Monday, October 30, 2017

"ချစ်​သူ ကြင်​သူ မြတ်​နိုးသူ" (Color&Color theory)

တစ်​ကယ်​​တော့ ပန်းချီဆရာတစ်​ယာက်​အတွက်​ ချစ်​သူကြင်​သူ မြတ်​နိုးသူဆိုတာ
မိမိရဲ့ အိမ်​သူသက်​ထား ဇနီးမယားကိုဆိုလိုတာ
မဟုတ်​ပါဘူး။သဘာဝ​လောကရဲ့အလှကို ထင်​ဟတ်​​ဖော်​ပြသည့်​အ​ရောင်​အ​သွေးများကိုသာ ဆိုလိုခြင်း ဖြစ်​ပါသည်​။
ထို့​ကြောင့်​ ​လောကကိုအလှဆင်​မည့်​ညီငယ်​ညီမငယ်​များသည်​ သဘာဝ​လောက၏ အ​ရောင်​အ​သွေးများကို ​လေ့လာ​ရမည်​။နှစ်​သက်ခံစား
တတ်​ရမည်​။နေ့စဉ်​နှင့်​အမျှ အ​ရောင်​အ​သွေးများ
နှင့်​ ထိ​တွေ့ဆက်​ဆံ​နေရမည်​။
သို့​သော်​အ​ရောင်​များဖြစ်​တည်​မှုနှင့်​​ပေါင်းစပ်​မှု
(theory)တို့ကိုနားလည်​ထားယုံဖြင့်​လည်း မပြီး​သေးပါ။မိမိတို့၏ ​ဆေးစပ်​ပြား(palette)ထဲရှိ ​ဆေး​ရောင်​(paint colors) များကို သဘာဝ၏ အ​ရောင်​အ​သွေးများအဖြစ်​ ​ပြောင်းလဲဖန်​တီးနိုင်​ရပါမည်​။
၎င်း အ​ရောင်​မှအ​သွေး(tone)သို့​ပြောင်းလဲနိုင်​ရန်​ အလွန်​အ​ရေးကြီးပါသည်​။သို့မှသာ သဘာဝ​လောက၏ အလှကို Second nature အဖြစ်
ဖန်​တီးတင်​ပြသည့်​ ပန်းချီကားသည်​တန်​ဘိုးရှိပေမည်​။
ထို့​ကြောင့်​ ညီငယ်​ညီမငယ်​များအ​နေဖြင့်
အ​ရောင်​(color)မှ အ​သွေး(tone)အဖြစ်​​ပြောင်း
လဲနိုင်​ဘို့ ကြိုးစားရပါမည်​။
မိမိ​ရွေးချယ်​လိုက်​​သော Paint color သည်
မိမိလိုချင်​သည့်​ သဘာဝအ​ရောင်​အ​သွေးထက်
အ​ရောင်​​တောက်​ပမှု ပိုများ​နေမည်​(ဝါ)အ​ရောင်​ပြင်​အား(intensity) များ​နေလျှင်​ ၎င်းPaint color ကို အ​ရောင်​မှိုင်း​(dull)​စေရန်​ မည်​သို့
ပြုလုပ်​ရမည်​၊ ပြင်​အား​လျှော့ရမည်​ကို နားလည်
ထားရ​ပေမည်​။
တစ်​ကယ်​​တော့ ​လောကရှိသတ္တဝါများ၏ ဘဝကို ​နေ့နှင့်​ညက ပုံ​ဖော်​ဖွဲစည်းထားပါသည်​။
တစ်​နည်းအားဖြင့်​ ​နေ့အလင်းနှင့်​ ညအ​မှောင်​သည်​ သတ္တ​လောကသားတို့၏ ဘဝပါဘဲ။
ထို့အတူပန်းချီကားကိုလည်း ပန်းချီဆရာသည်​အလင်းအ​မှောင်​ဖြင့်​ ဖွဲစည်းပြရ​ပေသည်။
၎င်းအလင်းအ​မှောင်​ဆိုသည်​မှာလည်း
အလင်းဆို​သော အ​ရောင်​အ​သွေး(tones)) နှင့်
အ​မှောင်​ဆို​သော Dark grays များပင်​ဖြစ်​ပါ
သည်​။
ထို့​ကြောင့်​ အလင်းကို​ဖော်​ပြသည့်​ အ​ရောင်​အ​သွေး(tones)​ပြောင်းလဲမှု အဆင့်​ဆင့်​နားလည်​ရမည့်​အပြင်​ အ​မှောင်​ကို​ဖော်​ပြသည့်
အ​မှောင်​​သွေး​ပြောင်းလဲမျု Dark color gray
တို့ကိုလည်း သ​ဘော​ပေါက်​​အောင်​ ​လေ့ကျင့်​ရ​ပေမည်​။
တစ်​ကယ်​​တော့အ​ရောင်​(color)ဆိုသည်​မှာ
အလင်းအ​မှောင်​​ပေါင်းစပ်​မှုမှ ​ထွက်​​ပေါ်လာ​သောရလဒ်​တစ်​ခုသာဖြစ်​ပါသည်​။
(Colors were a result of the blending of light and dark.)
ထို့​ပြင်​ ၎င်းcolors ဆို​သော ​ဝေါဟာရသည်
ပန်းချီအနုပညာ၏ သ​ဘောတရား(ဝါ)လိုအပ်​ချက်​ တစ်​ခုဖြစ်​ပြီး အ​ရောင်​(color)ကိုမြင်​ရပုံမှာ အလင်း​ရောင်​(light)သည်​ အရာဝတ္ထု ​ပေါ် ကျ​ရောက်​ပြီး အလင်းပြန်​၍ မျက်​လုံးအားထိခတ်​သဖြင့်​ အ​ရောင်​အဖြစ်​ဖြင့်​ မြင်​ရ​ပေသည်​။
(Colors, the element of art that is
Produced when light,striking an object, reflected back to the eye.)
၎င်း color တွင်​လည်း ကိုယ်​ပိုင်​ဉစ္စာ(ဝါ)
လက္ခာ(3)ရပ်​ရှိပါသည်​။၎င်းတို့မှာ ..
(1) ကိုယ်​ပိုင်​အ​ရောင်​နာမည်​(Hue)
(2) အ​ရောင်​ပြင်းအား(intensity . . . ;brightness or dull)
(3) လင်းမှု ​၊မှောင်​မှု (Value)
တို့ဖြစ်​သည်​။
ကိုယ်​ပိုင်​အ​ရောင်​နာမည်​(hue)ဆိုသည်​မှာ
အ​ရောင်​အသီးသီးတွင်​ အ​ရောင်​နာမည်​ကိုယ်​စီ ရှိကြသည်​ဟု ဆိုလိုခြင်းဖြစ်​ပါသည်​။
(ဥပမာ- Red,yellow,...etc.)
(First is hue,which simply means
the names,we give to a color (Red,yellow,......etc.)
အ​ရောင်​တစ်​ခု၏ ပြင်းအား(intensity)
ဆိုသည်​မှာ၎င်းအ​ရောင်​၏ ​တောက်​ပနိုင်​မှုစွမ်း
အား Strength (ဝါ)အ​ရောင်​​မှေးမှိန်​မှု(dull or
grayed ) ကို ဆိုလိုခြင်းဖြစ်​သည်​။
(The second propert is intensity,
which refer to the strength and vividness of the color.
For example,we may describe the
color blue as Royal (bright,rich,vibrant)or dull, grayed.)
တတိယဖြစ်​​သော Color ၏ ကိုယ်​ပိုင်​ဥစ္စာမှာ
အ​ရောင်​တစ်​ခု၏ လင်းမှု ​မှောင်​မှုဟူ​သော Value ​ပြောင်းလဲမှုအစဉ်​ပင်​ဖြစ်​သည်​။
. တစ်​နည်းအားဖြင့်​ Value ဆိုသည်​မှာ
Color တစ်​​ရောင်​ကို White အဆင့်​ဆင့်
ပေါင်း​ပေးခြင်း(Tint) နှင့်​ black ​ပေါင်း​ပေးခြင်း
(Shade) တို့ပင်​ဖြစ်​သည်​။
(The third and final property of color is the value,meaning its lightness or darkness .
The terms shade and tint are in
reference to value changes in colors.)
ထို့ပြင်​ Color Theory နှင့်​ပါတ်​သက်​ပြီး
ညီငယ်​ညီမငယ်​များ အကျဉ်းမျှ သိထားသင့်​ပါ
သည်​။
အမြင်​ပိုင်းဆိုင်​ရာအနုပညာတစ်​ရပ်​ဖြစ်​​သော
ပန်းချီအနုပညာ(visual art)တွင်​ အ​ရောင်သ​ဘောတရား(Color theory )ဆိုသည်​မှာ မြင်​​တွေ့​နေရ​သော အ​ရောင်​အ​သွေးများ(visual
effect)များရရှိ​စေရန်​ သတ်​မှတ်​ထားသော အ​ရောင်​အချင်းချင်း ​ပေါင်းစပ်​မှုနှင့်​မည်​သို့​ပေါင်းစပ်​ရမည်​ကို လက်​တွေ့ညွှနြ်​ပချက်​ပင်​ဖြစ်​သည်​။
In the visual art,color theory
is a body of practical gudance to color
mixing and the visual effects of a specific color combination.)
၎င်းColor theory ကို အပိုင်း(3)ပိုင်းအဖြစ်
ခြွဲခားသတ်​မှတ်​နိုင်​ပါသည်​။
(1)The color wheel
(2) color value and
(3) color schemes
တို့ဖြစ်​ပါသည်​။
၎င်း Color theoryတွင်​ပါရှိသော အစိတ်​အပိုင်း(3)မျိုးကို အပြည့်​အဝနားလည်​ သ​ဘော
ပေါက်​ထားမည်​ဆိုလျှင်​ ပန်းချီပညာ၏ အ​ရေးကြီး​သောဖန်​တီးမှုပိုင်းကို ​ကောင်းစွာ သ​ဘော​ပေါက်​​ပေလိမ့်​မည်​။
( Understanding each section of color theory fully,will help you better
understand its importance in the creations of art.)
ထို့​ကြောင့်​ ညီငယ်​ ညီမငယ်​များကို Color
Theory ၏ အစိတ်​အပိုင်း(3)ခုကို ရှင်းပြ​ပေးပါမည်​။
# Part (1)color wheel or color circle
၎င်း Color wheel ကို အခြေခံတည်
ထွင်​ ​ပေးသူမှာ သိပ္ပံပညာရှင်​ကြီး Sir,isaac
Newton ဖြစ်​သည်​။
Colors များသည်​ အလင်းအ​မှောင်​​ပေါင်းစပ်​မှုမှု၏ ရလဒ်​ဖြစ်​သည်​ကို ယုံကြည်​ထားသည့်
Sir,isaac Newton သည်​ အလင်း​ရောင်
(White light) ထဲတွင်​ အ​ရောင်​များစွာ ဖွဲ့စည်း​ပါဝင်​​နေသည်​ကိုလက်​​တွေ့သရုပ်​ပြခဲ့​လေသည်​။
၎င်း သရုပ်​​ဖော်​ပြချက်​မှာ အ​မှောင်​ခန်းတစ်​ခုထည်းတွင်​ ​သေးငယ်​​သောအလင်းတန်းတစ်​ခုကို ဖန်​တီးပြီး ၎င်းအလင်းတန်း​ရှေ့၌ သုံး​မြှောင့်
ဖန်​တုံး(prism)ကို ထား၍ ပြခဲ့​လေသည်​။
ထိုအခါ အလင်းတန်းသည်​ သုံး​မြှောင့်​ဖန်​တုံးကိုဖြတ်​ပြီး တဖက်​တွင်​ အ​ရောင်​(7)မျိုးပါ​သော ​ရောင်​စဉ်​တန်းတစ်​ခု ဖြစ်​​ပေါ်လာ​သည်​။
၎င်းအ​ရောင်​များမှာ Red,Orange,yellow,
Green,blue ,indigoနှင့်​ Violet တို့ဖြစ်​သည်​။
သက်​တန့်​​ရောင်​စဉ်​(7)မျိုးပင်​ဖြစ်​သည်​။
၎င်း Colors များစု​ပေါင်းပြီး အဖြူ​ရောင်​အလင်း (white light) အဖြစ်​မြင်​​တွေ့ရခြင်း
ဖြစ်​သည်​။
တစ်​ကယ်​​တော့ ​နေရာင်​ခြည်​၏ အလင်းအ​ရောင်​သည်​ Bright yellow ဖြစ်​​သော်​လည်း
ကျွနုပ်​တို့၏ မျက်​စိတွင်​ အဖြူ (white)သာ မြင်​​တွေ့ရသည်​။
Newton သည်​ သူ၏ လက်​​တွေ့သရုပ်​ပြမှု
ကို အ​ခြေခံပြီး သက်​တန့်​​ရောင်​ (7)​ရောင်​ကို
အ​ခြေတည်​၍color wheel ကို တည်​ထွင်​ခဲ့
သည်​။
(In the dark room,Newton placed
a prism in front of a thin beam of light, and created a rain bow of colors, demonstration that white light
is composed of many colors.
To illustrate this,he created a color wheel.Newton color wheel contains
Seven colors in the rain bow;Red,
Orange,Yellow ,Green,blue,Indigo and Violet.
When the colors marge together,
they appear white.)
1810 ခုနှစ်​တွင်​ ဂျာမန်​စာ​ရေးဆရာ Johann
Wolfgang Van Goethe သည်​ Newton ၏
color wheel ကို စိတ်​ဝင်​စားသဖြင့်​ ထပ်​မံပြု
ပြင်​ပြီး primary,Secondary colors များပါ
ဝင်​​သော "Theory of color"စာအုပ်​ကို ထုတ်​​ဝေခဲ့သည်​။
ယ​နေ့တွင်​​တော့ ပြီးပြည့်​စုံ​သော Color wheel အဆင့်​ကို ​ရောက်​ရှိခဲ့​လေသည်​။
၎င်း Traditional color wheel ကို
အ​ခြေခံပြီး James clerk Maxwell သည်
R,G,B ဟူ​သော red ,green,blue အ​ခြေခံ
color သုံးရောင်​ကို မူတည်​ပြီး Color model
ကိုတည်​ထွင်​ခဲ့​လေသည်​။
## Color wheelကို ကြွဲပား​သော အ​ရောင်​အမျိုးအစား (3)ခုဖြင့်​ဖွဲ့စည်းထားသည်​။၎င်းတို့မှာ
(1) Three Primary colors
(2) Three Secondary colors
(3) Six Tertiary colors
တို့ဖြစ်​သည်​။
Primary color (3) ​ရောင်​မှာ Red,Yellow
Blueတို့ဖြစ်​ကြသည်​။
၎င်း primary colors(၁)​ရောင်​ကို ရရှိ​စေရန်​မည်​သည့်​ အ​ရောင်​နှစ်​ခုနှင့်​မျှ​ပေါင်းစပ်​ခြင်း
ဖြင့်​ မရရှိနိုင်​ပါ။
တစ်​နည်းအားဖြင့်​ primary color (3)
ရောင်​ကို မည့်​သည့်​အ​ရောင်​များဖြင့်​မျှ ​ပေါင်းစပ်​၍ မရနိုင်​ပါ။
ထို့​ကြောင့်​ ၎င်း Red,yellow ,blue အ​ရောင်​များရရှိ​စေရန်​ သဘာဝရှိ ​ဆေး​ရောင်​များမှသာ ဖန်​တီး​ဖော်​စပ်​နိုင်​သည်​။
Color wheel တွင်​ရှိ Secondary color နှင့်​ Tertiary colors တို့ကို ၎င်း Red,yellow
Blue တို့ တစ်​​ရောင်​ဖြင့်​ တစ်​​ရောင်​ပေါင်းစပ်​ခြင်း
ဖြင့်​ရရှိ​ပေသည်​။
(The color wheel is made up of three different types of colors-Primary,Secondary,and Tertiary.
The primary colors are red,yellow,
and blue.First no two colors can be mixed to create a primary color.
In other words,primary colors can only be created through the use of naturral pigments.
Secondly,all other colors found on the color wheel can be created by mixing primary colors together.)
မူလအ​ခြေခံအ​ရောင်​သုံး​ရောင်​ (R,Y,B)အချင်း
ချင်း​ပေါင်းစပ်​ခြင်းဖြင့်​ ရရှိလာ​သော Secondary Colors များမှာ orange ,green and purple တို့ဖြစ်​သည်​။
၎င်း Secondary colors များကို မည်​သည့်
primary color (2)​ရောင်​မဆို ဆတူပေါင်းစပ်​ခြင်းဖြင့်​ ရ​နိုင်​သည်​။
ဥပမာ:-
yellow±blue= green
Red±blue = purple
Red± yelow = orange
တို့ဖြစ်​သည်​။
(The secondary colors are orange,
green and purple.Secondary colors are created by mixing equal parts of any two primary colors.
Yellow and blue will give you green.
Red and blue will create purple
(Violet).
Red and yellow will give you orange.)
နှစ်​​ရောင်​တွဲ ​များဖြစ်​သည့်​ Tertiary colors များကို Secondary color တစ်​​ရောင်​နှင့်​ primary coor တစ်​​ရောင်​ ဆတူ​ပေါင်းစပ်
ခြင်းဖြင့်​ ရရှိ​လေသည်​။
၎င်း နှစ်​​ရောင်​တွဲ Six tertiary colors များမှာ red-purple , red-orange ,
Blue-green , yellow -green ,
Blue-purple , နှင့်​ yellow-orange တို့ဖြစ်​သည်​။
၎င်း နှစ်​​ရောင်​တွဲများကို ​ပြောဆို​ရေးသားသည့်​အခါ Primary color ကို ပထမ​နေရာမှာထား
၍ ​ပြောဆို​ရေးသားရသည်​။
(Tertiary colors are created by
mixing equal parts of a secondary color a primary color together.
There are six tertiary colors;
red- purple, red-orange, blue-green,
Yellow-green, blue-purple and
yellow-orange .
Notice that the proper way to refer
to tertiary colors is by listing the primary color first and the secondary
color,second.)
၎င်း Color wheel ရှိ အ​ရောင်​(12)​ရောင်​တွင်​ မူလအ​ခြေခံ primary colors (3)ကိုအ​ခြေတည်​ပြီး ကျန်​သည့်​ (9) ရရှိ​အောင်​ လက်​​တွေ့​လေ့ကျင့်​ထားရ​ပေမည်​။
# Color theory part 2 ( Color Values)
၎င်း Color value ဆိုသည်​မှာ အ​ရောင်​တစ်​​ရောင်​၏ လင်းမှု (lightness)နှင့်​ ​မှောင်​မှု
(Darkness) ကိုဆိုလိုခြင်းဖြစ်​သည်​။
Value သည်​ Tone နှင့်​ အဓိပ္ပာယ်​တူသဖြင့်​light tone နုရင့်​အဆင့်​ဆင့်​နှင့်​ အ​မှောင်​ ​သွေး dark tone အဆင့်​ဆင့်​ကို ​ပြောဆိုခြင်းဖြစ်​သည်​။
Oil နှင့်​ Acrylic တွင်​ (white) နှင့်​ black ​ပေါင်းခြင်းဖြင့်​ value ဟူ​သော လင်းမှု ​မှောင်​မှု
ကို ရ​ပေမည်​။
Watercolor တွင်​ အ​ရောင်​တစ်​​ရောင်​ကို
ရေအနည်းအများ ​ပေါင်း​ပေးခြင်းဖြင့်​အ​ရောင်​နုရင့်​ အဆင့်​ဆင့်​ကို ရ​ပေမည်​။
Watercolor dark color များရရှိ​​စေ​သော နည်းများကို ပို့စ်​များနှင့်​ ​ဖော်​ပြပြီးဖြစ်​သည်​။
၎င်း အ​ရောင်​တစ်​​ရောင်​ကို White ,black
နှင့်​ Water ​ပေါင်း​ပေး ခြင်းသည်​ Value ကို
နားလည်​​စေရန်​အတွက်​ နည်းကို​ဖော်​ပြ​ပေးထား​သော်​လည်း လက်​​တွေ့​ရေးဆွဲသည့်​အခါ
ကိုယ်​လိုချင်​သည့်​ ဝတ္ထု subject ၏ အ​ရောင်
(Local color) ရရှိ​အောင်​ အရင်​​ဆေးစပ်​ပြီးမှသာ အြ​ဖူ ​ပေါင်းခြင်း၊အနက်​​ပေါင်းခြင်းနှင့်
ရေ​ရောခြင်းတို့ ပြုလုပ်​ရ​ပေမည်​။
၎င်း အချက်​သည်​ အလွန်​အ​ရေးကြီး​ပေသည်​။
Subject ၏သဘာဝအ​ရောင်​ ရရှိ​စေရန်​ မိမိ၏ palette ထဲရှိ ​ဆေးအ​ရောင်​ကို သုံးရာတွင်
၎င်း​ဆေးအ​ရောင်​သည်​ သဘာဝအ​ရောင်​ထက်
အ​ရောင်​ပိုပြင်း၊ ပို​တောက်​ပ(bright)​နေသဖြင့်
ဆေးအ​ရောင်​ကို gray ​ပေါင်းခြင်း toned down နည်းဖြင့်​၎င်း၊ Complementary color ဖြင့်​၎င်း ၊primary gray နည်းဖြင့်​၎င်း
ဆေးအ​ရောင်​ပြင်းအားကို ​လျှော့ချနိုင်​​ပေသည်​။
Value နှင့်​ပါတ်​သက်​၍ ပန်းချီကား၏ လင်းမှု​မှောင်​မှု​တွေအားလုံးသည်​ ထိုပန်းချီကား၏ Value ကိုဆိုလို​ပေသည်​။
ထို့​ကြောင့်​ Pure color (hue) သို့မဟုတ်
color တစ်​​ရောင်​ကို white ​ပေါင်း​ပေးခြင်း
သည်​ ထိုအ​ရောင်​၏ value လင်းမှု(lightness) or Tints (အ​ရောင်​နုရင့်​အဆင့်​ဆင့်​)ဖြစ်​​ပေါ်​စေပြီး black ​ပေါင်း​ပေးခြင်းဖြင့်​ ထိုအ​ရောင်​၏
Darkness of value or Shade ကို ဖြစ်​​ပေါ်​​စေပါသည်​။
(The second part of color theory
deals with color values.
Value is the darkness or lightness of a color.When dealing with pure color
(hue),Value can be affected by adding white or black to a color.
Adding white to a color produces a tint.
Adding black to a color produces
A shade.)
အထက်​မှာ ရှင်းပြခဲ့သလို အ​ရောင်​တစ်​​ရောင်​၏ အ​ရောင်​ပြင်းအား(intensity)ကို
လျှော့ချရန်​ Grays များ(Neutral gray,complementary gray,primary)
ပေါင်းစပ်​ခြင်းဖြင့်​ ​လျှော့ချနိုင်​ပါသည်​။
ထို့​ကြောင့်​ အ​ရောင်​တစ်​​ရောင်​၏ ပြင်းအား​တောက်​ပမှု(intensity)သည်​ Value နှင့်​ဆက်​နွယ်​လျှက်​ရှိာသည်​။
ဆိုလိုသည်​မှာ အ​ရောင်​တစ်​ရောင်​ကို White
အဖြူ ​ပေါင်း​ပေးလျှင်​ ထိုအ​ရောင်​၏ အ​ရောင်​ပြင်း​အား ​တောက်​ပမှု(intensity) သည်​ ​လျော့ကျ
သွားသဖြင့်​ အ​ရောင်​​ဖျော့သွား​ပေမည်​။
အဖြူ​ပေါင်းစပ်​မှုများ​လေ အ​ရောင်​​ဖျော့​လေ(ဝါ)
အ​ရောင်​ပြင်းအား ​တောက်​ပမှု​လျော့​လေဖြစ်​မည်​။
ထိုနည်းတူစွာ အ​ရောင်​တစ်​​ရောင်​ကို Black ​ပေါင်း​ပေးလျှင်​လည်း ထိုအ​ရောင်​သည်​ ကြည်​လင်​တောက်​ပမှုအား​လျော့သွားပြီး အ​ရောင်​မှိုင်း
သို့မဟုတ်​ အ​ရောင်​မှိန်​ (dull)သွား​ပေမည်​။
( When grays are added to the color,
the intensity of the color is affected.
Intensity is related to value.)
ထို့​ကြောင့်​ပန်းချီကားတစ်​ကားသည်
အလင်းများများ အ​မှောင်​နည်းနည်း(high key)
ဖြင့်​ဆွဲထား​သောပန်းချီကားနှင့်​အ​မှောင်​များများ
အလင်းနည်းနည်း(Low key )ဖြင့်​ဆွဲထား​သောပန်းချီကားများ သည်​ တစ်​ကားလုံးခြုံ၍ ကြည့်​ပါကအ​ရောင်​အ​သွေး​တောက်​ပမှုအားတွင်​ နည်းပါးရခြင်းဖြစ်​​လေသည်​။
ထို့​ကြောင့်​ မျှတ​သော အလင်းအ​မှောင်​အ​ရောင်​အ​သွေးဖြင့်​ ပန်းချီကားဖန်​တီးမည်​ဆိုလျှင်
လင်းမှု​မှေုာင်​မှု ဟူ​သော Value အုပ်​စု (4)ခု
ခြွဲခား၍ ​ရေးဆွဲရ​ပေမည်​။
၎င်း တို့မှာ....
(1)မိမိ​ရေးဆွဲမည့်​ ရှုခင်း၏ အလင်းဆုံးအပိုင်းကို
ရာထားသတ်​မှတ်​ခြင်း (lightest value)
(2) ထို့​နောက်​ အ​မှောင်​ဆုံး အပိုင်းကို ရာထား
သတ်​မှတ်​ခြင်း (Darkest value) နှင့်
(3) အလင်းအလယ်​အလတ်​ Middle value
ကို (2)အုပ်​စုရာထား ​ရေးဆွဲရ​ပေမည်​။

## ယခု ညီငယ်​ညီမငယ်​များကို Color theory
၏ အပိုင်း(3) ဖြစ်​​သော Color schemes များအကြောင်းကို အကျဉ်းမျှ ရှင်းပြ​ပေးမည်​ဖြစ်​ပါသည်​။
Color schemes ဆိုသည်​မှာ မိမိ​ရေးဆွဲ
သည့်​ ပန်းချီကားတွင်​မိမိစိတ်​ကူးညဏ်​စွမ်းအလိုက်​ အ​ရောင်​များကို ​ရွေးချယ်​ ဖွဲ့စည်းခြင်း
ဖြစ်​ပါသည်​။
တစ်​နည်းအားဖြင့်​ Color ဖွဲ့စည်းမှု စနစ်​ဟုလည်း ဆိုလို့ရပါသည်​။
(Color schemes are ways colors are put together in an intelligent way.)
ထို​ကြောင့်​ ပန်းချီဆရာအများ အသုံးပြု​သော
Color scemes များကို ​ဖော်​ပြရမည်​ဆိုလျှင်​...
(1)Monochromatic color scheme
(2)Analogous color scheme
. (3) Complementary color scheme
(4)Triads color scheme
(5)Split complementary color . . . . scheme
တို့ဖြစ်​ကြသည်​။
..(1) Monochromatic color scheme
.. အ​ရောင်​တစ်​ရောင်၏ လင်းမှု ​မှောင်​မှုဖြင့်
ဖွဲ့စည်း​ရေးဆြွဲခင်းဖြစ်​ပါသည်​။
တစ်​နည်းအားဖြင့်​ Color တစ်​​ရောင်ကို
Shade (back ​ပေါင်းခြင်း) နှင့်​ white ​ပေါင်း
ခြင်း(tints) ဖြင့်​ ပန်းချီ​ရေးဆြွဲခင်းဖြစ်​သည်​။
(Monochromatic- literally means one (mono)color (chroma).
So a monochromatic color scheme
is made up of one color and it's shades and tints.)
ထို့​ကြောင့်​ Color တစ်​​ရောင်​တည်းဖြင့်
ရေးဆွဲထား​သော ပန်းချီကားကို Monochromatic painting ဟု​ခေါ်ပါသည်​။
ညီငယ်​ ညီမငယ်​များအ​နေဖြင့်​ ​ရောင်​စုံ
ပန်းချီကား ​​ရေးဆွဲဘို့ ​လေ့လာ မ​လေ့ကျင့်​ခင်​မှာ
Monochromatic painting ကို ​ရှေးဉီးစွာ​လေ့ကျင့်​​ရေးဆွဲသင့်​ပါသည်​။
သို့မှသာ အ​ရောင်​တစ်​​ရောင်​၏ လင်းမှု​မှောင်​မှု
သ​ဘောတရား​တွေကို နားလည်​လာမှာပါ။
ထို့​ကြောင့်​ Monochromatic color
Scheme သည်​ ​ရောင်​စုံပန်းချီကား​ရေးဆွဲမည့်​ ညီငယ်​ ညီမငယ်​များအတွက်​ အထူး​လေ့ကျင့်​ရမည့်​ color scheme ဖြစ်​ပါသည်​။
Art အနုပညာ​သင်​​ကျောင်း​တွေမှာလည်း
color​ရောင်​စုံပိုင်းကို မသင်​မီ Monochromatic painting ကိုဉီးစွာသင်​ယူ​လေ့ကျင့်​ရပါသည်​။
Watercolor ​လေ့ကျင့်​​ရေးဆွဲမည့်​သူများ
အတွက်​ Sepia, Prussion blue paint color ကိုသုံးပြီး Monochromatic painting
ကို ​လေ့ကျင့်​​ရေးဆွဲနိုင်​ပါတယ်​။
ထူးချွန်​သည့်​ ပန်းချီဆရာဖြစ်​ချင်​သည့်​ ညီငယ်​ ညီမင်​များအတွက်​ အထက်​ပါ:)Color
Scheme အသီးသီး၏ အ​ရောင်​တွဲစပ်​မှု​တွေကို
လေ့လာထားရမည့်​အပြင်​ ​ရေးဆွဲမည့်​ ရှုခင်း
subject အလိုက်​ သင့်​​တော်​မည့်​ Color scheme ကိုအသုံးပြုရမှာဖြစ်​ပါသည်​။
ထို့​ကြောင့်​ Color scheme အသီးသီး၏
အ​ရောင်​တွဲစပ်​မျှျု​တွေကို နားလည်​နိုင်​ရန်​ Red# yellow,blue ဖြင့်​ဖွဲစည်းတည်​ထွင်​ထားသည့်
Traditional color wheel ရှိ color 12 -
ရောင်​ကို စွဲ​နေ​အောင်​ ​လေ့လာထားရန်​ လိုအပ်​ပါသည်​။
(2) Analogous color scheme
၎င်း color scheme နှင်င့်္ပါတ်​သက်​ပြီး
ပို့စ်​​ရေးခဲ့ပြီးပါပြီ။
Analogous color Scheme ၏ အ​ရောင်​တွဲမှုများသည်​ Harmony color ​ပြေပြစ်​​သော
အ​ရောင်​တွဲစပ်​မှုများပင်​ဖြစ်​ပါသည်​။။
Color wheel ရှိ color ​တစ်​​ရောင်​ကို ​ရွေးချယ်​လိုက်​ပြီဆိုလျှင်​ ၎င်းအ​ရောင်​နှင့်​ကပ်​လျက်​ ဆက်​တိုက်​ အ​ရောင်​(3)​ရောင်​ ​ရွေးချယ်​​ပေါင်းစပ်မှုပင်​ ဖြစ်​ပါသည်​။
ဥပမာ- Blue ကို​ရွေးချယ်​လိုက်​လျှင်
၎င်းနှင်​ကပ်​လျှက်​ အ​ရောင်​များဖြစ်​​သော
Blue-green , green, နှင့်​ yellow -green
တို့ဖြစ်​ကြပါသည်​။
# Bdue ,blue-green ,green ,
. Yellrw-green.
အနီ(Red) ကို ​ရွေးချယ်​မည်​ဆိုလျင်​.
# Red, Red-purple, purple,
blue-purple ..
ထို့​ကြောင့်​ ကြည့်​သူ၏ အမြင်​အာရုံကို ငြိမ့်​​ညောင်းစွာ(ဝါ)​ပြေပြစ်​စွာ ဆွဲ​ဆောင်​မှု ရှိ​စေချင်
လျှင်​ Uarmony colors များဖြင့်​ဖွဲ့စည်း​ပေါင်း
စပ်​ထားသည့်​ Analogous color scheme ကို သုံးရမည်​ဖြစ်​ပါသည်​။
တစ်​နည်းအားဖြင့်​ မိမိ​ရေးဆွဲမည့်​ပန်းချီကား
တွင်​ Warm color harmoby color များ နှင့်
Cool harmony color များပါရမည်​ဖြစ်​သည်​။
(Analogous colors-are colors that are next to each other on the color
wheel.
When used as a color scheme,analogous colors can be dramatic.
Example-Blue,blue-green,green
and yellow-green.
Red,red-purple,purple, blue-purple.)
# complementary color scheme
၎င်း Color scheme သည်​ ဆန့်​ကျင်​ဘက်
အ​ရောင်​နှစ်​ ​ရောင်​ဖြင့်​ ဖွဲ့စည်းထားခြင်းဖြစ်ပါ​သည်​။
Color wheel ရှိ complementary color
(ဝါ) ဆန့်​ကျင်​ဘက်​ color များမှာ color တစ်​​ရောင်​၏ ​သူနှင့်​တည့်​တည့်​ အ​နေအထားရှိ
color ပင်​ဖြစ်​သည်​။
ကြည့်​သူ၏ အမြင်​အရုံကို ထင်းကနဲ ကွက်​ကွက်​ကွင်း (Strong contrast)စီးဆင်း​စေ​သော Color ဖွဲစည်းမှုပင်​ဖြစ်​သည်​။အထူးသဖြင့်​ indoor Still-life Painting များတွင်​ အသုံးပြု ကြသည်​။
ဥပမာ- လိ​မ္မော်​​ရောင်​ Subject ကို အပြာ​ရောင်​ background ဖြင့်​၎င်း၊
အနီ​ရောင်​ Subject ကို အစိမ်း​ရောင်
background ဖြင့်​၎င်း ​ရေးဆွဲထားသည့်​ ပန်းချီ
ကား များပင်​ဖြစ်​သည်​။
တစ်​နည်းအားဖြင့်​ ၎င်း Complementary
Color scheme အ​ရောင်​ဖွဲ့စည်းမှုသည်​ ဆန့်​ကျင့်​ဘက်​ အ​ရောင်​နှစ်​​ရောင်​ကို ယှဉ်​တွဲ​ဖော်​ပြ
ခြင်းဖြစ်​သည်​။Color Contrast painting
လည်းဖြစ်​ပါသည်​။
# Triads Color scheme
၎င်း Color scheme ဖွဲစည်းမှုသည်
Color wheel ရှိ သုံးနာညီ တြိဂံ အ​နေအထား
ကဲ့သို့တည်​ရှိ​သော အ​ရောင်​ သုံး​ရောင်​ဖွဲ့စည်း
မှုဖြစ်​သည်​။
ဥပမာ- Red,blue ,yellow
Orange,green,purple.
Triadic color scheme အ​ကြောင်းကို
ပို့စ်​အဖြစ်​ ​ရေးသားခဲ့ပြီးဖြစ်​ပါသည်​။
၎င်း color scheme ဖြင့်​ ပန်းချီကားကို
harmony ဖြစ်​​စေရန်​ဖွဲ့စည်းမည်​ဆိုလျှင်
အ​ရောင်​တစ်​​ရောင်​ကို​ ပန်းချီကား၏ လွှမ်းမိုး​သော အ​ရောင်​အဖြစ်​ထား၍ကျန်​နှစ်​​ရောင်​ကို
အ​သေးစိတ်​​ရေးချက်​များတွင်​သာ အသုံးပြုရ​ပေမည်​။
(To use a triadic harmony successfully,the colors shoud be carefully balanced.
Let one color dominate and use the two others for accent.)
# Split complementary color scheme
. ၎င်း Color scheme အ​ရောင်​ဖွဲ့စည်းမှု
သည်​ compementary color ၏ ​ဘေးတစ်​ဖက်​တစ်င်္ချက်​ရှိ အ​ရောင်​နှစ်​​ရောင်​ ဖွဲ့စည်းသည့်​နည်းဖြစ်​သည်​။
ဥပမာ- အပြာ(blue)အ​ရောင်​ကို​ရွေးချယ်​မည်​ဆိုလျှင်​ အပြာ​ရောင်​၏ complementary color မှာ orange ဖြစ်​သည်​။၎င်း orange ၏
ဘေးဝဲယာ ကပ်​လျှက်​ နှစ်​​ရောင်​ဖြင့်​ ဖွဲ့စည်းခြင်း
ဖြစ်​သည်​။Analogous color များလည်းဖြစ်​သည်​။
ဥပမာ- # Blue ,yellow -orange,
. Red - Orange #
# Green, Red- orange,
Red-purple ....တို့ဖြစ်​သည်​။
( Split complementary-color schemes
are made up of a color and it's complements closest analogous colors.
Ex; Blue, yellow-orange,red- orange
# Green, Red- orange,red-purple.)
ထို့​ကြောင့်​ Color Theory နှင့်​ပါတ်​သက်​ပြီး
ညီငယ်​ ညီမငယ်​များသည်​ Color Theory ၏
အပိုင်း(3)ပိုင်းဖြစ်သည့်​ color wheel,color
Value,နှင့်​ Color schemes တို့ကို ​အပိုင်း​အလိုက်​ သိထားရမည်​၊​လေ့ကျင့်​ထားရ​ပေမည်​။
အ​ခြေခံ Red,yellow,blue ​အချင်းချင်း​ပေါင်း
စပ်​မှုမှ ဖြစ်​​ပေါ်လာသည့်​ Secondary colorနှင့်​ Tertiary colors တို့ကို ​ကောင်းစွာ
သ​ဘော​ပေါက်​ရ​ပေမည်​။လေ့ကျင့်​ရ​ပေမည်​။
၎င်းHue color (12)​ရောင်သည်​ အ​ရောင်
များအားလုံးထဲတွင်​ ကြည်​လင်​ဆုံး ​တောက်​ပဆုံး
colors များလည်းဖြစ်​ကြသည်​။
Yellow မှစ၍ Red purple ထိ (6)​ရောင်​သည်​warm colors များနှင့်​ yellow green မှ blue purple ထိ (6 )​ရောင်​သည်​ cool colors များဖြစ်​ကြသည်​ကို ခွဲခြားသိထားရ​ပေ
မည်​။
ထို့​နောက်​ Color value ၏ လင်းမှု​မှောင်​မှု
(Tints,Shades) တို့ကိုလည်း ပိုင်​နိုင်​စွာသိထား
ရ​ပေမည်​။
ထို့ပြင်​ အ​ရောင်​ဖွဲစည်း ​နည်း​တွေဖြစ်​သည့်
Color schemes များကိုလည်း သ​ဘော​ပေါက်​ထားရ​မည်​။
ထိုသို့ Color theory ကို သိနားလည်
လေ့ကျင့်​ထားမှသာလျှင်​ ပန်းချီကားဖန်​တီးမှု
အပိုင်းတွင်​ ​ကောင်းစွာဖန်​တီးနိုင်​ဘို့ အ​ထောက်​အကူး ပြုမည်​ဖြစ်​​ကြောင်း အသိ​ပေးရင်း ပန်းချီ
ဆရာအတွက်​ ဉီးစွာ ချစ်​သူကြင်​သူ မြတ်​နိုးသူ
ဖြစ်​သော အ​ရောင်​များ (colors&color theory )ပို့စ်​ကို ရပ်​နားလိုက်​ပါသည်​။
ယခု ညီငယ်​ ညီမငယ်​များကို color theory
Color chart များနှင့်​တစ်​ကွ color တစ်​​ရောင်​၏ shade ,tint,tone ​ပြောင်းလဲမှု အစဉ်​ပြ
color chartများ၊ color schemes သရုပ်​​ဖော်​ပုံများကို ​ဖော်​ပြ​ပေးခဲ့​သော်​လည်း တစ်​ဉီးတစ်​​ယောက်​က ဖြတ်​ပစ်​လိုက်​သဖြင့်​ Color chart
မပါဝင်​နိုင်​​တော့ပါ။ အထူးစိတ်​မ​ကောင်းဖြစ်​ရပါ
သည်​။
×××××××××××××××××××××××××××÷÷÷×××

No comments:

Post a Comment