Monday, October 30, 2017

Frequently Asked Questions for Purchasing Camera

FAQ #1 : ဘယ်ကင်မရာ ဝယ်ရင်ကောင်းမလဲ?
ကင်မရာဝယ်ဖို့ စဉ်းစားပြီဆိုရင် ကိုယ်သုံးချင်မယ့် ငွေပမာဏ (budget) ကို အရင်စဉ်းစားပါ။ Budget ဆုံးဖြတ်ပြီးရင် ကိုယ့်နဲ့ကိုက်မယ့် ကင်မရာကို ရွေးပါ။
Basic Beginner Camera ($400) : Nikon D3400 with 18-55mm or Canon 1300D with 18-55mm
Better Beginner Camera ($550) : Nikon D5300 with 18-55mm or Canon 700D 18-55mm
Basic Mirrorless Camera ($500) : Sony A6000 with 16-50mm or Canon M3 with 18-55mm
Better Mirrorless Camera ($850): Sony A6300 with 16-50mm
Basic Semi-Pro Camera ($1000) : Nikon D7100 with 18-140mm or Canon 70D with 18-135mm
Better Semi-Pro Camera ($1200) : Nikon D7200 with 18-140mm or Canon 80D with 18-135mm
Best Semi-Pro Camera ($1550) : Nikon D7500 with 18-140mm or Canon 7D mark II (Body only)
အပေါ်က ကင်မရာ တစ်ခုခုရွေးပြီး budget လောက်သေးရင် Lens တွေ ထပ်ဝယ်ပါ
Portrait lens ($150) : Nikon 50mm f1.8G or Canon 50mm f1.8 STM
Wide angle lens ($500) : Sigma 10-20 f3.5 for Nikon or Canon 10-22mm
Telephoto lens ($250) : Nikon 55-300mm or Canon 55-250mm
Standard lens ($250) : Sigma 17-50 f2.8 for Nikon or Canon
Basic Beginner Video Camera ($500) : Canon 750D body only
Basic Semi-Pro Video Camera ($900) : Canon 80D body only
Better Beginner Mirrorless Video Camera ($800) : Panasonic GX8 body only
Better Semi-Pro Mirrorless Video Camera ($1000) : Panasonic GH4 body only
Best Pro Video Mirrorless Camera ($1700) : Panasonic GH5 body only or Sony A7SII body only
***ခုဖော်ပြထားတဲ့ ဈေးနှုန်းတွေက Amazon.com က အသစ်ဈေးနှုန်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင် ဈေးနှုန်းအကွာအဟ ရှိပါတယ်။ Used ဈေးကို သိချင်ရင် ပစ္စည်း အခြေအနေပေါ် မူတည်ပြီး အကြမ်းဖျင်းအားဖြင့် New ဈေးမှ 20% - 50% လောက် နှုတ်လိုက်ပါ။***
FAQ #2 – ကင်မရာ X နဲ့ ကင်မရာ Y ဘယ်ဟာပိုကောင်းလဲ? အားသာချက် အားနည်းချက် လေး ပြောပေးပါ။
ကင်မရာ နှစ်ခုမှာ ဘယ်ကင်မရာက ဘာတွေ အားသာသလဲ ၊ ဘာတွေ ကွာသလဲသိချင်ရင် google.com မှာ ကင်မရာ X vs ကင်မရာ Y ဆိုပြီး ရှာလို့ရပါတယ်။ (ဥပမာ Canon 80D vs Nikon D7100) Search result ထွက်လာရင် cameradecision.com ဆိုတဲ့ Link ကို တွေ့ပါလိမ့်မယ်။ အဲ့ site မှာ ကင်မရာ တစ်ခုနဲ့တစ်ခု ဘာတွေကွာလဲ ၊ ဘာ feature တွေပါသလဲ ၊ အားသာချက် အားနည်းချက်တွေ လေ့လာဖတ်ရှုလို့ရပါတယ်။
FAQ #3 – Mirrorless နဲ့ DSLR ဘာကွာသလဲ? ဘယ်ဟာပိုကောင်းသလဲ?
များသောအားဖြင့် Mirrorless တွေက DSLR ထပ် ပိုပေါ့ပြီး ပိုသေးပါတယ်။ နောက်ပြီး Mirrorless တွေက electronic viewfinder ပါပြီး DSLR တွေက optical viewfinder ပါပါတယ်။ Lens ရွေးချယ်မှုမှာတော့ လောလောဆယ် ဈေးကွက်ထဲမှာ DSLR အတွက် lens တွေက ပိုပေါပါတယ်။ Performance အနေနဲ့ ၂မျိုးစလုံး အဆင့်မြင့်ပါတယ်။ အတိုပြောရရင် ပေါ့ပေါ့ပါးပါးကိုင်ချင်ရင် Mirrorless ရွေးပြီး ဟဲဗီးကြီးတွေ ကိုင်ချင်ရင်တော့ DSLR ရွေးပါ။
FAQ #4 – ဓါတ်ပုံတွေပြင်ဖို့ ဘာ software သုံးရမလဲ?
ကွန်ပြူတာမှာဆို Adobe Lightroom သုံးပြီး ဖုန်းမှာဆို Adobe Lightroom Mobile နဲ့ Snapseed ကို သုံးပါ။
FAQ #5 – RAW file ကို Lightroom မှာ ဖွင့်လို့မရဘူး.. ဘယ်လိုလုပ်ရမလဲ?
နောက်ပိုင်း အသစ်ထွက်တဲ့ကင်မရာနဲ့ ရိုက်ထားတဲ့ပုံကို Lightroom version အဟောင်းနဲ့ ဖွင့်လို့မရပါဘူး။ ဒါကြောင့် Lightroom အမြင့်ကို သွင်းဖို့ လိုအပ်ပါတယ်။
FAQ #6 – Lightroom Download link လေး ရှိလား?
မရှိပါ။ Crack link တွေကိုလဲ Facebook မှာ တင်ခွင့်မရှိတာကြောင့် ကိုယ်တိုင်ပဲ ရှာကြပါလို့ ပြောပါရစေ။ သို့မဟုတ် ကွန်ပြူတာခွေအရောင်းဆိုင်တွေမှာ Adobe Lightroom ခွေကိုဝယ်လို့ရပါတယ်။
FAQ #7 - ကင်မရာ X သို့မဟုတ် Lens X က ဘယ်ဈေးလောက် ရှိမလဲ?
အရောင်းအဝယ် page မဟုတ်တဲ့အတွက် ပစ္စည်းဈေးမဖြတ်တတ်ပါဘူးခင်ဗျာ။ ကင်မရာပစ္စည်းများ ဈေးနှုန်းသိချင်ရင် ကင်မရာဆိုင်တွေကို မေးလို့ရသလို Used ပစ္စည်းဈေးတွေ သိချင်ရင် Facebook က ကင်မရာ ရောင်းဝယ် group တွေမှာ ဝင်ရှာလို့ ရပါတယ်ခင်ဗျာ။
FAQ #8 - သင်တန်းဖွင့်ပါသလား?
ဆရာတစ်ယောက်ရဲ့ အရည်အချင်းနဲ့ မပြည့်စုံသေးတာကြောင့် သင်တန်းမဖွင့်သေးပါဘူးခင်ဗျာ။
FAQ #9 - နောက်ခံဝါးဝါးလေးတွေ ဘယ်လိုရိုက်?
နောက်ခံဝါးချင်ရင် Aperture ကြီးကြီးဖွင့်ရပါတယ်(f နံပါတ် အငယ်)။ အလွယ်ဆုံးကတော့ 50mm f1.8 lens တပ်ပြီး f1.8 ထားရိုက်ပါ။

No comments:

Post a Comment