Monday, October 30, 2017

မင်္ဂလာဆောင်ဓါတ်ပုံတစ်ပုံကို ပြင်ဆင်ရအောင်ဗျာ..

(၁) ယခု ဖော်ပြထားသောပုံနဲ့ အလားသဏ္ဍာန်တူတစ်ပုံတစ်ပုံကို Photoshop ပေါ်မှာ ဖွင့်လိုက်ပါ။
(၂) ပြီးရင် ပုံကို Layar Copy လုပ်လိုက်ပါ။ ( Ctrl+J ) ဖြစ်ပါတယ်။ အဲ့လို မလုပ်တက်ရင်တော့ မူရင်း Layer ကို ဖိထားပြီး အောက်ဆုံးက Creat a new layar ပေါ်ရောက်ရင် လွတ်လိုက်ပါ။ Layar Copy အဖြစ် နောက်ထပ် Layar Copy တစ်ခုကို ထပ်ရလာပါလိမ့်မယ်။
(၃) ထိုအခါ PS Cc 2017 ထဲမှာ Quick Clection Tool(W) ကို နှိပ်ပြီး ပုံရိပ်ကို Selection မှတ်ယူသွားပါ။
(၄) ပုံရိပ်ကို ချုံ/ချဲ့ ရာမှာ Ctrl+ (+/-) ကို နှိပ်ပြီး ပြုလုပ်နိုင်ပါတယ်.
(၅) Selection မှတ်ပြီးရင်တော့ Layar ထဲက Add Layar Mask ကို နှိပ်လိုက်ပါ။ ပြီးရင် Layar Mask ၀င်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး Select and Mask ကို နှိပ်ပါ။ ထိုအခါ နောက်ခံ ဘက်ဂရောင်း ပျောက်သွားတာကို မြင်တွေ့ရမှာဖြစ်ပြီး ပုံရိပ်ပေါ်နေတဲ့ အကွက်လေးထဲမှာ On Black(A) ကို နှိပ်လိုက်ပါ။
ပြီးရင် အနားသပ် ဖြူနေတာလေးတွေနေရာမှာ လိုက်နှိပ်လိုက်ပါ။ ဒါဆိုရင် Selection မှတ်စဉ်တုန်းက မသေသပ်တာလေးတွေကို သေသပ်လှပစွာ ပြန်လည်ပေါ်လာတာကို မြင်တွေ့ရမှာပါ။
(၆) မူရင်း Background Layar ကို နောက်ထပ် ကော်ပီလေယာတစ်ခု ထပ်ယူပါ။ ယူပြီးရင် အဆိုပါ Layar ကို Select မှတ်ပါ။ မှတ်ပြီးရင် Select > Modify > Expand ကို နှိပ်ပါ။ Father 30 ပေးပြီး OK နှိပ်ပါ။
(၇) အပေါ်ဆုံး Layar ကို မျက်လုံးနှိပ်ပြီး ခဏ ပိတ်လိုက်ပါ။ ပြီးရင် Edit > Fill နှိပ်ပြီး ပေါ်လာတဲ့ Box ထဲမှာ Content – Aware ကို နှိပ်လိုက်ပါ။ OK ဆက်နှိပ်ပါ။ ဒါဆိုရင် ထိုင်နေတဲ့ ကောင်မလေးပုံ ပျောက်သွားပါလိမ့်မယ်။ ( ဒီနည်းနဲ့ အချို့သော ပုံတွေကို Background မှာ လူမပါဘဲ လုပ်ယူလို့ ရပါတယ်။)
(၈) Ctrl+D ကို နှိပ်ပြီး Selection ကို ပြန်ဖြုတ်ပါ။ ပြီးရင် Spot Healing Brush Tool(J) ကို နှိပ်ပြီး မသေသပ်တဲ့ နေရာလေးတွေကို လိုက်လံ ပွတ်ဆွဲကြည့်ပါ။ ပြီးရင် ပိတ်ထားတဲ့ အပေါ်ဆုံးက Layar ကို ပြန် Click နှိပ်ပြီး ဖွင့်ပါ။
(၉) Backgroung Layar2 ကို နှီပ်ပြီး Filter > Blur Gallery > Tilt-Shift ကို နှိပ်ပါ။ ကျလာတဲ့ Box ထဲမှာ မိမိလိုချင်သလို Blur Space ကို လိုအပ်သလို ချိန်ဆပြီး Blur 71 px , Effect > Light Bokeh 61% စသဖြင့် ထားပြီး OK ကို နှိပ်ပါ။
(၁၀) New Layar တစ်ခုကို ထပ်ယူပါ။ Foreground Color Box ထဲမှာ အစိမ်းနုရောင် တစ်ခုခုကို ရွေးချယ်ပါ။ ပြီးရင် Brush Tool ကို ရွေးချယ်ပြီး တစ်ချက် နှိပ်ပါ။ ပြီးလျှင် Ctrl+T ကို နှိပ်ပြီး မိမိ လိုချင်သလောက် ချဲ့ယူပါ။
(၁၁) Layar Box ထဲက Normal နေရာမှာ Screen ကို ရွေးချယ်ပါ။
(၁၂) နောက်ထပ် New Layar တစ်ခု ထပ်ယူပါ။ Color အ၀ါနုရောင်တစ်ခု ထပ်ယူပြီး ရှေ့က လုပ်ဆောင်ချက်အတိုင်း ထပ်မံပြုလုပ်ကာ သူ့ကိုလည်း Layar > Screen ကို ထပ်မံ ရွေးချယ်ပါ။
(၁၃) ပြီးရင် အရောင်ထည့်ထားသော Layar နှစ်ခုစလုံးကို Slect မှတ်ပြီး Fill & Opacity ကို လျော့ချပါ။ (၆၀) ပတ်ဝန်းကျင်ခန့်ပေါ့ဗျာ)
(၁၄) Bcakground Layar အပေါ်မှာ New Layar တစ်ခု ထပ်ယူပါ။ Brush Tool ကို ယူပြီး အနက်ရောင်ကို Opacity လျော့ပြီး အောက်ခြေနားတွေကို သင့်တော်သလို ပွတ်ယူပါ။
(၁၅) Background မှ အပ ကျန် Layar အားလုံးကို Select မှတ်ပြီး Ctrl+G ကို နှိပ်ပြီး Group လုပ်လိုက်ပါ။ အဆိုပါ Group Layar ကိုပဲ Ctrl+J ကို နှိပ်ပြီး Copy Group Layar တစ်ခု ထပ်ယူပါ။
(၁၆) Copy Group လုပ်ထားသော Layar ပေါ်မှာ Right Click နှိပ်ပြီး Marge Group ကိုတွေ့ရင် နှိပ်လိုက်ပါ။ တစ်ပုံတည်း Layar ဖြစ်သွားပါလိမ့်မည်။
(၁၇) ထို Layar ကို Select ပေးထားပြီး Filter > Camera Raw Filter ကို နှိပ်လိုက်ပါ။ ကျလာတဲ့ Box ထဲမှာ Temperature +3 , Exposure +0.15, Contrast +11, Highlights -34, Shadows -46, Whites +10, Blacks -16, Clarity +5, Vbrance +5,Saturation 5 (ဒါမှမဟုတ် မိတ်ဆွေ နှစ်သက်သလို) ထားပြီး Tone Carve ကို ဆက်နှိပ်ပါ။ ၀တ်စုံကို တစ်ချက် Click နှိပ်ပြီး RGB Channel ထဲမှာ Blue ကို Input 0, Output 25 (သို့မဟုတ်) သင့်တော်သလို အရောင်ချိန်ပါ။ ပြီးရင် Red Channel ကိုလည်း Input 255, Output 241 ,Green Channel မှာလည်း Input 6, Output 1 , RGB Channel မှာလည်း Input 1, Output 12 စသည်ဖြင့် ချိန်ညှိပါ။ (ဒါမှမဟုတ် မိတ်ဆွေ နှစ်သက်သလို) ချိန်ပါ။
(၁၈) Detail ထဲကို ဆက်နှိပ်ပြီး Sharping > Amount ထဲမှာ 34 , Noise Reduction 9 (ဒါမှမဟုတ် မိတ်ဆွေ နှစ်သက်သလို) ချိန်ဆပါ။ HSl/Grayscale > ထဲမှာ မိတ်ဆွေ နှစ်သက်နိုင်လောက်သော အတိုင်းအတာပမာဏ အရောင်များကို ချိန်ပါ။ (အတိအကျ လိုက်လုပ်လိုရင်တော့ Learning File ကို Download လုပ်ပြီး ကြည့်ပါ)
(၁၉) Effects ကို ဆက်နှိပ်ပြီး Post Crop Vigenetting ထဲမှာ Amount ကို -59 ထိ ချပါ။ အားလုံး ဆောင်ရွက်ပြီးလျှင် OK နှိပ်ပါ။
(၂၀) လက်ရှိ Select ရှိနေသော Layer ကို Layer Copy တစ်ခု ထပ်ယူပါ။ ပြီးရင် Filter>Other>High Pass ကို နှိပ်ပြီး ကျလာတဲ့ Box ထဲမှာ Radius 0.5 ထားပါ။ OK ပေးပါ။ Layers ထဲမှာ ထို Layer ကို Vivid Light ထားပြီး Creat New Fill & Adjustment Layer ထဲမှာ Color Lookup > HorrorBlur.3DL ကို နှီပ်လိုက်ပါ။
(၂၁) ကဲ….. ကျန်သော ပြင်ဆင်မှုများကို ဆက်လက် စိတ်ဝင်စားရင်တော့…. ဖိုင်ဆိုဒ် 47.8MB ရှိတဲ့
https://drive.google.com/open…
အထက်ဖော်ပြပါ Link ထဲမှာ Download ပြုလုပ်ပြီး မကြာမီမှာ Photoshop Cc 2017 ဖြင့် Manipulation ပြုလုပ်ထားသော လေ့ကျင့်ခန်းဆိုင်ရာ Vol II ကို သက်သာသောနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပြောပါရစေ..။
အသိအမြင်တိုးနိုင်ကြပါစေခင်ဗျာ…။

No comments:

Post a Comment