာ် ပိုမိုနာခံတတ်ခြင်းနှင့်
ကျေးဇူးသိတတ်စိတ်တိုးပွားလာစေ
တဲ့အပြင်သူတို့ခံစားရတဲ့အတိုင်းပြုမှုဆောင်ရွက်လာကြပါတယ်။
လူတွေကိုရိုရိုသေသေဆက်ဆံတတ်လာတယ်၊ ချိုသာစွာစကားပြောဆိုတတ်တယ် ဆိုတာတွေဟာ
ဗဟုသုတဖြစ်ဖွယ်စာပေတွေကို လေ့လာနေ ကျက်မှတ်နေ သင်ပေနေတာနဲ့ ဖြစ်လာစေမှာ
မဟုတ်ဘူးဆိုတာ မိဘကသဘောပေါက်ရပါမယ်။ သူတို့လေးတွေကိုလည်း နေရာပေးပြီး
လူကြီးလေးတွေလို လေးလေးစားစား ချိုချိုသာသာဆက်ဆံ
ပေးမှရရှိလာနိုင်တယ်ဆိုတာကိုမှတ်ထားစေလိုပါတယ်။
မိဘနှင့်သားသမီးကြားမှာ အပြန်အလှန်ယုံကြည်မှု့တည်ဆောက်လို့ရမယ် အလွယ်ကူဆုံးနည်းကိုသင်သိပါသလား။
မိဘနှင့်သားသမီးအကြား အပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်ပြီး မိသားစု
စည်းစည်းလုံးလုံးဖြစ်အောင် ဆောက်ရွက်ခြင်းက ကလေးပြုစုပျိုးထောင်ရာမှာ
အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ မိဘကသားသမီးကိုပျိုးထောင်ပေးတယ်ဆိုတဲ့နေရာမှာ
မသိတာတွေသင်ကြားပေးဖို့နဲ့
လိုက်နာရမဲ့စည်းကမ်းတွေချမှတ်ထားပေးထားရုံသက်သက်နဲ့ မပြီးပါဘူး။ မိဘနဲ့
ကလေးအကြား ဆက်ဆံရေးကောင်းမွန်ဖို့ကလည်း
လွန်စွာမှအရေးကြီးလှတယ်လို့ဆိုပါရစေ။ ဒီလိုအခြေအနေမျိုးကိုရဖို့ဆိုရင်
မိဘနဲ့ ကလေးရဲ့ နှလုံးသားတွေတသားတည်းဖြစ်နေအောင်
မိဘဘက်ကနေမေတ္တာတွေအလုံအလောက်ပေးပြီး မေတ္တာဂဟေဆက်ပေးရမှာဖြစ်ပါတယ်။ မိမိရဲ့
ရင်သွေးငယ်ကို ရင်ထဲအသည်းထဲကချစ်တဲ့စိတ်နဲ့ တင်းတင်းကျပ်ကျပ်လေး
ဖက်ထားပေးတားမျိုးနေ့စဉ်အချိန်ယူလုပ်ပေးပါ။ ဒါမှသာ ကလေးကမိခင်ရဲ့ မေတ္တာကို
အမြဲတမ်းခံစားရရှိနေတဲ့အတွက် ပိုမိုတသားတည်းဖြစ်စေပြီး
နားလည်မှုဂဟေဆက်ပြီးသား ဖြစ်စေမှာပါ။
မိမိကိုယ်ကိုယုံကြည်မှု့ ရှိတဲ့ကလေးငယ်ဖြစ်အောင် မိဘကဘယ်လိုစကားမျိုးကိုပြောပေးရမလဲ။
မိဘရဲ့ စကားတွေထဲမှာ မိမိရဲ့ရင်သွေးငယ်တွေအတွက် တန်ခိုးစွမ်းအားတွေ
အများကြီးပါဝင်စီးဆင်းနေပါတယ်။ မိဘတွေက အကြောင်းအရာတစ်ခုခုကိုအမှုမဲ
့အမှတ်မဲ့ ပြောလိုက်တာမျိုးကိုတောင် သားသမီးတွေကတော့ အဲဒီစကားတွေကို
မှတ်မိနေတတ်ကြပါတယ်။ ဒါ့ကြောင့် မိဘပြောတဲ့စကားကအပြုသဘောဆောင်ခြင်း၊
မဆောင်ခြင်းက မိမိသားသမီးရဲ့ စိတ်နေစိတ်ထား ပြောင်းလဲလာမှု့ အပေါ်မှာ
အများကြီးသက်ဆိုင်လွှမ်းမိုးနေပါတယ်။ ဥပမာအားဖြင့် သင့်ကလေးငယ်က
ကိစ္စတစ်ခုကိုကောင်းမွန်စွာပြုလုပ်နိုင်တယ်ဆိုရင်
သူတို့လေးတွေတော်တဲ့ကိစ္စကို အဓိကထားပြီး သူတို့လေးတွေ တော်တယ်ဆိုတာကို
အသိအမှတ်ပြုပြောပေးပါ။ ပြီးတော့
ပိုကောင်းအောင်လုပ်နိုင်သေးတယ်ဆိုတာမျိုးကိုမဖြစ်မနေထဲ့ပြောပေးပါ။
မိဘကသူတို့လေးတွေလုပ်နိုင်တယ်ဆိုတာ
ကိုယုံကြည်တယ်ဆိုတာမျိုးကိုလည်းထည့်သွင်းပြောကြားပေးပါ။
ဥပမာ"သားလေးကဘယ်လိုနေရာမျိုးမှာ သိပ်တော်တာပဲနော်။
မေမေကအရမ်းချီးကျူးတယ်သိလား။ နောက်ဆိုသားက
ဒါထက်ပိုကောင်းအောင်လုပ်နိုင်လိမ့်မယ်ဆိုတာ မေမေယုံကြည်တယ်နော်"
လို့ပြောရင် ကလေးက အဲဒီလုပ်တဲ့ကိစ္စမှာပိုမို ကောင်းမွန် တိုးတက်အောင်
လုပ်ရတာကိုပိုမိုနှစ်သက်လာပါလိမ့်မယ် ဒါဟာသဘာဝပါပဲ။
မိဘတွေပြောပေးတဲ့စကားတွေက သင့်ရင်သွေးငယ်ရဲ့ စိတ်ကူးထဲမှာပုံဖော်နိုင်ဖို့
ကြီးမားစွာဖန်တီးအထောက်အကူဖြစ်စေနိုင်သလို မိဘတွေ ပြောလိုက်တဲ့ စကားတွေ
ကြောင့်လည်းသင့်ရင်သွေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုများဟာလည်း
ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘဖြစ်သူက အပြုသဘော
မဆန်တဲ့စကားမျိုးပြောဆိုခြင်းကို အထူးသတိထားပြီးရှောင်သင့်ပါတယ်။
မိဘအပေါ်လေးစားသမှုရှိပြီး နာခံတတ်တဲ့ကလေးငယ်ဖြစ်အောင်ဘယ်လိုပျိုးထောင်းပေးမလဲ။
"အမေ့ကိုကူညီလို့ကျေးဇူးတင်ပါတယ်"၊ "လိမ္မာလိုက်တဲ့ကလေးကွယ်"၊
"တကယ်ကူညီဖော်ရတာပဲ" ဆိုတဲ့ စကားတွေကို ပြောပေးရင် ကလေးဟာ
မိဘစကားနားထောင်တတ်လာပြီး ပိုပြီးလိမ္မာရေးခြားရှိလာကာ
လူတိုင်းနှင့်ဆက်ဆံရေးမှာလည်း ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။ မိဘကို
မဖြစ်မနေဝိုင်းကူညီပြီးလုပ်ခိုင်းပါ။ သူတို့လေးတွေအရွယ်နဲ့
သင့်တော်ပြီးလုပ်နိုင်တဲ့အလုပ်ကလေးတွေကို ခိုင်းပေးပါ။ တစ်နှစ် သို့မဟုတ်
နှစ်နှစ်သားဆိုလည်း ရပါတယ်။ လုပ်နိုင်တာလေးတွေကိုခိုင်းပေးပါ။
တစ်ခါတစ်ရံမှာ ဒီလိုလုပ်ခိုင်းလိုက်ရတာ မိဘလုပ်တဲ့သူအတွက်အလုပ်ပိုများပြီး
အချိန်ပိုကုန်တာမျိုးဖြစ်လာနိုင်ပေမယ့် ဒါကိုဒုက္ခလို့မတွေးပဲ
သူတို့လေးတွေကိုမဖြစ်မနေ ဝိုင်းကူညီလုပ်ခိုင်းဖြစ်အောင်ပြုလုပ်ပေးပါ။
သားသမီးဆိုတာ မိဘရဲ့ အသိအမှတ်ပြုတာကိုလိုချင်ကြတဲ့သူတွေချည်းပါပဲ။
သူတို့ကိုအသိအမှတ်ပြုရင် သူတို့ကလည်း ကိုယ့်ကိုပြန်ပြီးလေးစားလာပါတယ်။
အိမ်အလုပ်ဝိုင်းကူလုပ်ခိုင်းခြင်းဖြင့် သူ့တို့လေးတွေကို
လူရာသွင်းတယ်ဆိုတာကို ကလေးကခံစားမိလာပြီး
မိဘအပေါ်လေးစားသမှုရှိလာတဲ့အပြင်နာခံတတ်သည့်သားသမီးဖြစ်လာစေပါတယ်။
သင့်ရဲ့ ရင်သွေးကို အတင်းအကျပ်လုပ်ခိုင်းရတာမျိုးမဟုတ်ဘဲ သူတိုကိုယ်တိုင်လိုလိုချင်ချင်လုပ်လာအောင်ဘယ်လိုပြုလုပ်သင့်ပါသလဲ။
မိဘကခိုင်းစေတဲ့စကားမျိုးကိုမသုံးဘဲ အကူအညီတောင်းတဲ့စကားမျိုးတွေဟာ
သင့်ရင်သွေးငယ်ရဲ့ စိတ်နှလုံးသားကို ပိုမိုကြည်နူးစေတဲ့ အတွက်
သူရဲ့စိတ်နှလုံးသားကိုဖွင့်ပေးသလိုမျိုးဖြစ်စေမှာပါ။
သင့်ကလေးငယ်ကိုတားမြစ်တာတွေ၊ခိုင်စေတာတွေကို အတင်းအကျပ်လုပ်မဲ့အစား
ကလေးကိုအကူအညီတောင်းတဲ့ပုံစံမျိုးနှင့်ပြောင်းပြီး
ပြောဆိုမှုတွေလုပ်ပေးကြည့်ပါ။ "ကူညီပေးပါမလား" ဆိုတဲ့စကားမျိုးပေါ့။
လုပ်ခိုင်းမယ့်ကိစ္စ အကြီးအသေးကအရေးမကြီးပါ။ ဟိုလိုမလုပ်နဲ့၊ ဒီလိုမလုပ်နဲ့၊
ဒါလုပ်စမ်း ဆိုတဲ့စကားတွေဟာ များသောအားဖြင့် တားမြစ်တဲ့စကားတွေဖြစ်လို့
ကလေးတွေက အဲဒီလိုစကားတွေကို ရည်ရှည်မှာ သူတို့လေးတွေ နားမထောင်တတ်ကြပါဘူး။
အဲဒီအစား အကူအညီတောင်းတာမျိုးကိုမိဘဘက်ပြောင်းသုံးကြည့်ပါ။
ဒီလိုဆိုရင်ကလေးရဲ့ကူညီလိုစိတ်ကို တဖြည်းဖြည်းချင်းဖြစ်ပေါ်လာစေမှာပါ။
ဒီလိုဖြစ်ရအောင် အကူအညီတောင်းဆိုတဲ့ စကားမျိုးပြောတဲ့အခါ
အဖြစ်အနေနှင့်မဟုတ်ဘဲ မိဘကယုံယုံကြည်ကြည် လေးလေးစားစားပြောဆိုပေးသင့်ပါတယ်။
သူတို့လေးတွေကူညီလုပ်ကိုင်ပေးပြီးတဲ့အခါတိုင်းလည်း
တင်းတင်းကျပ်ကျပ်လေးဖက်ပြီးတော့ အခုလိုအကူအညီပေးလိုက်လို့
အဆင်ပြေသွားတယ်ဆိုတာမျိုး၊ ကျေးဇူးတင်တယ်ဆိုတာမျိုး
ကိုမဖြစ်မနေပြောပြပေးပါ။
သားသမီးအပေါ်မှာထားရှိတဲ့မိဘရဲ့ နားလည်လက်ခံပေးနိုင်စွမ်းက သူတို့လေးတွေရဲ့အောင်မြင်မှု့အတွက်အခရာကျတယ် ဆိုတာကို သင်သိပါသလား။
မိဘရဲ့ သားသမီးအပေါ် နားလည်လက်ခံပေးခြင်းဟာ ချီးကျူးခြင်းထက် သူတို့လေးတွေဘဝ အောင်မြင်မှုမှာ ပိုအခရာကျပါတယ်။
"သား/သမီးက ကြိုးစားခဲ့တာပဲ!အရမ်းဂုဏ်ယူတယ်။" "စိတ်ကူးအရမ်းကောင်းတာပဲ"
စသဖြင့် သူတို့လေးတွေ ကြိုးစားမှုကို လက်ခံနားလည်ပေးသည့် စကားလုံးများကို
များများပြောဆိုအသုံးပြုပါ။ နားလည်လက်ခံပေးခြင်းက သင်က
ကလေး၏ခံစားချက်များကို စာနာနားလည်ပေးခြင်းကို ဖော်ပြနေသည့်အတွက်
သင့်ကလေးငယ်က ကျေနပ်မှု့ကိုဖြစ်စေပါလိမ့်မယ်။ "ကောင်းလိုက်တာ"
"တော်လိုက်တဲ့ကလေး" ဆိုတာမျိုးတွေကို ပြောနေရုံနှင့်
ရည်ရှည်မှာကလေးငယ်အတွက် အလုပ်မဖြစ်နိုင်ပါဘူး။ ကလေးနဲ့စကားပြောရင် တိတိကျကျ
ရည်ညွှန်းတဲ့စကားကိုပြောပါ။
ဥပမာ-“တစ်အုပ်လုံးဖတ်ပြီးသွားပြီပဲ၊နည်းနည်းနောနောမဟုတ်ဘူး”
ဆိုတာမျိုးတွေကို ပြောပေးပါ။ သူလုပ်တဲ့အလုပ်တွေ၊ တွေးတဲ့အတွေးအခေါ်တွေကို
အရေးတယူလက်ခံမှု ခံရတယ်လို့ သိရှိခံစားလာရတဲ့အခါမှာ ကလေးငယ်ရဲ့
နှလုံးသားအတွက် အင်အားတွေဖြစ်စေပြီး နိုးကြားစွာ ကြိုးစားလာစေပါတယ်။
မိဘနှင့်သားသမီးကြားမှာ မေတ္တာနှင့်တည်ဆောက်ထားတဲ့တသားတည်းဖြစ်နေတဲ့နားလည်မှု့ဘာကြောင့်ရှိသင့်တာပါလဲ။
ကျွန်တော်တို့ရဲ့ ရှီချီဒါပညာရေးအောင်မြင်မှုသော့ချက်က
မိဘနဲ့သားသမီးတို့ကြား စိတ်တူကိုယ်တူ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေခြင်းကို
အခြေခံတာပါ။ မိဘနှင့်ကလေးငယ်ကြားကမေတ္တာပေါင်းကူးလေးက
ကွာဟမှုလေးတွေရှိနေမယ်ဆိုရင်တော့ မိဘတွေကကြိုးစားထားသမျှ
အရာထင်ဖို့ခဲယှဉ်းပါလိမ့်မယ်။ ပထမဆုံးအနေနှင့်ကတော့ မိဘတွေက
သားသမီးအပေါ်ချစ်မေတ္တာတွေကိုအလျှံပယ်လုံလောက်အောင် ပြပေးရပါမယ်။ ဥပမာ -
"မေမေကအရမ်းချစ်တာပဲ.......အစရှိသဖြင့်" ။
မိဘမေတ္တာကိုတကယ်ရရှိလာတဲ့အခါဆိုရင် မိဘနဲ့သားသမီးကြားမှာ
နီးကပ်မှုပိုရှိလာပြီး စိတ်ချင်းဆက်သွယ်မှုတိုးလာစေပါတယ်။အဲဒီကတဆင့်
တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာစေမှာပါ။ ဒီလိုဖြစ်လာပြီဆိုရင်တော့
သူတို့လေးတွေဟာ ပိုမိုတက်ကြွလာပြီး မိဘတွေရဲ့ စကားသွန်သင်မှုမှာ
အလွယ်တကူခံယူလာကြပါတော့တယ်။
မိမိရဲ့ကလေးငယ်ကို နားလည်လက်ခံပေးခြင်း၊ ချီးကျူးပေးခြင်း၊
ချစ်ခင်ကြင်နာခြင်းတို့ဖြင့် ပြုစုပျိုးထောင်ပါက ကလေးငယ်တို့သည်
မိမိကိုယ်မိမိယုံကြည်မှုရှိလာပြီး ၄င်းတို့၏ဘ၀ စတင်တောက်ပလာမည် ဖြစ်သည်။
ကလေးငယ်များဆိုတာဟာ ရင့်ကျက်မှုနှင့် ဘဝအတွေ့အကြုံ အလွန်ပဲနုနယ်ကြပါတယ်။
မိဘများအနေဖြင့် မိမိရဲ့ကလေးငယ်များကို အပြုသသောမဆောင်တဲ့
အပြစ်တင်စကားမျိုးပြောခြင်းကိုအထူးသတိထားပြီး ရှောင်သင့်ပါတယ်။
သူတို့လေးတွေရဲ့ အားနည်းချက်တွေကိုသာ မိဘမြင်နေမည်ဆိုရင် သူတို့လေးတွေရဲ့
ကောင်းမွန်သောအရည်အသွေးများကိုမြင်ဖို့
ပိုမိုတိုးတက်လာအောင်ပြုလုပ်ဖို့ဆိုတာတွေ
နှောင့်နှေးသွားပါမယ်။ကောင်းကွက်များကို အပြုံးပန်းဖြင့်
ချီးကျူးပေးနိုင်ကြမည်ဆိုလျှင်တော့ သူတို့လေးတွေရဲ့ဘဝတွေဟာလည်း
တဖြည်းဖြည်းနှင့်တောက်ပလာမှာမလွှဲပါဘဲ။ ကလေးငယ်တွေဆိုတာဟာ
အဖြူစင်ဆုံးမွေးဖွားလာကြပါတယ်။ သူတို့လေးတွေကြီးပြင်းရတဲ့
ပတ်ဝန်းကျင်အခြေအနေအပေါ် မူတည်ပြီးသာ ပြောင်းလဲသွားကြတာပါ။
“လက်ခံ၊ချီးကျူး၊မေတ္တာထား ပြုစုပျိုးသွားကလေးများ”
ကလေးတစ်ယောက်ကို ထူးချွန်ထက်မြက်သူဖြစ်လာစေဖို့ဆိုရင် သူတို့အိပ်ပျော်စအချိန်က အသုံးချတာအကောင်းဆုံးပါပဲ။
“လူ့သမိုင်းတစ်လျှောက် ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေဟာ စာဖတ်ခြင်းနဲ့
အပြုသဘောဆောင်တဲ့အကြံပြုချက်ကောင်းတွေကြောင့်ပဲအောင်မြင်သူတွေ၊
ကြီးမြတ်တဲ့သူ တွေဖြစ်လာကြတာပါ” လို့ ဂျာမန် သိပ္ပံပညာရှင်
အောက်စဝါးဒ်ဆိုသူက ပြောဖူးပါတယ်။ ကလေးငယ်တစ်ဦးကိုအောင်မြင်
ကြီးမြတ်သူတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်တယ်ဆိုတဲ့နေရာမှာ
မိဘနှစ်ပါးစလုံးရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေထက်ပိုပြီး
ဘယ်ဟာမှပိုပြီးလိုအပ်တာမရှိပါဘူး။ ဒီလို အကြံပြုတာတွေလုပ်မယ်ဆိုရင်
ကလေးငယ်အိပ်ပြီးစ ၁၀ မိနစ်လောက်မှာလုပ်တာကအသင့်တော်ဆုံးသောအချိန်ပါပဲ။
သင့်ကလေးရဲ့ နားရွက်အနားကိုကပ်ပြီး ကြင်နာတဲ့အသံနှင့် မေတ္တာထားတဲ့၊
အပြုသဘောဆောင်တဲ့ စကားလုံးလေးတွေကိုပြောပြပြီးတော့ အကြံပြုချက်၊
လုပ်ဆောင်စေလိုတာအရာကို ပြောပြပေးလို့ရပါတယ်။
ဒါဟာအလွန်မှထိရောက်တဲ့နည်းလမ်းပါ။
သင့်ကလေးစွန့်စားလိုစိတ်နဲ့ လွတ်လပ်တဲ့စိတ်ထားပိုင်ဆိုင်လာအောင်ဘယ်လိုပျိုးထောင်ပေးမလဲ။
မိဘက ကလေးဟိုဟာလုပ်လုပ်ပြန်ပြီ ဒါဟာလုပ်လုပ်ပြန်ပြီ ဟိုဟာမလုပ်နဲ့
ဒီဟာမလုပ်နဲ့ ဆိုတာမျိုးတွေ တစ်ချိန်လုံး ပွစိပွစိလုပ်လွန်းရင် ကလေးဟာ
အရာရာအပေါ်မှာ သက်တောင့်သက်သာမဖြစ်တော့ဘဲ လွန်လွန်ကျူးကျူး
သတိထားတတ်သူတွေဖြစ်လာပါလိမ့်မယ်။ မိဘတွေကတော့ ဒါတွေဟာလိုက်နာဖို့လိုတဲ့
စည်းကမ်းတွေလို့ပြောကြမှာပါပဲ။ အသေအချာပြန်စဉ်းစားစေလိုပါတယ် မိမိကသားသမီး
ကို အလွန်အမင်းကာကွယ်မှုတွေပြုလုပ်နေတာလားဆိုတာကိုပါ။
ကာကွယ်မှုလွန်ကဲပြီးကလေးလုပ်သမျှအရာအားလုံးကို
လိုက်ပြီးဝေဖန်ပြောဆိုနေတယ်ဆိုတာ သင့်ကလေးရဲ့
ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းကို ချေမွဖျက်ဆီးလိုက်တာပါပဲ။ မိဘပြောသမျှကိုသာ
လိုက်နာတတ်ပြီး သင့်ကလေးရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားတတ်မှု့တွေ
ပျောက်ပျက်သွားအောင်လုပ်ဖို့အလွန်လွယ်ကူလှပါတယ်။ မိဘဖြစ်သူကကြင်ကြင်နာနာ
သင့်ကလေးရဲ့အပြုအမူနဲ့ လုပ်ရပ်တွေအပေါ်မှာသာမသိမသာလေ့လာကြည့်ပေးပါ၊
တတ်နိုင်သမျှ လွတ်လွတ်လပ်လပ်
သူတို့ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာသင်ယူခွင့်ပေးမယ်ဆိုရင် သင်ရဲ့ရင်သွေးဟာ
စူးစမ်းလေ့လာလိုစိတ်တွေ တိုးပွားလာပြီး ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုအပြည့်အဝရရှိလာပြီး စွန့်စားလိုစိတ် နဲ့ လွတ်လပ်တဲ့စိတ်ထားကို
ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
သင့်ကလေး မကြောက်မရွံ ဘဝကိုရင်ဆိုင်ရဲတဲ့သူဖြစ်အောင် ဘယ်လိုပြုလုပ်ပေးကြမလဲ။
သင်ကသင့်ကလေးတွေကိုအတ္ထုပ္ပတ္ထိစာအုပ်တွေကိုများများဖတ်ပြပေးမယ်ဆိုရင်တော့
သင့်ရဲ့ကလေးငယ်ဟာ ရှုံးနိမ့်မှုတွေ ကျရှုံးမှုတွေကို ကြောက်ရွံမှုမရှိတော့ဘဲ
စိန်ခေါ်မှုတွေကို ပိုမိုပြီးတော့ ရင်ဆိုင်လာရဲလာပါလိမ့်မယ်။
သင်ကလေးကို
ပေးအပ်ထားတဲ့ တာဝန်တွေကို ဖြစ်မြောက်အောင် နည်းအမျိုးမျိုးနဲ့
လုပ်ဆောင်နိုင်အောင်ပြုစုပျိးထောင်ရပါမယ် ဒါ့အပြင်
အမှားတွေလုပ်မိတာကြောင့်လည်း
ဆက်လက်မလုပ်ဆောင်ရဲအောင်ပြုတာမျိုးတွေရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
အတ္ထုပ္ပတ္ထိစာအုပ်တွေထဲက ပုဂ္ဂိုလ်တွေရဲ့ ဘဝကိုလေ့လာကြည့်မယ်ဆိုရင်လည်း
အစကတည်းကအောင်မြင်မှုတွေရပြီး စွမ်းဆောင်နိုင်ခဲ့ကြတယ်ဆိုတာမျိုးကို
တွေ့ရခဲပါတယ်။ ဒီပုဂ္ဂိုလ်တွေအားလုံးဟာဘဝမှာ ကျရှုံးမှုတွေနဲ့
ရင်ဆိုင်ရတဲ့အခါမှာတောင် လက်လျှော့အရှုံးမပေးခဲ့ကြပါဘူး။ စိန်ခေါ်မှုတွေကို
ဆက်ရင်ဆိုင်ပြီး ဘဝအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ကြတာပါ။ သင့်အနေနဲ့ ကလေးကို
အတ္ထုပ္ပတ္ထိတွေဖတ်ပြရုံသပ်သပ်ထက် သင့်ကလေးတွေကိုလည်း သူတို့လည်း
ဒါမျိုးတွေကိုလုပ်ဆောင်နိုင်တယ်ဆိုတာမျိုးကို အမြဲထည့်
သွင်းပြောကြားပေးတာမျိုးကိုမဖြစ်မနေလုပ်ပေးရပါတယ်။ မိဘရဲ့ ယုံကြည်မှုနဲ့
အားပေးမှု ဟာကလေးတွေအတွက် အကောင်းဆုံးအားဆေးဆိုလည်း မမှားပါဘူး။
မိမိကိုယ်ကိုယုံကြည်မှု့ ရှိတဲ့ကလေးငယ်ဖြစ်အောင် မိဘကဘယ်လိုစကားမျိုးကိုပြောပေးရမလဲ။
မိဘရဲ့ စကားတွေထဲမှာ မိမိရဲ့ရင်သွေးငယ်တွေအတွက် တန်ခိုးစွမ်းအားတွေ
အများကြီးပါဝင်စီးဆင်းနေပါတယ်။ မိဘတွေက အကြောင်းအရာတစ်ခုခုကိုအမှုမဲ
့အမှတ်မဲ့ ပြောလိုက်တာမျိုးကိုတောင် သားသမီးတွေကတော့ အဲဒီစကားတွေကို
မှတ်မိနေတတ်ကြပါတယ်။ ဒါ့ကြောင့် မိဘပြောတဲ့စကားကအပြုသဘောဆောင်ခြင်း၊
မဆောင်ခြင်းက မိမိသားသမီးရဲ့ စိတ်နေစိတ်ထား ပြောင်းလဲလာမှု့ အပေါ်မှာ
အများကြီးသက်ဆိုင်လွှမ်းမိုးနေပါတယ်။ ဥပမာအားဖြင့် သင့်ကလေးငယ်က
ကိစ္စတစ်ခုကိုကောင်းမွန်စွာပြုလုပ်နိုင်တယ်ဆိုရင်
သူတို့လေးတွေတော်တဲ့ကိစ္စကို အဓိကထားပြီး သူတို့လေးတွေ တော်တယ်ဆိုတာကို
အသိအမှတ်ပြုပြောပေးပါ။ ပြီးတော့
ပိုကောင်းအောင်လုပ်နိုင်သေးတယ်ဆိုတာမျိုးကိုမဖြစ်မနေထဲ့ပြောပေးပါ။
မိဘကသူတို့လေးတွေလုပ်နိုင်တယ်ဆိုတာ
ကိုယုံကြည်တယ်ဆိုတာမျိုးကိုလည်းထည့်သွင်းပြောကြားပေးပါ။
ဥပမာ"သားလေးကဘယ်လိုနေရာမျိုးမှာ သိပ်တော်တာပဲနော်။
မေမေကအရမ်းချီးကျူးတယ်သိလား။ နောက်ဆိုသားက
ဒါထက်ပိုကောင်းအောင်လုပ်နိုင်လိမ့်မယ်ဆိုတာ မေမေယုံကြည်တယ်နော်"
လို့ပြောရင် ကလေးက အဲဒီလုပ်တဲ့ကိစ္စမှာပိုမို ကောင်းမွန် တိုးတက်အောင်
လုပ်ရတာကိုပိုမိုနှစ်သက်လာပါလိမ့်မယ် ဒါဟာသဘာဝပါပဲ။
မိဘတွေပြောပေးတဲ့စကားတွေက သင့်ရင်သွေးငယ်ရဲ့ စိတ်ကူးထဲမှာပုံဖော်နိုင်ဖို့
ကြီးမားစွာဖန်တီးအထောက်အကူဖြစ်စေနိုင်သလို မိဘတွေ ပြောလိုက်တဲ့ စကားတွေ
ကြောင့်လည်းသင့်ရင်သွေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုများဟာလည်း
ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘဖြစ်သူက အပြုသဘော
မဆန်တဲ့စကားမျိုးပြောဆိုခြင်းကို အထူးသတိထားပြီးရှောင်သင့်ပါတယ်။
တစ်ခြားသူတွေရဲ့ကောင်းကွက်ကိုပါမြင်တတ်တဲ့သူလေးဖြစ်အောင်ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ။
ကလေးတွေရဲ့စိတ်ထဲမှာ သူတို့တစ်ခုခုကိုအောင်မြင်အောင်ဆောင်ရွက်နိုင်တိုင်း
မိမိကိုယ့်မိမိဂုဏ်ယူတယ်၊ မိဘကဂုဏ်ယူတယ်
ချီးမွှမ်းတယ်ဆိုတာအလွန်ကောင်းမွန်တဲ့ အပြုအမူတွေဖြစ်ပါတယ်။ သို့သော်
ကလေးရဲ့စိတ်ထဲမှာ သူသာလျှင် ထူးခြားတဲ့သူ
ဘယ်သူမှသူ့လိုမစွမ်းဆောင်နိုင်ဘူးဆိုတဲ့
စိတ်ကြီးဝင်တဲ့အတွေးမျိုးတွေဖြစ်နေပြီဆိုရင်တော့ မိဘဖြစ်သူကဂရုတစိုက်နဲ့
ထိန်းကျောင်းရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေကို ငယ်စဉ်ကတည်းက
အလွန်အကျွံချီးမွန်းခံခဲ့ရတဲ့ ကလေးတွေမှာတွေ့ရလေ့ရှိ ပါတယ်။
သူတို့လေးတွေရဲ့ လုပ်ဆောင်နိုင်တာထက်ပိုမိုတဲ့ အလွန်အမင်းချီးကျူးမှုတွေက
ကလေးငယ်ကိုအမှန်တရားနဲ့အလွန် ဝေးကွာစေပြီး
မလိုလားအပ်တဲ့မာနမျိုးတွေကိုပိုင်ဆိုင်လာစေပါတယ်။ အဲဒီလို "ငါမှငါ"
စိတ်ထားမျိုး၊ သားလိုမျိုး သူကမလုပ်နိုင်ဘူးဆိုတာမျိုး၊ "သူကညံ့တယ်၊
သားကတော်တယ်" ဆိုတာမျိုး ကလေးမှာဖြစ်မလာအောင် မိဘတွေက မှန်ကန်စွာ
လမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။ တခြားလူတွေရဲ့ ကောင်းကွက်တွေကို ရှာတတ်အောင်
သင့်ရင်သွေးကို လေ့ကျင့်သင်ကြား ပေးရမှာဖြစ်ပါတယ်။
မိမိကလေးငယ်ကို ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနှင့်မြင့်မားတဲ့စိတ်ဓါတ်ကိုငယ်စဉ်ကတည်းကအခြေခံကောင်းတွေရအောင် ဘယ်လိုပြုလုပ်မလဲ။
ကလေးရဲ့ ခိုင်မာတဲ့စိတ်ဓါတ်ခွန်အား၊ သည်းခံနိုင်စွမ်းနဲ့
ကျေးဇူးသိတတ်မှုတွေဟာ
ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနှင့်မြင့်မားတဲ့စိတ်ဓါတ်
ကိုတည်ဆောက်ပေးမဲ့
အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။
ရှီချီဒါပညာရေးနည်းစနစ်မှာတော့စာရိတ္တပညာရေး (Moral Education)
လို့သတ်မှတ်ခေါ်ဆိုပါတယ်။မိဘတွေအနေနဲ့ မိမိရဲ့ ရင်သွေးကို သူတို့ကိုယ်ကို
သူတို့ဘယ်လိုထိန်းထိန်းသိမ်းသိမ်းနေရမယ်၊ အမှားအမှန်ကို ဘယ်လိုမျိုး
ဝေဖန်ပိုင်းခြားရမယ် ဆိုတာမျိုးကို သင်ပြပေးခြင်းမျိုးမရှိခဲ့ဘူးဆိုရင်တော့
ကလေးတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် ဖြစ်လာမှာဖြစ်ပါတယ်။
ခိုင်မာတဲ့စိတ်ခွန်အားဆိုတာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း သို့မဟုတ်
မိမိရဲ့ တစ်ကိုယ်ကောင်းစိတ်ကို ဆန့်ကျင်နိုင်စွမ်းကိုဆိုလိုတာ ဖြစ်ပါတယ်။
ဒီလို ခိုင်မာတဲ့စိတ်ခွန်အားကိုပိုင်ဆိုင်အောင် လေ့ကျင့်ပေးရာမှာ
မိမိကလေးနဲ့ အရင်းနှီးဆုံး အရာကတွေကနေစပြီး လေ့ကျင့်ပေးရပါမယ်။ ဥပမာ -
အိပ်ရာစောစောဝင်ပြီး နံနက်စောစောထနိုင်အောင် လေ့ကျင့်ပေးထားတာမျိုးပါ။
မိဘကအပြောနဲ့အလုပ် ညီအောင်နေပြတာမျိုးတွေ၊ မိဘကိုယ်တိုင်ကတိတည်တာတွေ၊
အလွယ်တကူ ကလေးစိတ်ကြိုက်အလွန်အကျွံ အလိုလိုက်မှုတွေကို
ထိန်းသိမ်းရမှာဖြစ်သလိ၊ု မိဘတွေက "ကျေးဇူးပါ"
ဆိုတဲ့စကားကိုသူတို့လေးတွေရှေ့မှာအမြဲပြောပြီး ကျေးဇူးသိတတ်မှုကို
မိမိကလေးငယ်ကသိအောင် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပြရမှာဖြစ်ပါတယ်။
သားသမီးပျိုးထောင်တဲ့နေရာမှာ ထိရောက်မှုရှိအောင်မိဘက ဘယ်လိုမျိုးဆောင်ရွက်သင့်ပါသလဲ။
ထိရောက်မှုရှိတဲ့သားသမီးပျိုးထောင်ခြင်းဆိုတာ သင့်ရဲ့သားသမီးတွေကသူတို့ရဲ့
ကိုယ်ပိုင်အရည်အချင်းတွေကို သူတို့ကိုယ်တိုင်တည် ဆောက်လိုစိတ်ရှိအောင်
မိဘကနမူနာကောင်းတွေနဲ့ ရှေ့ဆောင်လမ်းပြပေးတာကိုဆိုလိုပါတယ်။ မိဘကမဖြစ်မနေ
လှုံ့ဆော်ပေးရမှာက တော့ သူတို့လေးတွေရဲ့ ကိုယ်အားကိုယ်ကိုးလိုတဲ့စိတ်ကို
နက်နက်ရှိုင်းရှိုင်းရှိနေအောင် အလေ့အကျင့်ပြုလုပ်ပေးဖို့ပါပဲ။
ဒီလိုအလေ့အကျင့်နဲ့ နေသားတကျရှိလာတဲ့ကလေးတွေဟာ မိဘက လုပ်ခိုင်းလို့
လိုက်လုပ်နေရတဲ့ အခြေအနေမျိုးမဟုတ်တော့ဘဲ သူတို့လေးတွေကိုယ်တိုင်ကိုက
လိုလိုချင်ချင်နှင့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို
မြင့်မားလာအောင်ဆောင်ရွက်သွားကြမှာ မလွဲပါဘဲ။
ဂျပန်နိုင်ငံက
နာမည်ကျော် ဘတ်စကတ်ဘောသမား ဖြစ်တဲ့ ရှီချီရို ဆူဇူကီးဟာ သူ့မိဘတွေ
အတင်းအကျပ်ခိုင်းလို့ အားကစားသမားဖြစ်လာတာမဟုတ်ပါဘူး။ အဖေဖြစ်သူက
သားရှေ့မှာစံပြနမူနာနေပြခဲ့ပြီး သူ့ဘဝမှာသူရဲ့အရည်အချင်းတွေကို
ပြနိုင်မဲ့ကိစ္စကို နှစ်နှစ်ခြိုက်ခြိုက်ပြုလုပ်ဖြစ်အောင်
စည်းရုံးပေးနိုင်ခဲ့တဲ့အကျိုးရလာဒ်ပါပဲ။
သင့်ကလေး ပညာရေးမှာ စိတ်ဝင်တစားနဲ့ သင်ယူလိုစိတ်ပြင်းပြအောင် ဘယ်လိုပြုလုပ်ပေးမလဲ
ကလေးတစ်ယောက်ကို ပညာရေးမှာ စိတ်ဝင်တစားနဲ့ သင်ယူလိုစိတ်ပြင်းပျအောင်
လာစေဖို့အတွက် သူ့တို့ကို မက်လုံးတစ်ခုခု သို့မဟုတ်
ဆွဲဆောင်မှုတစ်ခုပေးထားရမှာဖြစ်ပါတယ်။ မိဘရဲ့ ယုံကြည်ခံရမှုနှင့်
ချီးမွှမ်းခံရတယ်ဆိုတဲ့အရာတွေဟာ သင့်ကလေးအတွက် ဆွဲဆောင်မှု၊ မက်လုံးတွေပါပဲ။
လက်ခုပ်တီးခံရတာ မကြိုက်တဲ့ကလေးဆိုတာမရှိသလောက်ပါဘဲ။
မိဘဘက်ကလည်မိမိရဲ့ ကလေးစွမ်းဆောင်နိုင်တယ်ဆိုတာ ယုံကြည်ထားရမှာဖြစ်ပါတယ်။
မိဘလုပ်သူက မိမိကလေးငယ် စိတ်ဝင်တစားရှိတဲ့ ကြိုက်နှစ်သက်တဲ့
ဘာသာရပ်/နယ်ပယ်ကို သိဖို့ရန်ကြိုးစားပါ။ မက်လုံးနှင့်
ဆွဲဆောင်မှု့ကိုလည်းသင့်တင့်ရုံသာသုံးပါ။
သင့်ကလေးမှာ
စွမ်းရည်တစ်ခုခုကို အတိုင်းအတာတစ်ခုထိပိုင်ဆိုင်လာပြီဆိုရင်
သူစိတ်ဝင်စားတဲ့ နယ်ပယ်နဲ့ ပတ်သက်ပြီး မိဘက အရည်အချင်းစစ်ဆေးပေးတာမျိုး
မဖြစ်မနေပြုလုပ်ပေးရပါမယ်။ စစ်ဆေးပေးတဲ့ ရမှတ်ကို သူများနဲ့
သွားယှဉ်တာမျိုးလုံးဝမလုပ်ပါနဲ့။
ဒီလိုစစ်ဆေးရတာ အောက်ပါရည်ရွယ်ချက်များကြောင့်ဖြစ်ပါတယ်။
၁) ကလေးရဲ့ ကျွမ်းကျင်မှုအဆင့်ကို မိဘကအမှန်အတိုင်း နားလည်နိုင်ဖို့ရန်
၂) ယင်းရမှတ်တွေကို ကလေးရဲ့ နောက်ထပ်ပန်းတိုင်တွေအတွက် လမ်းညွှန်ချက်အဖြစ်အသုံးပြုနိုင်စေရန်နှင့်
၃) အဲဒီရမှတ်ကြောင့် မိဘက ကလေးကို ချီးမွမ်းဖို့အခွင့်အရေးရပြီး ကလေးက ပိုမိုအားတက်လာစေရန်တို့ဖြစ်ပါတယ်။
No comments:
Post a Comment