Monday, October 30, 2017

PORTRAITURE PHYLOSOPHY AND CONCEPT

လူပုံဓာတ်ပုံရိုက်ခြင်း၏တွေးခေါ်မှု့ အယူအဆများနှင့် ခေတ်သစ်ခံယူချက်သဘောထားများ၊ အလွန်အရေးကြီးပြီး ဓာတ်ပုံကျမ်းများတွင် အလွယ်တကူမဖတ်ရှု့နိုင်သော ဓာတ်ပုံဒဿနိကများကိုပြည့်စုံစွာ ဆွေနွေးပါမည်။
PORTRAITURE PHYLOSOPHY AND CONCEPT လူပုံအလင်းပေးနည်းအမျိုးမျိုးရှိသည့်အနက်မှ ဓာတ်ပုံပညာရှင်တစ်ဦးသည် မိမိ၏ဓာတ်ပုံပညာဖြင့် မိမိယုံကြည်သော " သီးသန့်ကိုယ်ပိုင်ဓာတ်ပုံသရုပ်ဖော်ဟန် PERSONAL PHOTOGRAPHIC STYLE " တစ်ခုကိုရွေးချယ်ပြီး အနုပညာမှတ်တိုင်တစ်ခုစိုက်ထူမည်ဆိုပါက စမ်းတဝါးဝါး ဓာတ်ပုံအလင်းပေးနည်းများနှင့် ဓာတ်ပုံသရုပ်ဖော်ဟန်များဖြင့် မြေစမ်းခရမ်းပျိုးနေမည့်အစား မိမိရွေးချယ်ရမည့်ဓာတ်ပုံလိုင်းတစ်လိုင်း ဥပမာ -
ပြက္ခဒိန် ဓာတ်ပုံလိုင်း
OUTDOOR GLAMOUR / INDOOR GLAMOUR
ကုန်ပစ္စည်း ကြော်ငြာ ADVERTISING
WEDDING PHOTOGRAPHY
မင်္ဂလာ ဆောင်နှင့် အလှူပွဲများ
STUDIO & PASSPORT PHOTOGRAPHY
စသည့်အနက်မှ မိမိကြိုက်နှစ်သက်ရာလိုင်းကို သတ္တိ ရှိရှိ အရေထူထူ အထူးအသားပေးရွေးချယ်ပြီးပြီဆိုပါကမိမိစိတ်ကြိုက် အလင်းပေးနည်းကို ဦးစားပေးလက်စွဲ ပြုလုပ်ခြင်းဖြငိ့ ကိုယ်ပိုင်ဓာတ်ပုံသရုပ်ဖော်ဟန်ကို သတ်မှတ်ရွေးချယ်သင့်ပါသည်။

ဓာတ်ပုံသည် လူသားချင်းဆက်သွယ်မှု INTERPERSONAL COMMUNICATION အတွက် အလွန်ထိရောက်သော အင်အားတစ်ခုဖြစ်သည်။
အမြင်ဘာသာရပ်(ဝါ) စက္ခုအာရုံ VISUAL LANGUE အရဆိုပါက ရုပ်ပုံတိုင်းတွင်ပါရှိသော အာရုံစေအင်္ဂါရပ်များ SYMBOLIC MESSAGE သည် အာရုံခံသူ၏ စက္ခုအာရုံခံစားမှုအပေါ်မှုတည်၍ အမျိုးမျိုးသောအာရုံခံစားမှုများကို ဖြစ်ပေါ်စေမည်ဖြသ်သည်။
မည်သူမဆို ဓာတ်ပုံပညာကို ရင်တွင်းရသဖော်ထုတ်သည့်နည်းစနစ်ဖြင့်အသုံးချသူသည် တစ်နည်းအားဖြင့် အခြားမူကွဲ ဆက်သွယ်ရေးနည်းစနစ်များဖြစ်သော စာပုံနှိပ်ခြင်း၊ ရုပ်ရှင် နှင့် ရုပ်သံလွင့်မှု မီဒီယာများနှင့် အပြိုင်အဆိုင်သဘောသက်ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းမှုကွဲ ဆက်သွယ်ရေးနည်းစနစ် မီဒီယာများကပြောသော ဘာသာစကား (ဝါ) ဖော်ကျုးမှုများသည် အရေးပါလှသဖြင့်အလေးထားရမည်။ လေ့လာသင့်သည်။အဘယ်ကြောင့်ဆိုသော် ၎င်းမီးယဒီယာများက ပြောသောစကား(ဝါ)ဖော်ကျူးမှု့များသည် အမြဲတစေ ဆန်းသစ်ပြောင်းလဲနေပြီး မည်သည့်အခြားပုံရိပ်မဆိုသည်လည်း ၎င်းတို့ဖော်ကျူးမှု့များအလိုက်နှိုင်းယှဉ်မှီငြမ်းပြုခြင်းခံရမည် ဖြစ်သောကြောင့်ဖြစ်သည် ။
သင်ပြောလိုသည့်စကား (ဝါ) ဖော်ကျူး လိုသည့်ခံစားချက်ကို လေးနက်စေခြင်းအလို့ငှါ ခိုင်မာသေချာစွာ စမ်းသပ်ပြီးသော "ဖော်ညွှန်းမှုဟန်ပန်ပုံသဏ္ဍန် FORM OF EXPRESSION နည်းလမ်းများနှင့် ဆကိနွယ်နေသောတိကျသည့် ဖော်ညွှန်းမှု နည်းလမ်းများကိုပါ ကောင်းစွာနားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။
သို့ပါ၍ လူပုံဓာတ်ပံညရိုက်ပညာနှင့် ပတ်သတ်၍ အခြေခံကျသော လူ့သဘောသဘာဝနှင့် ဓာတ်ပံညအတတ်ပညာပိုင်းဆိုင်ရာ သိကောင်းစရာများကို စနစ်တစ်ကျ စုဆောင်းတင်ပြပါမည်။ တွေးခြင်းများစွာဖြင့်ပိုင်အောင်လေ့လာစေလိုပါသည်။ အထူးသဖြင့် လူပုံရိုက် ဓာတ်ပုံပညာ PORTRAITURE တွင် မိမိ၏ ကိုယ်ပိုင် သရုပ်ဖော်ဟန် PHOTOGRAPHIC STYLE သည်ဓာတ်ပုံပညာရှင်တိုင်းတွင် ရှိရမည်။ ထိုသို့ရှိရန် ဓာတ်ပုံပညာရှင်တွင် လူပုံဓာတ်ပုံရိုက်ခြင်း၏ PHILOSOPHY AND CONCEPTS တွေးခေါ်မှု့ နှင့် ခံယူချက်သဘောများကို ကျယ်ကျယ်ပြန့် ပြန့်  နားလည်သဘောပေါက်မှု့အပေါ် အခြေခံ၍ မိမိ၏ ခိုင်မာသောဆုံးဖြတ်ချက် ရွေးချယ်မှု့မပြတ်သားပါက "ကိုယ်ပိုင်ဓာတ်ပုံ သရုပ်ဖော်ဟန် " ဆိုသည်မှာ ထင်ရှားစွာထွက်ပေါ်လာမည်မဟုတ်ပါ။
သင်၏ဖော်ကျူးလိုသည့် အသားပေးလိုမှုကို စိတ်ကူးများကို နက်နဲစွာ အသားပေးသရုပ်ပေါ်စေရန် " ဓာတ်ပုံ အယူအဆ ဆိုသည့် ဓာတ်ပုံအတတ်ပညာပိုင်းဆိုင်ရာ မြင်တတ်မှု့ကို လက်နက်ကိရိယာတစ်ခုအဖြစ် အသုံးချတတ်မည်ဆိုပါက သင့်စိတ်ကူးများကို ခံစား ကြည့်သူများနှင့် ပိုမိုနီးကပ်စွာ နားလည် ခံစားမှု ရရှိစေမည်ဖြစ်သည်။
ဓာတ်ပုံသရုပ်ဖော်ဟန်များ PHOTOGRAPHIC STYLE
ဤလူပုံဓာတ်ပုံရိုက်ခြင်း ဒဿနပိုင်းတွင် ပထမဆွေးနွေးမည်မှာ " ဓာတ်ပုံသရုပ်ဖော်ဟန် "PHOTOGRAPHIC STYLE ဖြစ်သည်။ ဓာတ်ပုံပညာရှင်ဟန် PHOTOGRAOGER'S STYLE နှင့် နားလည်မှု့မရောထွေးစေလိုပါ။
ဓာတ်ပုံသရုပ်ဖော်ဟန်များမှာ -
အမြင်အတိုင်း သရုပ်ဖော်ဟန် DESCRIPTIVE STYLE
ဇာတ်ကြောင်းပြန်သရုပ်ဖော်ဟန် NARRATIVE STYLE
ခံစားမှုသရုပ်ဖော်ဟန် DRAMATIVE STYLE
တင်စားသရုပ်ဖော်ဟန် EPIC-LEGENDARY STYLE
ကဗျာဆန်ဆန်သရုပ်ဖော်ဟန် LYRICAL-AESTHETIC STYLE. တို့ဖြစ်သည်။
(ဆရာ ဓာတ်ပုံအနုပညာရှင် တက္ကသိုလ် စိုးဝင်း ဓာတ်ပုံအအတ်ပညာ ဖြူမည်းနှင့်ရောင်စုံ စာအုပ်မှ ကူးယူဖော်ပြပါသည်)
မိတ်ဆွေများအတွက်တစ်စုံတစ်ရာ အကျိုးရှိစေမည်ဟု ယုံကြည်၍ လက်ညောင်းခံ စာရိုက်လိုက်ပါသည်....စိတ်ဝင်စားပါက ဓာတ်ပုံသရုပ်ဖော်ဟန်များအကြောင် ဆက်လက်လက်ညောင်းခံရိုက်ပေးပါမည် :-P :-P :-P

No comments:

Post a Comment