မန်မာနိုင်ငံမှာ Adventure ခရီးစဉ်တွေကို လူစိတ်ဝင်စားမှု မြင့်တက်လာလျက်ရှိပါတယ်။
ကားနဲ့ တစ်မျိုး၊ ဆိုင်ကယ်နဲ့တဖုံ၊ ခြေလျင်နဲ့ တစ်သွယ်၊ စက်ဘီးလည်း
ပါသပေါ့။ အဲ့အတွက်လည်း နေရာသစ်တွေရှာကြ ဖွေကြ ဈေးကွက်ချဲ့ထွင်ကြပေါ့။
စိတ်မကောင်းစရာတစ်ခုက လူသိများသွားတဲ့ နေရာဒေသတစ်ခုဟာ
ပျက်စီးခြင်းလမ်းကြောင်းပေါ် ရောက်သွားတတ်တာပါပဲ။ အဓိက က
ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ အားနည်းမှုတွေကြောင့်ပါပဲ။
ခြေလျင်တောင်တက်အသင်းတချို့ကလွဲလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
စနစ်တကျလိုက်နာသူတွေ ရှားပါတယ်။ Adventure Trip မှ
စိတ်ဝင်စားတယ်ဆိုသူတွေအတွက်
ဗဟုသုတအလို့ငှါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
စနစ်တခု (Leave no trace) မိတ်ဆက်ပေးပါရစေ။ ဖတ်သိကြားဖူးသလောက်သာ
ဝေမျှတာမို့ ကွဲလွဲချက် မှားယွင်းမှုတွေပါရင် ပညာရှင်တွေက
ထောက်ပြဝေဖန်ပေးပါအုံး။
#Leave_No_Trace
LNT မှာ အဓိက ခုနှစ်ချက်ရှိပါတယ်။
1. Plan ahead & prepare
ခရီးမစတင်မီ အဲ့နေရာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ ဓလေ့ထုံးစံတွေ ရိုးရာတွေကို
ကြိုတင်လေ့လာပြင်ဆင်ပါ။ ကြိုတင်ပြင်ဆင်တဲ့အတွက် အပိုတွေယူစရာမလိုတော့
အမှိုက်တွေနည်းမယ်၊ လိုတာတွေမရှိတော့ တွေ့ရာဖျက်ဆီးယူသုံးစရာ မလိုဘူး။
နောက်ပြီး သူ့ဓလေ့ကို နှောက်ယှက်ရာ မရောက်ဘူးပေါ့။
2. Travel & camp on durable surfaces
တောတွင်းစခန်းချရတော့မယ်ဆို ရှိပြီးသားနေရာတွေမှာ စခန်းချပါ။
တက်နိုင်သလောက် နေရာသစ်မှာ စခန်းချခြင်း၊ လမ်းအသစ်တွေက
သွားခြင်းမပြုလုပ်ပါနဲ့။ နေရာသစ်ရှာရမယ်ဆိုရင် ပတ်ဝန်ထိခိုက်မှု
အနည်းဆုံးဖြစ်မယ့် နေရာမှာ စခန်းချပါ။ လမ်းအသစ်တွေအတွက်
စခန်းချစရာနေရာတွေအတွက် အပင်တွေရှင်းလင်းတာဟာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ
မရောက်ပါဘူး။
3. Dispose of waste properly
စွန့်ပစ်ပစ္စည်းတွေကို
သတ်မှတ်နေရာမှာသာ စွန့်ပစ်ပါ။ နေရာသီးသန့်မရှိရင်တော့ မြေကြီးထဲ ၆
သို့မဟုတ် ၈ လက်မထိ ကျွင်းတူးပြီးမြှုပ်ပေးပါ။ မြစ်ချောင်းတွေနဲ့ အနည်းဆုံး
ပေ ၂၀၀ ကျော် ဝေးပါစေ။ အထူးသဖြင့် ပလပ်စတစ်ပစ္စည်းတွေဆိုရင်
ပစ်စရာနေရာမရှိပါက အိမ်ထိသာ ပြန်သယ်ခဲ့ပါ။
4. Leave what you find
ခရီးသွားရင်း တွေ့တဲ့ သဘာဝအလှအပတွေ၊ အမှတ်တရအရာဝတ္ထုတွေကို နှလုံးသားနဲ့ပဲ
ခံစားပါ။ ယူငင်ခြင်း၊ ဖျက်ဆီးခြင်း၊ အမှတ်တရစာတွေရေးခြင်း၊ အမှတ်တရ
ကျောက်တုံးတွေ စီခြင်း၊ တစုံတရာပြောင်းလဲခြင်း စတာတွေ မလုပ်ဖို့
အရေးကြီးပါတယ်။ ပန်းလေးတစ်ပွင့်တောင် မခူးဖြစ်ဖို့ လိုအပ်ပါတယ်။
5. Minimize use & impacts of fire
သဘာဝအခြေခံ ခရီးသွားတယ်ဆိုထဲက တချိန်ချိန်တော့ wild camping
တောတွင်းစခန်းချခြင်းဆိုတာ ကြုံရမှာပေါ့။ အဲ့လိုအချိန်တွေမှာ စားသောက်ဖို့
မီးဖိုရတော့မယ်ဆိုရင် သယ်ရလွယ်တဲ့ Stove တွေသုံးဖို့ပါပဲ။ stove အဆင်မပြေမှ
နီးစပ်ရာ သစ်ကိုင်းခြောက်သေးသေးလေးတွေစုပြီး မီးဘေးစိတ်ချရတဲ့နေရာမှာ
မီးဖိုသင့်ပါတယ်။ LNT ဆိုထဲက တောထဲက သဘာဝအမှိုက်ကိုတောင်
မထိခိုက်စေချင်တာပါ။ အသုံးပြုပြီးရင်လဲ စနစ်တကျ ပြန်ငြိမ်းသတ်ဖို့
မမေ့ပါနဲ့။
ကိုယ့်စားကျွင်းစားကျန်တွေကိုလည်း သေချာ သိမ်းဆည်းစွန့်ပစ်ပါအုံး။ တိရိစ္ဆာန်တွေအတွက် အန္တရာယ်များတယ်လေ။
6. Respect wildlife
သဘာဝအရိုင်းဆန်မှုတွေကို လေးစားတန်ဖိုးထားပါ၊ သဘာဝအတိုင်းနေတဲ့ တိရစ္ဆာန်
တွေကို အနှောက်အယှက် ဖြစ်လောက်တဲ့ ချဉ်းကပ်စောင့်ကြည်မှုကနေ ရှောင်ကြဉ်ပါ။
မိမိအစားအစာများကိုလည်း လုံခြုံစွာသိမ်းဆည်းပါ၊ တိရစ္ဆာန် တွေစားမိရင်
ဒုက္ခများ အကျင့်ပျက်စေပါတယ်။
7. Be considerate of other visitors
သဘာဝအလှတရားတွေခံစားချင်လို့ သဘာဝအခြေခံ အရိုင်းတောထဲ
ခရီးနှင်နေတာမို့လား။ ဟုတ်ပါတယ်၊ အခြားသူတွေလည်း အဲ့လိုပါပဲ၊ ဒါကြောင့်
သူတို့လည်း အနှောင်အယှက်မဖြစ်၊ ပတ်ဝန်းကျင် လည်း သဘာဝအတိုင်း
အရိုင်းဆန်နေနိုင်အောင် ကြိုးပမ်းပေးပါ။
ဆုံးအောင်ဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ သဘောကျကျေနပ်ရင် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း သင့်တော်သလို
မျှဝေပေးပါ။ လိုအပ်ရင် မှားနေရင်လည်း ထောက်ပြဝေဖန်ပေးပါအုံး။
Ref. internet
No comments:
Post a Comment