Monday, October 30, 2017

Lightroom

ဆရာဌေးဝင်း(ရမ္မာဝတီ) ရဲ့ မျှဝေမှုလေးကို လေ့လာကြရအောင်ဗျာ..။
ဓါတ်ပုံရိုက်ထွက်ကြတဲ့အခါ တခါလေ ဥပမာ Sunsetကမြူတွေ မကျ မလှမပဖြစ်နေတဲ့အခါ - ကျွန်တော့လိုဘဲ Graduated Filters မရှိတဲ့သူတွေအတွက် Flat tone
ဖြစ်နေတဲ့ပုံကို Edit အကူအညီနဲ့ တတ်နိုင်သလောက်ပြုပြင်ဖို့
ကျွန်တော့်အတွေ့အကြုံအချို့ကိုမျှဝေပါရစေ။ဆရာလုပ်တာမဟုတ်ရပါ။လေ့လာစ beginner အချို့အဆင်ပြေအသုံးတည့်ပါစေလို့
စေတနာပါ။

Photo taking နဲ့ Editing ဟာ 50/50% အရေးပါတယ် လို့ကျွန်တော်ထင်ပါတယ်။ပုံကို Raw နဲ့ရိုက်ပြီး
Camera raw နဲ့ဖြစ်စေ Lightroomနဲု့ဖြစ်စေ photoshop
ထဲဆင်းရတာသိပ်မကွာလှပါ။ကျွန်တော်ကတော့ Lightroom ကို
အသုံးများပါတယ်။ဘာကြောင့်လဲဆိုတော့ပုံကို export ပို့တဲ့အခါ
Image format,bit depth,resolution,output sharpening တွေတခါတည်းလုပ်ခဲ့ရတာသဘောကျလို့ပါ။
Clarity,Vibrance,Saturation တွေ Lightroom ထဲတခါတည်းချိန်လို့ရမေမဲ့နဲနဲချန်ပြီး photoshop ထဲဆင်းပါတယ်။Photoshop ထဲမှာတော့ပုံ
တစ်ခုလုံးရဲ့ exposure မှန်အောင် Quick slection tool
W နဲ့နေရာတွေတစ်ကွက်ချင်းမှတ်ပြီးပြုပြင်ပါတယ်။ပြီးရင် Filter
ထဲက Nik collection(မရှိသေးရင်cdဆိုင်ကမေးဝယ်ပြီးသွင်းထားလို့ရပါတယ်) ထဲဝင်ပါမယ်။
ပုံမှာဝင်နေတဲ့ Col cast တွေဖယ်ဖို့ pro contrast
ထဲဝင်ပြီး correct col cast,correct contrast နဲ့
dynamic contrast တို့ကိုပြင်ပါမယ်။OK နဲ့ထွက်ပြီးမှ ပြန်ဝင်
ပြုပြင်နိုင်သလို add filter နှိပ်ပြီးဆက်တိုက်ပြုပြင်လို့လဲရပါတယ်။
OK ဆိုရင်မူရင်း background layer နဲ့အပေါ်က
edit layer 2ခုဖြစ်နေပါမယ်။လိုအပ်သလို Opacity အလျော့အတင်းပြုလုပ်လို့ရသလိုမလိုတဲ့နေရာတွေကို eraser tool E နဲ့ opacity 40%လောက်နဲ့ပွတ်ပြီးဖျက်လို့ရပါတယ်။
ကြိုက်ပြီဆိုရင် flatten လုပ်ပါ လိုသေးတယ်ထင်ရင်
Nik soft ထဲထပ်ဝင်ပါ။လိုချင်တဲ့အရောင်ရအောင် Brillance/
Wormth ကစားပါ။Tonal contrast ဝင်ပါ။(အရောင်မကျွံ
မလျှံရအောင်)ထိန်းပါ။shadow tone ပိတ်မသွားအောင်သတိ
ပြုပါ။
ပြီးလျှင်ပုံကိုအကြီးချဲ့ကြည့်ပါ။pixel အက်သွားသည်များ
ရှိလျင် noise သတ်ပါ။Nik software ထဲမှ define 2 နှင့်ရသလို Imagenomic noiseware 5 ကလည်းသွင်းရအသုံးပြုရလွယ်ပါသည်။Noise present ထဲမှ Landscape,
Night scene,Portrait,Full stronger noise စသည်ဖြင့်လိုအပ်ချက်အလိုက်ရွေးလို့ရပါတယ်။
ပြီးသွားရင် sharpen _ unsharp mask ပေးပါ။
လိုအပ်သေးရင် Layer ပွား ctrl+j ပြီးရင် Filter__other__
high pass ကို 2 လောက်ပေးပြီး layer box အထက်က
normal ကို overlay (သို့) soft light ချိန်းကြည့်ပါ။
အားလုံးပြီးရင် flatten လုပ် level, curve, bright contrast တို့နဲ့အချောသပ်ပါ။ကြိုက်ပြီဆိုရင်စိတ်ကြိုက် crop
ဖြတ်ပါ။(Cropping သည်ဓါတ်ပုံအတွက်အထူးအရေးကြီးပါသည်) photoshop
CS 3 နှင့်အထက်အားလုံးသုံး၍အဆင်ပြေပါလိမ့်မည်။photoshop
နှင့်တွဲသုံးရန် Lightroom နှင့် Nik soft (နောက်ဆုံးပေါ်မှမဟုတ်)သွင်ထားလျှင်သုံး၍ရပါသည်။
မိမိဘာသာအိမ်မှာ edit ၍အဆင်ပြေကြပါစေ။
(Nik software အသုံးပြုမှုကို ကွယ်လွန်သူဆရာ နာဂိုရာ
ဦးဇော်မြင့်အသုံးပြုသည်ကိုစတင်တွေ့ဖူး မှတ်သားခွင့်ရပြီး
Lightroom အသုံးပြုပုံကိုဆရာကြီးဦးသီဟသိန်းဥာဏ်
လေ့လာအသုံးပြုသည်ကို တွေ့ရ၍မေးမြန်းသင်ယူအတုယူပါသည်။
Learning cd များမှလည်းလေ့လာပါသည်။ သင်ဆရာ မြင်ဆရာ
ကြားဆရာအားလုံးကိုရိုသေစွာကန်တော့ပါသည်။)
မျှဝေပေးသော ဆရာဌေးဝင်း(ရမ္မာဝတီ)အား
#ဓါတ်ပုံဆရာတစ်ယောက်ရဲ့မြင်ကွင်းများ မှ အထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment